မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သလို ကျနော်တို့ ဒေါင်းမျိုးဆက် အတာသင်္ကြန်အလှပြယာဉ်နှင့် သံချပ်အသင်းရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ဟာ ဒီကနေ့နေ့လည်ခင်းမှာပဲ ခွေးဆွဲခံလိုက်ရပါတယ်။
ကိုဝေမိုးနိုင်ခွေးအဆွဲမခံရခင်မှာပဲ သူနှင့်အတူ “ဒေါင်းမျိုးဆက်” ဝိုင်းတော်သားများက တော်လှန်သင်္ကြန်သံချပ်ဗီဒီယိုဖိုင်တစ်ခုကို စီစဉ်ရိုက်ကူးဖြစ်ခဲ့ပါတယ်။
တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့အတူ ကျနော်တို့ပြည်သူတွေ အားလျော့မသွားကြဘဲ ဒီမိုကရေစီအရေး အတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်တိုက်တွန်းလိုပါတယ်ခင်ဗျာ
ပြည်သူများရဲ့အချစ်တော် ကိုဝေမိုးနိုင်ရဲ့ သံချပ်ဗီဒီယိုအား ခံစားကြည့်ရှုရင်း စိတ်ဓာတ်ခွန်အားများရရှိကာ အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်တော်လှန်နိုင်ကြပါစေ
အကြမ်းဖက်စစ်တပ် အမြန်ဆုံး ကျရှူံးပါစေ
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
ဒေါင်းမျိုးဆက် အတာသင်္ကြန်အလှပြယာဉ်နှင့်သံချပ်အသင်း (မုံရွာ)
Original Post: ဒေါင်းမျိုးဆက် – မုံရွာ အလှပြယာဉ်နှင့် သံချပ်အသင်း