Statement 666 Views

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက် အမှတ် ( ၉/၂၀၂၁ )

February 23rd, 2021  •  Author:   Committee Representing Pyidaungsu Hluttaw  •  1 minute read
Featured image

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ကြေညာချက် အမှတ် ( ၉/၂၀၂၁ )

ဖေဖော်ဝါရီလ (၂၃)ရက်၊ ၂၀၂၁ခုနှစ်။

၁။ ယခုကာလသည် ပြည်သူက ရွေးကောက်တင်မြှောက် တာဝန်အပ်နှင်းထားသော တရားဝင်ပြည်သူ့အစိုးရ အပေါ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥပဒေမဲ့ အာဏာသိမ်းယူခဲ့သည့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံ့ဝန်ထမ်များက Civil Disobedience Movement (CDM) လှုပ်ရှားမှုများကို နိုင်ငံတစ်ဝှမ်း ဆောင် ရွက်နေချိန် ဖြစ်ပါသည်။

၂။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် CDM လှုပ်ရှားတွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်း များအပေါ် မလျော်ဩဇာကျင့်သုံး၍ ဖိအားပေး ခြိမ်းခြောက်မှုများ၊ နိုင်ငံ့ဝန်ထမ်းများ၏ ရပိုင်ခွင့်များကို ကန့်သတ်မှု များ၊ အရေးယူမှုများ၊ တရားစွဲဆိုခြင်းများ၊ အခြားပြစ်မှုများဖြင့် အကွက်ဆင်ဖမ်းဆီးရန် စီစဉ်နေခြင်းများကို ဥပဒေမဲ့ ပြုလုပ်လျက်ရှိကြောင်း မြင်တွေ့  ကြားသိလာရသည်။

၃။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီအား ကျိုးနွံ့လျက် CDM လှုပ်ရှားဆောင်ရွက်နေကြသော နိုင်ငံ့ ဝန်ထမ်းများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ အနိုင်အထက်ပြုမူ ဆက်ဆံ ဆောင်ရွက်နေကြသည့် ဝန်ထမ်း အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ဆောင်ရွက်သွားမည် ဖြစ်သည်။

၄။ CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီ၏ ညွှန်ကြားချက်များသည် တရားဝင်မှုမရှိသဖြင့် လက်ခံ လိုက်နာ ဆောင်ရွက်ရန် မလိုအပ်ကြောင်း နှင့် ပြည်သူ့အစိုးရ ပြန်လည်တာဝန်ယူသည့် အချိန်တွင် CDM ပါဝင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၏ မူလ အလုပ်တာဝန်များ တည်မြဲရေး၊ နစ်နာမှုများ ပြန်လည်ကုစားနိုင်ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများ ဆောင်ရွက် နိုင်ရေးတို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တာဝန်ခံ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။