အမုန်းစကားများကြောင့် ကျဉ်းမြောင်းလာသော ဒီမိုကရေစီနှင့် အရပ်ဘက်လူမှုအဝန်းအဝိုင်း နှင့်သက်ဆိုင်သော အစီရင်ခံစာကို ၂၀၂၀ ရွေးကောက်ပွဲအကြို ထုတ်ပြန်ခြင်း
Harvard Law School ၏ International Human Rights Clinic နှင့်အတူ ရှေ့ပြေးအသံအဖွဲ့၊ မြန်မာ့အရေးလေ့လာသူများအဖွဲ့ (သုတေသနနှင့် စောင့်ကြည့်လေ့လာရေး) နှင့် မြန်မာနိုင်ငံရှိ အမုန်းစကားများ လျော့ကျပပျောက်စေရန် အနီးကပ် စောင့်ကြည့်လေ့လာလုပ်ဆောင်နေသော နှင့်/သို့မဟုတ် အမုန်းစကားများ သက်ရောက်မှုဒဏ်ကို ကိုယ်တိုင်ကြုံတွေ့နေရသော အရပ်ဘက်လူထုအဖွဲ့အစည်း ၁၆ ဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြို အမုန်းစကားများနှင့် ပတ်သက်သော အစီရင်ခံစာတစ်စောင်ကို ပူးတွဲထုတ်ပြန်သွားပါမည်။ အစီရင်ခံစာကို ရွေးကောက်ပွဲမတိုင်မီ တစ်လအကြိုတွင် ထုတ်ပြန်ခြင်းဖြစ်ပြီး အစီရင်ခံစာတွင် ဗုဒ္ဓဘာသာ-ဗမာလူမျိုး ကြီးစိုးသော မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်း၌ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် အမုန်းပွားစေရန် တစ်ဖက်သတ်ခွဲခြား ဖန်တီးထားသော ဇာတ်ကြောင်းများ၊ အမုန်းစကားများပြန့်ပွားမှု၏ အဓိကတွန်းအားတစ်ခုဖြစ်သည့် အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ အခန်းကဏ္ဍ၊ အမုန်းစကားများ ဖြန့်ဝေရေး၌ မြန်မာစိုးရနှင့် စစ်တပ်တို့၏ ဆက်စပ်ပါဝင်မှုများ၊ လူမှုမီဒီယာများပေါ်တွင် ပြန့်ပွားနေသော သတင်းအတုများနှင့် အမုန်းစကားများ၏ သက်ရောက်မှုများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများနှင့် တက်ကြွလှုပ်ရှားသူများအား အမုန်းစကားများဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် လူမှုသဟဇာတဖြစ်မှုအပေါ် အမုန်းစကားများ၏ သက်ရောက်မှုများ စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းတင်ပြ ထားပါသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဦးတည်၍ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အမုန်းစကားများဆိုင်ရာ ကိစ္စရပ်များကို ထိုအစီရင်ခံစာ၌ အချိန်ကိုက် တင်ပြထားပါသည်။ ပါဝင်ဆွေးနွေးမည့်သူများမှ မြန်မာနိုင်ငံရှိ သတင်းအမှားများနှင့် အဆိပ်အတောက်ဖြစ်စေသော အမုန်းစကားများ နှင့်ပတ်သက်၍ မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများ အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် အရပ်ဘက် လူမှုအဝန်းအဝိုင်းအပေါ် အမုန်းစကားများ၏ သက်ရောက်မှုများကို သုံးသပ်ဆွေးနွေး တင်ပြသွားပါမည်။ ထို့အပြင် အမုန်းစကားများ နှင့် အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို တားဆီးကာကွယ်ရန် မြန်မာအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ ဆောင်ရွက်ရမည့် အကြံပြုတိုက်တွန်းချက်များကိုလည်း တင်ပြဆွေးနွေးသွားပါမည်။
နေ့စွဲ ။ ။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်နေ့
အချိန် ။ ။ နံနက် ၁၀ မှ နေ့လယ် ၁၂ နာရီအထိ (မြန်မာစံတော်ချိန်)
မီဒီယာများနှင့် စိတ်ပါဝင်စားသူများ ကြိုတင်စာရင်းပေးရန်လင့်ခ်။ ။ https://bit.ly/3nfuqOB
Moderator: ကိုရဲဟိန်းအောင်၊ ဒါရိုက်တာ၊ မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်း
ဆွေးနွေးသွားမည့်သူများ
- ကိုမိုဃ်းသွေး၊ ဥက္ကဌ၊ မျိုးဆက်လှိုင်း
- မပွင့်ဖြူလတ်၊ တာဝန်ခံ၊ သင့်မြတ်လိုသူများ ငြိမ်းချမ်းရေး ပရဟိတအဖွဲ့
- မရည်မွန်ထွန်း၊ Clinical Instructor and Lecturer on Law၊ International Human Rights Clinic at Harvard Law School
- မဝေဝေနု၊ အမှုဆောင်ဒါရိုက်တာ၊ Women Peace Network
- နော်အုန်းလှ၊ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
- မအိသဥ္ဇာမောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
- ဒေါက်တာညိုညိုသင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း၊ အမျိုးသားလွှတ်တော်၊ တနင်္သာရီမြို့၊ တနင်္သာရီတိုင်းဒေသကြီး
သတင်းစာရှင်းလင်းပွဲကို မြန်မာဘာသာဖြင့် ဆွေးနွေးသွားမည်ဖြစ်သော်လည်း မြန်မာစကား အခက်အခဲရှိသူများ အတွက် အင်္ဂလိပ်ဘာသာပြန် စီစဉ်ပေးထားပါသည်။ သတင်းစာရှင်းလင်းပွဲ နှင့် အမေးအဖြေကဏ္ဍများတွင် ပါဝင်လိုပါက အောက်ပါလင့်ခ်ထဲတွင် ကြိုတင်၍ မိမိ၏အမည်စာရင်းများကို ဝင်ရောက်ပေးသွင်းပါရန် လေးစားစွာ မေတ္တာရပ်ခံအပ် ပါသည်။ https://bit.ly/3nfuqOB
ဆက်သွယ်ရန် – [email protected]
အစီရင်ခံစာကို ပူးတွဲရေးသားသောအဖွဲ့အစည်းများ
- ကချင်အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT)
- ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)
- မြန်မာ့အရေးလေ့လာသူများအဖွဲ့ (သုတေသနနှင့် လေ့လာစောင့်ကြည့်ရေး) (BM)
- မြန်မာ့ယဉ်ကျေးမှုသုတေသနအသင်း (MCRS)
- မျိုးဆက်လှိုင်း (GW)
- ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှု ကော်မတီ (ACDD)
- Synergy – လူမူသဟဇာတ ဖော်ဆောင်ရေးအဖွဲ့
- ရှေ့ပြေးအသံအဖွဲ့ (PV)
- သင့်မြတ်လိုသူများ ငြိမ်းချမ်းရေး ပရဟိတအဖွဲ့
- အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့)
- မန္တလေးလူထုနေရာ (MCC)
- တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
- ပုံရိပ်
- Reliable Organization
- Olive Organization
- Myanmar People Alliance (Shan State)
- International Human Rights Clinic at Harvard Law School (IHRC)
- Nyan Lynn Thit Analytica (NLTA)
- သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဥ်အဖွဲ့ (PoPP)
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎