February 24th, 2021 •
Author:
468 Civil Society Organizations
•
10 minute read
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့
လေးစားအပ်ပါသော လုံခြုံရေးကောင်စီ၏ ဥက္ကဌ နှင့် အဖွဲ့ဝင်များ ရှင့်/ခင်ဗျား
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အာဏာသိမ်းစစ်အုပ်စုမှ အကြမ်းဖက်နေမှုများ ရပ်တန့်စေရေး၊ သွေးထွက်သံယိုမှုများနှင့် အသက်ဆုံးရှုံးမှုများ ယခုထက်ပို၍ မဖြစ်ပွားစေရေးနှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး ပြန်လွတ်စေရေးတို့အတွက် အရေးပေါ် ဖြေရှင်းရေး လုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကြားဝင်ဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ ချက်ချင်းစေလွှတ်ပေးပါရန် အောက်ပါလက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံဒေသအသီးသီးမှ သပိတ်မှောက် ပြည်သူများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။
မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြား ရှိနေပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့သော အရပ်ဘက်လူထုအဖွဲ့အစည်း ၁၇၇ ဖွဲ့၏ အိတ်ဖွင့်ပေးစာ တွင် တင်ပြတောင်းဆိုထားသည့်အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားလုံခြုံမှုဆိုင်ရာ အကျပ်အတည်းကို ချက်ချင်းတုန့်ပြန် ကြားဝင်ဆောင်ရွက်ပေးရန် အလွန်အရေးကြီးပါသည်။ ပြီးခဲ့သည့် စာပေးပို့ခဲ့သောအချိန်မှစ၍ စစ်အုပ်စုမှ အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများ ပိုမို တိုးမြှင့်လုပ်ဆောင်လာနေသည်ကို အောက်ဖော်ပြပါအတိုင်း မျက်မြင်ကြုံတွေ့နေကြရသည်။
- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မန္တလေး ရတနာပုံသင်္ဘောကျင်းတွင် ရေကြောင်းအလုပ်သမားများ ဆန္ဒပြမှုကို ဗဟိုပြုလျက် စစ်သားများ၏အကူအညီနှင့်အတူ ရဲများက လူအုပ်စုအတွင်းသို့ ကျည်ဆံအစစ်များ အသုံးပြု၍ ပစ်ခတ်ခဲ့ခြင်းကြောင့် ၂ ဦး သေဆုံးပြီး လူဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့သည်။ တိုင်းရင်းသားဒေသများတွင် တာဝန်ယူထားခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်မှု ရာဇဝင်ရှိသည့် ခြေမြန်တပ်မ ၃၃ မှ အနည်းဆုံး လက်ဖြောင့်တပ်သားတစ်ဦးကို အခင်းဖြစ်ပွားသည့် နေရာနှင့် အချိန်တွင် ရှိနေခဲ့သည်ကို သတင်းဓါတ်ပုံများတွင် မြင်တွေ့ရသည်။ သွေးထွက်သံယို ဖြစ်နေသော အပြစ်မဲ့ ဆန္ဒပြ ပြည်သူများ၏ ဓါတ်ပုံနှင့် ဗီဒီယိုများသည် မိမိတို့ပြည်သူများကို စိတ်ဒဏ်ရာ ကြီးမားစွာ ဖြစ်စေသည်။
- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ရဲများ၏ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ကျောင်းသူ မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကို ထိမှန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဆေးရုံ၌ သူမ သေဆုံးသွားခဲ့သည်။
- ရဲများက ရော်ဘာကျည်ဆံ၊ ရေအမြှောက်နှင့် ရိုက်နှက်မှုများအပါအဝင် အင်အားအလွန်အကျွံ အသုံးပြုခြင်းသည် မထူးဆန်းသောဖြစ်ရပ် ဖြစ်နေသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရဲများက လူအုပ်များအတွင်း ပစ်ခတ်မှု၊ ရိုက်နှက်ဖမ်းဆီးမှုများကြောင့် ပြည်သူများ ထိတ်တလန့်မှုများ ဖြစ်ပေါ်နေခဲ့ကြသည်။ ရန်ကုန်နှင့်အတူ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် မြဝတီမြို့များတွင်လည်း လူအုပ်အတွင်းသို့ ရော်ဘာကျည်ဆံများဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
- စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများတွင် သတင်းယူနေသည့် သတင်းမီဒီယာများမှာလည်း နောက်ယောင်ခံ အလိုက်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းများကဲ့သို့သော ခြိမ်းခြောက်နှောင့်ယှက်မှုများ ခံနေရသည်။
- ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အစောပိုင်းအချိန်များမှစ၍ ညစဥ် နံနက် ၁း၀၀ နာရီမှ နံနက် ၉း၀၀ နာရီ အကြား အင်တာနက်များကို ဖြတ်တောက်ထားပြီး လူမှုမီဒီယာများကိုလည်း ပိတ်ဆို့ထားသည်။ ထို့အပြင် ဆိုက်ဘာလုံခြုံရေး နှင့်ပတ်သက်သော ဥပဒေများ ချမှတ်ခြင်းနှင့် ပြင်ဆင်ခြင်းဖြင့်လည်း ပိုမိုပြင်းထန်သော ကန့်သတ်မှုများကို ထပ်တိုးလုပ်ဆောင်နေသည်။
- ရန်ကုန်မြို့အပါအဝင် အဓိကကျသော မြို့ကြီးများ၏ လမ်းများပေါ်တွင် သံချပ်ကာကားများနှင့် စစ်သားများ ချထားမှုကို တိုးမြှင့်လုပ်ဆောင်နေသည်။
- သပိတ်မှောက်မှုတွင် ပါဝင်သောသူများ အထူးသဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူ့ဝန်ထမ်းလုပ်သားများနှင့် အစိုးရ ဝန်ထမ်းများအား ညအချိန်တွင် ဖမ်းဆီးမှုများ အဆက်မပြတ်လုပ်ဆောင်နေသည်။ အာဏာသိမ်းမှုနှင့်ဆက်စပ်၍ စုစုပေါင်း လူပုဂ္ဂိုလ် (၆၈၄) ဦး ဖမ်းဆီး၊ တရားစွဲဆို သို့မဟုတ် ပြစ်ဒဏ် ချမှတ် ခံထားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှတ်တမ်းအရ သိရသည်။
- ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အာဏာပိုင်များမှ ထောင်သားဦးရေ (၂၃,၀၀၀) ကျော်ကို လွှတ်ပေးခဲ့ပြီး ၎င်းရာဇဝတ်သားများကို လုံခြုံရေးတပ်ဖွဲ့များမှ မြို့လမ်းများ လူနေရပ်ကွက်များအတွင်း လာရောက်ပို့ဆောင် ဝင်ရောက်စေကာ အိမ်များကို မီးရှို့ခြင်း၊ နှောင့်ယှက်ခြင်း၊ နှင့် အကြမ်းဖက်မှုများ လှုံ့ဆော်ဖန်တီးနေစေခဲ့သည်။ ပြည်သူလူထုမှ ၎င်း ထောင်ထွက်ရာဇဝတ်သားတချို့အား အကြမ်းဖက်မှုများ ကျူးလွန်နေစဥ် (သို့) ကျူးလွန်ရန်ကြိုးစားနေစဥ် ဖမ်းမိချိန်တွင် ထိုသူများလက်ထဲတွင် ထောင်ထွက်စာရွက်စာတမ်းများ ရှိနေဆဲ ဖြစ်သည်။
မိမိတို့နိုင်ငံတွင် လူသားလုံခြုံရေး ကင်းမဲ့နေသည့် အခြေအနေမှာ အလွန်အမင်းစိုးရိမ်ဖွယ် ဖြစ်နေပါသည်။ ဖမ်းဆီးခံရမှု၊ ဒဏ်ရာရမှု နှင့် သေဆုံးမှုများ ပိုမိုများပြားလာနေပြီး ပြည်သူများမှာ အကြောက်တရားဖြင့် နေထိုင်နေကြရသည်။ အာဏာသိမ်း စစ်အုပ်စုသည် မိမိတို့အား စစ်မြေပြင်ပေါ်မှ ရန်သူများကဲ့သို့ သဘောထားဆက်ဆံနေကြသည်။
သို့သော်ငြားလည်း မိမိတို့သည် ဤတရားမဝင် စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်သွားရန် ဆုံးဖြတ်ထားသည်။ မိမိတို့သည် လမ်းမများပေါ်သို့ ဆက်လက်ထွက်ကြမည်ဖြစ်ပြီး မိမိတို့အပေါ် ကျူးလွန်လာသော အကြမ်းဖက်မှုများကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကြမည်ဖြစ်သည်။ သို့ရာတွင် မိမိတို့အနေဖြင့် လုံခြုံရေးကောင်စီ၏ ပံ့ပိုးမှုကို မဖြစ်မနေ အမြန်ဆုံးလိုအပ်နေပါသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ အခြေအနေမှာ ကြီးမားသောအရေးပေါ်အခြေအနေ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၁၂ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာပါ တောင်းဆိုချက်များ၏ နောက်ဆက်တွဲအနေဖြင့် အောက်ပါတောင်းဆိုချက်များကို ထပ်မံတောင်းဆိုလိုက်ပါသည်။
- ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အာဏာသိမ်းစစ်အုပ်စုမှ အကြမ်းဖက်နေမှုများ ရပ်တန့်စေရေး၊ သွေးထွက်သံယိုမှုများနှင့် အသက်ဆုံးရှုံးမှုများ ယခုထက်ပို၍ မဖြစ်ပွားစေရေးနှင့် မတရားဖမ်းဆီး ခံထားရသူများအားလုံး ပြန်လွတ်စေရေးတို့အတွက် ကြားဝင်ဆောင်ရွက်မှု လုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကြားဝင်ဆောင်ရွက်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ ချက်ချင်းစေလွှတ်ပေးရန်၊ နှင့်
- ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအား လက်နက်ခဲယမ်းရောင်းချခြင်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရပ်တန့်စေရေး လုပ်ဆောင်ပေးရန်။
မိမိတို့ ပြည်သူများ၏ အသက်များသည် လုံခြုံရေးကောင်စီ၏ ညီညွတ်စွာ တုန့်ပြန်ဆောင်ရွက်မှုအပေါ် မူတည်နေပါသည်။
လက်မှတ်ရေးထိုးထားသောအဖွဲ့များ (25 ရက်နေ့တွင် အဖွဲ့များထပ်မံဖြည့်စွက်ထားသည်။)
- A Lin Pya Kyal
- A Lin Tan
- A Lin Thi Tan
- A Nar Gatt Thit Group
- Access Myanmar StudentsNetwork
- Action Committee for Democracy Development
- Action Group for Farmers Affair (စစ်ကိုင်းတိုင်း)
- Action Group for Farmers Affair (ပဲခူးတိုင်း)
- Action Group for Farmers Affair (မကွေးတိုင်း)
- Action Group for Farmers Affair (မန္တလေးတိုင်း)
- Action Group for Farmers Affair (ဧရာဝတီတိုင်း)
- Ahlin Tagar Rural Development Organization
- Alinsaetamarn Library & Resource Center
- Alinthitsar Environmental and Development Group
- Alinyaungpandaing Environmental and Development Group
- All Arakan Students’ and Youths’ Congress
- Andin Mon Youth group
- Anin Region enviromental conservation group
- Ann Township Pipeline Monitoring Group
- Area Peace and Development Forward
- Arr Marn Thit Social Development Organization
- Arr Thit Yaung Chi
- Assistance Association for Political Prisoners
- Association of Human Rights Defenders and Promoters
- Ayeyarwaddy West Development Organization (Minhla)
- Ayeyarwaddy West Development Organization (Ngaphae)
- AYY Famar Union
- Ayyar Pyo May Women Development Organization
- Ba Ann Media Group
- Backpack Health Workers Team
- Banmaw Youth Network
- Basic Lawyer Network
- Bawdi Youth (Ethnic Youth group)
- BEE House
- Bu Thee Taung Youth Network
- Burma Human Rights Network
- Burma Medical Association
- Burma Monitor (Research and Monitoring)
- Candle Light Group
- CBT Gaw Ran Gyi Island (Nan Thar Pu)
- Center for Social Integrity
- Child Prevention Network
- Child Protection Group
- Chin Agency
- Chin Community Base Rehabilitation
- Chin Institute of Social Science
- Chin MATA Working Group
- Chin Resources Center
- Chin Women Development Organization
- Chin Youth Organization (Kanpalet)
- Chindwin Region Natural Resources Watch Group
- Chinland Natural Resources Watch Group
- Cho Chin Women Organization
- Citizen Action for Transparency
- Civic Engagement Development Network
- Civic Engagement Network for M2
- Civil Call
- Community Association Development
- Community Development Youth Network
- Community Observer Association
- Community Peace Support Group
- Community Response Group – ComReG
- Da Nu Youth group
- Daily Educations
- Dawei Development Association
- Dawei Watch Foundation
- Dawei Women Union
- Democracy, Peace and Women Organization
- Diversity and Public Truth
- Doe Myae Civil Social Development Organization
- Empower Youth Enlightenment
- Enlightened Myanmar Research Foundation – EMReF
- Environmental Conservation Association
- Equality Myanmar
- Farmer Agricultural Network
- Farmer and Land Activity Group
- Farmer and Land Worker Union (Myeik Region)
- Farmer Union (Bago)
- Farmers and Agricultural workers group
- Farmers And Land Rights Action Group
- Farmers Development and Environmental Watch Group
- Farmers Network ဝမ်းတွင်း
- Farmers Union (Ayar)
- Forest User Association
- Free & Fair (youth) Network
- Free and Justice
- Free Education Service Organization
- Freedom and Labor Action Group
- Freedom Society
- Future Light Center
- Future Light for Child
- Future Light Social Development Organization
- Future Star Youth Organization
- Future Star မတ်တရာ
- Generation Wave
- Generation Wontho
- Genuine People’s Servants
- Global Family
- GOAL Organization
- Golden Future Social Development Organization
- Golden Heart Organization
- Good Hope Foundation (Bhamo)
- Green (Chin)
- Green Development Network
- Green for All (NTI)
- Green Justice Institute
- Green Network (Mergui Archipelago)
- Green Network (Tanintharyi Region)
- Green Right Organization
- Halcyon
- Heartland Foundation
- HeinNae Region Longterm Development Group
- HinTha Da PIDP Group
- Hinthar Tagon
- Hkumzup Development Committee
- Hna Lone Hla (AL)
- Homalinn Youth Network
- Hope For Children Development Organization
- Hsar Ka Paw Group
- Hsar Mu Htaw Group (ဆာမူထော် အဖွဲ့)
- Hsar Mu Waw Group (ဆာမူဝေါ် အဖွဲ့)
- Htaw Me Par Group (ထော်မဲပါ အဖွဲ့)
- Htee Gyaing Network
- Htoi Gender and Development Foundation
- Htum Thit Sa Rural Development Organization
- Htuu Region Development Group
- Human Rights Defenders and Promoters
- Human Rights Foundation of Monland
- Humanity Institute
- Justice For All (လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် တရားမျှတမှုလက်လှမ်းမှီရေးအဖွဲ့)
- Justice Movement for Community Inlay
- Ka Nyut Kwin Youth Center
- Kachin State Women Network
- Kachin Women’s Association Thailand
- Kachin Women’s Union
- Kan Chay Arr Man Fishery Development Organization
- Kan Latt Myar
- Kanaung Institute
- Kani Natural Resources Watch
- Kanpetlet Land Development Organization
- Karen Affairs Committee
- Karen Environmental and Social Action Network
- Karen Grassroots Women Network
- Karen Human Rights Group
- Karen Organization for Relief and Development
- Karen Peace Support Network
- Karen Refugee Committee
- Karen Rivers Watch
- Karen Student Network Group
- Karen Teacher Working Group
- Karen Women’s Organization
- Karen Youth Organization
- Karenni Ever Green
- Karenni Legal and Human Rights Center
- Karenni MATA
- Karenni National Women’s Organization
- Karenni National Youth Organization
- Karenni State Farmer Union
- KatanKyun Development Group
- Kaung Myat Hnalonethar Health Care Organization
- Kayan Earth Right Action Network
- Kayan New Generation Youth
- Kayan Women Organization
- Kayin Culture and literature committee
- K’Cho Land Development Association
- KECO
- Keng Tung Youth
- Khaingmyaethitsar Environmental Maintain Group
- Khanti Youths
- Khitlight Development Group
- Kin Oo Natural Resources Watchs
- Kin Ywar (Ma da yar Youth)
- Kindness Foundation (Shan)
- KOG
- Kyaik Hti Yo Mountain Range Lover Association
- Kyaingtone Youth
- Kyaukse Youth Network
- Kyike Mayaw MATA
- Kyonemaku Chaung Network
- Lamyan Farmers Network
- Lan Pya Kyal Sin Group
- Land Activist Group
- Land and Environmental
- Lat Pa Daung Monitoring Group
- LatButta Farmer Union
- Lawyers Network (Ayeyarwaddy)
- Legal Knowledge Sharing Group
- Let’s Help Each Other
- Life Light
- Light Civil Society Organization
- Light Social Development Organization
- Lin lake Kyal Social Development Organization
- Local Development Network (Kayah)
- Loka Ahlinn (Social Development Organization)
- Lu Mu Htar Group
- Ma Day Island Youth Development Association
- Ma Naw Phyu
- Magway Region Youth Network
- Mandalay Affairs Team
- Mandalay Regional Youth Association
- Mandalay Regional Youth Network
- Mandalay Women Political Federation (MWPF)
- Mann Thingaha (Gender GBV Team)
- Manoeyone Future Light Enviromental and Development Group
- Maramagri Youth Network
- Marga
- MATA Sagaing Region
- Matu Women Organization
- Meiktila Youth Network
- Metta Development Foundation
- Mhine Nyein Network
- Mi Karen Youth
- Mitta Blood Health Group
- Mitta San Yae (Magway)
- Mitta San Yae (Shan)
- Mitta Shin Group
- Mitta Yake Group
- Mitta Yaung Sin group
- Mohn Chaung Lover
- Mon green develop group
- Mon State Community Association
- Mon State CSO Network
- Mon-region Social Development Network
- Mother Land Network
- MRDJO Magway Regional Rules of law and Justice group
- Mu Se Multi Development Association
- Mudidar ZiwadarNa and Social Association
- Muditar Organization
- Mudon CSO Network
- Mudon Township Development Group
- Mung Chying Rawt Jat
- Municipal Monitoring Group
- Muu basin Environmental Save Group
- Mwetaung Area Development Group
- Myanmar Alliance for Transparency and Accountability
- Myanmar Cultural Research Society
- Myanmar Deaf Society
- Myanmar Muslim Youth Association (Kachin State)
- Myanmar People Alliance (Shan State)
- Myat Darna Group
- Myeik Lawyer Network
- Na Phat Hla
- Nant San Environmental Save Group
- Natural Green Alliance
- Northern Spectrum Youth Association
- Nyan Lynn Thit Analytica
- Olive Organization
- Open data Myanmar
- Open Development Foundation
- Our Home
- Pan Daing Shin
- Pan Thi Kyo LGBT Organization
- Parchan River Maintain Group
- Pauk Khaung Youth Network
- Pauktaingchaung Development Group
- Paung Ku
- Paungsee Myittar Organization
- Peace Development Committee (မိတ္ထီလာ)
- Peace, Development & Civic Engagement
- People Oriented and Development Group
- People Resource Alliance
- Phyu Sin Mitta
- Phyu Sin Myittar Social Development Organization
- Pluralistic Society
- Pone Yate Sit Regional Development Organization
- Progressive Voice
- Public Service Committee (Taunggoke)
- Pwint Lin Voluntary Group
- Pwint Lin Youth
- Pwint Phyu Development Group
- Pyar Mountain Conservation Group
- Pyi Thue A Kyoe Pyue Group
- Pyin Nyar Youth Association
- Rakha Arr Marn Group
- Rakhine Disable Association
- Rakhine National Network (Lay Taung)
- Rakhine Social Network (Myay Pone)
- Rakhine Women’s Union
- Rakhine Youth Generation
- RanByae Township Development Group
- Resources Center
- Responsible Waste Collecting Group
- Retired voluntary Group
- Rivers and Creeks Monitoring Group
- Rule of Law Watch Group
- Rural Social Development Organization
- Sagaing Region Youth Network
- Sal and KyaySin Mining Watch Group
- Sarnar Kyi Phyu Social Development Organization
- SarPhyu Farmer Network
- Say Da Nar Mon Voluntary Group
- Say Da Nar Shin
- Saytana Shaesaung Youth Organization
- Second Tap Root
- Sein Lan (Mogoke)
- Sein Lan (Tha Pake Kyin)
- Sein Lan Lwin Pyin Group (Laputta)
- Sein Lan Myay (Kyun Hla)
- Sein Yaung So (Katha)
- Shan Literature
- Shan MATA
- Shan State Peace Task Force
- Shan Women Development Network
- Shantinmae Environmental Maintain Committee
- Shwe Kyin Lover
- Shwe Minn Tha Foundation (Myanmar)
- Shwe Nathar Farmer Development Organization
- Shwe Network
- Shwe Paing Nyin Group
- Shwechinthae Farmers Network
- Sit Man Thaw Sanda Social group
- SKY-Youth, Kyaukphyu
- Social Development and Peace Network
- Southern Youth Development Organization
- SPACE
- Spectrum Organization
- Swam Su Ti Rural Development Organization
- Synergy – Social Harmony Organization
- Ta’ang Women’s Organization
- Tarkapaw Youth Group
- Tedim Youth Fellowship
- Tgyit Watch Group
- Than Dwe Development Association
- Than Lwin Thar Chin Group
- Thanlwin Network
- Thazi Youth Network
- The Seagull:Human Rights, Peace & Development
- The Wings Institution
- Theindaw Region Environmental Maintain Group
- Thingantaung Waterfall Maintain Group
- Thit Sar Yae Sin
- Thurira Sanda Group
- Thwee Community Development Network
- Tonzang Fellowship
- Tonzang Youth Association
- Transparency and Accountability Network Kachin State
- Tree Lover group
- TRI STAR
- TRY Organization
- Union of Karenni State Youth
- Unity Erch Bridge Organization
- University Muslim Students Network – Myanmar
- Upper Chindwin Youth Network
- Upper Myanmar Watch Group
- Waingmaw CSO Network
- Waingmaw Women CBO
- Western beach Ayeyarwaddy Environmental Conservation Group
- White hand Social warefare group
- White Marker Group
- Windayea Village Social group
- Women & Youth’s Development Organization
- Women Development (Bago)
- Women Development Group (Ayeyarwaddy)
- Women Empowerment Group (Karen)
- Women’s League of Burma
- Burmese Women’s Union
- Karenni National Women’s Organization
- Kachin Women’s Association Thailand
- Kuki Women’s Human Rights Organization
- Karen Women’s Organization
- Kayan Women’s Organization
- Lahu Women’s Organization
- Pa-O Women’s Union
- Shan Women’s Action Network
- Ta’ang Women’s Organization
- Tavoy Women’s Union
- Women’s forJustice
- Women’s Peace Network
- Wonthoe Youths
- Worker Development Organization
- World View Monitoring and helping Group
- Yangon Youth Network
- Yatanar Youngyi Social Development Organization
- Yaung Chi Thit public Library group
- Yaung Ne Oo Women Group
- Yaung Zin Arr Man Group
- Yaung Zin Hlaing
- Yaye Alliance Development Group
- Yi Ywal Yar Community Development
- Yi Ywal Yar Youth Development Organization
- YMCA (Mandalay)
- YoeMa Civil Society Group
- Young Ni Oo Social Development Organization
- Young Ni Oo Women Social Development Organization
- Youth Arr Man Group
- Youth Champion Network
- Youth Circle
- Youth Initiative for Human Rights
- Youth Society Network
- Zinlum Committee (Tanphaye)
- Zomi Youth Association
- ၈၈ငြိမ်းပွင့် စဥ့်ကူး
- ၈၈ငြိမ်းပွင့် မြစ်သား
- ၈၈ငြိမ်းပွင့် မိထ္တီလာ
- ၈၈ငြိမ်းပွင့် သပိတ်ကျင်း
- ၈၈ငြိမ်းပွင့် သာစည်
- ကျောက်ပန်းတောင်း လူငယ်ကွန်ယက်
- ကလျာဏမိတ္တလူမှုစောင့်ရှောက်ရေးအဖွဲ့ (ခင်ဦး၊ ရှားတော)
- စိမ်းရောင်စို (တံတားဦး)
- ညီမော်ဒူ
- တမာရိပ်
- တို့တောင်သူလယ်သမားအသင်း
- တောင်သမန်ကွန်ယက်
- ဒို့တိုးတက်ရာ အစည်းအရုံး
- ဒို့တောင်သူလယ်သမားအဖွဲ့အစည်း
- ပန်းပျိုးလက် ဗန်းမော် လူမှုရေးအဖွဲ့
- ပျော်ဘွယ် လူငယ်ကွန်ယက်
- မဇ္စျိမမေတ္တာ ရေလှူအသင်း (မိတ္ထီလာ)
- မတ္တရာ လူငယ်ကွန်ယက်
- မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ကိုယ်စားလှယ်များ
- မန္တလေးလူထုနေရာ (Mandalay Community Center)
- မြင်းခြံ နိုင်ကျဉ်းအဖွဲ့
- မြင့်မြတ်ဧရာဝတီ လူငယ်လူမှု့ကွန်ယက်
- မြေလတ်မျိုးဆက်အင်စတီကျု
- မိတ္ထီလာခရိုင် အလင်းတန်းအဖွဲ့
- ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင့်
- ရွှေခြံအားမာန်အဖွဲ့ မြင်းခြံ
- ရွှေတြိဂံတောင်သူလယ်သမားအဖွဲ့
- ရွှေတောင်တိုက်နယ်တောင်သူ့အားမာန် ဝမ်းတွင်းမြို့နယ်အဖွဲ့
- ရှစ်လေးလုံးသွေးသစ် (မိုးညှင်း)
- လမ်းပြကြယ် LGBT Group
- ဝါးစိမ်းတောင်ကာကွယ်စောင့်ကြည့်ရေးကော်မတီ (WPWC)
- ဝိုင်းမော်မြို့နယ်လုံးဆိုင်ရာ သျှမ်းလူငယ်များစည်းလုံးညီညွတ်ရေးအဖွဲ့
- သင့်မြတ်လိုသူများ ငြိမ်းချမ်းရေးပရဟိတအဖွဲ့
- သုခမိန်အင်စတီကျု
- အိမ်ယာမဲ့ပြည်သူများ အစည်းအရုံး
- အောင်သာစည်အဖွဲ့
ထောက်ခံသူများ
- Burmese – Canadian Network (Canada)
- Burmese Community in France
- Burmese Democratic Force (Indonesia)
- Burmese Democratic Force (New Zealand)
- Burmese Democratic Force (USA)
- Burmese Rohingya Organization UK
- Burmese Student Democratic Organization – BSDO (Canada)
- Calgary Karen Community Association (CKCA)
- Edmonton Karen Community Youth Organization
- European Karen Network
- Free Burma Action (Global),
- Free Burma Action Committee (San Francisco)
- International Karen Organization
- Joint Action Committee For Democracy in Burma, Sydney
- Karen American Association of Wisconsin, WI, USA
- Karen Association of Huron, SD, USA
- Karen Community of Akron, OH, USA
- Karen Community of Canada (KCC)
- Karen Community of Czech Republic
- Karen Community of Finland
- Karen Community of Hamilton
- Karen Community of Iowa, IA, USA
- Karen Community of Ireland
- Karen Community of Israel
- Karen Community of Kansas City, KS & MO, USA
- Karen Community of Kitchener & Waterloo
- Karen Community of Leamington
- Karen Community of Lethbridge
- Karen Community of London
- Karen Community of Minnesota, MN, USA
- Karen Community of North Carolina, USA
- Karen Community of Ottawa
- Karen Community of Regina
- Karen Community of Saskatoon
- Karen Community of Thunder Bay
- Karen Community of Toronto
- Karen Community of Windsor
- Karen Community of Winnipeg
- Karen Community Society of British Columbia (KCSBC)
- Karen Organization of America
- Karen Organization of Illinois, IL, USA
- Karen Thai Group – Karen Youth Network
- Karen Youth Education Pathways, USA
- Karen Youth of Norway
- Karen Youth of Toronto
- Karen Youth Organization
- Korea Karen Organization
- Korea Karen Youth Organization
- Myanmar Refugee Communities in New Delhi
- NLD(OC)KOREA
- Oversea Karen Organization Japan
- Perth Burmese Community (Australia)
- Union of Myanmar Citizen Association (UMCA) – Japan
အိတ်ဖွင့်ပေးစာ PDF ကို မြန်မာဘာသာဖြင့် ရယူရန်။
အိတ်ဖွင့်ပေးစာ PDF ကို English ဘာသာဖြင့် ရယူရန်။