ကရင်ပြည်နယ်တောင်ပိုင်းတွင် တပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများအပေါ် နိုင်ငံတကာမှ အရေးပေါ်တုန့်ပြန် ဆောင်ရွက်မှုများလိုအပ်

18 January 2021

Karen Peace Support Network

ကရင်ပြည်နယ်တောင်ပိုင်းတွင် တပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများအပေါ် နိုင်ငံတကာမှ အရေးပေါ်တုန့်ပြန် ဆောင်ရွက်မှုများလိုအပ်

ချက်ချင်းထုတ်ပြန်ရန် ၁၈-၁-၂၀၂၁

ကရင်ပြည်နယ်တောင်ပို်င်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် နှင့် မူတြော် (ဖာပွန်) ခရိုင်တို့တွင် ဗမာတပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ရွာသူကြီး တစ်ဦး သေဆုံးမှု နှင့် ဒေသခံ ပေါင်း ၃၇၀၀ ကျော်နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရမှုအပေါ် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ရှုံ့ချလိုက်သည်။

ဇန်နဝါရီလ ၁၅ ရက် ၂၀၂၁ တွင် တပ်မတော် ခမရ ၃၃၉ မှ မယ်ဝိုင်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် ၁၁ နှစ်သားအရွယ် ကလေးငယ်တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် ပြည်သူလူထုအပေါ်လုံး၀ ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်ကျူးလွန်မှုဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်ရာနေရာများသို့ လူသားခြင်းစာနမှုဆိုင်ရာအကူအညီပေးမှုများအား ပိတ်ဆို့ထားခြင်းသည်လည်း နိုင်ငံတကာ လူသားခြင်းစာနမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်။ နိုင်ငံတာကာ ဥပဒေများအသက်ဝင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတာကာအသိုင်းအဝိုင်းက တာဝန်ရှိသော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေသည်။

ရွားသားများမှ မိမိတို့နေအိမ်သို့ ပြန်နိုင်ရန်အတွက် အဆိုပါနေရာမှ တပ်များအားပြန်လည်ဆုတ်ခွာရန်နှင့် တိုက်ခိုက်မှုများအား ချက်ချင်းရန်တန့်ရန်အတွက် ဗမာတပ်မတော်အား ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ တောင်းဆိုလိုက်သည်။ ငြိမ်းချမ်းရေး ပူပေါင်းရန်ပုံငွေအဖွဲ့အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်ပံ့ပိုးပေးနေလျှက်ရှိသော နိုင်ငံတကာအလှူရှင်များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ်အပေါ် တပ်မတော်မှ ဖောက်ဖျက်နေမှုများ ရပ်တန့်သည့် အချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပံ့ပိုးနေမှုများအား ဆိုင်းငံ့ထားသင့်သည်။

၂၀၂၀ ဒီဇင်ဘာလမှ စတင်ကာ ကေအဲန်ယူ တပ်မဟာ (၅) မူေတြော်ခရိုင်ရှိ ဒွယ်လိုး နှင့် လူသော မြို့နယ်ရှိ တပ်မတော်၏ တပ်ရင်း (၅) မှ အနီးတဝိုက် ရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်မှုများကြောင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံပေါင်း ၃၁၇၆ ဦး ထွက်ပြေးတိမ်းရှောင်နေရပြီး အနီးနားရှိ တောတွင်းနေရာများတွင် ပုန်းခိုနေရလျက်ရှိသည်။ မူတြော်တောင်ပိုင်းရှိ ဗျူဟာလမ်းအား တပ်မတော်မှ အင်းအားသုံးကာ ထိုးစစ်ဆင်ပြီး ဖောက်လုပ်ရန်ကြိုးစားခဲ့သည့် ယမန်နှစ်ကာလတွင်လည်း တပ်မတော်၏ လက်နက်ကြီးများ ပစ်ခတ်မှုများ ကြောင့် အဆိုပါ ရွာသား အမြောက်အများမှာ အလားတူထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မကြာသေးခင် ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့တွင် အဆိုပါတိုက်ခိုက်မှုများအပေါ် မူတြော် နှင့် ခလယ်လွီထူမှ ထောင်ပေါင်းများစွာရွာသားများမှာ ၎င်းတို့ဒေသအတွင်း တပ်စခန်းများအား တပ်မတော်မှ ရုတ်သိမ်းပေးရန်နှင့် စစ်တပ်မှ လမ်းဖောက်လုပ်နေမှုအား ရပ်တန့်ပေးရန် လူသိရှင်ကြား ဆန္ဒထုတ်ဖော်ကာ တောင်းဆိုခဲ့ကြသည်။

၂၀၂၁ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကေအဲယူ တပ်မဟာ ၃ ခလယ်လွီထူခရိုင် ကျောက်ကြီးမြို့နယ်ရှိ တကောဒဲ ကျေးရွာအနီးတဝိုက်သို့် တပ်မတော် တပ်ရင်း (၅၇) မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်မှုများအကြောင့် နောက်ထပ်ရွားသူရွာသားပေါင်း (၅၈၈) ဦးမှာ ထွက်ပြေးတိမ်းရှောင်ရကာ အဆိုပါဒေသများရှိ ကျောင်းများအား ပိတ်လိုက်ရသည်။ ၂၀၁၂ ငြိမ်းချမ်းရေးဖြစ်စဉ် စတင်ဖော်ဆောင်သည့် အချိန်မှစပြီး အဆိုပါဒေသအတွက် ပထမဆုံး ထွက်ပြေးတိမ်းရှောင်ရမှုဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေရသော ရွာသားများအနေဖြင့် အလွန်ဆိုးရွားသော အခြေအနေများ ရင်ဆိုင်နေရသည့် အပြင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများမှ အဆိုပါရွာသားများအား အကူအညီပေးရန် သွားလိုသော်လည်း တပ်မတော်၏ ပိတ်ပင်တားဆီးမှုကို ကြုံနေရသည်။

တိုက်ခိုက်မှုများအား ရပ်တန့်ရန် နှင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် လူသားခြင်းစာနာမှုအကူအညီများ လုပ်ဆောင်ခွင့်ပြုရန် အတွက် မည်သည့် ငြိမ်းချမ်းရေး အလှူရှင်များမှ ထုတ်ပြန်တောင်းဆိုမှုများလုပ်ဆောင်သည်ကို မတွေ့ရသေးပေ။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မူတြော်ရှိ ဒွယ်လိုး မြို့နယ် မယ်ချို အုပ်စု တာနေတော ကျေးရွာအနီး လယ်ကွင်းသို့ စကခ (၈) တပ်မတော် အမှတ် ၄၀၄ ခြေမြန်တပ်ရင်းသည် ၎င်းတို့တပ်စခန်းအတွင်းမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပါသည်။ မိမိလယ်ကွင်းအတွင်း လုပ်ငန်းလုပ်ကိုင်နေသော တာနေတော ရွာသူကြီး စောမူသဆဲ (၃၅) နှစ်သည် ၆၀ မမ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသည်။ ၎င်းမှာ ကလေး (၆) ဦး၏ ဖခင်ဖြစ်ပါသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားသော KNU ကို အထင်အရှား လစ်လျူရှုရုံ သာမက ကိုဗစ်-၁၉ အကြပ်အတည်းကာလအတွင်း တဖက်သတ်ကြေညာခဲ့သည့် အပစ်ရပ်ထုတ်ပြန်ချက်ကို တရားမဲ့လက်လွတ် လုပ်ဆောင်နေသည့် အပေါ် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ ပြင်းထတ်စွာ ရှုံ့ချသည်။

တပ်မတော်၏ ထိုးစစ်ဆင်နေမှုများအား ချက်ချင်းရပ်တန့်ရန်နှင့် ကရင်နယ်နမိတ်များမှ ၎င်းတို့တပ်များအား ရုတ်သိမ်းရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်မှ တောင်းဆိုလိုက်သည်။ သို့မှသာ အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်နိုင်မည်ဖြစ်သည်။

စစ်တပ်မှ နိုင်ငံအဝှမ်းတွင် ထိုးစစ်ဆင်နေမှုများ ရပ်တန့်သည့်အချိန်နှင့် ၎င်းတို့ အခြေစိုက်နေသော တိုင်းရင်သားနယ်မြေများရှိ တပ်စခန်းများ စတင်ဆုတ်ခွာသည့်အချိန်အထိ နိုင်ငံတကာ အလှူရှင်များမှ ငြိမ်းချမ်းရေးဖြစ်စဉ်အား ပံ့ပိုးပေးနေမှုများအပေါ် ဆိုင်ငံ့ထားရန် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ တိုက်တွန်းလိုက်သည်။

ဆက်သွယ်ရန်

စောအဲလက်(စ်) + ၉၅ ၀၉၇၇ ၉၃၁ ၃၅၇၅ (အင်္ဂလိပ်၊ ကရင်၊ ဗမာ)

နော်ဝါးခူရှီး + ၆၆ ၈၆ ၁၁၈ ၂၂၆၁ ( အင်္ဂလိပ်၊ ကရင်)


မြန်မာဘာသာ PDF ရယူရန်

Download PDF in English version.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia