03 September 2020
စက်တင်ဘာလ ၃ ရက်၊ ၂၀၂၀ ခုနှစ်။
ဟောင်ကောင်တွင် စီမံကိန်း မှတ်ပုံတင်ထားသော ရထိုက် ဦးပိုင်အုပ်စုမှ ရွှေကုက္ကိုလ် စီမံကိန်းအား တရုတ်အစိုးရ၏ “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း တရုတ်အစိုးရ၏ဗမာပြည်ရှိ တရုတ်သံရုံးမှ သြဂုတ်လ ၂၅ ရက် ၂၀၂၀ ခုနှစ် ထုတ်ပြန်ချက်အပေါ် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ ထောက်ခံလိုက်သည်။
ထိုပြင် ရွှေကုက္ကိုလ်အား ကာစီနိုအပန်းဖြေမြို့နှင့် အွန်လိုင်းလောင်းကစား နိဗ္ဗာန်ဘုံအဖြစ် တင်စားသော ရထိုင်း ရင်းနှီးမြုပ်နှံသူများ၏ လှုံ့ဆော်ကြေငြာမှုများအား ဗမာပြည်ရှိ တရုတ်အစိုးရ၏သံရုံးမှ တရားမဝင်လောင်းကစားများအပေါ် ခိုင်မာစွာဆန့်ကျင်ကြောင်း သဘောထားရပ်တည်မှုအပေါ် ထပ်လောင်း အသိအမှတ်ပြုသည်။
ရွှေကုက္ကိုလ်စီမံကိန်းအား ဗမာအစိုးရ၏ စုံစမ်းစစ်ဆေးမှုများအပေါ် တရုတ်အစိုးရမှ ထောက်ခံမှုသဘောထားအား ကျွနု်ပ်တို့မှ အသိအမှတ်ပြုသော်လည်း ရှင်းရှင်းလင်းလင်းဖော်ပြလိုသည်မှာ စစ်တပ်၏ကျောထောက်နောက်ခံထားမှုအား မဖွင့်ဟနိုင်ပါက စုံးစမ်းမှုများမှာ အကျိုးမဲ့သက်သက်သာဖြစ်မည်။
ရွှေကုက္ကိုလ်အား အပြည်အဝထိန်းချုပ်ထားသော စစ်တပ်၏ခွင့်ပြုချက်မရှိပဲ စီမံကိန်းအား မည်သို့မျှ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ၂၀၂၀ မတ်လ အတွင်းရှိ ကျွနု်ပ်တို့၏ “ကျွန်ုပ်တို့မြေများအား လောင်းကစားပစ်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားပြီးဖြစ်သည်။ တပ်မတော်အဆင့်မြင့်အရာရှိများ၏ ကျောထောက်နောက်ခံထားမှုများဖြင့် စီမံကိန်းမှ ရင်းနှီးမြုပ်နံှမှု နှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများအား လစ်လျူရှုနိုင်ကာ စီမံကိန်းအား လွန်ခဲ့သော တစ်နှစ်ခန့်က တရားဝင် ဆိုင်းငံထားရန်အပေါ် မျက်ကွယ်ပြုကာ ဆက်လက်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
လက်ရှိအချိန်မှာပင် မကြာသေးမီမှ ဖွဲ့စည်းလိုက်သော အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် ကိုဗစ်-၁၉ ကြောင့် နယ်စပ်ဒေသများတွင် တင်းကြပ်စွာ ဆက်လက်ပိတ်ဆို့ခံထားရသောကာလအား မျက်ကွယ်ပြုပြီး ဆောက်လုပ်ရေးလုပ်ငန်းများ အပြည့်အ၀ ဆက်လက်လုပ်ဆောင်နေလျက်ရှိကာ ကာစီနိုလုပ်ငန်းများလည်း လည်ပတ်နေလျက်ရှိသည်။
အစိုးရအဖြင့် စီမံကိန်းအား စုံစမ်းစစ်ဆေးမှုများအပေါ် သဘောထားမှန်ကန်ပါက ဆက်လက်လုပ်ဆောင်နေလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းများအား ဆိုင်းငံ့ထားရန် နှင့် စီမံကိန်းဒေသအတွင်း လောင်းကစားလုပ်ငန်းများ နှင့် အခြားတရားမဝင် လုပ်ငန်းများ ရပ်တန့်ရန် လမ်းညွှန်မှုများကို ချက်ချင်းလုပ်ဆောင်သင့်သည်။
ရွှေကုက္ကိုလ်စီမံကိန်းအား ဗမာပြည်ဥပဒေများ၏ပြင်ပမှ မည့်သည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော် နိုင်အောင် လုပ်ဆောင်နေမှုများအား တပ်မတော်၏ လမ်းညွှန်မှုအောက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနအပါဝင် အဆင့်တိုင်းတွင် တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍအား စုံစပ်စစ်ဆေးရန်နှင့် ပွင့်လင်းမြင်သာမှုအပြည်အဝဖြင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရန် ထောက်ပြလိုပါသည်။
ဒေသခံများမှ မိမိတို့ရေမြေ နှင့် အရင်းအမြစ်များအပေါ် ဆုံးဖြတ်ပိုင်ခွင့်အာဏာအားပေးနိုင်မည့် ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ် နှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရှိသည့်အချိန်အထိ အကြီးစား ရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးများကို တိုင်းရင်းသားဒေသများအတွင်း ရပ်တန့်ထားရန် ကျွန်ုပ်တို့မှ ထပ်လောင်းတောင်းဆိုလိုက်ရပါသည်။
ဆက်သွယ်ရန်
နော်ဝါးခူရှီး – (+၆၆) ၀၈၆ ၁၁၈ ၂၂၆၁ ( ကရင် အင်္ဂလိပ် ဗမာ)
စောကပေါ – (+၆၆) ၀၆၅ ၄၀၉ ၂၂၈၀ ( အင်္ဂလိပ်၊ ဗမာ)
ထုတ်ပြန်ချက်ကို PDF ဖိုင်ဖြင့်ယူရန်။ မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.