မြန်မာစစ်တပ်၏ ရာဇဝတ်မှုကျူးလွန်ခြင်းကို ခံနေကြရသည့် ရခိုင်လူမျိုးများနှင့်အတူ ရိုဟင်ဂျာလူမျိုးများ စည်းလုံးညီညွတ်စွာ အတူတကွ ရပ်တည်လျက်ရှိခြင်း
ကျွန်တော်များ အောက်တွင်လက်မှတ်ရေးထိုးထားသည့် ကမ္ဘာ့အနယ်နယ်အရပ်ရပ် မှ ရိုဟင်ဂျာအဖွဲ့အစည်းများသည် မြန်မာတပ်မတော်၏ ရက်စက်ကြမ်းကြုတ်မှုများ ကို အလူးအလဲခံစားနေကြရသည့် ကျွန်ုပိတို့၏ ရခိုင်လူမျိုး ညီအစ်ကို၊ မောင်နှစ်မ များအပေါ် နှလုံးသားအနက်ရှိုင်းဆုံးမှ စာနာမိပါကြောင်း ဖော်ပြလိုပါသည်။ ရခိုင် ပြည်နယ်တွင် ပဋိပက္ခ ပြင်းထန်နေစဉ်ကာလအတွင်း ရိုဟင်ဂျာလူမျိုးများ ဆယ်နှစ်စု များစွာ ခံစားလာနေရသည့် ကြမ်းတမ်းယုတ်မာသည့် နည်းဗျူဟာများနည်းတူ မြန်မာ့တပ်မတော်မှ ရခိုင်ပြည်သူအရပ်သားများအား သတ်ဖြတ်ခြင်း၊ အနာတရဖြစ် စေခြင်းနှင့် မတရားဖမ်းဆီးချုပ်နှောင်ခြင်းတို့ကို ကျူးလွန်လျက်ရှိပါသည်။
ယခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ပိုမိုပြင်းထန် လာကြပြီး၊ အရပ်သားများအပေါ် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေ လျက်ရှိပါသည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ (၅) လအတွင်း ရ ခိုင်နှင့် ရိုဟင်ဂျာများအပါအဝင် အနည်းဆုံး အရပ်သား ၁၃၇ ဦး သတ်ဖြတ်ခံရပြီး၊ ၃၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ပထမ သုံးလအတွင်း နစ်နာဆုံးရှုံးသူ အရပ်သားအရေအတွက်မှာ ၂၀၁၉ ခု တလျှောက်လုံးထက် အရေအတွက် ကျော်လွန် သွားနိုင်ပါသည်။
ပဋိပက္ခကာလအတွင်း တပ်မတော်မှ အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများနှင့် ရက်စက်ယုတ်မာမှုများကို ကျူးလွန်ခဲ့ပါသည်။ စစ်သားများက မြောက်ဦးမြို့နယ်တွင် ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့က ရမ်းကား ပစ်ခတ်ခဲ့ခြင်း အပါအဝင် လူနေသည့် ကျေးရွာများသို့ လက်လွတ်စပယ်နှင့် ပေါ်ပေါ်တင်တင် သေနတ်များဖြင့် ပစ်ခတ်ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းများက ဖော်ပြထားပါသည်။ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် သာမာန်အရပ်သားတို့၏ အိုးအိမ်များကို တပ်မတော်မှ အမြောက်များဖြင့် ပစ်ခတ်ခြင်းအပါအဝင် နည်းမျိုးစုံ ပစ်မှတ်ထားသည့်အပြင် လူပေါင်းမြောက်မြားစွာကိုလည်း မတရာဖမ်းဆီး ချုပ်နှောင် ထားခဲ့ပါသည်။ ၎င်းအပြင် စက်တင်ဘာလ (၈) ရက်နေ့တွင် ညောင်းခတ်ကန် ကျေးရွာသို့ လက်နက်ကြီးကျည်ဆံများ ထိမှန်သောကြောင့် ကလေးနှစ်ဦးအပါအဝင် အနည်းဆုံး လူကြီးနှစ်ဦး သေဆုံးခဲ့ရပါသည်။
ကျွန်ုပ်တို့ ရိုဟင်ဂျာလူမျိုးအဖို့ ဤကဲ့သို့ကြောက်မက်ဖွယ် ရာဇဝတ်မှုများသည် အလွန်ပင် အကျွမ်းတဝင် ရှိကြပါသည်။ မြန်မာ့တပ်မတော်သည် ကျွန်ုပ်တို့အား လူမျိုးစုတစ်ခုလုံး သုတ်သင်ဖယ်ရှားရေး ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုးပမ်းသည့် အနေဖြင့် ဆယ်စုနှစ်များကြာကြာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်လာကြပါသည်။ ၂၀၁၇ ခု သြဂုတ်လတွင် တပ်မတော်မှ ရခိုင်ပြည်နယ် အတွင်း ရက်စက်သည့် စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့စဉ် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ သတ်ဖြတ်ခြင်း၊ ကျေးရွာတိုင်းများကို မီးရှို့ခြင်းတို့အပြင် အခြား သိန်းပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေရန် ပြုလုပ်ခဲ့သည်။
ကမ္ဘာ့အနယ်နယ်အရပ်ရပ်ရှိ ရိုဟင်ဂျာတို့ကို ကိုယ်စားပြုသည့်အနေဖြင့် ကျွန်ုပ်တို့အ ဖွဲ့အစည်းများသည် မြန်မာတပ်မတော်မှ ရခိုင်၊ ရိုဟင်ဂျာ၊ ရှမ်း၊ ကချင် စသည့် မည် သူအပေါ်မဆို ကျူးလွန်သည့် လူမဆန်မှုများကို အဆုံးသတ်ပစ်ရန် အရပ်ရပ်ကို တတ်နိုင်သရွေ့ အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တရားမျှတမှုအတွက် ကျွန်ုပ်တို့ တိုက်ပွဲဝင်နေခြင်းသည် တပ်မတော်၏လက်ချက်ဖြင့် သေဆုံးခဲ့ရသူ၊ ဒဏ် ရာရရှိသူ သို့မဟုတ် အစော်ကားခံရသူ အားလုံးအတွက်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ရခိုင် ညီအစ်ကို၊ မောင်နှမများနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရပ်တည် လျက်ရှိပါသည်။
ကျွန်ုပ်တို့သည် နိုင်ငံတကာ တရားမျှတမှုအတွက် အရှိန်အဟုန်မြှင့်စွာ ကြိုးပမ်းနေမှု ကို ကြိုဆိုပါသည်။ ၂၀၁၉ ခု၊ နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်အ တွက် နယ်သာလန်နိုင်ငံ၊ သည်ဟဲဂ် (The Hague) မြို့ရှိ နိုင်ငံတကာခုံရုံး (ICJ) တွင် တရားစွဲဆိုခဲ့ပါသည်။ ထို့အပြင် ‘မြန်မာ-ရိုဟင်ဂျာများအဖွဲ့ ၊ ယူကေ (Burmese Rohingya Organisation UK – BROUK)’ ကလည်း လူမျိုးတုံးသတ်ဖြတ်မှုှနှင့် လူ သားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုတို့အတွက် မြန်မာနိုင်ငံ၏ အရပ်သား နှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များအပေါ် နိုင်ငံတကာတရားစီရင်ပိုင်ခွင့် အမှုဖွင့် ရန် အာဂျင်တီးနား တရားရုံးသို့ လျှောက်ထားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကလည်း ရိုဟင်ဂျာတို့ အပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံ အား စုံစမ်းစစ်ဆေးမှုပြုရန် အမှုတစ်ခု ထပ်မံဖွင့်ဆိုခဲ့ပါသည်။
လွန်ခဲ့သည့်အပတ်က တပ်မတော်မှ ထွက်ပြေးတိမ်းရှောင်လာသူနှစ်ဦး ယခုအခါ ICC မှ ထိန်းသိမ်းထားပြီး ယင်းတို့အနေဖြင့် ရိုဟင်ဂျာတို့အပေါ် ရက်စက်ယုတ်မာမှု များ ကျူးလွန်ခဲ့ကြောင်း ဝန်ခံလိုက်သည်ဟု ဖော်ပြခဲ့သည်။ ၎င်းစစ်သားနှစ်ဦးမှ ရိုဟင်ဂျာတို့အား လက်လွတ်စပယ် ပစ်သတ်ရန်နှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ရန် အမိန့်ပေးခံရကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် အကြမ်းဖက်မှု ကျူးလွန် ရာ၌ ပါဝင်ပတ်သက်သည့် အကြီးတန်းတပ်မှူးများအပါအဝင် အခြားသူ များ၏ အမည်နာမများကိုလည်း ဖွင့်ဟပြောဆိုခဲ့ပါသည်။ ထိုဝန်ခံပြောဆိုမှု များကို မြန်မာ့ တပ်မတော်မှ ရိုဟင်ဂျာတို့အပေါ် ဆက်လက်ကျူးလွန်လျက်ရှိသည့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ တောင်ကဲ့သို့ ပုံနေသော သက်သေခံ အထောက်အထားများ တိုးပွားစေမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုတပ်ပြေးစစ်သား နှစ်ဦးကို သည်ဟဲဂ်သို့ လွှဲပြောင်းပေးရာ၌ ကူညီဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါသည်။ ဤသက်သေခံချက်သည် လူ့အခွင့်အရေး ချိုးဖောက်နေသည့် မြန်မာနိုင်ငံအပေါ် တရားမျှတမှုအတွက် တိုက်ပွဲဝင်ရာ၌ အလွန်တန်ဖိုးမဖြတ်နိုင်သည့် အရာဖြစ်ပါသည်။
မြန်မာအာဏာပိုင်များအနေဖြင့် ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်၍ ငြိမ်းချမ်း စွာ ဆန္ဒပြမှုများကို နှုတ်ဆိတ်စေရန် ကြိုးပမ်းမှုအား ကျွန်ုပ်တို့ ရှုတ်ချပါသည်။ စက် တင်ဘာလ (၁၀) ရက်နေ့က ဖမ်းဆီးထားသော ရခိုင်ကျောင်းသား သုံးဦးကို တရား စွဲဆိုမှုအား အပြီးအပိုင် ပလပ်လိုက်ပြီး မိမိတို့၏ ထင်မြင်ယူဆချက်များကို ထုတ် ဖော်ပြောဆိုခဲ့မှုအတွက် ထိန်းသိမ်းထားသည့် အခြားကျောင်းသားများကိုလည်း ချွက်ယွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုပါသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာတို့အပေါ်ဖြစ်စေ သို့မဟုတ် ရခိုင်လူမျိုး တို့အပေါ်ဖြစ်စေ မြန်မာ့တပ်မတော်မှ နောက်ထပ်ရာဇဝတ်များ ကျူးလွန်လျက်ရှိ သည်ကို တားဆီးရေးအတွက် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် တစ်စုံတစ်ရာဆောင်ရွက်ရန် ကျွန်ုပ်တို့ တောင်းဆိုအပ်ပါသည်။ နိုင်ငံတကာ အစိုးရအသီးသီးမှ အရပ်သား များအပေါ် ရက်စက်ယုတ်မာနေမှုများကို ချက်ချင်း ရပ်တန့်ရေးအတွက် မြန်မာအစိုးရ အား တောင်းဆိုမှုများ ပြုလုပ်ရမည်။ ထို့အပြင် မြန်မာအစိုးရအား စစ်ဘေးသင့် သည့်ဒေသများ၌ အင်တာနက်ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာသည့် အကူအညီပေးမှုများ ပိတ်ပင်ထားသည်ကို ပြန်လည် ရုတ်သိမ်းပေးရန်လည်း တောင်းဆိုရ မည်။ ၎င်းအပြင် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာ၌ တာဝန်ရှိသူ မြန်မာအကြီးတန်း အရာရှိများအပေါ် ခိုင်မာသည့် ဒဏ်ခတ်မှုများ ချမှတ်ရမည်။ အာရှဒေသ အတွင်းရှိ နိုင်ငံများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျူးလွန်နေကြသည့် အကြမ်းဖက်မှု များကို ပြစ်တင်ရှုတ်ချရန်နှင့် မြန်မာအစိုးရအား ရက်စက်ယုတ်မာမှုများ ချက်ချင်း အဆုံးသတ်ရန် တွန်းအားပေးရမည်။
ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား တရားမျှတရေးအတွက် ကြိုးပမ်း မှုများကို အထောက်အကူဖြစ်စေမည့် ဆောင်ရွက်ချက်များ အားလုံးကို လုပ်ဆောင် သွားရန် တိုက်တွန်းလိုပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုသည်သာလျှင် အကြမ်းဖက် သံသရာကို အဆုံးသတ်နိုင်မည်ဖြစ်ပါသည်။ ICJ တွင် ဂမ်ဘီယာအမှုကို ထောက်ခံ အားပေးရန် ကနေဒါနှင့် နယ်သာလန်တို့က ဦးဆောင် ကမ်းလှမ်းသည်မျိုး အခြားနိုင် ငံ အတော်များများကလည်း ဆောင်ရွက်သင့်ပါသည်။ အခြားနိုင်ငံများအနေဖြင့် နိုင်ငံ တကာ တရားစီရင်ပိုင်ခွင့်အမှုကို ဖွင့်လှစ်နိုင်ရန် စူးစမ်းလေ့လာသင့်ပေသည်။ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာတပ်မတော်မှ ကျူး လွန်ခဲ့သည့် ရာဇဝတ်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးနိုင်ရန် မြန်မာနိုင်ငံ၏ အ ခြေအနေကို ICC သို့ အပြည့်အစုံ လွှဲပြောင်းရေးကို ထောက်ခံသင့်ပါသည်။
လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ –
- Arakan Rohingya Development Association – Australia
- Australian Burmese Rohingya Organisation
- British Rohingya Community in UK
- Burmese Rohingya Association in Queensland
- Burmese Rohingya Association Japan (BRAJ)
- Burmese Rohingya Community Australia (BRCA)
- Burmese Rohingya Community in Denmark
- Burmese Rohingya Organisation UK (BROUK)
- Canadian Burmese Rohingya Organisation
- Canadian Rohingya Development Initiative
- European Rohingya Council (ERC)
- Free Rohingya Coalition (FRC)
- Los Angeles Rohingya Association
- Myanmar Ethnic Rohingya Human Rights Organisation in Malaysia
- Rohingya Action Ireland
- Rohingya American Society
- Rohingya Arakanese Refugee Committee
- Rohingya Association of Canada
- Rohingya Community in Norway
- Rohingya Community in Netherlands
- Rohingya Culture Centre Chicago
- Rohingya Human rights initiative
- Rohingya Human Rights Network (Canada)
- Rohingya Refugee Network
- Rohingya Society Malaysia
- Rohingya Organisation Norway
- Rohingya Women Development Network (RDWN)
- Rohingya Women Welfare Association (RWWS)
- Swedish Rohingya Association
အသေးစိတ် သိရှိလိုပါက –
ထွန်းခင် +44 7888714866
နေဆန်းလွင် +49 17662139138
ဒေါက်တာလှကျော် +31 652358202
PDF မြန်မာဘာသာဖြင့် ကိုရယူရန်။
PDF အင်္ဂလိပ်ဘာသာဖြင့် ကိုရယူရန်။
၎
င
၎
၎