Mytel တာဝါတိုင်နဲ့ ၆၀ မမ လက်နက် ထုတ်လိုက်တဲ့ ဒီပဲယင်း Gen-Z (ရုပ်သံ)

January 15th, 2022  •  Author:   Tabayin Generation - Z (Tabayin Township)  •  1 minute read
Featured image

ဧရာဝတီ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၂

By The Irrawaddy

ဒီပဲယင်း Generation-Z အဖွဲ့တွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ Mytel ကုပ္မဏီရဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကို အသုံးပြုပြီး အကွာအဝေး တမိုင်ကျော်လောက်ထိ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ၆၀ မမ လက်နက်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

တူမီးသေနတ်ကနေ ၆၀ မမ လက်နက်အထိ စမ်းသပ် ထုတ်လုပ် အောင်မြင်ပြီး ကိုယ်တိုင်လုပ် လက်နက်တွေနဲ့ အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ D.P.Y Generation – Z အဖွဲ့က ဗိုလ်ဟိုင်းဆင်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။


Original Post: The Irrawaddy