၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ ဖမ်းဆီးခံရ

24 October 2021

၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ ဖမ်းဆီးခံရ

(ဦးဂျင်မီ ခေါ် ကိုကျော်မင်းယု/Facebook)

စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဦးဂျင်မီ (ခ) ဦးကျော်မင်းယုမှာ ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းက ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက အတည်ပြုသည် 

By Myanmar Now

ထင်ရှားသည့် ၁၉၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်မင်းယုခေါ် ဦးဂျင်မီကို စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ညတွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဦးဂျင်မီမှာ ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းက ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက Myanmar Now ကို ပြောသည်။

“ကိုဂျင်မီကို စကစ (စစ်ကောင်စီ) တွေ ဖမ်းဆီးသွားပါတယ်။ အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။ စကစ ဖမ်းဆီးမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးကို တာဝန်ယူဖြေရှင်းရမယ်” ဟု ဒေါ်နီလာသိန်းက လူမှုကွန်ရက် Facebook စာမျက်နှာ၌ ယနေ့ မွန်းလွဲပိုင်းက ရေးတင်ထားသည်။

ဦးဂျင်မီ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်မှု ရှိမရှိ အတည်မပြုနိုင်သေးသော်လည်း ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ နံနက်အစောပိုင်း ၃ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနက ရေးသားထားသည်။

ဦးဂျင်မီသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ စုစည်းတည်ထောင်ထားသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) အဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်အပါအဝင် အခြားထင်ရှားကျော်ကြားသူအချို့နှင့်အတူ စစ်တပ်က အာဏာသိမ်းပြီး ဆယ်ရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။

ဦးဂျင်မီသည် ၁၉၈၈ မှ ၁၉၉၆ အတွင်းလည်းကောင်း၊ ၂၀၀၇ မှ ၂၀၁၂ ထိလည်းကောင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် နှစ်ရှည်ထောင်ဒဏ်များကျခံခဲ့ရဖူးသူဖြစ်သည်။

English version.


Original Post: Myanmar Now

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia