ဒုရဲမှူးကြီး ဇော်ဝင်းကို ထောင်သုံးနှစ်ချခံရ

March 11th, 2022  •  Author:   U Zaw Win Ko (CDM Police Officer)  •  1 minute read
Featured image

အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီ ၁၉ ရက်က မန္တလေးတိုင်း အမရပူရမြို့နယ် ဌာနပေါင်းစုံဆန္ဒ ပြပွဲတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့လည်း ပါဝင်ခဲ့သည်။

By ဧရာဝတီ

စစ်ကောင်စီကဖမ်းဆီးထားသော အင်းစိန် CID သင်တန်းကျောင်းမှ ဒုရဲမှူးကြီးဇော်ဝင်းကိုအား နေပြည်တော် အထူး တရားရုံးမှ ထောင်သုံးနှစ်အမိန့်ချလိုက်ကြောင်း အဆိုပါ ဒုရဲမှူးကြီး၏ အသိုင်းအဝန်းမှ သိရသည်။

ဒုရဲမှူးကြီးဇော်ဝင်းကိုအား ပုဒ်မ ၅၀၅(က) အပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့် တရားစွဲခဲ့ခြင်းဖြစ်ပြီး၊ ယင်းပုဒ်မ ၂ခုအနက် ရဲစည်းကမ်းထိန်းသိမ်းရေးပုဒ်မဖြင့် ထောင် ၃နှစ် ချကာ ရမည်းသင်းထောင်သို့ ယမန်နေ့က ပို့လိုက်ကြောင်း မိတ်ဆွေများက ဆိုသည်။

CID သင်တန်းကျောင်းမှဒုရဲမှူးကြီးဇော်ဝင်းကိုသည် ရန်ကုန်တိုင်း ကြည်မြင့်တိုင်မြို့နယ် ပန်ပင်းကြီးလမ်းတွင် ဒီဇင်ဘာ ၅ ရက်ကဆန္ဒပြလူငယ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှင်းတိုက်ဖွဲ ခွဲသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ “လူ စိတ်မရှိ သူတွေ တိရိစာ္ဆန်ထက် ဆိုးတဲ့သူတွေ” ဟု Facebook တွင် မှတ်ချက်ရေးသည်ဆိုကာ စစ်ကောင်စီတပ်ဖွဲ ဝင်များက ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးပြီး နေပြည်တော်တွင် ချုပ်နှောင် တရားစွဲခဲ့ခြင်းဖြစ် သည်။

CDM ပြုလုပ်သူများအား ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့၏ အဆိုအ စစ်တပ်အာဏာသိမ်းပြီးနောက်ပ်ိုင်း တနှစ် အတွင်း တာဝန်ထမ်းလိုခြင်း မရှိတော့သည့်အတွက် CDM ပြုလုပ်သူ ရဲတပ်ဖွဲ့ဝင်ပေါင်း ၆ ထောင်နီးပါးရှိ ကြောင်း သိရသည်။

လေ့လာသူများကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စုစုပေါင်းအင်အား သုံးသောင်းခန့်ရှိရာ စစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်း CDM လုပ်သူ ထွက်ပြေးသူနှင့် ကျဆုံးသူ စုစုပေါင်းမှာ စုစုပေါင်းရဲတပ်ဖွဲ့အင်အား၏ သုံးပုံတပုံခန့် ရှိလာနေပြီဖြစ်ကြောင်းဟု ခန့်မှန်းနေကြသလို၊ အင်အားနည်းလာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ ကမာ္ဘလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ရေနံမြေ လုံခြုံရေး ရဲတပ်ဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့နှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ အစရှိသည်တို့ ကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း သတင်းများထွက် နေသည်။

English version.


Original Post: The Irrawaddy