မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေး နှင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ

ရာစုနှစ် တစ်ဝက်ကျော်ကြာ စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ အသွင်ကူးပြောင်းချိန် အကျပ် အတည်းကာလတစ်ခုတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လုပ်ဆောင်ရန် စီစဉ်ထားလျက် ရှိသည်။

ရာစုနှစ် တစ်ဝက်ကျော်ကြာ စစ်အုပ်ချုပ်ရေး အောက်မှ မြန်မာနိုင်ငံ အသွင်ကူးပြောင်းချိန် အကျပ်အတည်းကာလတစ်ခုတွင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လုပ်ဆောင်ရန် စီစဉ်ထား လျက်ရှိသည်။ ၂၀၁၆ ခုနှစ် မတ်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အစိုးရတစ်ရပ်အဖြစ် စတင်ခဲ့ခြင်းသည့် စစ်မှန်သော ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နိုင်ရန် အခွင့်အရေးတစ်ရပ် အနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံးမှ ကြိုဆိုခဲ့ကြသည်။ သို့သော် ထိုအချိန်မှစ၍ တိုင်းရင်းသားငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ယိမ်းယိုင်တုံ့ဆိုင်းလာခြင်း၊ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်မှု မစတင်နိုင်ခြင်း၊ နိုင်ငံတွင်း နေရာ တော်တော်များများ၌ ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာခြင်း နှင့် နိုင်ငံတကာ၏ အရေးပေါ် အာရုံစိုက်မှုများ ခံလာရခြင်း တို့ ဖြစ်လာခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲများအား ဖော်ဆောင် နိုင်ရန် (အလေးအနက်ထားရမည့်) စိန်ခေါ်မှုအသစ်တစ်ရပ် အဖြစ် တည်ရှိနေသည်။ ရွေ့ဆိုင်းမှုများ ဖြစ်ပေါ်လာ နိုင်သည်။ သို့သော် ဖွဲ့စည်းပုံအရ သတ်မှတ်ထားသည့် အချိန်ကာလများအတိုင်း ဆက်လက် လုပ်ဆောင် သွားနေစဉ်တစ်လျှောက်တွင် ကပ်ရောဂါ ပျံ့ပွားမှုအခြေအနေမှာလည်း ရွေးကောက်ပွဲ ရလဒ်အပေါ် ထူးခြား သည့် သက်ရောက်မှုရှိလာရန် မမျှော်လင့်နိုင်ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ခန့်မှန်း ထားသည်ထက်မဲအရေအတွက် လျော့နိုင်သော်လည်း ကျယ်ပြန့်စွာဆက်လက်အနိုင်ရရှိရန် ခန့်မှန်းကြ လျက်ရှိသည်။ သို့သော်ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းနှင့် မကြုံဖူးသည့် တားမြစ်ချက်များ ရှိနေသည့် အချိန်ကာလအတွင်း ရွေးကောက်ပွဲများအပေါ် ယုံကြည်စိတ်ချရမှုဆိုင်ရာ မေးခွန်းများမှာ ဆက်လက် တည်ရှိနေသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အောင်နိုင်မည်ဟု ခန့်မှန်းနိုင်သော အဓိကအကြောင်းပြချက် ၃ ခု ရှိသည်။ တိုင်းပြည်၏ ရှုပ်ထွေးသော နိုင်ငံရေးစနစ်အောက်တွင် ဗမာလူမျိုးအများစုကြား အဓိကပါတီကြီး မှာ ရွေးကောက်ပွဲများတွင် အမြဲနိုင်လေ့ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်ပွဲမှာ တစ်ဖန်ပြန် လာမည့် စစ်အစိုးရအား ကာကွယ်ရန် နည်းလမ်းတစ်ခုအဖြစ် လူအများစုမှာ မှတ်ယူထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်း နှင့် မဲဆွယ်စည်းရုံးရေးကန့်သတ်ချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် လက်ရှိအာဏာရှိသူများအား နိုင်ငံရေးအကျိုးအမြတ်အရ အသာစီးရစေသည်။

ရွေးကောက်ပွဲတွင် ထိရောက်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားလူမျိုးစုပါတီများ အနေဖြင့် “ပါတီများပေါင်းစည်းခြင်း” နှင့် “မယှဉ်ပြိုင်ရေး” သဘောတူညီချက်များအပါအဝင် ပုံစံသစ်အစီအမံများ အားစတင်လျက်ရှိသည်။ “မဲကွဲခြင်း”မှာ အတိတ်ကာလ၌ ရွေးကောက်ပွဲတွင်း အားနည်းစေသော အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်ကို ကြီးစွာသတိမူခဲ့ကြသည်။ သို့သော် ပိုမိုစနစ်တကျရှိသောပါတီများ အတွက် ထိုအခြေအနေအား ကောင်းမွန်လာအောင် လုပ်ဆောင်သင့်သော်လည်း ပြည်နယ်လွတ်တော်များ အတွက်သာ အပြောင်းအလဲဖြစ်စေနိုင်ပြီး အမျိုးသားအဆင့် ဥပဒေပြုလွတ်တော်များတွင် နိုင်ငံရေးတန်း တူညီမျှရှိစေရန် ပြောင်းလဲနိုင်သည့် အလားအလာသိပ်မရှိပေ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရသည့် အချိန်မှ စ၍ တိုင်းရင်းသားလူမျိုးစု ပါတီများ အနေဖြင့် အထွေထွေ ရွေးကောက်ပွဲများတွင် သိသာထင်ရှားသည့် မှတ်တိုင်တစ်ခု မျှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိနိုင်ငံရေးခေတ်တွင် ဗမာလူမျိုးမဟုတ်သည့် လူနည်းစုတိုင်းရင်းသားလူမျိုးများ သည် နိုင်ငံ၏ “အနိုင်ရသူအကုန်ယူ ရွေးကောက်ပွဲ စနစ်” အောက်တွင် ရှိရင်းစွဲ အသားကျ နေသည်။ တိုင်းရင်းသား လူမျိုးစု နှင့် ကိုယ်ပိုင်လက္ခဏာဆိုင်ရာအသိအမှတ်ပြုမှုအချို့အား ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ထည့်သွင်း ဖော်ပြထားသော်လည်း အခွင့်အရေးများအား ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပေ။ တိုင်းရင်းသား ပြည်သူများသည် “နိုင်ငံ” အား ကိုယ်စားပြုလျက်ရှိခြင်း၊ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ (စီရင်စုများ) ဒေသများ”၊ “တိုင်းရင်းသားရေးရာဝန်ကြီးများ”၊ နှင့် တိုင်းရင်းသားပါတီများ မှ မဲဆန္ဒနယ်များတွင် အနိုင်ရခဲ့သည်။ သို့သော် အဓိပ္ပာယ်ပြည့်ဝသော ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် အနည်းငယ်သာရှိပြီး တိုင်းပြည်၏ နိုင်ငံရေးအခင်း အကျင်းတွင် ဗမာလူမျိုး အများစုရှိသည့် ပါတီများသာ လွှမ်းမိုးချုပ်ကိုင်ထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်များအား မြန်မာနိုင်ငံသမ္မတမှ အဓိကခန့်အပ်ပြီး လက်နက်ကိုင် အင်အားစု (တပ်မတော်)က ဥပဒေပြုလွတ်တော်များတွင် ကိုယ်စားလှယ်နေရာအားလုံး၏ လေးပုံတစ်ပုံအား ဆက် လက်ထိန်းသိမ်းနေရာယူထားသည်။ လာမည့်ရွေးကောက်ပွဲများအတွက် ပိုမိုကျယ်ပြန့်သော ကိုယ်စားပြုမှု များရှိစေရန် အမျိုးသမီးများနှင့်လူငယ်ကိုယ်စားလှယ်လောင်းများကို ပိုမိုအားပေးမြှင့်တင်မှုများ လုပ်ဆောင် လျက်ရှိသည်။ သို့သော် မည်သည့် ကြီးမားသော ပြောင်းလဲမှုမျှ ဖြစ်လာနိုင်ဖွယ်မရှိပေ။

ရွေးကောက်ပွဲများအား တိုင်းရင်းသားငြိမ်းချမ်းရေးဖြစ်စဉ် မှ ခွဲထုတ်၍ မရနိုင်ပေ။ မြန်မာနိုင်ငံသည် အာရှတွင် ပဋိပက္ခအများဆုံးနိုင်ငံများထဲ၌ တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ အချို့သော တိုင်းရင်းသားနယ်မြေများရှိ မဲဆန္ဒနယ်များတွင် လုံး၀ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ ဖျက်သိမ်းမှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး ကြိုးကိုင်ခြယ်လှယ်မှုများ၊ မသာမာမှုများ နှင့် စည်းကမ်း မညီညွတ်သည့် မဲပေးမှုများအပေါ် စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။ ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေး တိမ်းရှောင်သူများ၊ ဒုက္ခသည်များ နှင့် ရွေ့ပြောင်းအလုပ်သမားများမှာ အဓိကအားဖြင့် ချန်လှပ်ထားခြင်း ခံရမည်ဖြစ်ပြီး မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းကိစ္စရပ်မှာအရေးကြီးသောကိစ္စရပ်တစ်ခုဖြစ်လာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်အခြေအနေမှာ ထိုစိုးရိမ်ခက်ခဲမှုများအားလုံးကို ပိုမိုဆိုးဝါးအကျပ်ရိုက်စေမည် ဖြစ် သည်။

ရွေးကောက်ပွဲများမှာ ရှေ့ဆက်သွားမည့် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးလမ်းကြောင်း သာမက လက်ရှိနိုင်ငံရေးစနစ်တွင်း အားနည်းချက်များအားလည်း ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ရွေး ကောက်ပွဲအလွန်တွင် သိသာထင်ရှားသည့် ပြန်လည်ဆင်ခြင်သုံးသပ်မှုနှင့် ပြန်လည်အသားကျအောင် လုပ်ဆောင်မှုများမှာ မရှိမဖြစ်လိုအပ်လိမ့်မည်။ ရွေးကောက်ပွဲများအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းမှာ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းတွင် ရှေ့ခြေလှမ်း တစ်ဆင့် တက်လှမ်းနိုင်မှု အဖြစ် မှတ်ယူသင့်သည်ဟု အာရှ နှင့် အနောက်နိုင်ငံ အစိုးရများ အုပ်စုနှစ်စုလုံးမှ ယုံကြည်ကြသည်။ သို့သော် အရေးကြီးဆုံးရလဒ်မှာ ပြည်သူပြည်သားများအားလုံး စစ်မှန်စွာပူးပေါင်းပါဝင်မှုနှင့် တန်းတူညီမျှရှိသည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရာတွင် ဒီမိုကရေစီနည်းလမ်းတစ်ကျ ပြုပြင်ပြောင်းလဲမှုနှင့် တိုင်းရင်းသားလူမျိုးစုငြိမ်းချမ်းရေး အတွက် မည်သို့ လမ်းဖွင့်လုပ်ဆောင်ခဲ့သနည်း ဆိုသည့်အချက်၊ နှင့် ဖြစ်စဉ်အပေါ်တွင် သင်ခန်းစာ ယူနိုင်မှုတို့ ဖြစ်သည်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှုအတွက် စတင်ခြင်းအဆင့်၌သာရှိပြီး အဆုံးသတ် မဟုတ်ပေ။


အပြည့်အစုံကို PDF ဖြင့်ဖတ်ရန်။

Click for English version.

Related Posts:

Send this to a friend