မကွေးတက္ကသိုလ် ကျောင်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

02 April 2022

Maung Bhone Htet Aung (Magway University student)

မကွေးတက္ကသိုလ် ကျောင်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ

By DVB

မကွေးတက္ကသိုလ်ကျောင်းသားတယောက်ကို  ဧပြီလ ၁ ရက်မှာ စစ်ကောင်စီရဲ့တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။

သင်္ချာဘာသာအထူးပြု နောက်ဆုံးနှစ်ကျောင်းသား မောင်ဘုန်းထက်အောင်ကို လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(စ)နဲ့ စစ်ကောင်စီရဲ့ တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာလို့  မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဝင်တယောက်က ပြောပါတယ်။

“သူက မကွေးမြို့ပေါ်ကတော့ မဟုတ်ဘူးဗျ။ ကံမမြို့နယ်ဘက်ကနေ မကွေးတက္ကသိုလ်မှာ ကျောင်းလာတက်တာ။ စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ ည၁၀ နာရီလောက်မှာ မတရားဖမ်းဆီးတာ ခံခဲ့ရတာ”လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်က ပြောပါတယ်။

စစ်အုပ်စုက နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းပိုက်ခဲ့တဲ့အတွက်  နိုင်ငံအနှံ့က ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြတဲ့အချိန် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်မှာ တက္ကသိုလ်ကျောင်းသား မောင်ဘုန်းထက်အောင်ကို ဖမ်းဆီးခဲ့ပြီး မကွေးအကျည်းထောင်မှာချုပ်နှောင်ထားခဲ့ကာ  လုပ်ကြံအမှုဖန်တီးပြီး အပြစ်မရှိဘဲ တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

အလားတူ မကွေးတက္ကသိုလ်ကျောင်းသား ကိုနိုင်လင်းထွန်း (ခ) နောင်သူရိန်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က မကွေးဗဟိုအကျဉ်းထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ မကွေးတက္ကသိုလ် ကကျောင်းသား ကျောင်း သူ ၂၀ ကျော်ကို မတရားဖမ်းဆီးထားပြီး သေဒဏ်၊ တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားပါတယ်။


Original Post: DVB

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia