မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာတွင် စစ်ကောင်စီတပ်များက မောင်အောင်ဇေယျကို အကြောင်းမဲ့ ပစ်သတ်သွား

August 9th, 2021  •  Author:   Mg Aung Zeya (Myaing Township)  •  1 minute read
Featured image

ရန်ကုန်၊ သြဂုတ် ၉

By Khit Thit Media

စစ်ကောင်စီတပ်များက မောင်အောင်ဇေယျကို အကြောင်းမဲ့ ပစ်သတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာတွင် စစ်ကောင်စီဆန့်ကျင်ရေးသပိတ်ခေါင်းဆောင်ဆိုသူ မောင်စန်းကို အား သြဂုတ်လ ၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အိမ်စီးကားဖြင့် ဝင်ရောက် ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွားသဖြင့် အခြားကျေးရွာသား မောင်အောင်ဇေယျကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရှိရသည်။

“သပိတ်ခေါင်းဆောင် မောင်စန်းကို အိမ်စီးကားနဲ့လာဖမ်းတာ၊ အရပ်ဝတ် ၃ ယောက် ရဲ ၃ ယောက် ပါတယ်၊ ဒလန်က နေရာအတိအကျနဲ့ သတင်းပေးတာ၊ သူ့ကို မမိတော့ ရွာမှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်က လူငယ်လေးယောက်ကို လက်ပြန်ကြိုးတုတ်ပြီး သပိတ်ခေါင်းဆောင် ဘယ်မှာလဲ ဆိုပြီး ရိုက်နှက်ပြီး စစ်မေးတာ၊ အဲဒီမှာ မောင်အောင်ဇေယျ ဆိုတဲ့ လူငယ်က ကြောက်လန့်ပြီး ထွက်ပြေးတော့ ရဲခွေးတွေက အနောက်က လိုက်ပစ်တာ၊ ကျည်ဆံက ကျောက ဖောက်ဝင်ပြီး နေရာမှာပဲ သေသွားတယ်” ဟု မျက်မြင်ရွာသားတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ပစ်သတ်ခံထားရသည့် မောင်အောင်ဇေယျ၏ ရုပ်အလောင်းသည် အခင်းဖြစ်ရာ နေရာ၌ ရှိနေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် ရဲကားအပြင် စစ်ကားတစ်စီးပါ ထပ်ရောက်လာကြောင်း ရွာကို ဝိုင်းထားကြောင်း ဒေသခံများမှ ပြောဆိုသည်။


Original Post: Khit Thit Media