မအူပင်မြို့ ရဲစခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်လင်းမော်ကို ရိုက်နှက်ညှဉ်းပန်း သတ်ဖြတ်

မအူပင်မြို့ ရဲစခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်လင်းမော်ကို ရိုက်နှက်ညှဉ်းပန်း သတ်ဖြတ်

 

ရန်ကုန်၊ နိုဝင်ဘာ ၁၃

By Khit Thit Media

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တွင် ပစ္စည်းခိုးသည်ဆိုသော စွပ်စွဲချက်ဖြင့် မြို့နယ်ရဲစခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်လင်းမော်ကို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးတစ်ဦး၏နေအိမ်တွင်  သေဆုံးသူ မတင်လင်းမော်က အိမ်အလုပ်များသွားရောက်လုပ်ကိုင်ပေးနေစဉ် ရွှေထည်နှင့် အတွင်းပစ္စည်းတချို့ ပျောက်ဆုံးသွားသည်ဟုဆိုကာ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း၊ မတင်လင်းမော်နှင့် အမျိုးသားကို ရဲက ဖမ်းဆီးသွားပြီးနောက် နှိပ်စက်သဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မတင်လင်းမော် သေဆုံးသွားကြောင်း  သိရှိရသည်။

ရဲများက မတင်လင်းမော်၏ ဝမ်းဗိုက်နှင့် ရင်ဘတ်ကို ၀ိုင်းဝန်းကန်ကျောက်ထားသည့်အတွက် ကိုယ်ခန္ဓာတစ်ခုလုံး အညိုအမည်းများ စွဲနေသည်ကို မြင်တွေ့ရသည်။

“အဲဒီအမျိုးသမီးကို ရဲစခန်းတစ်ခုလုံးက ရိုက်သူများတော့ လက်သည်များတယ်။ သေဆုံးသူရဲ့ နို့အုံကို တက်နင်းထားတာ ရောင်ကိုင်းနေတယ်။ သေဆုံးသူရဲ့ ခင်ပွန်းလည်း မျက်နှာနဲ့ ကိုယ်ခန္ဓာ မွထွက်သွားအောင် အနှိပ်စက်ခံရတယ်။ ဓားနဲ့မွှန်းသလို မွထွက်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်လင်းမော်၏ နာရေးကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်ပြီး ခင်ပွန်းဖြစ်သူမှာလည်း ပြန်လည် လွတ်မြောက်လာသော်လည်း ရဲများ၏ နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် တစ်ကိုယ်လုံး ပြည့်နှက်နေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်လင်းမော်ကို ရဲများက နှိပ်စက်သည့် ဓာတ်ပုံများ ကို ရရှိထားပြီး အများပြည်သူ စိတ်မချမ်းမြေ့စရာဖြစ်သော်လည်း အကြမ်းဖက်ဖက်ဆစ် စစ်တပ်၏ ပြည်သူများအပေါ် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများကို သိနိုင်စေရန် တင်ပြလိုက်ပါသည်။


Original Post: Khit Thit Media

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia