UNICEF relief supplies reach desperate families cut off in Chin State, Myanmar

October 18th, 2021  •  Author:   United Nations Children's Fund (UNICEF)  •  4 minute read
Featured image

Caption: UNICEF preparing for distribution in Mindat, Chin State. Photo: © UNICEF

UNICEF gained access to Mindat for the first time since February 2021 to deliver urgent humanitarian relief supplies to displaced persons.

အောက်တွင် မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

*The names of the family have been changed to protect confidentiality.

When conflict escalated between local armed groups and the Myanmar Armed Forces in the small mountain town of Mindat in the western State of Chin, Hay Mar, and her family decided to flee their home like most residents of the town. As the sounds of gunfire and explosions became louder, Htun, her five-year-old son, froze with fear and Hay Mar had to put him on her back and run as fast as she could into the dense forest near their home with the rest of the family. Those left behind were the most vulnerable – mostly the elderly and heavily pregnant women.

“My mother-in-law could have run with us, but she said she didn’t want to. She wanted to stay in her home”,  said Hay Mar.

Like thousands of others, Hay Mar and her husband made makeshift shelters for their three children in the forest, but they had little protection from the monsoon rains that had just begun. Fortunately, after a couple of weeks, the family found refuge in a friend’s home in a nearby village.

Humanitarian aid getting through despite conflict and pandemic

In Mindat, martial law has been declared since May 2021 and alongside continuing armed clashes, the town has also been caught up in Myanmar’s devasting third wave of the COVID-19 pandemic. According to a United Nations humanitarian report, an estimated three million people in Myanmar need assistance and Mindat is reportedly one of the worst affected places in the country. This means there are several families like Hay Mar who are in urgent need of support.

In August, The United Nations Children’s Fund (UNICEF) gained access to Mindat for the first time since February 2021 to deliver urgent humanitarian relief supplies to displaced persons in 10 camps for internally displaced people. UNICEF distributed critical supplies including multi-micronutrient tablets to pregnant and lactating women, a four-month supply of multi-micronutrient powder sachets for children under the age of five, hygiene kits that included 10-litre and 20-litre plastic buckets and water purification sachets, child protection and early childhood education kits for children and adolescents, including stationery and toys for the younger children.

During this mission, UNICEF had hoped to reach more camps, but the continued operational disruptions did not allow the agency to access them. UNICEF, however, will remain committed to providing help to many children and families who are being forced to make temporary homes in these camps, often without even the most basic services.

What does the future hold?

“If we live in this situation, how will my children grow? I’m very worried about their future. I just want to live in peace.”

Over two weeks had passed since Hay Mar and her family had to flee Mindat and she began to worry about her mother-in-law. With her three children, Hay Mar decided to return to the town to look for her. Htun, her youngest, was petrified as they re-entered their hometown, but he is now slowly showing signs of overcoming the trauma and returning to being the lively boy he once was, said Hay Mar.

But while she is happy to see these positive changes in her son, she is unsure how long this period of peace and calm will last. Like most of the other children in Mindat, her two older children, aged 12 and 17, have now been out of school for almost two years. First, it was the pandemic that halted their education and lives, and now, there is a security situation threatening their safety.

“If we live in this situation, how will my children grow? I’m very worried about their future. I just want to live in peace,” said an anxious Hay Mar, echoing the thoughts and voices of mothers across Myanmar.

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ ပဋိပက္ခများကြောင့် စားနပ်ရိက္ခာများ ဆိုးဆိုးဝါးဝါး ဖြတ်တောက်ခံထားရသည့် မိသားစုများထံသို့ ယူနီဆက် ကယ်ဆယ်ရေးပစ္စည်းများရောက်ရှိ

(လုံခြုံရေးအရ မိသားစု၏ အမည်များကို ပြောင်းလဲထားပါသည်)

ချင်းပြည်နယ်အနောက်ပိုင်းက တောင်ပေါ်မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ မင်းတပ်မြို့မှာ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ပဋိပက္ခများ အရှိန်မြင့်လာချိန်မှာ ဟေမာနဲ့ သူ့မိသားစုဟာ မြို့ခံအများစုလိုပဲ အိမ်တွေကိုစွန့်ခွာထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ငါးနှစ်အရွယ် သူ့သားအငယ်ဆုံးလေး ထွန်းဟာ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ပိုပြီးကျယ်လောင်လာချိန်မှာ အကြောက်လွန်ပြီး အငိုအရယ်မရှိ ကြက်သေသေသွားခဲ့ပါတယ်။ ဒါကြောင့် ဟေမာက သားလေးကို ကျောပိုးပြီး ကျန်တဲ့မိသားစုတွေနဲ့အတူ အိမ်အနီးက တောထဲကို တတ်နိုင်သမျှ အမြန်ဆုံး ပြေးခဲ့ရပါတယ်။

ကျန်နေခဲ့ကြတဲ့သူတွေကလဲ အားနည်းထိခိုက်လွယ်ဆုံးသူတွေဖြစ်ပြီး အများစုကတော့ သက်ကြီးရွယ်အိုတွေရယ်၊ ကိုယ်ဝန်အရင့်အမာနဲ့  အမျိုးသမီးတွေရယ်ပဲဖြစ်ပါတယ်။

“ကျွန်မယောက္ခမကြီးက ကျွန်မတို့နဲ့အတူ ပြေးလို့ရပေမဲ့ သူကမပြေးချင်ဘူး၊ သူ့အိမ်မှာပဲနေခဲ့ချင်တယ်လို့ပြောတယ်” လို့ ဟေမာက ပြောပြပါတယ်။”

အခြားထောင်ပေါင်းများစွာသောလူတွေလိုပဲ ဟေမာနဲ့ ခင်ပွန်းဖြစ်သူက တောထဲမှာ သူတို့ကလေးသုံးယောက်အတွက် ယာယီတဲလေးတစ်ခုဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့သည့်အချိန်မှ စကာစ မုတ်သုန်မိုးအတွက်တော့ အကာအကွယ်က မလုံလောက်ပါဘူး။ ကံကောင်းတာက နှစ်ပတ် သုံးပတ်ကြာပြီးနောက်မှာ ဟေမာတို့မိသားစု အနီးအနားရွာတစ်ရွာက မိတ်ဆွေတစ်ဦးရဲ့အိမ်မှာ ခိုလှုံခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

ပဋိပက္ခနဲ့ ကပ်ဘေးများကြားမှပင် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရောက်ရှိ

မင်းတပ်မြို့မှာ မာရှယ်လောအမိန့်ကြေညာထားပြီး လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ဒီဒေသမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်တဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးအစီရင်ခံစာအရ မြန်မာနိုင်ငံက လူပေါင်း သုံးသန်းခန့်နီးပါးက အကူအညီလိုအပ်မယ်လို့ မှန်းဆထားပါတယ်။ မင်းတပ်မြို့ဟာ မြန်မာနိုင်ငံက အဆိုးဝါးဆုံး ထိခိုက်ခံရတဲ့နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါဟာ ဟေမာတို့မိသားစုလိုပဲ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ မိသားစုတွေ အများကြီးရှိနေတယ်ဆိုတာကို ပြနေပါတယ်။

သြဂုတ်လထဲမှာ ယူနီဆက်က မင်းတပ်မြို့ရှိ စစ်ရှောင်စခန်း ၁၀ ခုရှိ နေရပ်စွန့်ခွာသူများထံ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှစပြီး ပထမဦးဆုံးအကြိမ်အဖြစ် အရေးပေါ် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့နိုင်ခဲ့ပါတယ်။ ယူနီဆက်က ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ဘက်စုံအနုအာဟာရဆေးပြားများ၊ အသက် ငါးနှစ်အောက်ကလေးတွေအတွက် လေးလစာ အနုအာဟာရမှုန့်အထုပ်ငယ်များ၊ ၁၀ လီတာနဲ့ လီတာ ၂၀ ဆန့် ပလတ်စတစ်ရေပုံးများနဲ့ ရေသန့်ဆေးအထုပ်ငယ်များ ပါဝင်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ကလေးငယ်များနဲ့ ဆယ်ကျော်သက်လူငယ်များအတွက် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်းနှင့် အစောပိုင်းကလေးဘဝအရွယ်ဆိုင်ရာ ပညာရေးပစ္စည်းများ၊ စာရေးကိရိယာများနဲ့ ကစားစရာများ စတဲ့ အရေးပါတဲ့ ပံ့ပိုးရေးပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပါတယ်။

ယူနီဆက်က နောက်ထပ်စစ်ဘေးရှောင်စခန်းများထံ အကူအညီများပေးနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ အခက်အခဲများစွာကြောင့် မရောက်ရှိနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း အခြေခံအကျဆုံး ဝန်ဆောင်မှုတွေကိုတောင် မရရှိဘဲ စစ်ရှောင်စခန်းတွေမှာ ယာယီနေထိုင်နေကြရသူ ကလေးများစွာနဲ့ မိသားစုတွေအတွက် အကူအညီများပေးနိုင်ရန် ယူနီဆက်က မရပ်မနား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အနာဂါတ်ကာလမှာ ဘာတွေဖြစ်လာမှာလဲ..?

“ကျွန်မတို့ ဒီအခြေအနေမှာ ဆက်နေမယ်ဆိုရင် ကျွန်မကလေးတွေ ဘယ်လိုကြီးပြင်းလာရမှာလဲ ကျွန်မတို့အနာဂတ်အတွက် သိပ်စိတ်ပူတယ်၊ ကျွန်မ အေးအေးချမ်းချမ်းလေးပဲ နေချင်တာပါ။”

ဟေမာတို့မိသားစု မင်းတပ်မြို့ကနေ စွန့်ခွာထွက်ပြေးလာတာ နှစ်ပါတ်ကျော်ကာလကိုရောက်လာပါပြီ။  ‌မြို့ထဲမှာကျန်ခဲ့တဲ့ ယောက္ခမဖြစ်သူကို စိုးရိမ်တဲ့အတွက် ကလေးသုံးယောက်နဲ့အတူ မင်းတပ်ကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဟေမာ့ရဲ့ အငယ်ဆုံးသားလေးဖြစ်တဲ့ ထွန်းက သူတို့ဇာတိမြို့ကိုပြန်ဝင်လာချိန်မှာပဲ အကြောက်လွန်ပြီး တုန်လှုပ်သွားခဲ့ပါတယ်။ အခုကတော့ သူရဲ့ စိတ်ဒဏ်ရာကို ကျော်ဖြတ်နိုင်တဲ့ လက္ခဏာတွေကို ပြသလာပြီး အရင်ကလို ပျော်ပျော်နေတတ်တဲ့ကလေးလေး ပြန်ဖြစ်လာပါပြီလို့ ဟေမာက ပြောပြပါတယ်။

ထွန်းရဲ့ ကောင်းတဲ့ပြောင်းလဲမှုတွေအတွက် ဟေမာက ပျော်ပေမယ့် ဒီအခြေအနေကဘယ်လောက်ထိ ကြာမလဲဆိုတာ သူသေချာမသိဘူးလို့ ဖြည့်စွက်ပြောပါတယ်။ မင်းတပ်က ကလေးအများစုလိုပဲ သူ့ရဲ့နောက်ကလေးနှစ်ယောက်ဖြစ်တဲ့ အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေးနှစ်ယောက်က ကျောင်းမတက်ရတာ နှစ်နှစ်နီးပါးရှိနေပါပြီ။ အစကတော့ ကပ်ရောဂါကြောင့် သူတို့အိမ်ပြန်လာကြတာပါ၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လုံခြုံရေးအခြေအနေ ခြိမ်းခြောက်မှုတွေကြောင့်ဖြစ်ပါတယ်။

“ကျွန်မတို့ ဒီအခြေအနေမှာ ဆက်နေမယ်ဆိုရင် ကျွန်မကလေးတွေ ဘယ်လိုကြီးပြင်းလာရမှာလဲ” လို့ စိုးရိမ်ပူပန်စွာနဲ့ ဟေမာက မေးခဲ့ပါတယ်။ “ကျွန်မတို့အနာဂတ်အတွက် သိပ်စိတ်ပူတယ်၊ ကျွန်မ အေးအေးချမ်းချမ်းလေးပဲ နေချင်တာပါ။” လို့ မြန်မာနိုင်ငံက မိခင်အများစုရဲ့ သောကတွေကို ထင်ဟပ်အောင်ပြောပြသွားပါတယ်။


View the original.