11 November 2020
Justice For Myanmar
စစ်တပ်၏ အမြတ်အစွန်းများနှင့် ခိုးယူထားသည့် ပိုင်ဆိုင်မှုများကို ပြည်သူ့ထံသို့ ပြန်လည်ပေးအပ်ရန် တောင်းဆို။
နိုဝင်ဘာ ၁၁၊ ၂၀၂၀၊ မြန်မာ – အနာဂတ်စီးပွားရေးဝန်းကျင်မှာ “ရှင်းလင်းမြင်သာမှုကင်းမဲ့နေခြင်း” ကြောင့် မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းမှ အမြတ်ငွေများကို ဆိုင်းငံ့လိုက်ကြောင်း Kirin Holdings က ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။ Kirin အနေဖြင့် ယင်းအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကို ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်အောက်တွင် အရပ်သားအစိုးရမှတဆင့် မြန်မာ ပြည်သူများထံ ရောက်ရှိစေရေးအတွက် သေချာစေရပါမည်။ မြန်မာစစ်တပ်နှင့် တွဲလုပ်သည့် စီးပွားရေးလုပ်ငန်းကိုရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကို ကြုံခဲ့ရပြီးနောက် Kirin က ၎င်းတို့၏ မြန်မာဘီယာလုပ်ငန်းနှစ်ခုနှင့် ဖက်စပ်လုပ်ကိုင်နေသည့် စစ်တပ်စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ကို စုံစမ်းစစ်ဆေးရန် Deloitte ကို ညွှန်ကြားခဲ့သည်။ Deloitte နှင့် Kirin တို့အနေဖြင့်် ပွင့်လင်းမြင်သာမှုရှိရန်လိုပြီး တွေ့ရှိချက် အားလုံးကို အများပြည်သူသို့ချပြရန် လိုအပ်သည်။
စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာစစ်တပ်နှင့်ဆက်နွယ်မှုအားလုံး ဖြတ်တောက်ပစ်ရန် Justice For Myanmar မှ တောင်းဆိုသည်။ မြန်မာစစ်တပ်သည် ပြည်သူများထံမှ ခိုးယူထားသည့် ပိုင်ဆိုင်မှုများဖြင့် အမြတ်အစွန်းများ ဆက်လက်ရရှိနေပါသည်။ Myanmar Brewery ကဲ့သို့သော စီးပွားရေးလုပ်ငန်းများက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ပေးနေပြီး ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များကို ကြွယ်ဝချမ်းသာ နေစေသည်။ ဆယ်စုနှစ်များစွာ အကျင့်ပျက်စစ်အုပ်ချုပ်ရေးမှ ရယူပိုင်ဆိုင်ထားသည့် ကြွယ်ဝ ချမ်းသာမှုများကို ပြည်သူများထံ မဖြစ်မနေ ပြန်လည်ပေးအပ်ရပါမည်။ ဤသို့သော လုပ်ဆောင်မှု ခြေလှမ်းများက မြန်မာနိုင်ငံပြည်သူအားလုံး၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီကို ဖန်တီးတည်ဆောက်ရာတွင် မဖြစ်မနေ အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို မဖြစ်မနေ ဖျက်သိမ်းပစ်ရပါမည်။
အယ်ဒီတာများသို့မှတ်ချက်
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) မှ အမြတ်အစွန်းများ မြန်မာစစ်တပ်ကို တစ်လျှောက်လုံး မည်ကဲ့သို့ပံ့ပိုးနေသည်ကို Justice For Myanmar မှမျှဝေထားသော MEHL အချက်အလက်များကို အသုံးပြုရေးထားသည့် Amnesty International ၏ “စစ်တပ်လိမိတက်” အစီရင်ခံစာအား ဤတွင် အသေးစိတ် ဖတ်ရှုပါ။ https://www.amnesty.org/en/documents/asa16/2969/2020/en/
Kirin ၏ကြေငြာချက်အား ဤနေရာတွင် ဖတ်ရှုပါ။
https://www.kirinholdings.co.jp/…/news/2020/1111_02.html
ထပ်မံသိရှိလိုပါက –
ရတနာမောင်
အီးမေးလ် – [email protected]
ဝဘ်ဆိုဒ် – https://www.justiceformyanmar.org/
ပုံတူဝဘ်ဆိုဒ် – https://justiceformyanmar.github.io/justiceformyanmar.org/
တွစ်တာ – @justicemyanmar
ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.