သပိတ်ကျင်းတွင် ဆိုင်ကယ် စီးနင်းလာသူ ကိုသီဟနိုင်ကို စစ်တပ်က ပစ်သတ်

December 17th, 2021  •  Author:   Ko Thiha Naing (Thabeikkyin Township)  •  1 minute read
Featured image

 

သပိတ်ကျင်းတွင် ဆိုင်ကယ် စီးနင်းလာသူ ကိုသီဟနိုင်ကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

By Khit Thit Media

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေရွာအုပ်စု

ကျောက်ဖြူကျေးရွာနှင့် ကျက်ရိုးပင်ကျေးရွာကြားတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ဆိုကယ် စီးနင်းလာသူ ကိုသီဟနိုင်ကို  အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

သေဆုံးသူ ကိုသီဟနိုင်သည် အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး လင်မယား ၂ဦး ဆိုင်ကယ် စီးလာစဉ် စစ်တပ်က တားဆီးရာ၌ ရပ်တန့်ပေးခြင်း မရှိသောကြောင်း ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ 

” ဆိုင်ကယ်မောင်းလာတဲ့ လင်မယားကို တားတာမရပ်လို့ဆိုပြီး ခွေးတွေ ပစ်သတ်လို့ အမျိုးသားတစ်ဦး သေသွားပါတယ်။ သေဆုံးသူက သီဟနိုင်ပါ။ သူ့ အမျိုးသမီးကတော့ ‌ဆိုင်ကယ်လည်း ကျသွားလို့ လက်ကောက်ဝတ်မှာ ဒဏ်ရာရသွားတယ်။ Ambulance ပေါ် လင်မယား ၂ယောက်လုံးကို တင်သွားတာ တွေ့လိုက်တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။


Original Post: Khit Thit Media