Election boycott campaigns, including Myanmar’s “no vote” movement, are a legitimate form of democratic debate protected under international law and under Myanmar’s Constitution

Myanmar’s Union Election Commission has warned that election boycott campaigns are unlawful under the 2010 Election Law, and those who see such campaigns on Facebook may complain to the police. The Commission highlighted four articles in the Law which each carry the threat of prison terms up to one year.1 The Commission’s warning follows an emerging “no vote” campaign on Facebook, apparently based on the government’s failure to deliver on previous manifesto commitments.

However, according to international law, election boycott campaigns are protected forms of political expression. The United Nations has decreed that States, including election commissions, must protect the rights to freedom of expression, assembly, and association during elections.2 The United Nations has elaborated that this includes the right of voters to associate with one another and assemble together to criticise and oppose candidates and the election itself, without censorship or restraint.3

Boycott cases have been brought before United Nations treaty bodies – similar to international courts – which have ruled that boycott campaigns are legitimate, and any attempt to punish boycott organisers is a violation of international law. A leading case decision says:

“[H]istory is replete with honourable reasons for opposing regular participation in an electoral process that is believed to be illegitimate [. I]n any system it must always be possible for a person to advocate non-cooperation with an electoral exercise whose legitimacy that person may wish to challenge.”4

The Myanmar Constitution also protects the right to campaign for an election boycott. Article 354 protects the right “to express and publish freely their convictions and opinions” as well as the rights to assemble and to form associations. Article 354 does include limitations to these rights, but it does not include any limitation that could legitimately be used to justify prohibiting an election boycott campaign.

The four articles highlighted by the Union Election Commission also do not clearly prohibit election boycott campaigns. Articles 57 and 61 prohibit threats, bribes, undue influence, and inducements intended to prevent someone from voting. These prohibitions may be legitimate under international law. However, the “no vote” campaign is predominantly a Facebook-based movement involving many people expressing their dissatisfaction about the elections, and it does not appear to be committing the crimes of bribery or threats, nor does it appear to have the means to prevent someone from voting.

Articles 58 and 60 include prohibitions on “disturbing” voters or the election itself. It is unclear what “disturbing” means and therefore these vague and overly-broad provisions could easily be misused. They should therefore always be interpreted with reference to the Myanmar Constitution which protects the rights to freedom of expression, association, and assembly. If these prohibitions on “disturbing” are intended to prevent “interfering with the normal functioning” of the elections, then as the United Nations has already declared, boycott campaigns are part of the normal function of elections and therefore cannot be considered as interfering.

FEM urges the Union Election Commission to withdraw its warning, to abstain from recommending or supporting any prosecutions, and to affirm a commitment to protecting the rights to freedom of expression, assembly, and association in the elections, as defined in international law. FEM also urges all stakeholders to listen to and reflect on expressed criticisms, rather than seeking to punish those expressing them.

  1. Specifically, articles 57, 58(b,d), 60, and 61(b,c).
  2. UN General Comment 25 on the right to participate public affairs; CCPR/C/21/Rev.1/Add.7 27 August 1996
  3. Ibid, paras 19-25.
  4. Vladimir Viktorovich Shchetko v. Belarus, Communication No. 1009/2001, U.N. Doc. CCPR/C/87/D/1009/2001 (2006).

မြန်မာနိုင်ငံ၌ ဖြစ်ပွားလျှက်ရှိသော “မဲမပေးရေး” လှုပ်ရှားမှုများ အပါအဝင် ရွေးကောက်ပွဲ သပိတ်မှောက်သည့် ကမ်းပိန်းများသည် နိုင်ငံတကာဥပဒေအရသော်လည်းကောင်း၊ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း  ဥပဒေလမ်းကြောင်းအရ အကာကွယ်ခံထိုက်သော ဒီမိုကရေစီ ငြင်းခုံဆွေးနွေးမှုပုံစံ တစ်ခုသာ ဖြစ်သည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ  ရွေးကောက်ပွဲသပိတ်မှောက်သည့် ကမ်ပိန်းများသည် ဥပဒေနှင့် မညီကြောင်း သတိပေးမှုများ ပြုလုပ်ခဲ့ပြီး ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ ယင်းကမ်ပိန်းအား တွေ့ရှိပါက ရဲများထံသို့ တိုင်တန်းနိုင်ကြောင်းလည်း ဆိုသည်။၁ ကော်မရှင်သည် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်သော ခြိမ်းခြောက်မှုမြောက်သည့်  ၄င်းဥပဒေပါ ပုဒ်မ ၄ ခုအား အသားပေး ဖော်ပြခဲ့သည်ကိုလည်း တွေ့ရသည်။ ကော်မရှင်၏ သတိပေးချက်သည်  ဖေ့စ်ဘွတ်ပေါ်၌ လှုပ်ရှားသက်ဝင်လျက်ရှိသော “မဲမပေးရေး” ကမ်ပိန်းအား အရေးပေါ် တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။  ယင်းကမ်ပိန်းသည်  အာဏာရအစိုးရ၏ ရွေးကောက်ပွဲ ကတိကဝတ်များ အကောင်အထည်ဖော်ရာ၌ ပျက်ကွက်မှုများကို အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတကာဥပဒေအရ ရွေးကောက်ပွဲသပိတ်မှောက် လှုပ်ရှားမှုများသည် အကာကွယ်ခံထိုက်သော နိုင်ငံရေးထုတ်ဖော်ချက်ပင် ဖြစ်သည်။ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကော်မရှင်အပါအဝင် အစိုးရသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့် နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်များကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။၂ ကုလသမဂ္ဂ၏ အသေးစိတ်ဖော်ပြချက်အရ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်မှုများပြုလုပ်ရန်အတွက် ဆင်ဆာတည်းဖြတ် ကန့်သတ်ခြင်း မရှိဘဲ မဲဆန္ဒရှင်များအချင်းချင်း ဆက်သွယ်ချိတ်ဆက်သွယ်ခွင့်နှင့် အတူတကွ စုရုံးခွင့်များသည်လည်း အကာကွယ်ပေးရမည့် မဲဆန္ဒရှင်များ၏အခွင့်အရေးတွင် ပါဝင်သည်။၃

သပိတ်မှောက်သည့်အမှုတွဲများကို နိုင်ငံတကာ တရားရုံးများနှင့် အလားသဏ္ဍန်တူသည့် ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ဆိုင်ရာ ကော်မတီအဖွဲ့များရှေ့မှောက်တွင် ဖြေရှင်းဆုံးဖြတ်ခဲ့ဖူးပြီး၊ သပိတ်မှောက်ကမ်ပိန်းများသည် တရားဝင်ဖြစ်ကာ သပိတ်မှောက်လှုပ်ရှားမှု စီစဉ်သူများအား အပြစ်ပေးရန် ကြိုးပမ်းခြင်းသည်လည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များမှ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီးဖြစ်သည်။ ဦးဆုံးဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခု၏ ဆုံးဖြတ်ချက်အရ

“တရားဥပဒေနှင့် မညီကြောင်း ယုံကြည်မှတ်ယူရသည့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်တွင် ပုံမှန်အတိုင်း ပါဝင်ရန် ဆန့်ကျင်ခဲ့သည့်  ချီးကျူးဂုဏ်ပြုစရာ အကြောင်းပြချက်များသည် သမိုင်းတွင်  အပြည့်ပင်ဖြစ်သည်။ လူတစ်ယောက်သည် ၄င်းဆန့်ကျင်ရပ်တည်လိုသော ( တရားဥပဒေနှင့် မညီသောကြောင့် အသိအမှတ် မပြုနိုင်ကြောင်း မှတ်ယူသည့်) တရားဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ရပ်တွင် ပူးပေါင်းပါဝင်မှုမပြုလုပ်ရန် စည်းရုံးလှုံဆော်ခွင့်သည် မည့်သည့်စနစ်၌မဆို ၄င်းသူအတွက် အစဉ်အမြဲ ဖြစ်နိုင်ချေရှိသည်။”၄

မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ရွေးကောက်ပွဲသပိတ်မှောက်လှုပ်ရှားမှုအတွက် ကမ်ပိန်းလုပ်ပိုင်ခွင့် ကို အကာကွယ်ပေးထားသည်။ ပုဒ်မ ၃၅၄ တွင် “မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ရေးသားဖြန့်ဝေခွင့်” သာမက ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် များကိုလည်း ကာကွယ်ပေးထားပြီးဖြစ်သည်။ ပုဒ်မ ၃၅၄ တွင် ၄င်းအခွင့်အရေးများနှင့် ပတ်သက်သည့် ကန့်သတ်ချက်များ ပါရှိနေသော်လည်း  ရွေးကောက်ပွဲသပိတ်မှောက်လှုပ်ရှားမှုကို တရားဝင်တားမြစ်ရန်အတွက် အသုံးပြု၍ရသည့် ကန့်သတ်ချက် တစ်စုံတစ်ရာမှ ပါဝင်ခြင်း မရှိပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသားပေး ဖော်ပြနေသည့် ပုဒ်မ ၄ ခုသည် ရွေးကောက်ပွဲ သပိတ်မှောက် လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း တာမြစ်ထားခြင်းမျိုး မဟုတ်ပေ။ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ နှင့်  ၆၁ တွင် တစ်စုံတစ်ယောက်ကို ဆန္ဒမဲပေးခြင်းမှ နှောက်ယှက်ရန်ရည်ရွယ်၍ ခြိမ်းခြောက်ခြင်း၊ လာဘ်ထိုးခြင်း၊ လွန်ကဲစွာ အာဏာသုံး၍လွှမ်းမိုးခြင်း နှင့် တိုက်တွန်းခြင်းများကို တားမြစ်ထားသည်။ ဤတားမြစ်ချက်များသည် နိုင်ငံတကာ ဥပဒေအရ တရားဝင်ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဤ မဲမပေးရေး လှုပ်ရှားမှုသည် လူအများစုမှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၄င်းတို့၏ မကျေနပ်ချက်များကို ဖော်ပြသည့် ဖေ့စ်ဘွတ်အခြေပြု လှုပ်ရှားမှုတစ်ခုသာ ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုများ ကဲ့သို့သော ပြစ်မှုများကို ကျူးလွန်စေရန် ရည်ရွယ်ထားခြင်းမျိုး မဟုတ်ရုံ သာမက တစ်စုံတစ်ယောက်အား ဆန္ဒမဲ မပေးရန် တာဆီးထားသည့် သဘောလည်း မသက်ရောက်ပေ။

ပုဒ်မ ၅၈ နှင့် ၆၀ တွင် မဲဆန္ဒရှင်များ သို့မဟုတ် ရွေးကောက်ပွဲအား  “နှောက်ယှက်ခြင်း” နှင့်ပတ်သက်၍ တားမြစ်ထားချက်များ ပါဝင်သည်။ “နှောက်ယှက်ခြင်း” သည့် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုကြောင်း ရှင်းလင်းမှုမရှိဖြစ်နေပြီး ယင်းအတွက်ကြောင့်လည်း အဆိုပါ ဝေဝါးကျယ်ပြန့်သော ပြဌာန်းချက်များကို အလွယ်တကူ လွဲမှားစွာအသုံးချနေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့် များကို ကာကွယ်ပေးထားသော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ အစဉ်အမြဲ ရှင်းလင်းဖွင့်ဆိုသင့်သည်။ အကယ်၍ ဤ “နှောက်ယှက်ခြင်း” ဟူသော တားမြစ်ချက်များသည် ရွေးကောက်ပွဲ၏ ပုံမှန်ဖြစ်စဉ်များအား ကြားဝင်စွက်ဖက်ခြင်းကို ကာကွယ်ရန် ရည်ရွယ်ခဲ့သည် ဟုဆိုလျှင် ကုလသမဂ္ဂက  ရွေးကောက်ပွဲသပိတ်မှောက် ကမ်ပိန်းများသည် ပုံမှန်ရွေးကောက်ပွဲဖြစ်စဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည် ဟု ကြေညာခဲ့ပြီးဖြစ်သောကြောင့် ကြားဝင်စွက်ဖက်သည် ဟု သုံးသပ်ဆုံးဖြတ်၍ မရပေ။ 

FEM သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ၄င်း၏ သတိပေးချက်များကို ရုတ်သိမ်းရန်၊ မည့်သည့် တရားစွဲဆိုမှုကို မဆို ထောက်ပံ့အားပေးခြင်းကို ရှောင်ကြဉ်ရန် နှင့် နိုင်ငံတကာ ဥပဒေများတွင် ဖော်ပြထားသည့်အတိုင်း ရွေးကောက်ပွဲကာလတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့် များကို ကာကွယ်ရန်အတွက် ကတိကဝတ်များ အခိုင်အမာပြုရန် တိုက်တွန်းလိုက်သည်။ ထို့အပြင် ယင်းကဲ့သို့သောထုတ်ဖော်ပြောဆိုသူများအား အပြစ်ပေးရန် ကြိုးစားနေမည့်အစား ပြောဆိုဝေဖန်မှုများကို နားထောင်ရန်နှင့် ပြန်လည်စဉ်းစားသုံးသပ်ရန် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးကို FEM မှ တိုက်တွန်းလိုက်ပါသည်။


View the original.

Related Posts:

Send this to a friend