မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ် အပစ်ရပ်နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တင်းမာမှုနှင့် ပဋိပက္ခစစ်ပွဲများ၊ စစ်ဘေးဒဏ် ခံနေရသော ဒေသခံပြည်သူလူထုများနှင့်ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်း များ၏ အိတ်ဖွင့်ပေးစာ။
သို့
ဦးဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ဥက္ကဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်
အကြောင်းအရာ။ ။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ် အပစ်ရပ်နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တင်းမာမှုနှင့် ပဋိပက္ခစစ်ပွဲများ၊ စစ်ဘေးဒဏ် ခံနေရသော ဒေသခံပြည်သူလူထုများနှင့်ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်း များ၏ အိတ်ဖွင့်ပေးစာ။
လေးစားအပ်ပါသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား/ရှင့်
အထက်ပါ အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) ၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army – KNLA) နှင့် မြန်မာ့တပ်မတော်တို့အကြား လတ်တလောဖြစ်ပေါ်လျက်ရှိသော စစ်ရေးတင်းမာမှုနှင့် ဖာပွန်ခရိုင်၊ သထုံခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း လက်ရှိအရှိန်မြင့်ဆက်လက်ဖြစ်ပွားနေသော ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု ၄,၀၀၀ ခန့်သည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပေါ်ချိန် စိန်ခေါ်မှုများနေသည့်ကာလမျိုးတွင် ၎င်းတို့၏အိုးအိမ်များကို စွန့်ခွာပြီး နီးစပ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရသည့်အပေါ် စိုးရိမ်ပူပန်မှုကြီးစွာဖြင့် ထိုတင်းမာမှုနှင့် တိုက်ပွဲပြဿနာများကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးပါရန် အောက်ပါလက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထု အဖွဲ့အစည်းနှင့် ကွန်ရက် (၁၇၂) ဖွဲ့တို့မှ တာဝန်ရှိလူကြီးမင်းများထံ လေးစားစွာ တင်ပြတောင်းဆိုအပ်ပါသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းတွင် မြန်မာ့တပ်မတော်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ပါ သဘောတူညီချက်များကို လျစ်လျူရှုလျက် KNU ၏ သတ်မှတ်နယ်မြေအတွင်းရှိ ဖာပွန်ခရိုင်နှင့် အခြားဒေသများတွင် တပ်အင်အား တိုးချဲ့မှုများနှင့် လှုပ်ရှားမှုများ လုပ်ဆောင်လာသဖြင့် မြန်မာ့တပ်မတော်နှင့် KNU တို့အကြား တင်းမာမှုများ တိုးမြင့်လာပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဖာပွန်ခရိုင်အတွင်းရှိ မဲ၀ယ်စခန်း အခြေစိုက် မြန်မာ့တပ်မတော် စစ်သားများ၏ လှုပ်ရှားလုပ်ဆောင်မှုများကြောင့် လုံခြုံရေးယူထားသည့် KNU လက်အောက်ခံ KNLA တပ်ရင်းနှင့် မြန်မာ့တပ်မတော်တို့အကြား ထိပ်တိုက်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။ ထိုသို့ ပစ်ခတ်ရာတွင် မြန်မာ့တပ်မတော်သည် ရွာတွင်းနှင့် ရွာပြင်ပနေရာများအပါအဝင် ပြည်သူလူထုများ အသက်မွေး၀မ်းကျောင်း လုပ်ကိုင်သည့် နေရာဒေသများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာခဲ့သဖြင့် ဖာပွန်ခရိုင်အတွင်းရှိ အပြစ်မဲ့ ဒေသခံပြည်သူလူထု ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် မြန်မာ့တပ်မတော် ခလရ ၄၀၄ မှ ဖာပွန်ခရိုင်၊ မဲချိုကျေးရွာအုပ်စုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ရွာသူကြီးတစ်ဦး သေဆုံးသွားခဲ့ရသည်။ ထိုမျှမကသေး ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဖာပွန်ခရိုင်၊ မဲဝယ်ကျေးရွာအတွင်းသို့ မြန်မာ့တပ်မတော် ခမရ ၃၃၉ မှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်လက်ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် (ကျား) တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်။ ထိုသေဆုံး ထိခိုက်ရမှုများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန်နှင့် ၎င်းကဲ့သို့သောဖြစ်ရပ်မျိုး နောက်နောင် ထပ်မံ မဖြစ်ပွားစေရေး အာမခံပေးရန် တိုက်တွန်းတောင်းဆိုပါသည်။
လက်ရှိအခြေအနေအရ နှစ်ဘက်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများကြောင့် ယုံကြည်မှု လျော့နည်းခြင်းဘက်ကို ဦးတည်ပြီး တင်းမာမှုအခြေအနေ မြင့်တက်လျက်ရှိသည်ဟု သိရှိရပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် NCA ပါ သဘောတူညီချက်များနှင့် ဆန့်ကျင်သည့် သတ်မှတ်နယ်မြေအတွင်း စစ်တပ်လှုပ်ရှားမှုများ မရပ်တန့်သ၍ နှစ်ဘက်ကြား တင်းမာမှုနှင့် တိုက်ပွဲများ အဆုံးသတ်ရန် ခဲရင်းမည်ဟု မိမိတို့အနေဖြင့် သုံးသပ်မိပါသည်။
ထိုမျှသာမက အပစ်ရပ်နယ်မြေ ညောင်လေးပင်ခရိုင်ရှိ သတ်မှတ်နယ်မြေအတွင်း မြန်မာ့တပ်မတော်မှ ၀င်ရောက်လှုပ်ရှားနေမှုကြောင့် KNU ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေသည့် ပစ်ခတ် တိုက်ခတ်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာ ၄ ရွာမှ လူဦးရေ ၇၉၀ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ ခမရ ၆၀၃ မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် ပယ်ကောခီးကျေးရွာ နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာလမှစ၍ မြန်မာ့တပ်မတော်သည် ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အပြင် အခြားသော KNU ထိန်းချုပ်ရာ နယ်မြေများအတွင်း စစ်အင်အားတိုးချဲ့မှုများ ပိုမို လုပ်ဆောင်နေလျက် ရှိသောကြောင့် ဒေသအတွင်း တိုက်ပွဲများ ကျယ်ပြန့်ပြင်းထန်လာမည်ကို ပြည်သူများက အထူးစိုးရိမ်ပူပန် နေကြကြောင်း သိရှိရပါသည်။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသည့် ကာလတွင် တိုင်းရင်းသားပြည်သူများ ဆက်လက်၍ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရမှုအပေါ် မိမိတို့မှ အထူးပင် စိုးရိမ်ပူပန်မိပါသည်။
NCA အား လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် KNU နှင့် မြန်မာ့တပ်မတော်တို့အကြား ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းခံကို လေ့လာကြည့်ရာတွင် မြန်မာ့တပ်မတော်ဘက်မှ စီမံကိန်းများအပါအဝင် အကြောင်းအမျိုးမျိုးပြ၍ NCA ကို ချိုးဖောက်သည့် နယ်မြေကျူးကျော်ဝင်ရောက်မှုနှင့် စစ်အင်အားတိုးချဲ့မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် ယခုကဲ့သို့ တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများ ဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေးအား ရှေ့ရှုကာ မြန်မာ့တပ်မတော်မှ ဤသို့ NCA ကို ချိုးဖောက်၍ စစ်အင်အားတိုးချဲ့မှုများ၊ KNU နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှုများ ရုပ်သိမ်းစေရေး အပါအဝင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် လူသောမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံရွာသား ၁၀,၀၀၀ ကျော်ခန့် ဆန္ဒပြတောင်းဆိုထားသည့် အခြားသောအချက်များကိုလည်း ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် မိမိတို့မှ ထပ်ဆင့်တိုက်တွန်းတောင်းဆိုပါသည်။
မိမိတို့နိုင်ငံတွင် ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယနေ့အချိန်ထိ မိမိတို့ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် စစ်မှန်သောငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။ ထို့အပြင် တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် နိုင်ငံတော်ဘဏ္ဍာကို အသုံးပြု၍ ယခုကဲ့သို့ စစ်အင်အားသုံး ဆက်လက်လုပ်ဆောင်နေမှုများသည် သင့်လျော်မှု မရှိဘဲ ငြိမ်းချမ်းရေးနှင့် လည်း ပိုမိုဝေးကွာစေသည်ဟု မိမိတို့မှ သုံးသပ်ပါသည်။
ပဋိပက္ခများဖြစ်ပွားရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများအပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများကို ပိုမိုခံစားရလေ့ရှိသည်။ မိမိတို့ မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Elimination of all Forms of Discrimination Against Women – CEDAW) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Child – CRC) အား လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ၎င်းစာချုပ်များပါ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိပါသည်။
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ၎င်း၏ အကြောင်းရင်းခံများသည် နိုင်ငံရေးပြဿာနာများဖြစ်သောကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့် သည်ဟု မိမိတို့မှ ယုံကြည်ပါသည်။ ထိုကဲ့သို့ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် အခွင့်အလမ်းများနှင့် နည်းလမ်းများ ဖော်ဆောင်ပေးရန် နှင့် တိုင်းရင်းသားဒေသများအား စစ်ဆင်ရေးများ ပြုလုပ်ခြင်း၊ အင်အားတိုးချဲ့နေရာယူခြင်းများအားလုံး ရုပ်သိမ်း ရပ်တန့်စေရေးတို့အား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် အောက်ပါလက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထု အဖွဲ့အစည်းများမှ လေးစားစွာ တိုက်တွန်းတောင်းဆိုအပ်ပါသည်။
လေးစားစွာဖြင့်
တင်ပြတောင်းဆိုသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများ
- ဒို့မြေကွန်ရက်
- စစ်တောင်းသံစဉ်လူမှုကွန်ယက်
- မေတ္တာရှေ့ဆောင်လူမှုအဖွဲ့ (သံတောင်ကြီ:)
- သင့်မြတ်လိုသူများ ငြိမ်းချမ်းရေးပရဟိတအဖွဲ့
- အားသစ်ရောင်ခြည်အဖွဲ့
- ရွှေပန်းပျိုးလက် (ကလေးသူငယ်များယဉ်ကျေးလိမ္မာရေးနှင့် အကြမ်းဖက်မှုပပျောက်ရေးအဖွဲ့)
- လူမှုရေးရာသုတေသနအဖွဲ့
- ကျေးဇူးတော်နှလုံးသားဖောင်ဒေးရှင်း
- ဂီတရပ်ဝန်း
- အစ္စလာမ့်တံခွန်လူမှုကူညီရေးအဖွဲ့
- ရှစ်လေးလုံးမျိုးဆက်သစ် (မိုးညှင်း)
- သံဖြူဇရပ်မြို့နယ်လုံးဆိုင်ရာမွန်လူငယ်အဖွဲ့အစည်း
- ရွှေခြင်္သေ့တောင်သူကွန်ယက်
- ကမ်းခြေအလှဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်
- ကမ်းခြေအားမာန် ရေလုပ်သားငယ်များဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
- ပန်းတိုင်ရှင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
- ရောင်နီဦးလူမှုဖွံ့ဖြိုးရေးအဖွဲ့
- စာဖြူလယ်သမားဦးဆောင်အဖွဲ့
- အနာဂတ်အလင်းသစ်လူငယ်ဖွံ့ဖြိုးရေးအဖွဲ့
- ပုံရိပ်စစ် လူမှုဖွံ့ဖြိုးရေးအဖွဲ့
- ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
- မင်းဘူးတောင်သူအစုအဖွဲ့
- မင်းလှတောင်သူအစုအဖွဲ့
- ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
- ပုံတောင်ပုံညာတွဲလက်များ
- ငြိမ်းချမ်းရေးကွန်ယက်
- လွတ်လပ်သောအရှိုချင်းအမျိုးသားများအင်အားစု
- ဝံလက်ဖောင်ဒေးရှင်း
- မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့
- ဗေဓါ လူမှုဖွံဖြိုးရေးအဖွဲ့
- တွံတေးကွန်ရက်
- မျိုးဆက်သစ် (ရှမ်းပြည်)
- အလင်းသစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
- အားမာန်သစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
- 3 Dimension Community Development Group
- Accountable Actions for Arakan
- Action Committee for Democracy Development
- Action Group for Farmer Affair
- Active Women Development Initiative
- AISANA
- Ann New Generation
- Ann Women Generation Network
- Arakan CSO Network
- Arakan Students’ Union
- Assistance Association for Political Prisoners
- Association of Human Rights Defenders and Promoters
- Athan – Freedom of Expression Activist Organization
- Ayayarwaddy Youth Network
- Ayeyarwaddy Transparency and Accountability Association
- Ayeyarwaddy West Development Organization (Ngaphae)
- BEE House
- Bilin CSO Network
- Burma Monitor
- Burmese Women’s Union
- CAN-Myanmar
- Center for Social Integrity
- Charity Youth Organization
- Child Protection Network
- Chin Human Rights Organization
- Chin MATA Working Group
- Citizens Action for Transparency
- Colorful Girls Organization
- Community Response Group (ComReG)
- Crown School of Capacity Building and Leadership
- CSO Thaton
- Democracy, Peace and Women’s Organization
- Democratic Education Corner
- Equality Myanmar
- Farmers and Land Workers Union (Myanmar)
- Farmers Development and Environmental Watch Group
- Freedom and Labor Action Group
- Future Light Center
- Future Young Pioneer Organization
- Gaia Organization
- Gender Equality Network
- Generation Wave
- Genuine People’s Servants
- Golden Future Social Development Organization
- Gracious Heart Foundation
- Green Rights Organization
- Halcyon
- Harmony Youth Association
- Htoi Gender and Development Foundation
- Htum Thit Sa Rural Development Organization
- Human Rights Educators Network
- Human Rights Foundation of Monland
- Humanity Institute
- IFI Watch Myanmar
- iSchool Myanmar
- Justice Movement for Community (Innlay)
- Kachin National Youth Network
- Kachin Women’s Association Thailand
- Karen Affairs Committee
- Karen Environmental and Social Action Network
- Karen Human Rights Group
- Karen Institute of Strategic Studies
- Karen Organization for Relief and Development
- Karen Peace Support Network
- Karen Refugee Committee
- Karen Rivers Watch
- Karen Student Network Group
- Karen Teachers Working Group
- Karen Women’s Organization
- Karen Youth – Rangoon
- Karen Youth Network
- Karenni Human Rights Group
- Karenni State Farmer Union
- Kayah Earthrights Action Network
- Keng Tung Land Group
- Kyaukkyi Development Watch
- Kyaukpyu Rural Development Association
- Let’s Help Each Other
- Light Social Development Organization
- Lighthouse Social Development Organization
- Literature Garden Organization
- Maramagri Youth Network
- Maye Bon Youth Association
- Metta Development Foundation
- Min Bra Youth Association
- Mrauk-U Youths Association
- Mro Youth Association
- Myanmar Cultural Research Society
- Myanmar People Alliance (Shan State)
- National Indigenous Women Resource Center
- National Network for Education Reform
- Nyan Lynn Thit Analytica
- Olive Organization
- Open Development Foundation
- Oway Institute
- Pa-O Women’s Union
- Pa-O Youth Organization
- Pauktaw Public Center
- Paung Ku
- Paungsee Myittar Organization
- Peace Working Committee
- Progressive Voice
- Rakhine Youth New Generation – Network
- Rambree Youth Network
- Rathedaung Youth Network
- Regional Development Organization
- Reliable Organization
- Saytanashaesoung CSO
- Shan MATA
- Shan State Peace Task Force
- Shan Women Development Network
- Southern Youth Development Organization
- Swamsutyi CSO
- Synergy – Social Harmony Organization
- Ta’ang Legal Aid
- Ta’ang Women’s Organization
- Takapaw Group
- Taungoke Youth Network
- Thandar Rontwee Youth Network
- The Seagull:Human Rights, Peace & Development
- Thet Youth Organization
- True Friends
- Union of Karenni State Youth
- Waingmaw CSOs Network
- Women Empowerment and Development Organization (WE DO)
- Women Generation
- Women’s League of Burma
- Burmese Women’s Union
- Kachin Women’s Association Thailand
- Karen Women’s Organization
- Karenni National Women’s Organization
- Kayan Women’s Organization
- Kuki Women’s Human Rights Organization
- Lahu Women’s Organization
- Pa-O Women’s Union
- Shan Women’s Action Network
- Ta’ang Women’s Organization
- Tavoy Women’s Union
- Women’s for Justice
162. Women’s Organizations Network
163. Yangon Watch
164. Zinlum Committee (Tanphaye)
165. Zomi Students and Youth Organization
ထပ်တိုးစာရင်း
166. Summer Shelter Library
167. Kanbawza youth library
168. Enlightened Myanmar Research Foundation
169. Kayah Baptist Association – Christian Social Service and Development Department
170. Women for Women Foundation
171. YOUNITY
172. Kawyaw National Youth Organization (KyNYO)