ဂန့်ဂေါ ဒေသခံ ၂ ဦးအား စစ်တပ်နှင့် ပျူစောထီးများ နှိပ်စက် သတ်ဖြတ်

March 28th, 2022  •  Author:   Torture and murder by Military Junta (Gangaw Township)  •  1 minute read
Featured image

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ အပါအဝင် ကျေးရွာများအား စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလအတွင်းက မီးရှို့ခဲ့စဉ် / CJ  

By ဧရာဝတီ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်းပြီး ဒေသခံ ပြည်သူ ၂ ဦးကို နှိပျစကျ သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ဂန့်ဂေါ တပ်ရင်း (ယောဒေသ) ထုတ်ပြန်သည်။

မြောက်ခင်းရန်း ရွာသား ၁ ဦးကို ရေနွေးပူလောင်းကာ အကြိမ်ကြိမ် နှိပ်စက်ခြင်းအပြင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး နောက် ကားဖြင့် ဒရွတ်တိုက် ဆွဲ၍ ရွာအတွင်း လှည့်ပတ်မောင်းနှင် သတ်ဖြတ်ခဲ့ကြောင်းနှင့် မွှေ့လယ်ရွာသား ၁ ဦးကို လည်း ဖမ်းဆီးပြီး လက်၊ ခြေထောက်များကို ရိုက်ချိုးကာ မျက်လုံးတဖက်ကို ဖောက်ထုတ်၍ ဓားဖြင့် ထိုးသတ်ခဲ့ ကြောင်း PDF – Gangaw Battalion က မတ်လ ၂၇ ရက်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်းရန်းရွာတွင် မတ်လ ၁၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစော ထီးအဖွဲ့များက အဆိုပါ အရပ်သားတဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ မွှေ့လယ်ရွာ ဒေသခံကိုမူ မတ်၂၄ ရက်နေ့ တိုက်ပွဲ အပြီးတွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက “သတ်တာကိုမှ မျက်လုံးတွေပါ ဓားနဲ့ ကလော် ထုတ်တာ။ လက်နဲ့ ခြေထောက်ကိုလည်း ရိုက်ချိုးထား ခဲ့တယ်။ သူတို့က မထင်ရင် မထင်သလို သတ်နေတာ။ မြောက်ခင်းရန်းရွာမှာဆို ပျူစောထီးရွာလို့ ခေါ်တာပေါ့။ အဲဒီ မှာ သူတို့ မထင်ရင် မထင်သလို ၁ ယောက်ဆို လည်ပင်းကို ကြိုးကွင်းတပ်ပြီး ရွာထဲမှာ လှည့်ဆွဲပြီးမှတောင် သတ် တယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲကြားတွင် ကျေးရွာများထဲ ပိတ်မိနေသော ရွာခံ ၃၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ (ပ.က.ဖ) က ကယ်ထုတ်ခဲ့ပြီးနောက် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၁ ဦး သေ ဆုံးခဲ့ကြောင်းလည်း သိရသည်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ အပါအဝင် ကျေးရွာများအား စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလအတွင်းက မီးရှို့ခဲ့စဉ် (ဓာတ်ပုံ- CJ)  

ဂန့်ဂေါဒေသတွင် တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားလျက်ရှိပြီး မတ် ၂၂ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက် ကြီး ပစ်ကူများ၊ စနိုကျပါဖြင့် တိုက်ခိုက်မှုကြောင့် ပ.က.ဖ ၆ ဦး သေဆုံးခဲ့ပြီး မတ် ၂၁ ရက် တိုက်ပွဲတွင် PDF ၏ တိုက် ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ ဗိုလ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေသည်နှင့်အမျှ အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သား ပြည်သူများ၏ နေအိမ် များအား မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ပစ္စည်များ ယူဆောင်ခြင်းအပြင် ဒေသခံများကိုလည်း ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

ဂန့်ဂေါတွင် စစ်ကောင်စီတပ် အင်အား ၁၅၀ ဝန်းကျင်သည် စစ်ကြောင်း ၂ ကြောင်းခွဲကာ ကျေးရွာများကို ထိုးစစ်ဆင် ခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် စစ်ကြောင်း ၁ ကြောင်းတည်း ပြန်လည် ပေါင်းထားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းတွင် ဒေသခံ ၂ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံများက ဆိုသည်။


Original Post: The Irrawaddy