၂၂ လောင်း သင်္ဂြိုဟ်ပေးပြီးနောက် လက်နက်ကိုင်ခေါင်းဆောင်ဖြစ်လာသူ

December 12th, 2021  •  Author:   U Thet Naing Aung (aka) Ko Thet Gyi (Myingyan Township)  •  1 minute read
Featured image

By Myanmar Now

“လက်နက်မရှိတဲ့ကောင်ကို ‘သေရဲတဲ့ကောင်ထွက်ခဲ့’ ဆိုတော့ အခုကျနော်တို့ သေရဲပြီ။ သေရဲတဲ့ကောင်တွေ ထွက်လာပြီ။ ချမယ်၊ ဆော်မယ်၊ ဒါပဲ အဲ့လောက်ပဲ စဉ်းစားတယ်။ သူတို့ ပြန်သေနိုင်အောင်တော့ မွေးမြူထား…..” 

စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို  ပစ်သတ်လို့ သေဆုံးရသူ ပြည်သူ ၂၂ ဦးကို အလောင်းကောက် သဂြိုလ်ပေးခဲ့တဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့သား ကိုသက်ကြီး ခေါ်  ဦးသက်နိုင်အောင်ဟာ အခုဆိုရင် သူ့ဒေသမှာ လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် တစ်ဦး ဖြစ်နေပါပြီ။ 

စစ်အာဏာမသိမ်းခင်််အထိ စီးပွားရေးချောင်လည်ခဲ့ပြီး လူမှုကူညီရေး ပရဟိတအလုပ်မှာ ပျော််မွေ့နေသူတစ်ယောက် အခုလို လက်နက်ကိုင်တော်လှန်ရေး ပြင်းပြင်းထန်ထန်လုပ်ရတာဟာ စစ်ကောင်စီက လက်နက်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပါ။   

ကိုသက်ကြီး ဦးဆောင်တဲ့ ‘Zero ပြောက်ကျားတပ်ဖွဲ့’ ဟာ မြင်းခြံခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ နီးပါးကို တိုက်ခိုက်သုတ်သင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ 


Original Post: Myanmar Now