သူရဲကောင်းမင်းခန့်စိုးအတွက် ဖခင်စာရေးဆရာမှ ဦးညွတ်ရေးထားတဲ့ကဗျာ

June 14th, 2021  •  Author:   Min Khant Soe (South Okkalapa Township)  •  1 minute read
Featured image

နွေဦးတော်လှန်ရေး သူရဲကောင်းမင်းခန့်စိုး

By ကာတွန်း နာနတ်သီး

#နွေဦးသူရဲကောင်းသားငယ်ကျဆုံးခဲ့တဲ့

သုံးလပြည့်

#ဖခင်စာရေးဆရာမှဦးညွတ်ရေးထားတဲ့ကဗျာ

တောင်ဥက္ကလာမှာပထမဆုံးကျဆုံးခဲ့ရသော သူရဲကောင်းမင်းခန့်စိုးအတွက်

#ဖခင်တိုင်းတွက်သူရဲကောင်း..

…. ဒီမှာ သေမင်းတမန်

ကျည်ဆံ တွေကို အံတု

လူမှု တော်လှန်ရေး ဆင်နွှဲ

တိုက်ပွဲက စခဲ့ပြီ ။

– ဒီတိုက်ပွဲမှာ

ကဗျာဆရာရဲ့ သား

ကျွန်တော့် သား မင်းခန့်စိုး

တိုးဝင် ခြေလှမ်း

မကြောက်တမ်း ရင်ဆိုင်

ခိုင်မာ သန္နိဌာန် ကို တွေး

သမိုင်း ကိုလည်း ရေးခဲ့ပြီ ။

– အဲ့ဒီ နေ့

၂၀၂၁ မတ်လ ၁၄ ရက်နေ့

သွေးအိုင်ထဲမှာ

ကဗျာဆရာရဲ့သား ကျဆုံး

အဖေ နှလုံး ကွဲကြေ ခဲ့ရပြီ ။

– ၁၄ ရက်နေ့ ရောက်တိုင်း

အိမ်သူ ငိုတယ်

သူ့အစ်ကို ငိုတယ်

ညီမလေး နဲ့ ညီလေး ငိုတယ်

( နောက်တော့….)

ကဗျာဆရာ ငိုမိတယ် ။

– သားလေးရေ….

ရောက်တဲ့ ဘုံဘဝမှာ ခိုနားပါ

သမိုင်းတွေကို ထပ်ရေးပါ

အမှန်တရား ဘက်က ရပ်တည်ပါ

ဒီမိုကရေစီကို ရှာဖွေပါ ။

– ဟော….ဟိုမှာ

ချစ်တဲ့ သားလေးရေ

သားလေးရဲ့ ဝိညာဉ်

အဖေ့ရင်ဆီ တွယ်ချိတ်

ဒီည အရိပ်မှာ လည်း

သားလေး ကို အဖေ ရှာ ဖွေရင်း

အလင်းတန်း ကို မျှော်ငေး

ဟိုးအဝေးက မျှော်လင့်ချက်

( မပ်က္နားခို )

သားကို ရှာဖွေ တွေ့ခဲ့ပြီ ။

                        အေဖော်ခိုင်