Statement 315 Views

Statement by Ambassador Kyaw Moe Tun on Agenda item 69 at the Plenary Meeting of the 76th UNGA

Featured image

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations on Agenda item 69: Report of the Human Rights Council, at the Plenary Meeting of the Seventy-Sixth Session of UNGA on 29 October 2021

[Below Myanmar Text]

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး၌

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ပေးနိုင်ရေးအတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့

(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်)

၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် ၂၉-၁၀-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင် လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌမှ တင်သွင်းသည့် လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

၂။ အမြဲတမ်းကိုယ်စားလှယ် ၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-

(က) စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှု များ ကျူးလွန်လျက်ရှိကြောင်း၊ (၉) လအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံရသူ (၉,၀၀၀) ကျော်နှင့် သတ်ဖြတ်ခံရသူ (၁,၂၀၀) ခန့် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် စစ်တပ်မှ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း (၈၀) ကျော် သေဆုံးခဲ့ ရကြောင်း၊

(ခ) ပြည်သူများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်မှစ၍ အသက်ရှင်ရပ်တည်ခွင့်အထိ အခွင့်အရေးများ အားလုံး ချိုးဖောက်ခံနေကြရကြောင်း၊ ရက်စက်ကြမ်းကြုတ်မှုများမှာလည်း ပိုမိုဆိုးရွားလျက်ရှိကြောင်း၊

(ဂ) စစ်တပ်အနေဖြင့် အင်အားကြီးမားသော စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်တွင် ဆောင်ရွက် ရန် စီစဉ်ထားကြောင်း၊ ယင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံအမြောက်အများအား ပစ်မှတ်ထားကြောင်း၊ ထိုသို့ အင်အား အဆမတန် အသုံးပြုပြီး၊ အဆင်အခြင်မဲ့ တိုက်ခိုက်ခြင်းများမှာ သွေးထွက်သံယိုမှုများ၊ ပိုမိုစိုးရိမ်ဖွယ် လူ့အခွင့်အရေးအခြေအနေများနှင့် ဖြစ်ရပ်ဆိုးများကို ဖန်တီးလာဦး မည် ဖြစ်ကြောင်း၊

(ဃ) မည်သို့ပင်ဆိုစေ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့်ညီသော တိုင်းပြည်ပြန်လည်တည်ဆောက် ရေးတို့အတွက် အရာအားလုံးပေးဆပ်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊

(င) ကုလသမဂ္ဂနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံခြင်းတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သိသာထင်ရှားသော ကြိုးပမ်းမှုများ ဖြစ်ကြောင်း၊ ထို့ပြင် ရိုဟင်ဂျာများအရေးကိစ္စ ဖြေရှင်းရေးအတွက် မူဝါဒတစ်ရပ်ကို ချမှတ်‌ကြေညာ ထားပြီးဖြစ်ကြောင်း၊

(စ) ယခုကဲ့သို့ နိုင်ငံအတွက်သမိုင်းတွင်မည့် အလှည့်အပြောင်းကာလတွင် ပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ ခိုင်မာသော အားပေး‌ထောက်ခံမှုကိုလိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ အပြည့်အဝပြန်လည်ရရှိချိန်အထိ မြန်မာနိုင်ငံအရေးကိစ္စအား လူ့အခွင့် အရေးကောင်စီ၏ အာဂျင်ဒါတွင် ထိပ်ဆုံး၌ ဆက်လက်ထားရှိပေးရန်နှင့် နိုင်ငံအသီးသီးနှင့် ကုလသမဂ္ဂ အနေဖြင့် ပြည်သူများနှင့်အတူရပ်တည်ကြရန် မေတ္တာရပ်ခံပါကြောင်း၊

(ဆ) ယင်းသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကိုယ်စားလှယ်များအား လူ့အခွင့်အရေးကောင်စီကဲ့သို့ နိုင်ငံတကာ အစည်းအဝေးပွဲများတွင် ပါဝင်စေခြင်းအားဖြင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပြည်သူ့အသံကို ပိုမုကြားသိနိုင်ပြီး၊ ပြည်တွင်း ကြိုးပမ်း အားထုတ်မှု များကို ထိရောက်စွာ ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊

(ဇ) ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်ကြောင်း၊ အာဏာသိမ်းမှုဟု ကိုးကား ပြောဆိုစေလိုကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးမှာ အချိန်နှင့်အမျှ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောပြစ်မှုများကို ခံစားနေရကြောင်း၊ ယနေ့တစ်နေ့

တည်းတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ စစ်တပ်မှ ဘုရားကျောင်း (၂) ကျောင်း အပါအဝင် အိမ်ခြေ တစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊

(ဈ) ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ၊ အထူး သဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း။

၃။ အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပူးတွဲဖော်ပြအပ်ပါသည်။

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။

Please check against delivery

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

Agenda item 69: Report of the Human Rights Council,

at the Plenary Meeting of the Seventy-Sixth Session of UNGA

(New York, 29 October 2021)

Mr. President,

At the outset, I would like to express Myanmar’s appreciation to the President of the Human Rights Council Ambassador Nazhat Shameem Khan for her continuous efforts and her leadership in the work of the Council for addressing the human rights situations around the world, and for convening discussions including a special session and adopting resolutions on human rights situations of my country.

The Council’s report and addendum contains three country-specific resolutions on Myanmar reflecting on-ground situations.

As many reports reflect, after the illegal military coup, grave human rights violations were witnessed across the country. Major events include arbitrary arrests, torture, sexual violence, clearance operations and mass killings. More than 9,000 people were arbitrarily arrested and about 1,200 people were killed within nine months. Military operations are being conducted in northwest of Myanmar including Sagaing and Magway regions where massacres have already occurred leaving at least 80 people dead. The people have been completely deprived of human rights, from rights to freedom of expression to rights to life, and atrocities continue to worsen day by day.

The latest reports reveal that the military has planned to conduct the large-scale operation when monsoon ends. The clearance operations target people’s defense forces and civilians at large. As such, these disproportionate and indiscriminate attacks will create bloodier incidents and more alarming human rights situations and tragedies.

However, the people of Myanmar are determined to pay every cost to end the coup, bring justice and rebuild the nation with democratic and human rights norms. Beside domestic efforts from various corners, close cooperation with special procedures mandate holders of UN and acceptance of jurisdiction of ICC are significant efforts of the National Unity Government (NUG).

In addition, regarding the human rights situations of Rohingyas, NUG has announced its policy to address accountability for crimes committed against Rohingyas, citizenship issue and early repatriation of Rohingyas among others.

Mr. President,

At this historic turning point of the country, which has been in human rights agenda of UN for three decades, the people need strong support of the international community. Therefore, we request the Council to maintain the issue of Myanmar at the highest on its agenda until democracy and human rights are fully restored in the country, and request all member states and UN bodies to stand with the people of Myanmar. In doing so, by giving opportunity to representatives of NUG to participate in multilateral fora such as HRC, the international community can hear more voices of the people and effectively support the national efforts.

Mr. President,

In conclusion, what happened on 1st February is the military coup, nothing else. I appeal all member states to be realistic to refer it as a military coup. All people I repeat all people in Myanmar are suffering every day, every hour, every minute from atrocities, crimes against humanity committed by the military and some even brutally killed. In a township called Htantlang in Chin State, west of Myanmar, more than 100 houses including 2 churches were burnt down by the military troops today alone. Your serious attention to basic rights of all people and your action to prevent all people from such atrocities is seriously needed. Decisive timely action from the UN in particular the UN Security Council is well (well) overdue. What are you waiting for? Please save lives of the people of Myanmar.

I thank you.

*****


View the original.