Statement 289 Views

Statement attributable to the Spokesperson for the Secretary General – on Myanmar

February 14th, 2021  •  Author:   United Nations Myanmar  •  2 minute read
Featured image
  • အောက်တွင် မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

The Secretary-General is deeply concerned about the situation in Myanmar, including the increasing use of force and the reported deployment of additional armoured vehicles to major cities. He calls on Myanmar’s military and police to ensure the right of peaceful assembly is fully respected and demonstrators are not subjected to reprisals. Reports of continued violence, intimidation and harassment by security personnel are unacceptable.

Ongoing arrests of political leaders, government officials, civil society actors and media representatives are deeply concerning as are the restrictions on internet and communication services. They must not be disrupted to ensure the right to freedom of expression, which includes access to information.

The Secretary-General reiterates his call on Member States collectively and bilaterally to exercise influence regarding the protection of the human rights and fundamental freedoms of the people of Myanmar.

The Secretary-General reaffirms the unwavering support of the United Nations to the people of Myanmar in their pursuit of democracy, peace, human rights and the rule of law.

The Secretary-General calls on the military authorities urgently to allow the Special Envoy, Ms. Christine Schraner Burgener, to visit Myanmar under agreeable conditions and to assess the situation first hand.

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်  

မြန်မာနိုင်ငံရှိ အဓိကမြို့ကြီးများတွင် အင်အားသုံးဖြိုခွင်းမှုများ များပြားလာခြင်းနှင့် သံချပ်ကာကားများ ဖြန့်ကျက်နေရာယူထားသော သတင်းပေးပို့ချက်များ အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ များနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်။ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံရှိ စစ်ဘက်ဆိုင်ရာနှင့် ရဲတပ်ဖွဲ့တို့အား ငြိမ်းချမ်းစွာ စုဝေးခွင့်/စီတန်းလှည့်လည်ခွင့်ကို အပြည့်အဝ လေးစားလိုက်နာကြရန်နှင့် ဆန္ဒပြသူ များအား တုံ့ပြန်ရန်ပြုအရေးယူခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းလိုက်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းပေးပို့မှုများ ရှိနေပြီး ၎င်းတို့သည် လက်သင့်မခံနိုင်သော လုပ်ရပ်များ ဖြစ်သည်။

နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရအရာရှိများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ပါဝင်လုပ်ဆောင်သူများ နှင့် မီဒီယာသမားများအား ဆက်လက်ဖမ်းဆီးနေမှုများ၊ အင်တာနက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအပေါ် ကန့်သတ်ချက်များသည် အလွန်အမင်း စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။ သတင်းအချက်အလက်များ လက်လှမ်းမီ ရရှိခွင့်အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်စေရန်အတွက် ထိုဝန်ဆောင်မှုများသည် ပြတ်တောက်ခြင်း မရှိစေရပါ။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကုလမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား အတူစုပေါင်း၍ သာမက တစ်နိုင်ငံချင်းအလိုက်လည်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်ပေးကြရန်လည်း ထပ်လောင်း တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုပမ်းဆောင်ရွက်မှုများကို ကုလသမဂ္ဂအဖွဲ့ အနေဖြင့် မယိမ်းမယိုင်၊ မဆုတ်မနစ် အားပေးကူညီပံ့ပိုးနေကြောင်း ထပ်လောင်း ပြောကြား

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား နှစ်ဖက်သဘောတူလက်ခံနိုင်မည့် အခြေအနေများနှင့်အညီ မြန်မာနိုင်ငံသို့ အမြန်ဆုံးလာရောက်၍ အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်လေ့လာခွင့်ပြုရန် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်သည်။

Stéphane Dujarric

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်

နယူးယောက်၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်

ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၏ ဝက်ဆိုက် – http://www.un.org/sg/en/spokesperson


View the original.