ဒူးမထောက် လက်မမြှောက် LGBTများရှေ့ဆက်လျှောက်

15 September 2021

LGBTIQ (Myanmar)

ဒူးမထောက် လက်မမြှောက် LGBTများရှေ့ဆက်လျှောက်

By Chaw Su San

ကျမတို့နိုင်ငံမှာ  လိင်စိတ်ကိုင်းညွှတ်မှုမတူသူတွေနဲ့ပတ်သတ်ပီး ခွဲခြားဆက်ဆံတာတွေ၊ ဖိနှိပ်တာတွေ၊ လွဲမှားတဲ့အယူအဆတွေဟာ နှစ်ပေါင်းများစွာကြာအောင်ကြီးစိုးနေခဲ့ပါတယ်။ ဒီလိုခွဲခြားဆက်ဆံမှု အယူဆအစွန်းရောက်မှုတွေဟာ  လူမှုရေး၊ ဘာသာရေးတွေကနေအခြေတည်လာတာပဲဖြစ်ပါတယ်။

ကျမတို့အားလုံးသိထားရမှာက လူက လူဆိုတာပါပဲ။ အခြားသူတစ်ယောက်ရဲ့ အပေါ်ယံဝိသေသလက္ခဏာဖော်ပြမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စိတ်ခံစားမှုတွေကို ကျမတို့အနေနဲ့ ကန့်သတ်ချုပ်ချယ်ခွင့်မရှိပါဘူး။ လူတိုင်းဟာ ကိုယ့်ရဲ့ရပ်တည်မှု၊ ဘ၀ဖြစ်တည်မှု၊ လိင်ပိုင်းဆိုင်ရာခံယူချက်ကို ကိုယ့်စိတ်ကြိုက် ရပ်တည်ခွင့်ရှိပါတယ်။ ကျမတို့ဒါက ဒါတွေကို ပြစ်တင်ရှုပ်ချပြောဆိုပြုမူဆက်ဆံနေမယ်ဆိုရင် ကျမတို့ဟာ လူ့ကျင့်၀တ်ကိုဖောက်ဖျက်ကျူးလွန်ရာကျပါတယ်။

LGBT နဲ့ အနေနီးလို့ LGBT တွေ ပိုများလာတယ်လို့ပြောကြတယ် ဒါလုံး၀ နိုးပါ။ လူရယ်လို့ဖြစ်လာကတည်းက လိင်စိတ်တိမ်းညွှတ်မှု၊ခံယူမှုတွေဟာ ရှိပီးသားပါ။ ဖိနှိပ်တဲ့ ပတ်၀န်းကျင် ရှိခြင်း၊ မရှိခြင်းကြောင့်သာ ထုတ်ဖော်ပြခွင့်ရခြင်း၊မရခြင်းရှိကြတာပါ။  

ကျမတို့နိုင်ငံမှာ LGBT ဆိုရင် ရယ်စရာ၊ဟာသ ရွံစရာလူတန်းစားဆိုပီး ရုပ်ရှင်၊ဇာတ်လမ်းတွေမှာ ထည့်သွင်းဖော်ပြမှုတွေဟာ အင်မတန်ကိုရွံစရာကောင်းတဲ့လုပ်ရပ်တွေပါ။ ဒီဟာတွေကိုကြည့်ပီး ကျမတို့ပြည်သူတွေဟာ အယူဆတွေလွဲမှားကြတယ်။LGBT တွေ ကို နောက်ပြောင်စရာတစ်ခုလို့မြင်လာကြတယ်။ တစ်ဖက်မှာလဲ ဥပဒေပိုင်းဆိုင်ရာ အားနည်းမှုတွေကြောင့် LGBT တွေဟာ လိင်းအကြမ်းဖက်မှုတွေရဲ့ သားကောင်ဖြစ်နေခဲ့ပါတယ်။

ယခုနွေဦးတော်လှန်ရေးမှာ LGBT တွေလဲ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ပါလာတာကိုတွေ့ရပါတယ်။ဒါဂာ ဘာကိုဖော်ပြနေလဲဆို LGBT လဲ လူထဲကလူပဲ၊ မတရားမှုကိုတိုက်ထုတ်မယ်၊ တရားမှုတွက် တိုက်ပွဲ၀င်မယ်ဆိုတဲ့ လူထဲကလူတွေရဲ့ လုပ်နိုင်စွမ်းကိုဖော်ပြနေတာဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကိုသာမက နှစ်ပေါင်းများစွာကြာကြီးစိုးနေတဲ့ အယူအဆလွှဲမှားတွေကိုပါတစ်ပါတည်းတိုက်ထုတ်ရမယ့်ပွဲဖြစ်တယ်။ဒါမှသာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်တဲ့အခါ အရောင်သွေးစုံလင်လှပစွာနဲ့ တရားမျှတမှု၊ တန်းတူညီမျှမှုစတဲ့ အနှစ်သာရတွေနဲ့ပြည့်နေတဲ့ လူ့အသိုင်းဝိုင်းတစ်ခုအဖြစ်ဖန်တီးနိုင်မှာဖြစ်ပါတယ်။

အဓိကကတော့ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် lgbt ပဲဖြစ်ဖြစ် ယုတ်တဲ့သူက ယုတ်တာပါပဲရှင် ဥပမာ မအလ

ဆိုတော့က လူတစ်ယောက်မကောင်းတာကြောင့် အသိုင်းဝိုင်းတစ်ခုလုံးကို ဝါးလုံးသိမ်းမရမ်းစေချင်ပါ။ မကောင်းတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် အမျိုးသမီးတွေမကောင်းဘူးလို့မပြောသင့်ပါ။ထိုါအတူ LGBT တစ်ယောက်မကောင်းတာနဲ့ LGBT ‌တွေ မကောင်းဘူးလိုါ မယူဆသင့်ပါ။ လူထဲက လူတွေထဲမှာလဲ အမြဲတသေကောင်းနေတဲ့သူမရှိပါ။မကောင်းတဲ့သူတွေလဲရှိပါတယ်။ဒီ့အတွက် ဝါးလုံးသိမ်းမရန်းဖို့ သတိချပ်ပါ။ တစ်ဦးတသ်ယောက်မကောင်းတာနဲ့ ဝါးလုံးသိမ်းတဲ့အခါ အစုဖွဲ့တွေကြားမှာ ပဋိပက္ခတွေရှိလာမှာဖြစ်ပါတယ်။ ဒါတွေဂာ ပြည်တွင်းစစ်ကို အခြေတည်စေတဲ့ အခြေခံအချက်တွေထဲမှာ ပါ၀င်ပါတယ်။

ကျမတို့တွေ တစ်ဦးတစ်ယောက်ရဲ့ ခံယူချက်၊ ရပ်တည်မှုတွေကို ‌ကိုယ့်စိတ်‌ကြိုက်အတင်းအဓ္ဓမ ပြောင်းလဲမယူပါနဲ့။ မတူကွဲပြားမှုဟာ လေးစားတန်ဖိုးထားစရာပါ ခွဲခြားစရာမဟုတ်။

#LGBTAlliance

#ဒူးမထောက်လက်မမြှောက်_lgbtများရှေ့ဆက်လျှောက်


Original Post: Chaw Su San

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia