နွေဦးတော်လှန်ရေး – ပန်းသပိတ်

April 2nd, 2021  •  Author:   Flower Strike  •  1 minute read
Featured image

ပန်းသပိတ် အဓိပ္ပာယ် ဘယ်လိုသဘောဆောင်သလဲ

By BBC Burmese

မြန်မာမှာ စစ်အာဏာသိမ်းထားတာ နှစ်လကျော်ခဲ့ပါပြီ။ နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ပြီးပြုလုပ်နေဆဲဖြစ်သလို ဒီနေ့ ဧပြီ ၂ ရက်မှာလည်း ပန်းသပိတ် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

ပန်းသပိတ် ရဲ့ အဓိက ရည်ရွယ်ချက်နဲ့ ပေးချင်တဲ့ သတင်းစကားကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးခဲ့ရသူတွေကို အဓိက ရည်စူးဂုဏ်ပြုတာဖြစ်သလို အာဏာသိမ်းမှုကိုလည်း ဆက်လက်ဆန့်ကျင်နေတဲ့အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုလည်း ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ဒီနေ့ ပန်းသပိတ်ကို လူထုတွေနဲ့ ပြုလုပ်တာရှိသလို လူမဲ့ပန်းသပိတ်ပုံစံ ပြုလုပ်ခဲ့တာတွေကိုလည်းတွေ့ရပါတယ်။


Myanmar Now

နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရသည့် အာဇာနည် သူရဲကောင်းများအတွက် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းတွင် ယနေ့ ပန်းသပိတ် (Flower Strike) ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များတွင်လည်း ကျဆုံးသွားသည့် ပြည်သူများအား ရည်စူး၍ Flower Strike ကမ်ပိန်းကို ယ​နေ့နံနက်တွင် ပြုလုပ်ခဲ့ကြသည်။

အိမ်အပြန်လမ်းရှိပေမယ့် ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးပြီး ဘယ်တော့မှ အိမ်ပြန်လာခွင့် မရှိတော့သည့် အာဇာနည်သူရဲကောင်းများအတွက် ယင်းကမ်ပိန်းကို ပြုလုပ်ခြင်း ဖြစ်သည်။


Khit Thit Media

စစ်အာဏာရှင်ဆန့်ကျင်​ရေး ပန်းသပိတ် ဧပြီ ၂ ရက်​နေ့ ပါဝင်ကြရန်နှိုး​​ဆော်
🌻 Flower Strike 🌻
ဒီကားမှတ်တိုင်လေးတွေကနေ သူတို့တွေ ဆန္ဒပြဖို့ ထွက်ခွာသွားကြတယ်ဒီကားမှတ်တိုင်လေးတွေဟာ သူတို့‌တွေရဲ့ နောက်ဆုံးခရီးကို စတင်‌ပေးရာနေရာလို့ ဘယ်သူကထင်ပါ့မလဲ…။
လူတိုင်းမှာ အိမ်အပြန်လမ်းရှိပေမယ့် ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးပြီး ဘယ်တော့မှ အိမ်ပြန်လာခွင့် မရှိတော့တဲ့ ကျွန်မတို့ရဲ့ အာဇာနည်သူရဲကောင်းတွေအတွက်…
သူတို့ဆန္ဒပြဖို့ထွက်ခွာသွားကြတဲ့ ကားမှတ်တိုင်ခုံတန်းလေးတွေမှာ တစ်အိမ်တစ်ယောက် အနည်းဆုံးပန်းတစ်ပွင့်စီ သွားထားပြီး ဂုဏ်ပြုပေးကြရအောင်လား။
ပန်းလေးတွေ သွားမထားခင် ပုံထဲကလို လက် ၃ ချောင်း‌ကြား ပန်းတွေညှပ် ဓာတ်ပုံရိုက်ပြီး #FlowerStrikeMyanmar ဆိုတဲ့ Hashtag နဲ့ ဝမ်းနည်းမှုနဲ့ ဆန့်ကျင်တော်လှန်မှု‌တွေကို ကမ္ဘာကသိအောင်ပါ Social Media တွေမှာ မျှဝေပေးပါ။
Flower Strike မှာ…
🌻 ကျဆုံးသူတွေကို အောက်မေ့ဂုဏ်ပြုမယ်။
🌻 ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြကြမယ်။
🌻 အာဏာရှင်ကို ရတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်နေတာကိုပြဖို့ အားလုံးပူးပေါင်းပါဝင်ပေးကြပါရှင်။
🗓️ နေ့ရက် – ၂ . ၄ . ၂၀၂၁
🕕 အချိန် – မနက်အစောပိုင်း
🚏 နေရာ – နီးစပ်ရာကားမှတ်တိုင်များ (ကားမှတ်တိုင်မရှိသည့် မြို့နယ်ဖြစ်ပါက လူမြင်ကွင်းနေရာများ)