“လူ့အသက်ထက် အကျိုးအမြတ်ကိုသာ ကာကွယ်” အစီရင်ခံစာအသစ်က သွေးစွန်းသော ဝှေ့ခါ မြေပြိုမှု အတွင်းမှ မြန်မာစစ်တပ်၏ အခန်းကဏ္ဍကို ထုတ်ဖော် ပြသလိုက်သည်။

“လူ့အသက်ထက် အကျိုးအမြတ်ကိုသာ ကာကွယ်” အစီရင်ခံစာအသစ်က  သွေးစွန်းသော ဝှေ့ခါ မြေပြိုမှု အတွင်းမှ မြန်မာစစ်တပ်၏ အခန်းကဏ္ဍကို ထုတ်ဖော် ပြသလိုက်သည်။

ရက်စွဲ။ ။ ၃ ရက် စက်တင်ဘာလ၊ ၂၀၂၀၂ခုနှစ်

၂၀၂၀ ခုနှစ် ဇူလိုင်လ၊ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် ရေမဆေးကျောက် ခေါ် ကျောက်စိမ်းရှာဖွေ တူးဖော်သူ ၃၀၀ခန့် အသက်ဆုံးရှုံးခဲ့ရမှုအား တားဆီးကာကွယ် နိုင်ပါလျှက်နှင့် ဖားကန့်ရှိ ဝှေ့ခါမိုင်း ဘေးကင်း လုံခြုံရေး စည်းမျဉ်းစည်းကမ်း များထိန်းသိမ်းရန် ပျက်ကွက်ခဲ့သော အစိုးရစစ်တပ်ကို ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT) ၏ အစီရင်ခံစာ အသစ်က အပြစ်တင် ဝေဖန်လိုက်သည်။

ဝှေ့ခါမိုင်းသည် အခြား ဖားကန့့်ကျောက်စိမ်းမိုင်းဧရိယာတခုလုံးကဲ့သို့ ကျောက်မိုင်းများ၏ လုံခြုံရေးအတွက် တာဝန် ချထားပေးသော မြန်မာစစ်တပ်၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင်ရှိသည်။ အချိန်မရွေး ပြိုပျက် လွယ်သော အရိပ်လက္ခဏာများ ထင်ရှားစွာရှိနေသည့်ကြား မှ မိုးရာသီအတွင်း လုပ်ငန်း ပိတ်သိမ်းရမည့် ဇွန်လ ၂၅ ရက်နေ့အထိ ဝှေ့ခါမိုင်းတွင် အကြီးစား တူးဖော်မှုများ ပြုလုပ်နေသော ကုမ္မဏီများကို ၎င်းစစ်တပ်များမှ ပိတ်ပင်တားဆီးမှုမျှ မပြုလုပ်ခဲ့သည့် အပြင် ရေမဆေးကျောက်တူး ဖော်သူများကို မိုင်းအတွင်း မဝင်ရောက်နိုင် စေရန် ရက်ကျော်လွန်သည်အထိ စောင့်ကြပ်ပိတ်ဆို့မှုများ မပြုလုပ် ခဲ့ပါ။

မြန်မာစစ်တပ်အနေနှင့် အန္တရယ်ရှိသော ကျောက်မိုင်းကို ပိတ်ဆို့ို့ရန် မပြုခဲ့ခြင်းမှာ စစ်တပ်နှင့်ဆက်နွယ် နေသည့် ကုမ္မဏီများပါဝင်ပတ်သက်နေမှုကြော င့်သာမကရေမဆေး ကျောက်တူးသမားများအပေါ်အခွန် ကောက်ခံခြင်းမှအမြတ်အစွန်းများ စွာရနေသောကြောင့် ဖြစ်သည်ဟုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖားကန့်ရှိ ရာထောင်ချီသော ရေမဆေးကျောက်တူးသမားများ အနေနှင့် ရှာဖွေရရှိသော ကျောက်စိမ်းအားလုံး အတွက် အချိုးကျ ရှယ်ယာငွေကို အစိုးရစစ်တပ်သို့ မပျက်မကွက် ပေးအပ်နေရပြီး အခွန်ဘဏ္ဍာ အရင်းအမြစ် တစ်ခုအဖြစ် မြန်မာစစ်တပ် ထိပ်သီးပိုင်းအထိ အလုံးအရင်းနှင့် ဝေစုခွဲစီစဉ်ရယူနေခြင်းကို လူသိနည်းလှသည်။

ဝှေ့ခါကျောက်မိုင်းကပ်ဘေးအန္တရာယ်ကျရောက်ချိန်တွင် လုံခြုံရေးချထားသော မြန်မာတပ်ဖွဲ့များမှာ ၂၀၁၇ခုနှစ် တွင်ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရက်စက်ယုတ်မာမှုများကို ကျူးလွန်ခဲ့သည်ဟု ရက်စက်ကြမ်းကြုတ် မှုဖြင့် နာမည်ပျက်နေသော တပ်မ ၃၃ မှ လက်ရွေးစင် တပ်ဖွဲ့များဖြစ်သည်။

“အရပ်သားများကို သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများကိုကျူးလွန်ခဲ့သော်လည်း ပြစ်ဒဏ်ပေးခံရမှု မှ ကင်းလွတ်ခွင့် ရနေသော မြန်မာအစိုးရစစ်တပ်များအနေနှင့် ကျောက်စိမ်းတူးဖော်သူများ၏အသက်ကို အကာ အကွယ် ပေးနိုင်လိမ့်မည်ဟု မည်ကဲ့သို့ မျှော်လင့်နိုင်ပါ မည်နည်း” ဟု KWAT ပြောခွင့်ရသူ မွန်းနေလီက ပြောသည်။

အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိသော သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်မှု လက္ခဏာများကို အစီရင် ခံစာက ဝေဖန်ပြစ်တင်ထားပြီး အစိုးရစစ်တပ်အနေနှင့် ၎င်းတို့၏ ကိုယ်ပိုင်တပ်ဖွဲ့များ အစောင့်ချ ထားသော ကျောက်မိုင်း လုပ်ကွက် နေရာများတွင် အာဏာအပြည့်အဝ ဆက်လက် ချုပ်ကိုင်ထား နေသ၍ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းဆို င်ရာ စည်းမျဉ်းစည်းကမ်းများ တိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်ရန် ပျက်ကွက် နေလိမ့် ဦးမည်ဟု ပိုင်းခြားစိတ်ဖြာ သုံးသပ်ထားသည်။

၎င်းတို့၏ မြေယာနှင့် သဘာဝ အရင်းအမြစ်များအား ဒေသခံပြည်သူများကို ထိန်းချုပ်ခွင့် ပေးအပ်ထားမည့် ပြည်နယ်များသို့ အာဏာ ခွဲဝေပေးကာ ဗဟိုချုပ်ကိုင်မှု လျော့ချပြီး စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်မည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပေါ်ပေါက်လာသည့် အချိန်ထိ ကုန်သွယ် စီးပွားဖြစ် သတ္ထု တူးဖော်ရေး လုပ်ငန်းများအားလုံးနှင့် အခြား အကြီးစား သယံဇာတ ထုတ်ယူရေး စီမံကိန်းများ အားလုံးကို ယာယီ ဆိုင်းငံ့ထားရန် အစီရင်ခံစာက တောင်းဆိုလိုက်သည်။

ဆက်သွယ်ရန်

+66897559892

[email protected]

ထုတ်ပြန်ချက်ကို PDF ဖြင့်ယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ

အစီရင်ခံစာအပြည့်အစုံကို PDF ဖြင့်ယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia