21 March 2022
By DVB
မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ပေါင်ကျေးရွာနားမှာ စစ်ကောင်စီတပ်က ပစ်သတ်လိုက်တဲ့ ၁၅ နှစ်အရွယ် လူငယ်ရဲ့အလောင်းအား မိသားစုဆီ ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ပေါင်ကျေးရွာက ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဓာတ်ဆီဆိုင်မှာ ဆိုင်ကယ်ဆီလာဖြည့်တဲ့ ရေးမြို့ အဏ္ဏဝါ ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် ခိုင်ကျော်လင်းထွန်း အား စစ်တပ်က ဖမ်းဆီးပစ်သတ်လိုက်တာလို့ ရေး YGF ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဝယ်ပေါင်ကျေးရွာ ဓာတ်ဆီဆိုင်နားက ကားဝါ့ရှော့တခုမှာ PDF တပ်ဖွဲ့က ကားပြင်နေစဉ် သတင်းအရ စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက ဒေသခံ PDF တွေကို တရစပ် ပစ်ခတ်မှုကြောင့် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ (MRSO) က ရဲဘော်ကျော်ဇင်ထက်နဲ့ အမည်မသိ ၁ ဦး ကျဆုံးခဲ့ပါတယ်။
ခိုင်ကျော်လင်းထွန်းကတော့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆီလာဖြည့်စဉ် ဖမ်းဆီးခံရပြီး စစ်တပ်က ကားပေါ်မှာ ပစ်သတ်ခဲ့တာလို့ YGF က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ပရဟိတသမားတဦးနဲ့ ကားဝပ်ရှော့ပြင်သမား ၁ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ဝယ်ပေါင်ဖြစ်စဥ်အတွင်း လက်နက် ၁ လက် သိမ်းဆည်းရမိခဲ့ပြီး အရပ်သားတဦးတယောက်မှ ထိခိုက်မှုမရှိဘဲ သေဆုံးသွားသူတွေဟာ ဖမ်း၀ရမ်းထုတ်ထားသူတွေဖြစ်သလို ရေး PDF အတွက် အဓိက၀င်ငွေရရှိရေး၊ စား၀တ်နေရေး၊ လက်နက်ဝယ်ယူရေးအတွက် အဓိကဆောင်ရွက်နေသူလို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်အတွင်း သေဆုံးသွားတဲ့ ရုပ်အလောင်း ၃ လောင်းအား စစ်ကောင်စီတပ်က မီးသင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေနေမှာ စစ်တပ်က PDFတွေ လှုပ်ရှားနေတဲ့ နယ်မြေဘက်၊ ဥယျာဉ်ခြံတွေဘက်မှာ ကင်းပုန်းဝပ်နေရာယူထားတာကြောင့် ထပ်မံပစ်ခတ်မှုတွေ ဖြစ်လာမှာကို ခြံသမားတွေ စိုးရိမ်နေကြပါတယ်။
Original Post: DVB
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.