အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲသို့ တင်သွင်းသော ပူးတွဲတင်ပြချက် – အမုန်းစကားများနှင့် ဒီမိုကရေစီနှင့် အရပ်ဘက်လူထုအသိုင်းအဝိုင်း၏အခန်းက ကျဥ်းမြောင်းလာခြင်း

ယခုတင်ပြချက်သည် အမုန်းစကားများပြန့်ပွားမှု ကိစ္စရပ်နှင့် ပတ်သက်ပြီး ကိုင်တွယ်လုပ်ဆောင်နေသော နှင့်/သို့မဟုတ် အမုန်းစကားများ၏ တိုက်ရိုက်သက်ရောက်မှုဒဏ် ခံနေရသော မြန်မာနိုင်ငံရှိ အရပ်ဘက်လူထု အဖွဲ့အစည်းများ၏ ပူးတွဲတင်ပြချက်ဖြစ်ပါသည်။

၁။ ပုံရိပ်

၂။ မြန်မာ့အရေးလေ့လာသူများအဖွဲ့

၃။ ကရင်လူ့အခွင့်အရေးအဖွဲ့

၄။ Reliable Organization

၅။ သံလွင်ခတ်အဖွဲ့

၆။ ရှေ့ပြေးအသံအဖွဲ့

၇။ မျိုးဆက်လှိုင်း

၈။ မန္တလေးလူထုနေရာ

၉။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၁၀။ ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ

၁၁။ Synergy – လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ 

၁၂။ သင့်မြတ်လိုသူများ ငြိမ်းချမ်းရေး ပရဟိတအဖွဲ့

၁၃။ မြန်မာလူထုမဟာမိတ် (ရှမ်းပြည်)

၁၄။ မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်း

၁၅။ အသံ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

၁၆။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ

 

ခြုံငုံသုံးသပ်ချက်

၁။ ပြီးခဲ့သော UPR သုံးသပ်ဆွေးနွေးပွဲကစ၍ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှုများ ကြီးထွားလာသည့်အခြေအနေကို မြန်မာအစိုးရမှ အရေးယူကိုင်တွယ်ခြင်း မရှိခဲ့သည့်အတွက် အမုန်းစကားများ၏ အန္တရာယ်မှာ မြင့်မားသော အတိုင်းအတာသို့ ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့်အကြိမ်နှင့် ယခုကာလဆက်ကြား အစီရင်ခံစာတင်သွင်းသည့် ကာလတစ်လျှောက်လုံးတွင် အမုန်းစကားများမှာ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန် နှိုးဆွစေပြီး ရိုဟင်ဂျာနှင့် တခြားဘာသာရေးလူနည်းစုများ၊ တိုင်းရင်းသား လူနည်းစုများအပေါ် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အထောက်အကူတစ်ခု ဖြစ်သည်သာမက ဒီမိုကရေစီအခြေခံသော လူထုအသိုင်းအဝိုင်း၏ အခန်းကကျဉ်းမြောင်းလာ စေခြင်းနှင့် အခြေခံ မူလအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုလည်း ထိခိုက်ယိုယွင်းလာစေခဲ့သည်။

၂။ ယခုတင်ပြချက်တွင်ပါဝင်သည့် အချက်အလက်များသည် အမုန်းစကားများနှင့် ဆက်စပ်၍ လူ့အခွင့်အရေးအပေါ် ကျရောက်သော အဓိကသက်ရောက်မှု တချို့ကို ထောက်ပြထားပြီး ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲတွင် UN အဖွဲ့ဝင်နိုင်ငံများမှ ပေးထားသော အကြံပြုတိုက်တွန်းချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အခြေအနေတိုးတက်မှုကို ဆန်းစစ်သုံးသပ်ထားသည့်အပြင် တတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲအတွက် အကြံပြုတိုက်တွန်းချက်များကိုလည်း အလေးပေးဖော်ပြထားပါသည်။ ထိုကဲ့သို့ ဖော်ပြရာတွင် အမုန်းစကား၏ပစ်မှတ်များဖြစ်သည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ (Human Rights Defenders – HRD) များ၊ အရပ်ဘက်လူထုအဖွဲ့အစည်း (Civil Society Organization – CSO) များ၊ တက်ကြွလှုပ်ရှားသူများ နှင့် အမျိုးသမီးများ စသည်တို့အပေါ် သက်ရောက်မှုများကိုပါ သုံးသပ်ဖော်ြပ ထားပါသည်။ ထိုမျှမက လူထုအသိုင်းအဝိုင်းများ၊ အစိုးရ၏ ဖွဲ့စည်းပုံပိုင်းများနှင့် ပညာရေးစနစ်အတွင်း တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ဖိနှိပ်ဆက်ဆံခြင်း နှင့် အမုန်းစကားများ အမြစ်တွယ် တည်ရှိနေခြင်းတို့၏ နောက်ကွယ်မှ တွန်းအားများ၊ နောက်ခံဇာတ်ကြောင်းများနှင့်သက်ဆိုင်သည့် ပိုမို နက်ရှိုင်းသော ဆန်းစစ်ချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

၃။ ဝမ်းနည်းဖွယ်‌ကောင်းသည်မှာ ပထမအကြိမ် နှင့် ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲအတွင်း UN အဖွဲ့ဝင်နိုင်ငံများနှင့် အမုန်းစကားများဆိုင်ရာ ပူးတွဲရေးသားတင်ပြခဲ့သည့် အဖွဲ့အစည်းတချို့တို့၏ အကြံပြု တိုက်တွန်းချက် ‌မြောက်များစွာကို မြန်မာအစိုးရမှ ကိုင်တွယ်ဖြေရှင်းမှု မရှိသေးသည့်အပြင် လူ့အခွင့်အရေးအခြေအနေသည် ပို၍ပင် ယိုယွင်းဆုတ်ယုတ် လာနေပါသည်။ ထို့အပြင် အမုန်းစကားများ ကျယ်ပြန့်စွာ တိုးပွားလာနေမှုကြောင့် လူ့အခွင့်အရေးအတွက် စိုးရိမ်ပူပန်စရာ လှိုင်းလုံးသစ်များ ဖြစ်ပေါ်စေခဲ့ပြီး လူ့အခွင့်အရေးအခြေအနေများ တရှိန်ထိုး ကျဆင်းနေမှုကို သာဓက အများအပြားက ညွှန်ပြနေသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အာဏာအပ်နှင်းထားသည့် သီးခြားလွတ်လပ် နိုင်ငံတကာမှ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding Mission on Myanmar – IIFFMM) က ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း ၂၀၁၁ ခုနှစ်မှ စတင်၍ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးဝါးသောနိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်မှုအပေါ် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးခဲ့သည်။[1] IIFFMM မှ စုဆောင်းရရှိခဲ့သည့် သတင်းအချက်အလက်များက မြန်မာစစ်တပ် (“တပ်မတော်“) သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားလူနည်းစုများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သောရာဇဝတ်များအား မည်ကဲ့သို့ ကျူးလွန်ခဲ့ပုံကို ပေါ်လွင်စေပြီး ၎င်းအချက်အလက်များကပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်၏ စစ်ဗိုလ်ချုပ်ကြီးများအား စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုအရေးယူရန်တို့အတွက် ကျိုးကြောင်းခိုင်လုံနေစေခဲ့သည်။[2] ထို့အပြင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (International Criminal Court – ICC) ၏ တရားစွဲအရာရှိကလည်း အကြိုရုံးတော် (Pre-Trial Chamber) ၏ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် တရားရုံးအနေဖြင့် ယင်းရာဇဝတ်မှုအပေါ် စီရင်ပိုင်ခွင့်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက်[3] ရိုဟင်ဂျာများကို မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ နှင်ထုတ်မှုအပေါ် စစ်ဆေးရန် ပဏာမ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ မကြာသေးမီကဖြစ်သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Office of Islamic Cooperation – OIC) ၏ကိုယ်စား ဂမ်ဘီယာနိုင်ငံမှ နိုင်ငံတကာတရားရုံး (International Court of Justice – ICJ) သို့ တိုင်ကြားခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက် တရားစွဲဆိုချက်၏ ကြားနာပွဲကို မြန်မာနိုင်ငံမှ တက်ရောက်ခဲ့သည်။ ရိုဟင်ဂျာလူမျိုး တစ်သန်းနီးပါးကို ဇာတိမြေမှ မောင်းထုတ်ခဲ့ကြသည့် မြန်မာစစ်တပ်၏ ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် ‘နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ’ ပြုလုပ်စဉ်ကာလအတွင်း လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ် တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Conventino on the Prevention and Punishment of the Crime of Genocide – Genocide Convention) ကို ချိုးဖောက်ခဲ့ကြောင်း အထောက်အထားများ လုံလောက်စွာတွေ့ရှိခဲ့သဖြင့် နောင်တွင် အလားတူ လူမျိုးတုံးသတ်ဖြတ်မှုများ ထပ်မံမဖြစ်ပွားစေရေး တားဆီးရန်နှင့် ဖြစ်ပွားပြီးသော သက်သေအထောက်အထားများ မပျောက်ပျက်သွားစေရန် မြန်မာနိုင်ငံမှ လိုက်နာဆောင်ရွက်ရမည့် အရေးပေါ် “ကြားဖြတ်စီမံချက်များ” ကို ICJ တရားရုံးက ဆုံးဖြတ်ချမှတ်ခဲ့သည်။[4] Genocide Convention ကို မြန်မာနိုင်ငံက ၁၉၉၅ ခုနှစ် တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။[5]

အထူးလုပ်ထုံးလုပ်နည်းများနှင့် ထိတွေ့ဆက်ဆံခြင်း

၄။ ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲအစည်းအဝေးကတည်းကပင် မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ အထူးလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာယန္တရားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အထူးကိုယ်စားလှယ် များ၏ လုပ်ပိုင်ခွင့်အာဏာများ အစရှိသည်တို့နှင့် ထိတွေ့ဆက်ဆံမှုမှာ သိသိသာသာ ဆိုးရွားလာခဲ့ပြီး ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်များမှာလည်း ခြိမ်းခြောက်ခံရခြင်း၊ တိုက်ခိုက်ခံရခြင်းနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရခြင်း စသည်တို့နှင့် ကြုံတွေ့ကြရသည်။ အလားတူပင် မြန်မာအစိုးရသည် IIFFMM နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့ပြီး ၎င်းအဖွဲ့မှ စုံစမ်းစစ်ဆေးရေးကိုယ်စားလှယ်များကိုလည်း ပြည်ဝင်ခွင့် ပိတ်ခဲ့သည်။ သို့သော်လည်း တစ်ဖက်တွင် မြန်မာနိုင်ငံသည် တူရကီနှင့် ချီလီနိုင်ငံများ၏ အကြံပြုတိုက်တွန်းချက် များဖြစ်သည့် “စာချုပ်ဆိုင်ရာအဖွဲ့များနှင့် အထူးလုပ်ထုံးလုပ်နည်း များဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာရှိသူများ အပါအဝင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးယန္တရားများနှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံရန်[6] နှင့် “လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ၊ အခြားသော အထူးလုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကို အာမခံပေးရန်[7] ဆိုသည့် အချက်များကို ထောက်ခံခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကိုးရီးယားနိုင်ငံ၏ အကြံပြုတိုက်တွန်းချက် တစ်ခုဖြစ်သော “မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် လူ့အခွင့်အရေးယန္တရားများနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရေး[8]  ဆိုသည့်အချက်ကိုလည်း ထောက်ခံခဲ့သည်။

 

အမုန်းစကား

နိုင်ငံတကာဥပဒေ

၅။ မြန်မာနိုင်ငံသည် Genocide Convention၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child – CRC)၊[9] အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်မှုများအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination against Women – CEDAW)၊[10] စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (International Convention on Economic, Culture and Social Rights – ICESCR)၊[11] မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Persons with Disabilities – CRPD)[12] အပါအဝင် နိုင်ငံတကာစာချုပ်များကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး ဖြစ်သောကြောင့် ခွဲခြားဖိနှိပ်မှုများနှင့် အမုန်းတရားများကို ကာကွယ်တားဆီးရန် တာဝန်ရှိလာသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights – UDHR)[13] ကိုလည်း ထောက်ခံထားသကဲ့သို့ ကုလသမဂ္ဂ၏ ပဋိညာဉ် စာချုပ်နှင့် တွဲဖက်ထားသည့် ဓလေ့ထုံးတမ်း နိုင်ငံတကာဥပဒေကိုလည်း လိုက်နာရမည် ဖြစ်သည်။ ယင်းစာချုပ်များနှင့် ဓလေ့ထုံးတမ်းဥပဒေများအတွင်း မူလကတည်းက ပါဝင်ပြီးသားဖြစ်သော နိုင်ငံတကာဥပဒေစံနှုန်းများမှာ ခွဲခြားဖိနှိပ်မှုများမှ ကင်းလွတ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လူတိုင်းအသက်ရှင်နေထိုင်ပိုင်ခွင့်၊ နိုင်ငံသား ခံယူပိုင်ခွင့်၊ တရားမျှတမှု ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် စသည်တို့ပါဝင်သည်။ အလားတူပင် အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း (ASEAN Human Rights Declaration) ၏ ပုဒ်မ ၂၂ တွင်လည်း “ဘာသာရေးနှင့် ယုံကြည်မှုအပေါ် အခြေခံသော ချုပ်ချယ်မှုပုံစံများ၊ ခွဲခြားဖိနှိပ်မှုနှင့် အမုန်းတရား လှုံ့ဆော်မှု အားလုံးကို ဖယ်ရှားရမည်[14] ဟု ဖော်ပြထားသည်။

၆။ Genocide Convention အရ မြန်မာနိုင်ငံသည် “လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ အများပြည်သူအား လှုံ့ဆော်၍ဖြစ်စေ” ပြစ်မှုထင်ရှား ကျူးလွန်သူများအတွက် ထိရောက်သည့်ပြစ်ဒဏ်များ ပြဋ္ဌာန်းထားရန်လည်း တာဝန်ရှိသည်။ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစု များအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန် အမုန်းစကားများကို ဆိုးဝါးကျယ်ပြန့်စွာ ဖြန့်ဝေလုပ်ဆောင်ခြင်းများသည် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စေရန် လှုံ့ဆော်မှု မြောက်ပါသည်။  ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ အသိုင်းအဝိုင်းများအပေါ် အကြမ်းဖက်မှုများကို လေ့လာသုံးသပ်ရာ၌ မြန်မာအစိုးရ၊ အမျိုးသားရေး အစွန်းရောက်ဝါဒီများနှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ၏ ပြောဆိုချက်များတွင် ထိုအကြမ်းဖက်မှုများသည် လူမျိုးတစ်ခုလုံး ပျက်သုဥ်းသွားစေလိုသည့် ရည်ရွယ်ချက်များ ပါဝင်ကြောင်း IIFFMM က တွေ့ရှိခဲ့သည်။[15] ယခုအစီရင်ခံသည့်ကာလအတွင်း အွန်လိုင်းပေါ်မှ သော်လည်းကောင်း၊ အွန်လိုင်းမဟုတ်သည့် အခြားနည်းလမ်းများဖြင့်သော်လည်းကောင်း ရှိနေခဲ့သော အမုန်းစကားများသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အခြားတိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ခွဲခြားဖိနှိပ်မှုတို့ ဖြစ်ပေါ်စေရန် အထောက်အကူပြုခဲ့ကြောင်း ထင်ရှားနေသည်။

၇။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲများအတွင်း UN အဖွဲ့ဝင်နိုင်ငံများမှ တောက်လျှောက် ထပ်ခါတလဲလဲ အကြံပြုတိုက်တွန်းထားသည့် အချက်များမှာ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးစာချုပ်များ ဖြစ်ကြသည့် လူမျိုးအပေါ်အခြေခံသည့် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး နိုင်ငံတကာ သဘောတူစာချုပ် (International Convention on the Elimination of All Forms of Racial Discrimination – ICERD)၊ ညှဥ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုများ ဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (Convention Against Torture and Other Cruel, Inhumane or Degrading Treatment or Punishment – CAT)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (International Convention on Civil and Political Rights – ICCPR)၊ ICC ၏ ရောမသဘောတူစာချုပ် (Rome Statute) စသည့် စာချုပ်များကို ဆက်လက်၍ အတည်ပြုည လက်မှတ်ရေးထိုးသွားရန်ဖြစ်သည်။ ယင်းစာချုပ်များကို ရှင်းလင်းပြတ်သားစွာ လက်ခံကိုင်စွဲထားနိုင်မှသာလျှင် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများ၏ အခွင့်အရေးများအား လေးစားလိုက်နာမည့် အလားအလာဆီသို့ ဦးတည်ပြောင်းလဲရေးကို သေချာစေမည်ဖြစ်သည်။ ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲမှစ၍ မြန်မာနိုင်ငံမှ ICESCR ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းသည် အားရစရာ ဖြစ်စေခဲ့သော်လည်း တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် စစ်ပွဲများ ဆက်လက်ဆင်နွှဲနေခြင်းမှာ စာချုပ်ပါအချက်များ ဖြစ်သော အိုးအိမ်၊ ယဉ်ကျေးမှုဆိုင်ရာ နေထိုင်မှုပုံစံ၊ ပညာရေး၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ခွဲခြားမှုမရှိ ကျင့်သုံးရန်ဆိုသည့်အချက်များနှင့် ကွဲလွဲဆန့်ကျင် နေပါသည်။[16]

ပြည်တွင်းဥပဒေ

၈။ မြန်မာနိုင်ငံတွင် အမုန်းစကားနှင့် ဆက်လျဥ်း၍ အရေးပါသော ပြည်တွင်းဥပဒေများ ရှိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ခွဲခြားဆက်ဆံမှု မခံရ ပိုင်ခွင့်၊ “နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ကျင့်ကြံပိုင်ခွင့်” ဆိုင်ရာအခွင့်အရေးများနှင့် “စာပေယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို လွတ်လပ်စွာ ဖန်တီးဖော်ထုတ်ခွင့်” ဆိုင်ရာ အခွင့်အရေးများကို အာမခံပေးထားသည်။[17] သို့သော်လည်း ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲမှစ၍ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများမှ ၎င်းတို့၏ အခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးခြင်းဟု ဆိုရာတွင် အကန့်အသတ်ဖြင့်သာ ပေးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို ကျင့်သုံးရာ၌ပင်လျှင် တစ်သမတ်တည်းမရှိဘဲ လိုသလို လုပ်ဆောင်နေမှုများနှင့် အမုန်းစကားများမှတစ်ဆင့် နိုင်ငံတော်အစိုးရနှင့် အစိုးရမဟုတ်သည့် ပုဂ္ဂိုလ်များ၏ ပြင်းထန်းသော ပိတ်ပင်တားဆီးခြင်းကို ခံနေရသည်။ ဥပမာအားဖြင့်ဆိုရလျှင် ဘာသာခြားများနှင့် ထိမ်းမြားလက်ထပ်ခြင်း ကန့်သတ်ရန်၊ လက်ထပ်ခြင်းမှတစ်ဆင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အစ္စလာမ်ဘာသာသို့ ပြောင်းလဲသွတ်သွင်းခြင်း ကန့်သတ်ရန် နှင့် လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန်အတွက် အမျိုးသားရေး အစွန်းရောက်ဝါဒီအဖွဲ့များမှ တိုက်တွန်းတောင်းဆိုခဲ့သည့် နောက်တွင် မြန်မာအစိုးရမှ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (မျိုးစောင့်ဥပဒေ) များကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ထိုပြဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော ရိုဟင်ဂျာများနှင့် မွတ်စလင်မ်များကို ခွဲခြားဆက်ဆံရန် ရည်ရွယ်ခြင်းဖြစ်သည့်အပြင် ပုံသေကားကျ သတ်မှတ်ချက်များအပေါ် အခြေခံခဲ့ခြင်းလည်းဖြစ်သည်။[18]

၉။ အမုန်းစကားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လက်ရှိဥပဒေမှာ ထိရောက်မှုမရှိဘဲ လိုသလို ကျင့်သုံးလျက်ရှိပြီး HRD များ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများကို ပစ်မှတ်ထားရာ၌ အသုံးပြုခဲ့ကြသည်။ HRD များ၊ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ်  တရားစွဲဆိုရာတွင် အသုံးပြုသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တို့သည် ကျယ်ပြန့်ပြီး ရှင်းလင်းမှုမရှိသော ဥပ‌ဒေ သာဓကနှစ်ခုဖြစ်ပြီး အမုန်းစကားများမူ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက် ပေးထားသည်။[19] ဥပဒေကျင့်သုံးမှု ရှေ့နောက်မညီခြင်းကို HRD တစ်ဦးမှ  “အမုန်းစကားကို တားဆီးပိတ်ပင်ဖို့ အတွက် ဘာမှမရှိဘူး။ သူတို့ကို တစ်ယောက်ယောက်က ဝေဖန်မယ်ဆိုရင် ဒါမှမဟုတ် တိုက်ခိုက်လာမယ်ဆိုရင် သူတို့က အဲ့ဒီလူတွေကို [ဆက်သွယ်ရေးဥပဒေ] ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲလိမ့်မယ်[20]‌ ဟု ထုတ်ဖော်ပြောဆိုထားသည်။

၁၀။ ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲအတွင်း အီတလီနိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သည့် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်များကို ဥပဒေနှင့်အညီကျင့်သုံးသူများကို လက်တုံ့ပြန် အရေးယူမှု မခံရစေရေး သေချာစွာလုပ်ဆောင်ရန်” ဆိုသည့်အချက်ကို မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။[21] သို့သော် ၂၀၁၅ ခုနှစ်လောက်ကတည်းက ဥပဒေနှင့်အညီ ထုတ်ဖော်ပြောဆိုမှုများမှာ တိုက်ခိုက်ခြင်း ပို၍ခံလာရပြီး အမုန်းစကားအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုမူ အစိုးရက အထိန်းအချုပ်မရှိ ဆက်လက်လွှတ်ပေးထားသည်။[22] မကြာသေးမီက ထုတ်ပြန်ထားသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်သော အစီရင်ခံစာတစ်စောင်တွင် လွန်ခဲ့သော (၄) နှစ်အတွင်း ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှု  (၂၂၉) မှု ရှိခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အမှု (၄၀) ရှိခဲ့ကြောင်း ဖော်ပြထားသည်။[23]

၁၁။ လတ်တလောအဆိုပြုထားသည့် အမုန်းစကားဆိုင်ရာဥပဒေကြမ်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကနဦးပြင်ဆင်ရေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်သော ကော်မတီတစ်ခုသို့ လွှဲပြောင်းထားသည်။[24] ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင် ‘ဘာသာပေါင်းစုံ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ရေး ဥပဒေကြမ်း’ နှင့် နောက်ပိုင်းတွင် ‘အမုန်းစကားမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း’ တို့ကို အဆိုပြုတင်သွင်းခဲ့ဖူးသည်။ ထိုမူကြမ်းများထဲတွင် အမုန်းစကားများကို ဘာသာမတူညီမှုများအကြား ‘ပဋိပက္ခ’ သို့မဟုတ် ‘သဘောထားကွဲလွဲမှု’ များ ဖြစ်စေသော စကားများဟု အဓိပ္ပါယ်ဖွင့်ဆိုထားရာ ထိုဖွင့်ဆိုချက်မှာ အလွန်အမင်း ယေဘုယျဆန်နေသည်။ ယင်းဥပဒေကြမ်းများတွင် ‘အမုန်းစကား’ ကိုင်တွယ်ရေးနည်းလမ်းကို ဆင်ဆာဖြတ်ခြင်းနှင့် ရာဇဝတ်ကြောင်းအရ ပြစ်ဒဏ်ပေးမှုများအပေါ် ကြီးမားစွာမှီခိုနေရာ ယင်းချဉ်းကပ်ပုံမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ (ICCPR) နှင့် ရာဘတ်အစီအစဥ်၏ လုပ်ဆောင်ချက် (Rabat Plan of Action) တို့ကို ချိုးဖောက်နေသည်။[25] ဥပဒေနည်းလမ်းတကျ ထုတ်ဖော်ပြောဆိုမှုများအား ကာကွယ်စောင့်ရှောက်နိုင်ရန် အမုန်းစကားများအပေါ် ကန့်သတ်ချုပ်ချယ်မှုမှန်သမျှကို သေချာ ဂရုတစိုက် သတ်မှတ်ဘောင်ခတ်သင့်သကဲ့သို့ တရားဝင်ရေး၊ ဥပဒေနှင့်အညီ ဖြစ်ရေး၊ လိုအပ်မှုနှင့် အချိုးကျစွာ နှိုင်းယှဉ်ချိန်ဆရေး အခြေခံမူများကိုလည်း ထည့်သွင်းထားရမည် ဖြစ်သည်။ ထိုမျှသာမက လူမျိုးတုံးသတ်ဖြတ်မှုနှင့် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည့် တခြားနှိမ့်ချခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်စေရန် လူထုအား လှုံ့ဆော်ခြင်းအပါအဝင် အလွန်အမင်း ဆိုးရွားသော ကိစ္စရပ်များကိုသာလျှင် ရာဇဝတ်ကြောင်းအရ အပြစ်ပေးအရေးယူပြီး ဆွေးနွေးပွဲများ၊ ပဋိပက္ခကြားဝင် ဖြန်ဖြေခြင်းများနှင့် မတူကွဲပြားမှုများကို ချီးကျူးဂုဏ်ပြုမှုများ လုပ်ဆောင်ခြင်းမှတစ်ဆင့် သည်းခံမှုများကို အားပေးမြှင့်တင်ပေးခြင်းတို့အပေါ် အာရုံစိုက်သင့်သည်။[26]

မြန်မာနိုင်ငံရှိ အမုန်းစကားများ၏ လက်ရှိအခြေအနေ

၁၂။ ဒုတိယအကြိမ် UPR သုံးသပ်ဆွေး‌နွေးပွဲတွင် အီကွေဒေါနိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သည့် “တိုင်းရင်းသားများ၊ ယဉ်ကျေးမှုအစုအဖွဲ့များ၊ လူနည်းစုများအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုပုံစံအားလုံး ပပျောက်ရေးအမြင်ဖြင့် လူမှုရေးစည်းလုံး ညီညွတ်မှုကို အားပေးမြှင့်တင်နိုင်မည့် အစီအမံများအား လုံလုံလောက်လောက်ချမှတ်ရေးကို ထည့်သွင်းစဉ်းစားရန်” ဆိုသည့်အချက်ကို မြန်မာနိုင်ငံမှ ထောက်ခံခဲ့သည်။[27] သို့သော်လည်း မြန်မာနိုင်ငံသည် ကွဲပြားစုံလင်လှသော ၎င်း၏ ပြည်သူလူထုများအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေး ဖော်ဆောင်ပေးရန် ကတိကဝတ်မှ သွေဖည်၍ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအား ခွဲခြားမှု၊ မုန်းတီးမှုနှင့် အကြမ်းဖက်မှုများဘက်သို့ သိသာထင်ရှားစွာ ရွေ့လျားသွားနေသည်။ ၎င်းကို ၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖက်မှု နှင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ‘နယ်မြေရှင်းလင်းရေး’ စစ်ဆင်ရေးတို့ ဖြစ်ပွားသည်အထိ ကြီးထွားလာသော ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်သည့်အမုန်းစကားများ၏ လမ်းကြောင်းပုံစံများက ခိုင်မာစွာ သက်သေခံ နေပါသည်။[28]

၁၃။ ၂၀၁၅ ခုနှစ်မှ ယနေ့အချိန်အထိ လူ့အခွင့်အရေးအခြေအနေကို သုံးသပ်ကြည့်ပါက သိသာသည့် နောက်ပြန်ဆုတ်မှုတစ်ခု ရှိခဲ့သည်။ မြန်မာအစိုးရမှ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြည်တွင်းဥပဒေမှတစ်ဆင့် အမုန်းစကားများကို အလုံအလောက်ကိုင်တွယ်ဖြေရှင်းရန် စိတ်ဆန္ဒမရှိခြင်းသည် တစ်စိတ်တစ်ပိုင်းအားဖြင့် အမုန်းစကားကြီးထွားလာမှုကို ထိန်းမနိုင် သိမ်းမရ ဖြစ်စေခဲ့သည်။[29] CSO များ၏ ဖော်ပြချက်အရ အမုန်းစကားများသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အာဃာတအစွဲအလမ်းနှင့် သည်းခံစိတ် ကင်းမဲ့မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဟု ရိုးရှင်းစွာ သတ်မှတ်ခြင်းထက် အမှန်တကယ်တွင် အစိုးရမှ ကိုင်တွယ်ဖြေရှင်းရန် စွမ်းဆောင်နိုင်ခြင်းမရှိသည့်အပြင် ဖြေရှင်းလိုသည့် စိတ်ဆန္ဒလည်း မရှိသော သြဇာကြီးမားသည့် စစ်တပ်၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အမျိုးသားရေး အစွန်းရောက်ဝါဒီများကဲ့သို့သောသူများမှ ကိုယ်ကျိုးစီးပွားအတွက် အမုန်းစကားများကို စနစ်တကျ အားပေးမြှင့်တင် ဖြန့်ဖြူးလုပ်ဆောင်နေခြင်းဖြစ်သည်။

၁၄။ ပို၍ဆိုးဝါးစေသည်မှာ အစိုးရကိုယ်တိုင် တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများကို ခွဲခြားဖိနှိပ်မှုနှင့် အမုန်းစကားများ၏ အဓိကပစ်မှတ်များအဖြစ်သို့ ရောက်ရှိစေရန် အတိုင်းအတာတစ်ခုအထိ ပါဝင်ခဲ့သည်။ အခိုင်အမာချမှတ်ထားပြီးဖြစ်သော နိုင်ငံတော်အစိုးရမူဝါဒများသည် ဗုဒ္ဓဘာသာ-ဗမာလူမျိုးများ၏ ယဉ်ကျေးမှု လက္ခဏာကို ပို၍မြင့်မားလာစေရန်အတွက်သာ ရည်ရွယ်ထားသည့်အပြင် လူမျိုး၊ ဘာသာနှင့် ကိုယ်ပိုင်လက္ခဏာအပေါ် အခြေခံ၍ ‘အခြားသူ’ အဖြစ် သတ်မှတ်ခံထားရသူများအား အယုံအကြည် ကင်းမဲ့စေခြင်းနှင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်း များကို ပို၍မြင့်မားစေခဲ့သည်။ ဤသို့ဖြင့် လူနည်းစုများ၏ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာကို စနစ်တကျ ချိုးနှိမ်ထားပြီး ‘အခြား’ ဖြစ်ခြင်းဆိုသည်ကို အမုန်းစကားနှင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်းအတွက် လောင်စာအဖြစ် အသုံးပြုနေကြသည်။

၁၅။ ၉၆၉ အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုနှင့် ချိတ်ဆက်နေသည့် ဘုန်းကြီးများ အပါအဝင် ဦးဝီရသူနှင့် မဘသ (ခေါ်) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့[30] ကဲ့သို့ အမျိုးသားရေး အစွန်းရောက်အဖွဲ့များကဲ့သို့သော အစိုးရမဟုတ်သည့် အဖွဲ့များ စုစည်း၍ လူမျိုးခြားဆန့်ကျင်ရေးစိတ်ကို မီးမွှေးပေးခြင်းဖြင့် တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် အကြမ်းဖက်မှုများကို လှုံ့ဆော်ဖန်တီးခဲ့သည်။[31] ထို့အပြင် ဆင်းရဲနွမ်းပါးမှု၊ စိတ်ဖိစီးမှု နှင့် အလုပ်အကိုင်ရှားပါးမှုများက အမျိုးသားရေးအစွန်းရောက်အဖွဲ့များအတွက် အမုန်းစကားများ ဖြန့်ဖြူးရန်နှင့် လူထုအတွင်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် ခြေကုပ်ယူနိုင်ရန် ရေခံမြေခံကောင်း ဖြစ်စေသည်။ အမျိုးသား‌ရေးအစွန်းရောက်ဝါဒီများ၏ အစီအစဉ်တွင် မြန်မာစစ်တပ်မှ ဆယ်စုနှစ်များစွာ လုပ်ဆောင်လာသော အမျိုးသားရေးဝါဒများကို ထည့်သွင်းပေါင်းစည်း ထားသဖြင့် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ထားရှိသော အာဘော်များနှင့် ပုံသေကားကျ သတ်မှတ်ချက်များကို ထပ်မံဆင့်ပွားစေသည်သာမက မြန်မာစစ်တပ်၏ ရည်မှန်းချက်များ အောင်မြင်ဖြစ်ထွန်း စေရန်အတွက် လက်နက်သဖွယ် အသုံးပြုနေသော သွေးခွဲမှုနှင့် အကြောက်တရားများ၏ မျိုးစေ့ကိုလည်း ပျိုးထောင်ပေး နေပါသည်။ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်ရေးလှုံ့ဆော်ခြင်းများနှင့် အမုန်းစကား ပြန်ပွားခြင်းများကို ဖေ့စ်ဘုတ် ကဲ့သို့သော လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများကို အသုံးချကာ အကောင်အထည်ဖော် ဆောင်ရွက်ကြသည်။[32] ၎င်းတို့သည် တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများ၏ နေ့စဥ်ဘဝ နေထိုင်မှုအပေါ် သက်ရောက်မှုရှိပြီး လူ့အသိုင်းအဝိုင်းအတွင်း ယခင်ကတည်းက နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည့် အာဃာတ အစွဲများကို ပို၍ပင် ကြီးထွားလာစေသည်။[33]

အဓိကအာဘော်များနှင့် တွန်းအားများ

၁၆။ ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သည့် “တိုင်းရင်းသားနှင့် ဘာသာရေး အပေါ်အခြေခံ၍ ပဋိပက္ခများဖြစ်လာစေနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်မလာစေရန် တားဆီးရေးကို ဆက်လက်၍ အထူးအာရုံစိုက်ရန်” ဆိုသည့်အချက်ကို မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။[34] အလားတူပင် စလိုဗီးနီးယားနိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သော “အစိုးရ ဆုံးဖြတ်ချက်များတွင် တိုင်းရင်းသားများပါဝင်ဆောင်ရွက်စေမှုတို့အပါအဝင် ၎င်းတို့၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးရေးကို အာမခံမည့် ဥပဒေများကို ပြဋ္ဌာန်းချမှတ်ရန်” ဆိုသည့်အချက်ကိုလည်း မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။[35] သို့သော်လည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ခွဲခြားဆက်ဆံရေး အာဘော်များကို ချေဖျက်ရန်အတွက် မြန်မာအစိုးရမှ အခြေအနေဖန်တီးယူကာ စီမံဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အပြင် စီမံဆောင်ရွက်ချက်အများအပြားမှာ တိုင်းရင်းသား၊ လူမျိုးနှင့် ဘာသာရေးအပေါ် အခြေခံသည့် ပဋိပက္ခနှင့် အကြမ်းဖက်မှုများကိုသာ ပိုမိုအရှိန်မြင့်လာစေခဲ့သည်။

၁၇။ ၂၀၁၅ ခုနှစ်နောက်ပိုင်း အမုန်းစကားများ ပြန့်ပွားလာသဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် လူ့ဘောင်ကို သိသာသော လုပ်ဇာတ်တချို့ စိမ့်ဝင်လာပြီး လူထုစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးလာခဲ့သည်။ အမျိုးသားရေးအစွန်းရောက်ဝါဒီများ ပုံမှန်ဖြန့်ဝေသည့် အာဘော်တစ်ခုမှာ ဗမာမဟုတ်သော တိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများသည် အမျိုး၊ ဘာသာ၊ သာသနာ နှင့် တိုင်းပြည်ကို ခြိမ်းခြောက်နေသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ လူတစ်ဦးချင်း ပထမဆုံးအကြိမ် တွေ့ဆုံလျှင် ရင်းနှီးသိကျွမ်းလာစေရန်အတွက် မိတ်ဆက်ဖလှယ်လေ့ရှိသည့် အချက်များဖြစ်သော လူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့် တိုင်းရင်းသား နောက်ခံအကြောင်းတို့အပေါ်တွင် ကြီးမားသော သက်ရောက်မှုများ ရှိလာသည်။ ဤသို့ ခွဲခြားမှုများမှာ အမျိုးသားရေးအစွန်းရောက် အဝန်းအဝိုင်းတွင်သာမကဘဲ အစိုးရ၏ အုပ်ချုပ်ရေး ဖွဲ့စည်းပုံပိုင်းအတွင်း၌လည်း ရှိနေသည်။ ဥပမာတစ်ခုမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဆောင်ပုဒ်တစ်ခုဖြစ်သော “မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်” ဟူသော ဆောင်ပုဒ်ပင် ဖြစ်သည်။[36]

၁၈။ ၂၀၁၅ ခုနှစ်မှစ၍ အမျိုးသားရေးအစွန်းရောက်ဝါဒီများက အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံကို လက်ငင်းခြိမ်း ခြောက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ဖယ်ရှားပစ်ရန် အကြမ်းဖက် နိုင်ငံခြားဘာသာရေးတစ်ခုက ကြံစည်နေကြောင်း၊ ယင်းခြိမ်းခြောက်မှုများမှ နိုင်ငံကို ကာကွယ်နိုင်ရန် စစ်တပ်အင်အားလိုအပ်ကြောင်း စသည့်အာဘော်များ တည်ဆောက်ဝါဒဖြန့်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွတ်စလင်မ်များက (9/11) အကြမ်းဖက်တိုက်ခိုက်မှုကို ဂုဏ်ပြုရန်နှင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးတို့တွင် စုဝေးနေကြသည်ဆိုသည့် မဟုတ်မမှန် လုပ်ကြံသတင်း တစ်ခုကို ဖေ့စ်ဘုတ်ပေါ်တွင် အများအပြား ဖြန့်ဝေခဲ့ကြသည်။ အလားတူလုပ်ကြံသတင်းတစ်ခုတွင်လည်း ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်မ်များ၏ ဗလီများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးပစ်ရန် ချီတက်လာနေကြသည်ဟု အွန်လိုင်းကမ်ပိန်းတစ်ခုမှ မွတ်စလင်မ်များကို သတိပေးခဲ့သည်။ ယင်းမြို့များတွင် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် CSO များမှ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်အရ ယင်းလုပ်ရပ်များဖြစ်ပေါ်လာစေရန် အရင်းအမြစ်များ ကောင်းကောင်းရှိနေသည့် အင်အားစုများမှ ပြည်သူများကို အချင်းချင်းရန်တိုက်ပေးလိုသော ပူးပေါင်းအကွက်ဆင်မှုများ ဖြစ်သည်ဟု ခံစားကြရကြောင်း ပြောပြကြသည်။ မြန်မာအစိုးရအဖွဲ့၏ အမြင့်ဆုံး ရာထူးအဆင့်များတွင်ပင် မွတ်စလင်မ်ဘာသာဝင် များအပေါ် မယုံကြည်မှု၊ ခွဲခြားဆက်ဆံမှုတို့ကြောင့် NLD အစိုးရထဲ၌ ၎င်းတို့၏ ပါတီကိုကိုယ်စားပြုရန် မွတ်စလင်မ်ပါတီဝင်များအား ဖယ်ထုတ်ခဲ့ခြင်းများ ဖြစ်ပွားခဲ့သည့် တစ်ပြိုင်တည်းတွင် တိုင်းရင်းသားနှင့် ဘာသာရေးအပေါ် အခြေခံ၍ နိုင်ငံသားအများအပြားကို ရွေးကောက်ပွဲအရာရှိများမှ မဲပေးပိုင်ခွင့်များ ရုပ်သိမ်းခဲ့သည်။[37]

၁၉။ နောက်ထပ်အဓိကကျသော အာဘော်တစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (Ethnic Armed Organizaton – EAO) များနှင့် ဘာသာရေးအခြေခံဝါဒီများ၏ ခြိမ်းခြောက်မှုအန္တရာယ်မှ နိုင်ငံတော်ကို ကာကွယ်ရန် စစ်တပ်အင်အားမှာ မရှိမဖြစ်လိုအပ်ကြောင်းပင် ဖြစ်သည်။ အထက်ဖော်ပြပါ အာဘော်များနှင့်တွဲဖက်၍ မြန်မာစစ်တပ်မှ ရိုဟင်ဂျာများနှင့် မွတ်စလင်မ်များကိုသော်လည်းကောင်း၊ အခြားတိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများကိုသော် လည်းကောင်း ပစ်မှတ်ထားဖိနှိပ်လုပ်ဆောင်ခြင်းကို မှန်ကန်သောလုပ်ရပ်အဖြစ် သက်သေပြရန် အားထုတ်လာခဲ့သည်။[38] ၂၀၁၉ ခုနှစ် ဇန္နဝါရီလမှ ဖေဖော်ဝါရီလအထိ အတွေ့များသော အမုန်းစကားအာဘော်များနှင့် အတုအယောင် သတင်းမှားများမှာ ရက္ခိုင့်တပ်တော် (Arakan Army – AA) ကို ဦးတည်ပစ်မှတ်ထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၌ သော်လည်းကောင်း၊ မြန်မာလူထုအတွင်း၌သော်လည်းကောင်း AA အပေါ်ထောက်ခံမှုများ ကျဆင်းသွားစေရန် ရည်ရွယ်၍ သိက္ခာချသည့်လှုပ်ရှားမှုပင် ဖြစ်သည်။[39] တချို့သော အင်တာနက်သတင်းများက AA နှင့် အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army – ARSA) တို့အကြား ဆက်စပ်နေသည်ဟု စွပ်စွဲပြီး နှစ်ဖွဲ့ကို တစ်ပေါင်းတည်းဆိုသည့်အမြင် ဖြစ်စေခြင်း နှင့် AA အား “ရခိုင်ပြည်နယ်ကို အန္တရာယ်နှင့် ကြုံစေပြီး နိုင်ငံ စည်းလုံးညီညွတ်ရေးကို ခြိမ်းခြောက်နေသော မျိုးချစ်စိတ်ကင်းမဲ့နေသည့် အကြမ်းဖက်သမားများ” အဖြစ်သို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။[40] ဤသို့ဖြင့် အများပြည်သူအား စိုးရိမ်ကြောက်လန့်မှုများနှင့် မုန်းတီးမှုများ ဖြစ်လာစေရန် ဖန်တီးယူကာ မကြာသေးမီက အစိုးရမှ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ် ကြေညာခဲ့သော AA အပေါ်  ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်နိုင်မည့် အမှုတစ်ခုတည်ဆောက်ခဲ့သည်။[41]

၂၀။ အမုန်းတရားကို တွန်းအားပေးနေသော နောက်ထပ်ပုံဖော်မှုတစ်ခုမှာ စည်းလုံးညီညွတ်မှုအတွက် စည်းရုံးလှုံ့ဆော်သူများ နှင့် အမုန်းစကားများအား ရင်ဆိုင်တွန်းလှန်နေသူများကို ပစ်မှတ်ထားပြီး ၎င်းတို့အား နိုင်ငံ၏ “အမျိုးသား သစ္စာဖောက်များ” အဖြစ် မကြာခဏ တံဆိပ်ကပ်ကြသည်။ အလားတူပင် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် မြန်မာစစ်တပ် တို့ကို ဝေဖန်သည့် HRD များနှင့် တက်ကြွလှုပ်ရှားသူများမှာလည်း နိုင်ငံခြား သြဇာခံ၊ သစ္စာဖောက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံကြီးချဲ့‌ပြောဆိုသူများနှင့် နိုင်ငံ၏ ဂုဏ်ကြက်သရေနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသူများအဖြစ် တံဆိပ်ကပ်ခံရနိုင်သည့် အလားအလာများ ရှိနေပါသည်။ ထိုသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးလုပ်ငန်း၊ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းနှင့် CSO များ၏ လုပ်ငန်းများကို နိုင်ငံ့အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသယောင် ပုံဖော်လိုက်ခြင်းဖြင့် တရားမဝင် ဖြစ်သွားစေရန် ဖြစ်သည်။ သို့ရာတွင် ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံသည် အိုင်ယာလန်နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သော “နိုင်ငံ၏ လက်ရှိ ဒီမိုကရေစီကူးပြောင်းရေးကို ကူညီပံ့ပိုးပေးနိုင်ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများအတွက် လုံခြုံမှုရှိပြီး အကျိုးပြုမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ် ဆက်လက်ဖန်တီးပေးရန်” ဆိုသည့်အချက်ကို ထောက်ခံခဲ့သည်။[42]

အမုန်းစကားအတွက် နည်းလမ်းများနှင့် လမ်းကြောင်းများ

၂၁။ ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အင်တာနက်လက်လှမ်းမှီမှုနှင့် သုံးစွဲမှုတို့ အလျင်အမြန် ကြီးထွားလာခဲ့ပြီး အင်တာနက်ကို အမုန်းစကား ပြန့်ပွားစေရေအတွက် အသုံးချနေမှုသည်လည်း အလွန်အမင်း စိုးရိမ်ဖွယ်ဖြစ်လာသည်။ အဖွဲ့အစည်းအများအပြား အထူးသဖြင့် မြန်မာစစ်တပ်နှင့် အမျိုးသားရေးအစွန်းရောက်အဖွဲ့များသည် အမုန်းစကားများ ပြန့်ပွားစေရန် ဖေ့စ်ဘုတ်ကို မဟာဗျူဟာကျကျ အသုံးပြုလာကြသည်။ အသစ်ပေါ်ထွက်လာသည့် အင်တာနက် အသုံးပြုမှုနှင့် ပြည်သူလူထု၏ နည်းပညာစွမ်းရည်မှတစ်ဆင့် သတင်းအချက်အလက်များရှာဖွေရယူခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် သုံးသပ်နိုင်စွမ်းဖြစ်သော Digital literacy အားနည်းခြင်းအပေါ် အခွင့်ကောင်းယူလျက် အမျိုးသားရေးအစွန်းရောက်ဝါဒီများနှင့် မြန်မာစစ်တပ်တို့သည် သတင်းဖော်ပြချက်များနှင့် ဗီဒီယိုဖိုင်များမှတစ်ဆင့် တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် အကြမ်းဖက်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်လာခဲ့ကြသည်။[43] ဖေ့စ်ဘုတ်သည် လူအများအပြားအတွက် သတင်းအချက်အလက်ရရှိနိုင်သည့် ပင်မရင်းမြစ်ဖြစ်နေပြီး အစိုးရဌာနများနှင့် အဓိက သတင်းမီဒီယာများသည်လည်း နိုင်ငံသူနိုင်ငံသားများနှင့် ဆက်သွယ်ရာတွင် ဖေ့စ်ဘုတ်ကို အဓိကလမ်း‌ကြောင်းတစ်ခုအဖြစ် အသုံးပြုနေခြင်းကြောင့် ဖေ့စ်ဘုတ်တွင်တင်ထားသည့် အကြောင်းအရာများအပေါ် လိုအပ်သည်ထက်ပို၍ ယုံကြည်မှု ကြီးထွားလာစေပါသည်။ မြန်မာနိုင်ငံတွင် လူအများအပြားအတွက် ဖေ့စ်ဘုတ်သည် အင်တာနက်နှင့် အနက်တူဖြစ်နေပြီး ယင်းကို စီးပွားရေး ရည်မှန်းချက်၊ သတင်းများ၊ သတင်းအချက်အလက်များနှင့် လူမှုဆက်ဆံရေးတို့ အပါအဝင် နေ့စဉ်ဘဝ၏ အစိတ်အပိုင်းအများအပြားအတွက် အသုံးပြုနေကြသည်။

၂၂။ ၂၀၁၈ ခုနှစ် IIFFMM ၏ အစီရင်ခံစာတွင် ဖေ့စ်ဘုတ်သည် “အမုန်းစကားများ ဖြန့်ဖြူးရေးအတွက် အင်းအား ကောင်းသော လမ်း‌ကြောင်းတစ်ခု” ဖြစ်နေပြီး ၎င်းလမ်းကြောင်းပေါ်၌ပင် အမုန်းစကားလျော့ပါးလာစေရန် တောင်းဆိုမှု များအား တုံ့ပြန်ရာတွင်မူ “နှေးကွေးပြီး ထိရောက်မှုမရှိ” ဟု မှတ်ချက်ချခဲ့သည်။[44] ဖေ့စ်ဘုတ်ပေါ်တွင် တင်သော တချို့ရေးသားဖော်ပြမှုများတွင် အမုန်းတရားများပါဝင်နေသည့် သတင်းစကားများ သို့မဟုတ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများကို ဖုံးကွယ်ရန်အတွက် ဗန်းစကားများ၊ ပုံပြင်များ သို့မဟုတ် တင်စားခိုင်းနှိုင်းဖော်ပြမှုများ ရှိနေခြင်းကြောင့် ဖေ့စ်ဘုတ်မှ အကြောင်းအရာများထိန်းချုပ်ရာတွင် သိမ်မွေ့သော ကွဲပြားချက်များကို ခွဲခြားနိုင်မှု အားနည်းခြင်းအပြင် “နောက်ခံအခင်းအကျင်းနှင့်ပတ်သက်သည့် အကဲဆတ်မှု” အပေါ် နားလည်မှု ကင်းမဲ့ခြင်းတို့နှင့် ပတ်သက်၍ CSO များက စိုးရိမ်ပူပန်နေကြသည်။ ထို့အပြင် ဖေ့စ်ဘုတ်မှ အချက်အလက်များ ထိန်းချုပ်သည့် တာဝန်ရှိသူများအနေဖြင့် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ပြောင်ပြောင်တင်းတင်း သို့မဟုတ် ပုန်းသျှိုး ကွယ်သျှိုး ဆန့်ကျင်ဘက်လိုက်မှုများ ရှိနေနိုင်ခြင်းနှင့်ပတ်သက်၍လည်း CSO များက စိုးရိမ်ပူပန်နေကြသည်။[45] တပ်မတော် က အတို့အထောင်လုပ်သည့် အကောင့်အတုများ၊ ဖေ့စ်ဘုတ်ပေါ်ရှိ သတင်းစာမျက်နှာနှင့် ဆယ်လီ (Celebrity) စာမျက်နှာများကို သုံးပြီး ထိုစာမျက်နှာများမှတစ်ဆင့် သတင်းတုများနှင့် “လူစိတ်ဝင်စားသည့် ဓာတ်ပုံများ၊ သတင်းအမှား များနှင့် သွေးထိုးလှုံ့ဆော်စာများ” တင်ကာ အွန်လိုင်းလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသည်။[46] ယင်းအတို့အထောင် စစ်ဆင်ရေးများတွင် တမင်တကာ ဖန်တီးထားသည့် ပုံစံများရှိနေပြီး စနစ်တကျပြင်ဆင် ရေးတင် ထားသော မူပွား မှတ်ချက် (comment) များ ပုံမှန်ပေါ်လာခြင်းတို့ ရှိကြောင်း CSO ကိုယ်စားလှယ်များက ထုတ်ဖော်ပြောပြကြသည်။[47] တပ်မတော်၏ ဖေ့စ်ဘုတ်အကောင့်များ သက်ဝင်လှုပ်ရှား ရှိနေသည့်အချိန်တွင် EAO (၄) ဖွဲ့များကိုမူ “အန္တရာယ်ရှိသည့် အဖွဲ့အစည်းများ” အဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ အကောင့်များကို ပိတ်ပစ်ရန် ဖေ့စ်ဘုတ်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ၌ ဆုံးဖြတ်ခဲ့သည်။[48] ဖေ့စ်ဘုတ်အနေဖြင့် နိုင်ငံရေးအခြေအနေကို သေသေချာချာ နားလည်နိုင်စွမ်း ရှိ၊ မရှိအပေါ် CSO များက စိုးရိမ်ပူပန်နေကြပြီး ယင်းလုပ်ရပ်များသည် တိုင်းရင်းသားလူနည်းစုများ၏ အမြင်သဘောထားများ ထုတ်ဖော်မှုကို လွှမ်းမိုးနှစ်မြှုပ် ပျောက်ကွယ်သွားစေသည့် တစ်ချိန်တည်းတွင် အစိုးရလုံခြုံရေး တပ်ဖွဲ့များကိုမူ ၎င်းတို့၏ အာဘော်များ ထုတ်လွှင့်ဖြန့်ဝေခွင့် ပေးထားသည်။[49]

၂၃။ အမုန်းစကားများဖြန့်ဝေရာတွင် လူမှုကွန်ရက်မီဒီယာအပြင် ပုံနှိပ်မီဒီယာများ၊ စာအုပ်များ၊ မဂ္ဂဇင်းများ၊ လက်ကမ်းစာစောင်များနှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး Application (Apps) များသည်လည်း အခြားရွေးချယ်စရာ နည်းလမ်းများအဖြစ် ရှိနေသည်။ အမျိုးသားရေးအစွန်းရောက်အဖွဲ့များနှင့် မဘသ တို့သည် ထိုကဲ့သို့သော ပိုမို သမရိုးကျသည့် နည်းလမ်းများကို အသုံးပြုပြီး လူထုအသိုင်းအဝိုင်းထံသို့ အမုန်းစကားများ တိုက်ရိုက်ဖြန့်ဝေနေခြင်းသည် အွန်လိုင်း အသုံးပြုခြင်းထက် ပိုမို ထိရောက်မှု ရှိသည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ယုံကြည်သည်။[50] ပုံနှိပ်မီဒီယာ၏ သာဓကတစ်ခုမှာ အမုန်းတရားအားပေးနေသည့် မဘသ ၏ ပုံနှိပ်မီဒီယာဖြစ်သော “အောင်ဇေယျတု” အမည်ရှိ မဂ္ဂဇင်းတွင် “ဘင်္ဂါလီကြောင့် မြန်မာလူမျိုး တုံးသွားနိုင်သည်” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မွတ်စလင်မ်ဆန့်ကျင်ရေးစိတ်ဓာတ်တို့အား မီးထိုးပေးရန်အတွက် ပုံဖော်ရေးသားခဲ့သည်။[51] ထိုဆောင်းပါးရှင်ဘုန်းကြီးက ARSA “အကြမ်းဖက်” တိုက်ခိုက်မှုများနှင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်မ်များကို ယုံကြည်၍ မရဆိုသည့် အချက်နှစ်ခုကြား ညီမျှနေသယောင် မှားယွင်းသောပုံဖော်မှုမျိုး ဖန်တီးရန် ကြိုးစားထားပြီး ၎င်းမွတ်စလင်မ်တို့သည် နိုင်ငံသားရရန်နှင့် လွှတ်တော်တွင် ကိုယ်စားပြုခွင့်ရရန်အတွက် နည်းလမ်းမျိုးစုံသုံးပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာကို “ဝါးမျို” သွားလိမ့်မည်ဟု ဆိုသည်။[52] ထိုကဲ့သို့ ရေးသားပုံဖော်မှုသည် စာဖတ်သူများမှ ရခိုင်ပြည်နယ်ရှိ မွတ်စလင်မ်များအားလုံးသည် အကြမ်းဖက်ဝါဒနှင့် ချိတ်ဆက်နေပြီး နိုင်ငံသားဖြစ်ရေး တောင်းဆိုနေခြင်းမှာလည်း တရားနည်းလမ်း မကျဆိုသည့် ကောက်ချက်ချခြင်းမျိုးကို ဦးတည်သွားစေမည်ဖြစ်သည်။

၂၄။ မြန်မာနိုင်ငံသည် နယူးဇီလန်နိုင်ငံက ပေးထားသော အကြံပြုတိုက်တွန်းချက်ဖြစ်သည့် “အမုန်းစကားများနှင့် အကြမ်းဖက်ရေးလှုံ့ဆော်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအား ပိုမိုတိုးမြင့်လုပ်ဆောင်ရန်” ဆိုသည့်အချက်ကို ထောက်ခံခဲ့သည်။[53] သို့သော် ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲမှစ၍ အမုန်းစကားများမှာ အွန်လိုင်းနှင့် အွန်လိုင်းမဟုတ်သော ပြင်ပတွင် ဆထက်ထမ်းပိုး ပိုမို များပြားလာခဲ့သဖြင့် အဓိပ္ပါယ်ပြည့်ဝသော ခြေလှမ်းများ လှမ်းနိုင်ရန်အတွက် အမုန်းစကားများ၏ပြစ်မှု ကျူးလွန်သူများကို နိုင်ငံတကာဥပဒေစံနှုန်းများနှင့်အညီ တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရန် လုပ်ဆောင်နိုင်မှသာလျှင် အမုန်းစကား၏ ပစ်မှတ်ထားခံရသူများအပေါ် အကြမ်းဖက်ရေး လှုံ့ဆော်မှုများကို ဟန့်တားနိုင်မည် ဖြစ်သည်။

အဓိကကိစ္စရပ်များ

၂၅။ ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲမှစ၍ အမျိုးသမီးများ၊ HRD များ၊ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများမှာ အမုန်းစကား၏ တိုက်ရိုက်ပစ်မှတ်ထား ခံရခြင်းကြောင့် အဆိုးဝါးဆုံးသော သက်ရောက်မှုများ ခံစားနေကြရပြီး ယခုတင်ပြချက်၏ ဤအခန်းတွင် ယင်းအစုအဖွဲ့များမှ ရင်ဆိုင်ကြုံတွေ့ရသည့် အဓိကကျသော ကိစ္စရပ်များကို အနီးကပ်လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။

ကျား-မ ကွဲပြားမှုနှင့် အမုန်းစကားများ

၂၆။ မြန်မာနိုင်ငံသည် ဆွီဒင်နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သော “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုအားလုံးမှ အပြည့်အဝကာကွယ်ပေးရေးကို အာမခံပြီး ကျူးလွန်သူအားလုံး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေခြင်းကို ကိုင်တွယ်ဖြေရှင်း‌ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်” ဆိုသည့်အချက်ကို ထောက်ခံခဲ့သည်။[54] ထို့အပြင် ဆိုက်ပရပ်နိုင်ငံ၏ အကြံပြုတိုက်တွန်းချက် ဖြစ်သော “အသက်ရှင်သန် ရပ်တည်ရေး၏ အစိတ်အပိုင်းအားလုံးတွင် ကျား-မ တန်းတူရေးကို အားပေးမြှင့်တင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တိုက်ဖျက်သွားရန်” ဆိုသည့်အချက်ကိုလည်း မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။[55]

၂၇။ သို့သော် မြန်မာနိုင်ငံရှိ အမျိုးသမီးအများအပြား အထူးသဖြင့် အမျိုးသမီး HRD များ၊ နိုင်ငံရေးသမားများ၊ ခေါင်းဆောင်များ၊ သတင်းထောက်များ၊ အနုပညာဖန်တီးသူများနှင့် တက်ကြွလှုပ်ရှားသူများသည် အမုန်းစကားများ၏ ပစ်မှတ်များ ဆက်ဖြစ်နေကြသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အတွေ့အကြုံများသည် အဆင့်ရာထူးတူသူ အမျိုးသားများ၏ အတွေ့အကြုံများနှင့် ကြီးမားသောကွာခြားမှုများ ရှိနေသည်။ အမျိုးသမီးများ ကြုံတွေ့ရသည့် စော်ကား‌နှောက်ယှက်မှုများထဲတွင်  ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အွန်လိုင်းမှ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ ထိတ်လန့်ဖွယ်ကောင်းသောပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုပါဝင်သည့် စကားလုံးအသုံးအနှုန်း၊ သရော်လှောင်ပြောင်ထားသည့် ရုပ်ပုံများနှင့် ပုံပြောင်းထားသည့် လိင်ပိုင်းဆိုင်ရာပုံများတင်မှု စသည့် နှောင့်ယှက်မှု နည်းလမ်းများစွာကို ကြုံတွေ့ကြရသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီး HRD များသည် ဘာသာမတူ သို့မဟုတ် လူမျိုးမတူသော နောက်‌ကြောင်းရှိသူ အမျိုးသားတစ်ဦးနှင့် ပတ်သက်ဆက်စပ်မိပါက လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုရှိနေသည်ဟု ယိုးစွပ်ခြင်းနှင့် လွဲမှားစွာ မှတ်ချက်ချခြင်းများ အပါအဝင် ထိကပါး ရိကပါး‌‌ပြောဆိုခြင်းကို ခံကြရသည်။[56] သတင်းထောက် အက်စ်သာထုဆန်က ရိုဟင်ဂျာအကျပ်အတည်းနှင့် ‌ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဝေဖန်ရေးသားထားသည့်သတင်းကို ဖော်ပြခဲ့ခြင်း‌ကြောင့်  အွန်လိုင်းတွင် အမုန်းစကား၏ အဓိကပစ်မှတ်ထားခံရသူ ဖြစ်လာခဲ့သည်။ ဖေ့စ်ဘုတ်တွင် နောက်လိုက်သူ (Followers) သုံးသိန်း (၃၀၀,၀၀၀) ရှိသည့် အမျိုးသားရေး အစွန်းရောက်ဝါဒီတစ်ဦးက အက်စ်သာထုဆန်ကို “ခွေးမ” ဟုခေါ်ကာ သတ်ပစ်ရန်အထိပင် လှုံ့ဆော်မှုများ ရှိခဲ့ပြီး သူမအား နောက်ယောင်ခံလိုက်ခြင်း၊ လူကိုယ်တိုင် ခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်ဟုလည်း သူမက ပြောသည်။[57] သူမ၏ လုံခြုံရေး အတွက် စိုးရိမ်ရသဖြင့် နောက်ဆုံးတွင် မြန်မာနိုင်ငံထဲမှ လုံခြုံရာသို့ ထွက်သွားခဲ့သည်။ [58]

၂၈။ မြန်မာနိုင်ငံသည် CEDAW ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ယင်းစာချုပ်တွင် အမျိုးသမီးအားလုံး ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အ‌ရေး ရရှိရန်၊ လူ့အခွင့်အရေးများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ရရှိခံစားနိုင်ရန်၊ နိုင်ငံတော်၏ ဥပဒေပြဋ္ဌာန်းချက်များဖြင့် အမျိုးသမီး အခွင့်အရေးများအား အားပေးမြှင့်တင်ပေးခြင်းနှင့် ကျား-မကွဲပြားမှုအပေါ် ပုံသေကားကျ သတ်မှတ်ထားမှုများ ရပ်တန့်စေရေး လုပ်ဆောင်ရန်၊ တန်းတူညီမျှမှု မရှိသော ဓလေ့ထုံးတမ်းနှင့် လက်တွေ့ကျင့်သုံးမှုများ ပပျောက်စေရန် စသည်တို့ကို အာမခံပေးထားသည်။ မြန်မာနိုင်ငံအနေဖြင့် CEDAW ပါအချက်များ လိုက်နာဆောင်ရွက်မှု ကြိုးပမ်းချက်များမှာ ရှေ့သို့မတိုးဘဲ တန့်နေပါသည်။ ဥပမာအားဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (National Strategic Plan for the Advancement of Women – NSPAW) တွင် ကျား-မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ စကားလုံးအသုံးအနှုန်းများ ကြီးကျယ်ခမ်းနားစွာ ပါဝင်နေသော်လည်း မြန်မာစစ်တပ်မှ တိုင်းရင်းသူ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် လှုပ်ရှားမှုများ ဆက်လက်ရှိနေမှုကို အရေးယူကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်နေသည်။ ထို့အပြင် လွှတ်တော်တွင် ဆွေးနွေးရန်အတွက် တင်သွင်းနိုင်ရေးကို စောင့်ဆိုင်းနေသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်း (Prevention and Protection of Violence Against Women Bill) မှာလည်း ပွင့်လင်းမြင်သာမှု အလွန်အမင်း ချို့တဲ့နေပြီး နိုင်ငံတစ်ဝှမ်းမှ အမျိုးသမီးများ အထူးသဖြင့် ပဋိပက္ခဒဏ်ခံနေရသော ဒေသများမှ အမျိုးသမီးများနှင့် တိုင်ပင်ညှိနှိုင်းမှု မရှိခဲ့ပေ။ ယင်းက ဖော်ပြနေသည်မှာ မြန်မာအစိုးရအနေဖြင့် ကျား-မ ကွဲပြားမှုအပေါ်အခြေခံသည့် ခွဲခြားဖိနှိပ်မှုများ ပပျောက်သွားစေရန်နှင့် ထိုခွဲခြားဖိနှိပ်မှုကို ပြန်လည်ကုစားပေးနိုင်မည့် ဥပဒေနှင့် မူဝါဒတို့ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ပိုမိုတိုးမြှင့်လုပ်ဆောင်ရမည် ဖြစ်သည်။

 

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ (HRD) များ

၂၉။ HRD များသည် အမုန်းစကားများကို အဓိကဆန့်ကျင်သူများထဲတွင် ပါဝင်နေပြီး ၎င်းတို့ အများအပြားမှာ လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများ‌ကြောင့် အကြမ်းဖက်သည့်ခြိမ်းခြောက်မှုများ ခံရခြင်း၊ တရားရေးနှင့် ဥပဒေပိုင်းဆိုင်ရာ နှောင့်ယှက်မှုအန္တရာယ်များ ရှိနေခြင်း၊ လက်တုံ့ပြန်အရေးယူခံရခြင်းနှင့် တရားစွဲဆိုခံရခြင်း စသည့်ရလဒ်များကို ကြုံတွေ့ကြရသည်။ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်တိုင်က အမုန်းစကားများ၏ ဦးတည်ပစ်မှတ်ထား ခံရခြင်းများ ဖြစ်နေနိုင်သည်။ အမုန်းစကားများကြောင့် လက်ရှိလူမှုရေးအခင်းအကျင်းတွင် သဘောထား ကွဲလွဲမှု ပိုမို တိုးပွားလာနေပြီး ယုံကြည်မှုနှင့် လူမှုအသိုင်းအဝိုင်းဆိုသည့် စိတ်ဓာတ်မှာလည်း သိသာစွာ ပျောက်ဆုံးနေကြောင်း CSO များက သတိထားမိကြသည်။[59] HRD တစ်ဦးက “တချို့လူတွေဆိုရင် ဒီလို ခွဲခြားဆက်ဆံမှုတွေနဲ့ မွတ်စလင်မ်တွေကို ကုလား လို့ ခေါ်ဝေါ်တာတွေ‌ကြောင့် ခံစားရတယ်။ သူတို့တွေက လူ့အဖွဲ့အစည်းတွေနဲ့ ကွာသွားကြတယ်၊ အဖယ်ခံလိုက်ရသလို ဖြစ်သွားတယ်။ ဒါက ကွဲပြားစုံလင်တဲ့ လူထုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ဖို့ လုပ်နေတဲ့ ကျနော်တို့အတွက်တော့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ” ဟု မှတ်ချက်ပေးခဲ့သည်။[60] နောက်ထပ် HRD တစ်ဦးကလည်း မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်အပေါ် ကန့်ကွက်သည့် ဆန္ဒပြပွဲတစ်ခုကို လူငယ်များက စီစဉ်ခဲ့ရာ မဘသ ကဲ့သို့သော အမျိုးသားရေးအစွန်းရောက်အဖွဲ့များက ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာများကို အသုံးပြုပြီး ဆန္ဒပြသူများအား ရန်စခဲ့ခြင်းနှင့် ‘ကုလား’ ဟူသည့် နိမ့်ချစော်ကားသော စကားလုံးများ သုံးကာ ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာ အားပေးထောက်ခံသူများကို ဆန္ဒပြရာ နေရာသို့သွားရောက်ပြီး ဆန္ဒပြသူများကို သတ်ပစ်ကြရန်ပင် လှုံ့ဆော်ခဲ့ကြောင်း ပြောပြသည်။[61] ဤကဲ့သို့သော ပြောဆိုသုံးနှုန်းမှုများသည် HRD များအပေါ်တွင်သာမကဘဲ ၎င်းတို့၏ အခြေခံ မူလလွတ်လပ်ခွင့်များကို ကျင့်သုံးနေသည့် CSO များ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များအပေါ်ပါ တိုက်ရိုက် သက်ရောက်မှု ရှိသေည်။ HRD များ၊ သတင်းထောက်များ နှင့် တက်ကြွလှုပ်ရှားသူများသည် အွန်လိုင်းပေါ်တွင် အမုန်းစကားမှတ်ချက်များ ပေးခံရရုံတင်မကဘဲ မြန်မာအစိုးရနှင့် စစ်တပ်တို့၏ အနီးကပ်စောင့်ကြည့်ခြင်းနှင့် ၎င်းတို့ အလုပ်များအပေါ် ဥပဒေအရ လက်တုံ့ပြန်အရေးယူခြင်းများ ခံနေကြရသည်။ ဥပမာအားဖြင့် ရိုက်တာ သတင်းထောက်များဖြစ်သော ဝလုံးနှင့် ကျော်စိုးဦးတို့သည် ရိုဟင်ဂျာအရပ်သား (၁၀) ဦး အသတ်ခံရမှုကို စုံစမ်းဖော်ထုတ် ခဲ့သဖြင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ အောက်တွင် “နိုင်ငံတော်လျှို့ဝှက်ချက်များ” ဖော်ထုတ်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။[62] ၎င်းတို့၏ သတင်းတင်ပြချက်သည် ရက်စက်ကြမ်းကြုတ်လှသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖွင့်ထုတ်ခဲ့ခြင်းဖြစ်သည့်အတွက် ယင်းတရားစွဲဆိုမှုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်တို့အပေါ် အဆိုးဝါးဆုံးသော ချိုးဖောက်မှုတစ်ခု ဖြစ်နေသည်ကို ဖော်ပြနေပါသည်။

၃၀။ ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲကတည်းကစ၍ ယင်းကဲ့သို့သော လက်တုံ့ပြန်အရေးယူမှုများနှင့်အတူ HRD များအား အွန်လိုင်းပေါ်တွင် အမုန်းစကားများဖြင့် တိုက်ခိုက်ခြင်းတို့က ဒီမိုကရေစီအခြေခံသော လူမှုအဝန်းအဝိုင်းကို ပိုမိုကျဉ်းမြောင်းလာစေသည့်အပြင် လူ့အခွင့်အရေးအခြေခံမူများကို လက်ကိုင်ထားသည့် HRD များ နှင့် တက်ကြွလှုပ်ရှားသူ များအတွက်သော်လည်းကောင်း၊ ပြည်တွင်းရှိ လှုပ်ရှားနေကြသည့် လွတ်လပ်သော သတင်းထောက်များအတွက်သော် လည်းကောင်း ပို၍ပင် ခက်ခဲလာစေပါသည်။ မြန်မာနိုင်ငံသည် ချီလီနိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သော “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ကာကွယ်စောင့်ရှောက်ရေး အာမခံရန်” ဆိုသည့်အချက်ကို ထောက်ခံခဲ့သည်။[63] သို့သော်လည်း ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲမှစ၍ အရပ်ဘက်လူထုလှုပ်ရှားမှုများ၊ ဆန္ဒပြမှုများနှင့် လွတ်လပ်စွာထုတ်ဖော်‌ပြောဆိုမှုတို့အပေါ် ဆိုးဝါးသည့် ကန့်သတ်ချုပ်ချယ်မှုများကို အတိအလင်း ချမှတ်ခဲ့သဖြင့် HRD များ၏ အခွင့်အရေးများနှင့် လုပ်သင့်လုပ်ထိုက်သော လုပ်‌ငန်းများကို  ခြိမ်းခြောက်နေပါသည်။

လူမျိုး၊ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများကို ပစ်မှတ်ထားသော အမုန်းစကားများ

၃၁။ မြန်မာနိုင်ငံတွင် လူမျိုး၊ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများကို ပစ်မှတ်ထားသော အမုန်းစကားများသည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု ဖြစ်မြောက်ရေးတွင် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။ တချို့ပြည်သူများအပေါ် လူမျိုး၊ တိုင်းရင်းသားနှင့် ဘာသာရေး အခြေခံသော ခွဲခြားဆက်ဆံမှုများသည် မြန်မာ့ လူမှုအဝန်းအဝိုင်း၏ ကအားလုံးတွင် အခိုင်အမာ အမြစ်တွယ်နေပြီး ယင်းမှာ ဆယ်စုနှစ်များစွာချီ၍ စွဲမြဲလာခဲ့သော ဥပေက္ခာြပုခြင်းနှင့် လူမျိုးရေးခွဲခြားမှု ပျံ့နှံ့နေခြင်းအပေါ် ထပ်ဆင့်တည်ဆောက်ထားခြင်းတို့ ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရလျှင် လူအချင်းချင်း ပထမဆုံးအကြိမ် တွေ့ဆုံသည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာ ဖလှယ်ကြခြင်းမှာ ထုံးစံဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင်လည်း လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ ဖော်ပြရန် သတ်မှတ်ထားသည်။[64] တွေ့ဆုံမေးမြန်းခဲ့သော ဗမာ မွတ်စလင်မ်တစ်ဦးမှ ၎င်းတို့အနေဖြင့် မှတ်ပုံတင်ကတ်ပြား အသစ်လဲချိန်တွင် အကယ်၍ လူတစ်ဦးတစ်‌ယောက်သည် ကိုးကွယ်သည့်ဘာသာကို အစ္စလာမ်ဘာသာဟု ဖော်ပြထားပါက လူမျိုးနေရာတွင် ဗမာ တစ်ခုတည်းကိုသာ လူမျိုးအဖြစ် ထည့်သွင်းဖော်ြပ၍မရကြောင်း ပြောပြသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာရှိက ၎င်းတို့အား “သွေးနှော” အဖြစ် ထည့်သွင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ကတ်ပြားတွင် ဗမာလူမျိုးဆိုသည့်အပြင် ၎င်းတို့နှင့် မည်သို့မျှ ဆက်နွယ်မှု မရှိနေသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် ပါကစ္စတန် လူမျိုး စသဖြင့် ဖြည့်စွက်ထည့်သွင်းရသည်ဟု ပြောသည်။[65]

၃၂။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပြည်သူများအား ၎င်းတို့၏ ဘာသာရေးနှင့် တိုင်းရင်းသားကိုယ်ပိုင်လက္ခဏာအပေါ် ခွဲခြားခြင်းသည် လူထုအသိုင်းအဝိုင်းအကြား ခွဲခြားဆက်ဆံဖယ်ထုတ်ခြင်းနှင့် ‘အခြားသူများ’ ဆိုသည့် အယူအဆတို့ကို ဖြစ်ပေါ်လာစေပါသည်။ မွတ်စလင်မ်လူနည်းစုများ အထူးသဖြင့် ရိုဟင်ဂျာများသည် ၎င်းတို့ကို တိုင်းရင်းသား (မူလနေထိုင်သူများ) အဖြစ် မသတ်မှတ်သော တပ်မတော် နှင့် အမျိုးသားရေးအစွန်းရောက်ဝါဒီများမှ လုပ်ဆောင်နေသည့် ခွဲခြားဖယ်ထုတ်ရေး၏ ပစ်မှတ်များ ဖြစ်လာသည်။ တိုင်းရင်းသားဟူသည့် အသုံးအနှုန်းသည် တပ်မတော်နှင့် အမျိုးသားရေး အစွန်းရောက်ဝါဒီများမှ “ဌာနေတိုင်းရင်းသား” အဖြစ် သတ်မှတ်ထားသော တိုင်းရင်းသားအစုအဖွဲ့များကို ရည်ညွန်းခြင်း ဖြစ်သည်။[66] မြန်မာစစ်တပ်၊ အမျိုးသားရေးအစွန်းရောက်ဝါဒီများနှင့် နိုင်ငံရေးခေါင်းဆောင်များသည် ရိုဟင်ဂျာများကို ၎င်းတို့၏ လူမျိုးအမည်ကို ခေါ်ဝေါ်သုံးစွဲရမည့်အစား နာမ်နှိမ်သည့်အမည်များဖြစ်သော “ဘင်္ဂါလီ” နှင့် “ကုလား” ဟု သုံးနှုန်းခေါ်ဝေါ်ကြပြီး တစ်နည်းအားဖြင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်မှုမရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကျူးကျော်ဝင်ရောက် လာသော နိုင်ငံခြားသားများဟု ဆိုလိုခြင်းဖြစ်သည်။ ရိုဟင်ဂျာများသည် ၁၈ ရာစုနှောင်းပိုင်းကတည်းက ရခိုင်ပြည်နယ်တွင် ရှိနေခဲ့သော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ၎င်းတို့၏ လူမျိုးအုပ်စုလိုက် ဝိသေသလက္ခဏာနှင့် နိုင်ငံသား အခွင့်အရေးများမှာ ငြင်းပယ်ခြင်း ခံနေရပြီး ယင်းလုပ်ဆောင်ချက်သည် နိုင်ငံတကာဥပဒေများ၊ စံနှုန်းများနှင့် ကွဲလွဲဆန့်ကျင်နေသည်။[67] ပထမအကြိမ်နှင့် ဒုတိယအကြိမ် UPR  သုံးသပ်ဆွေးနွေးပွဲများတွင် UN အဖွဲ့ဝင်နိုင်ငံ အများအပြားမှ မြန်မာနိုင်ငံအား ဥပဒေပြုပြင်ပြောင်းလဲမှုများလုပ်ရန် အကြံပြုတိုက်တွန်းခဲ့ကြသည့်အထဲတွင် အိုက်စ်လန်နိုင်ငံလည်း ပါဝင်ခဲ့ပြီး ၎င်းက မြန်မာနိုင်ငံကို “ရိုဟင်ဂျာများ၊ အခြားဘာသာရေးလူနည်းစုများနှင့် တိုင်းရင်းသားများအားလုံး နိုင်ငံသားအခွင့်အရေး အပြည့်အဝခံစားခွင့်ပေးရန်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရန်” အကြံပြုတိုက်တွန်းခဲ့သည်။[68]

၃၃။ ရိုဟင်ဂျာလူများ၏ အကျပ်အတည်းဟု ဆိုရာတွင် ရခိုင်ပြည်နယ်၌ နေထိုင်သော ရိုဟင်ဂျာများကို ပစ်မှတ်ထားသော အစီအစဉ်တကျ လုပ်ဆောင်ခဲ့သည့် “နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး” ကြောင့် ရိုဟင်ဂျာဒုက္ခသည် တစ်သန်း (၁,၀၀၀,၀၀၀) နီးပါးခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်စေခဲ့သည်။ သို့ရာတွင် ယင်း “နယ်မြေ ရှင်းလင်းရေးစစ်ဆင်ရေး” မှာ အသစ်အဆန်း မဟုတ်တော့ပေ။ ယခင်က အခြားတိုင်းရင်းသားဒေသများတွင်လည်း တိုင်းရင်းသားအရပ်သားများအပေါ် တပ်မတော် မှ ဆယ်စုနှစ်ပေါင်းများစွာဆင်နွှဲခဲ့သော စစ်ဆင်ရေးများနှင့် အသွင်သဏ္ဍာန်ချင်း အတူတူပင်ဖြစ်သည်။ ယင်းစစ်ဆင်ရေးများအတွင်း တိုင်းရင်းသားအရပ်သားများကို အရမ်းကာရော စိတ်ထင်သလို ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် အသုံးချနေခြင်း၊ လူမျိုးရေးကို ခွဲခြားဆက်ဆံခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ မြေယာသိမ်းဆည်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ကျူးလွန်ခဲ့ပြီး ထိုကျူးလွန်ချိုးဖောက်မှုများအတွက် အပြစ်ပေး အရေးယူမှုလုပ်ဆောင်ခြင်း လုံးဝကင်းမဲ့နေသည်။[69] ယင်းနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများနှင့် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ စတင်ခဲ့သော အကြမ်းဖက်မှုများ မတိုင်မီတွင် နိုင်ငံရေးပါတီများ၊ ၉၆၉ အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုများ အပါအဝင် အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့များမှ ရိုဟင်ဂျာလူမျိုးများအပေါ် စော်ကားသိက္ခာချသည့် အမုန်းစကားမိန့်ခွန်းများကို ပြောဆိုခဲ့ကြကြောင်း IIFFMM မှ ဖော်ပြခဲ့သည်။[70] ထို့အပြင် IIFFMM က မွတ်စလင်များ အထူးသဖြင့် ရိုဟင်ဂျာများအကြောင်းကို အမုန်းစကားများ ပုံမှန်ဖြန့်ဝေနေကြသည့် လူမှုကွန်ရက်အကောင့်၊ စာမျက်နှာနှင့် အုပ်စုအမည်ပေါင်း ၁၅၀ ကိုလည်း တွေ့ရှိဖော်ပြခဲ့သည်။[71] ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း အွန်လိုင်းပေါ်မှ ရေးသားချက်များတွင် ရိုင်းပျစော်ကားသော မှတ်ချက်များနှင့် အကြမ်းဖက်ရန်လိုသော ရေးသားချက်များကို “… နိုင်ငံတကာဥပဒေအရ တားမြစ်ရန်နှင့် ပြစ်ဒဏ်ပေးအရေးယူရန် လိုအပ်သည့် အမုန်းစကားပုံစံများဖြစ်သည်” ဟု IIFFMM က မှတ်ချက်ချပြောဆိုသည်။[72]

၃၄။ အမုန်းတရားသည် အချိန်နှင့်အမျှ တဖြည်းဖြည်းကြီးထွားလာခဲ့သည်ဟု CSO တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးမှ မှတ်ချက်ချပြောဆိုခဲ့သည်။ “ကျနော် မမွေးခင်အချိန်ကဆို ဒီလိုမဟုတ်ဘူးဗျ။ ကျနော့် အဖိုးပြောခဲ့တာကို မှတ်မိသလောက်တော့ သူတို့တွေရဲ့ကိုယ်ကျိုးစီးပွားအတွက် ဘာသာရေးတွေကြားမှာ အမုန်းတရားကို စနစ်တကျ ဖန်တီးနေကြတာဖြစ်တယ်” ဟု ၎င်းကပြောသည်။[73] ဤကိစ္စတွင် ရိုဟင်ဂျာနှင့် မွတ်စလင်များကိုသာ ရည်ရွယ်ကန့်သတ်ထားခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် နေထိုင်သော တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများလည်း အလားတူ တွေ့ကြုံခံစားကြရသည်။ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် မြန်မာစစ်တပ်မှ လုပ်ဆောင်နေသည့် လူမျိုးဗဟိုပြုစနစ်အား ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘောထားသည့်အတွက် တပ်မတော် မှ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများကို နှုတ်ဖြင့်ပစ်မှတ်ထားကာ စွပ်စွဲတိုက်ခိုက်ခြင်းဖြစ်သည်။[74] ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တပ်မတော် မှ တိုက်ခိုက်ထိုးစစ်ဆင်ခဲ့ခြင်းများကို ကြည့်ခြင်းအားဖြင့် ခရစ်ယာန်များနှင့် ဗမာမဟုတ်သော အခြားတိုင်းရင်းသား အစုများကို ၎င်းတို့အတွက် ‘အလားအလာရှိသောအန္တရာယ်’ တစ်ခုအဖြစ် သတ်မှတ်ယူဆခြင်းကြောင့် ပို၍ပစ်မှတ်ထားခံရခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပေးသည်။[75]

၃၅။ မြန်မာနိုင်ငံကထောက်ခံခဲ့သော အိုက်စ်လန်နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်အရ “တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဖိနှိပ်ဆက်ဆံမှုဆိုင်ရာ အမှုအခင်းအားလုံးအား လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အာမခံပေးရေး” ကို ဖော်ဆောင်နိုင်ရန် အဓိပ္ပါယ်ရှိသည့် နိုင်ငံရေး ခြေလှမ်းများ လှမ်းရန် လိုအပ်ပါသည်။[76] ထိုမျှမက လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၅/၂၆၊ ၃၁/၂၄၊ ၃၄/၂၂၊ ၃၉/၂၊ ၄၀/၂၉ နှင့် ၄၂/၃ တို့ကလည်း မြန်မာအစိုးရအား ရိုဟင်ဂျာများနှင့် မွတ်စလင်မ်များအပေါ် ဦးတည်သည့် အမုန်းစကားများကို ပိုမို အရေးယူကိုင်တွယ်ရန် တောင်းဆိုထားသည်။[77]

ပညာရေး

၃၆။ ICESCR ပုဒ်မ ၂ နှင့်တွဲဖက်၍ ပုဒ်မ ၁၃ တွင် လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံရေးအမြင် သို့မဟုတ် အခြားအမြင်များအပေါ် အခြေခံ၍ ခွဲခြားဖိနှိပ်မှုမပြုဘဲ အားလုံးတွင် ပညာသင်ကြားခွင့် ရှိရမည်ဟု ပါဝင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံက နိုင်ဂျီးရီးယားနိုင်ငံ၏ အကြံပြု တိုက်တွန်းချက်ဖြစ်သော “ပညာရေးနှင့် ကျန်းမာရေးနယ်ပယ်များ၌ ခွဲခြားဖိနှိပ်မှု မရှိစေဘဲ နိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို အပြည့်အဝခံစားနိုင်ခြင်းအား ဆက်လက်အားပေးမြှင့်တင်ပေးရန် နှင့် ကာကွယ်စောင့်ရှောက်ပေးရန်” ဆိုသည့်အချက်ကို ထောက်ခံခဲ့သည်။[78]

၃၇။ သို့ရာတွင် ပညာရေးစနစ်အတွင်း ကျင့်သုံးနေသည့် စနစ်တကျ ခွဲခြားဖိနှိပ်ဆက်ဆံမှုများမှာ အမုန်းစကားများ ဖြစ်ပေါ်စေရန် ဆက်လက်အားပေးနေသကဲ့သို့ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် ရှိနှင့်ပြီးသား ခွဲခြားဆက်ဆံခြင်းနှင့် ပုံသေကားကျဆက်ဆံခြင်းများကို ပို၍ပင်ခိုင်မာသွားစေပါသည်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက အမုန်းစကားများသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အတွင်း၌ “အခိုင်အခံ့နေရာယူထားသည်” ဟု ဖော်ပြထားသည်။[79] ကျောင်းသုံးဖတ်စာအုပ်များနှင့် အခြားသော ပညာရေးသုံး ပစ္စည်းများတွင် တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအား ခွဲခြားခြင်းနှင့် ပုံသေကားကျသတ်မှတ်ခြင်းများကို ပို၍ခိုင်မာလာစေရန် ထပ်ခါတလဲလဲ ဖော်ပြနေသည်။ အခြားတစ်ဘက်၌ ကျောင်းသင်ရိုးညွှန်းတမ်းများမှာ တစ်ခုတည်းသော ဗုဒ္ဓဘာသာ ဗမာလူမျိုးအတွေ့အကြုံများနှင့် သမိုင်းများကိသာ အလေးပေးထည့်သွင်းထားသည်။ ကလေးများကို ထပ်ခါတလဲလဲ ရွတ်ဖတ်ခိုင်းသည့် ဆောင်ပုဒ်တစ်ခုမှာ “ဗမာပြည်သည် – တို့ပြည်၊ ဗမာစာသည် – တို့စာ၊ ဗမာစကားသည် -တို့စကား၊ တို့ပြည်ကို – ချစ်ပါ၊ တို့စာကို – ချီးမြှင့်ပါ၊ တို့စကားကို – ‌လေးစားပါ” ဟူ၍ဖြစ်သည်။[80] သို့ရာတွင် ယင်းဆောင်ပုဒ်မှာ တိုင်းရင်းသား၊ ယဉ်ကျေးမှုနှင့် ဘာသာရေး ကွဲပြားစုံလင်မှု ကြွယ်ဝလှသော မြန်မာနိုင်ငံ၏ ဖြစ်တည်မှုကို မထင်ဟပ်ပေ။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ

၃၈။ လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံရေးလောကအတွင်း တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများနှင့် ထိတွေ့ဆက်ဆံနိုင်ရန် စိန်ခေါ်ချက်များရော အခွင့်အလမ်းများပါ ပေးနေသကဲ့သို့ စနစ်တကျ ခွဲခြားဖိနှိပ်ခြင်းနှင့် အမုန်းစကားများကို ကိုင်တွယ်နိုင်ရန် အခွင့်အခါတစ်ခုလည်း ဖြစ်ပေသည်။ ညွှန်ပြစရာတစ်ခုအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ အမျိုးသားရေးအစွန်းရောက်ဝါဒီများမှ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် မဲဆန္ဒအနိုင်ကျင့်ခြင်း ထပ်မံဖြစ်ပွားနိုင်ခြေလည်း ရှိနေသည်။[81] ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒပေးခွင့် ရုပ်သိမ်းမှု ဖြစ်စဉ်များဖြစ်ခဲ့ပြီး ကရင်ပြည်နယ်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆန္ဒပေးခြင်းကို ဖျက်သိမ်းရန် ရုတ်တရက် ဆုံးဖြတ်ခဲ့ပြီးနောက် တပ်မတော် ၏ မျက်မှောက်တွင် ယင်းမဲဆန္ဒပေးခြင်းကို ပြန်လည် ပြုလုပ်စေခဲ့သည်။[82] ထို့အပြင် NLD အစိုးရက သိန်းနှင့်ချီသော မွတ်စလင်မ်မဲဆန္ဒရှင်များကို မဲစာရင်းမှဖယ်ထုတ်ခဲ့ခြင်း၊ မွတ်စလင်မ် ကိုယ်စားလှယ်လောင်းများကို ဝင်မပြိုင်ရန် တောင်းဆိုခြင်းများ သို့မဟုတ် ခွဲခြားဖိနှိပ်သည့် မြန်မာနိုင်ငံသားဥပဒေကို အကြောင်းပြ၍ ဝင်ပြိုင်ရန် အရည်အချင်းမပြည့်မီဟု သတ်မှတ်ခြင်းများ ရှိခဲ့သည်။[83] မြန်မာနိုင်ငံသားဥပဒေကြောင့် ရိုဟင်ဂျာများမှာ မဲပေးခွင့် မရခဲ့ကြသည့်အပြင် စစ်ပွဲများကြောင့် IDP များမှာ မဲရုံသို့ သွားရောက်မဲပေးနိုင်ခြင်း မရှိခဲ့ပေ။[84] ယင်းသို့ဖြစ်ခဲ့ရခြင်းမှာ အမုန်းစကားများနှင့် ခွဲခြားဖိနှိပ်မှုများ ဖြစ်ပွားခြင်းသည် သမရိုးကျသာ ဖြစ်သည်ဟု သဘောထားခြင်း မဘသ နှင့် ၉၆၉ လှုပ်ရှားမှုများ၏ အမျိုးသားရေး ကြွေးကြော်သံများကို လက်ခံအတည်ပြုထားခြင်းတို့ကြောင့် ဖြစ်သည်။

၃၉။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ၌ ဖေ့စ်ဘုတ်မှ တာဝန်ပေးထားသည့် လွတ်လပ်သော သုံးသပ်မှုတစ်ခုတွင် “၂၀၂၀ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲများသည် နိုင်ငံရေးလုပ်ငန်းစဉ်ကို ဖျက်လိုဖျက်ဆီးရည်ရွယ်ချက်ဖြင့် စီမံဖန်တီးထားသော အမုန်းစကားများ၊ အနှောင့်အယှက်များ၊ အတုအယောင်သတင်းများ၊ အကြမ်းဖက်ရေး လှုံ့ဆော်မှုများအပြင် အခြားလုပ်ဆောင်မှုများကိုလည်း လုပ်လာနိုင်သည့်အလားအလာ ရှိနေသည်” ဟု သတိပေးခဲ့သည်။[85] သို့ဖြစ်၍ အမုန်းစကားများ ထိန်းချုပ်ရန်နှင့် နိုင်ငံရေးယုံကြည်ချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရေး ဆောင်ရွက်ပေးရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် ကိုးရီးယားနိုင်ငံ၏ အကြံပြုတိုက်တွန်းချက်တစ်ခု ဖြစ်သော “ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အစွမ်းကုန်အားထုတ်လုပ်ဆောင်ပေးရန်” ဟူသည့်အချက်ကို ထောက်ခံခဲ့သည်။[86] သို့သော်လည်း ရိုဟင်ဂျာလူမျိုးများ၊ အခြားတိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများ၊ ဒုက္ခသည်များနှင့် IDP များမှ ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်နိုင်ခြင်းမရှိပါက လူမျိုးထွေပြားစုံလင်သော မြန်မာနိုင်ငံကို မည်သို့မျှ ထင်ဟပ်မှု ရှိမည့် မဟုတ်သည့်အတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟုလည်း ဆိုနိုင်မည်မဟုတ်ပေ။

နိဂုံး

၄၀။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် UPR သုံးသပ်ဆွေးနွေးပွဲများတွင် သဘောတူထောက်ခံခဲ့သော အကြံပြု တိုက်တွန်းချက်များကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံမှ သိသာထင်ရှားသည့် အဆင့်များကို လုပ်ဆောင်ရပါမည်။ အမုန်းစကားများ၏ ချည်နှောင်မှုမှ လွတ်ကင်းသော အနာဂတ်အတွက် စိန်ခေါ်ချက်များမှာ မြန်မာအစိုးရ၊ မြန်မာစစ်တပ်နှင့် ကြီးမားသောလူ့ဘောင်အတွင်းမှ အမြစ်တွယ်နေသော ပြဿနာရပ်များကို ကိုင်တွယ်ရန်ဖြစ်သည်။ ယင်းကဲ့သို့ ရည်မှန်းချက်ပန်းတိုင်မျိုးကို ရောက်ရှိရန်အတွက် လူတစ်ဦးချင်း၏ လူမျိုး၊ ဘာသာ၊ ကျား-မ ကွဲပြားမှုနှင့် မည်သည့်တိုင်းရင်းသားဖြစ်ခြင်းအပေါ် အခြေခံသည့် ခွဲခြားဖိနှိပ်မှု ပုံစံအားလုံးကို ပြတ်ပြတ်သားသားဖြင့် ငြင်းပယ်နိုင်ခြင်းက အဓိကအရေးအကြီးဆုံးအချက်ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ရာ၌ နိုင်ငံမဲ့ဖြစ်သွားခဲ့သည့် ဒုက္ခသည်များ နှင့် IDP များအား နိုင်ငံသားပြန်လည်ရရှိစေရေး လုပ်ဆောင်ပေးရန် ဆိုသည့် အချက်လည်းပါဝင်ရပါမည်။ ထိုမျှသာမက အားလုံးပါဝင်သော နိုင်ငံတော်တစ်ခု တည်ဆောက်ရန်အတွက် လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား မျိုးစုံပါဝင်သည့် ဒီမိုကရေစီအသိုက်အဝန်းတစ်ခုကို စတင်ပျိုးထောင်၍ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူ အပြစ်ပေး ခံရခြင်းများမှ ကင်းလွတ်နေမှုများ အဆုံးသတ်ရေး လုပ်ဆောင်သွားရန် လိုအပ်ပါသည်။

၄၁။ ဤကိစ္စရပ်များအပေါ် အခိုင်အမာဆောင်ရွက်မှု မပြုနိုင်မချင်း  ယခုတင်ပြချက်ပါ ပြဿနာများသည် မြန်မာလူ့ဘောင်၌ ဆက်ရှိနေမည်သာဖြစ်ပြီး အမုန်းစကားများလည်း ဆက်လက်ထကြွနေမည်သာဖြစ်သည်။ HRD များ၊ တက်ကြွလှုပ်ရှား သူများ၊ သတင်းထောက်များ၊ CSO များနှင့် အမုန်းစကားများ၏ သက်ရောက်မှုဒဏ်ကို ခံနေရသော အခြားမည်သူ့ကိုမဆို အွန်လိုင်းအမုန်းစကားများ ရပ်တန့်ရန် ဥပဒေပြဋ္ဌာန်းပေးခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အားလုံးပါဝင်စေခြင်း၊ ခွဲခြားဖိနှိပ်မှုများအားလုံးကို ကိုင်တွယ်ကုစားပေးခြင်း၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန် အကြမ်းဖက်မှုကင်းစင်ရေး လုပ်ဆောင်ခြင်း တို့မှတစ်ဆင့် ပြည်သူများအား ခွန်အားဖြစ်စေခြင်း အစရှိသည်တို့အပါအဝင် နိုင်ငံတော်အစိုးရမှ အားကောင်းသည့် လုပ်ထုံးလုပ်နည်း ယန္တရားများကို အသုံးပြု၍ အားပေးမြှင့်တင်ခြင်းနှင့် ထောက်ပံ့ကူညီပေးခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်သည်။

 

အကြံပြုတိုက်တွန်းချက်များ

မြန်မာအစိုးရသို့

  • အုပ်စုတစ်စုစုအပေါ် အကြမ်းဖက်ရန် ဆော်သြလှုံ့ဆော်သည့် အမုန်းစကားများ၏ ပြစ်မှုကျူးလွန်သူများကို ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိသည့် တရားရေးလမ်းကြောင်းဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် လိုအပ်သော ခြေလှမ်းများအားလုံးဆောင်ရွက်ရန်၊
  • တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ သတင်းထောက်များ၊ နိုင်ငံရေးအကျဉ်းသားများ၊ ရှေ့နေများနှင့် HRD များအပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်းများကို အန္တရာယ်ပေးမည့်ဥပဒေများအစား အကာအကွယ်ပေးမည့် ဥပဒေများဖြင့် အစားထိုးပြဋ္ဌာန်းပေးရန်၊
  • အမုန်းစကားများဆိုင်ရာဥပဒေကြမ်းကို ပြန်လည်ရေးဆွဲရာတွင် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးပြီး ထွက်ပေါ်လာမည့်ဥပဒေသည် ပွင့်လင်းမြင်သာ၍ နိုင်ငံတကာအဆင့်အတန်းများနှင့်လည်း ကိုက်ညီကာ အမုန်းစကားများကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း ပိုမိုကျယ်ပြန့်သည့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေမူဘောင်၏ အစိတ်အပိုင်းအဖြစ် သေချာစေရေး လုပ်ဆောင်ရန်၊
  • ပုဒ်မ ၆၆(ဃ) နှင့် ၆၈(က) တို့ကို ဖယ်ရှားခြင်းဖြင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရန်နှင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄(က)၊ ၂၉၅(က)၊ ၄၉၉-၅၀၀ တို့ကို ဖျက်သိမ်းရန်တို့အပြင် ပုဒ်မ ၅၀၅ ကိုလည်း နိုင်ငံတကာ ဥပဒေနှင့်အညီ ပြုပြင်ပြောင်းလဲရန်၊
  • လက်ရှိ အစိုးရဦးစီးသော လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး အစိုးရမှမဟုတ်သော အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လှုပ်ရှားသူများဖြင့် ပါဝင်ဖွဲ့စည်းသော လွတ်လပ်သည့် စောင့်ကြည့်ရေးအဖွဲ့ တစ်ခု ထူထောင်ကာ အမုန်းစကားများကို တိုက်ဖျက်ရန်နှင့် တစ်ချိန်တည်းတွင် ထိုက်သင့်ဆီလျော်သော အွန်လိုင်း ထုတ်ဖော်ပြောဆိုမှုများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများကို ထိန်းသိမ်းပေးရန်သာမက စောင့်ကြည့်ရေး လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် အများပြည်သူ လက်လှမ်းမှီသည့် အနေအထားကို ခွင့်ပြုထားရန်၊
  • ယုံကြည်ကိုးကွယ်မှုနှင့် နောက်ခံအကြောင်းတရားများအပေါ် အခြေမခံဘဲ ပြည်သူအားလုံးမှ တန်းတူပါဝင် ဆင်နွဲခွင့်နှင့် ပါဝင်အရွေးခံပိုင်ခွင့်ရှိသည့် လွတ်လပ်၍ တရားမျှတသော အားလုံးပါဝင်သည့် ရွေးကောက်ပွဲများ ဖြစ်စေရေး လုပ်ဆောင်ရန်၊
  • ကျား-မ ကွဲပြားမှု၊ လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား နှင့် အခြားအသွင်မတူသည့် လက္ခဏာများအပေါ် အခြေခံသည့် ခွဲခြားဖိနှိပ်မှုများကို တည်မြဲစေသော အမုန်းစကားများ အဆုံးသတ်စေရေးအတွက် စေတနာမှန်ဖြင့် အားထုတ် လုပ်ဆောင်ရန်၊
  • မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်များနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism on Myanmar – IIMM) တို့အပါအဝင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးနှင့် စုံစမ်းစစ်ဆေးရေး ယန္တရားများနှင့် ၎င်း၏ အထူးလုပ်ထုံးလုပ်နည်းများတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်အပြင် နိုင်ငံအတွင်းသို့ အဟန့်အတားမရှိ ချက်ခြင်း ဝင်ထွက်ခွင့်ပြုရန်၊
  • တရားဝင် ပညာရေးစနစ်နှင့် တရားဝင် မဟုတ်သောပညာရေးစနစ် နှစ်မျိုးစလုံးကို ပြန်လည်သုံးသပ်၍ ခွဲခြားဖိနှိပ်မှု မရှိစေရေး အခြေခံမူကို ထင်ဟပ်စေပြီး မတူကွဲပြားမှုကို လေးစားလိုက်နာသည့် ပညာရေးစနစ်အဖြစ်သို့ ပြုပြင်ပြောင်းလဲရန် နှင့် ပညာရေးသင်ရိုးညွှန်းတမ်းများကိုလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား၊ လူမျိုး၊ ဘာသာ စုံလင်မှုကို ထင်ဟပ်ဖော်ကျူးသော သင်ရိုးညွှန်းတမ်းအဖြစ် ပြုပြင်ပြောင်းလဲရန်၊ နှင့်
  • နိုင်ငံရေးပါတီများ၏ မူဝါဒများတွင် ထွေပြားစုံလင်မှု ပါဝင်စေရေးနှင့် ခွဲခြားဖိနှိပ်မှု မရှိစေရေး ထည့်သွင်းထားရန် နှင့် လူမျိုး၊ ဘာသာအပေါ် အခြေခံ၍ ခွဲခြားဖိနှိပ်သော မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ရန်။

[1] International Kachin Community, ‘International Kachin Community Supports Fact-Finding Mission’s Call to Refer Burma to the ICC,’ 3 September, 2018. Available at: https://progressivevoicemyanmar.org/2018/09/03/international-kachin-community-supports-fact-finding-missions-call-to-refer-burma-to-the-icc/; Karen Community Organizations, ‘Karen Communities Worldwide Welcomes UN Independent International Fact-Finding Mission’s Call to Refer Burma to the International Criminal Court,’ 30 August, 2018. Available at: https://progressivevoicemyanmar.org/2018/08/30/karen-communities-worldwide-welcomes-un-independent-international-fact-finding-missions-call-to-refer-burma-to-the-international-criminal-court/; FORUM-ASIA, Progressive Voice, Equality Myanmar, Kachin Women’s Association Thailand and Rohingya Women’s Welfare Society, ‘UN Must Act Urgently on Recommendations by the International Fact Finding Mission on Myanmar,’ 27 August 2018. Available at: https://progressivevoicemyanmar.org/2018/08/27/un-must-act-urgently-on-recommendations-by-the-international-fact-finding-mission-on-myanmar/.

[2] Report of the independent international fact-finding mission on Myanmar (2018), Human Rights Council, A/HRC/39/64 – Para. 87-89. Available at https://www.ohchr.org/EN/HRBodies/HRC/MyanmarFFM/Pages/ReportHRC42thSession.aspx.

[3] Decision Pursuant to Article 15 of the Rome Statute on the Authorisation of an Investigation into the Situation of the People’s Republic of Bangladesh/Republic of the Union of Myanmar, International Criminal Court, Pre-Trial Chamber III, 14 November 2019, ICC-01/19-27. Available at https://www.icc-cpi.int/Pages/record.aspx?docNo=ICC-01/19-27.

[4] Owen Boycott and Rebecca Ratcliffe, ‘UN’s Top Court orders Myanmar to protect Rohingya from genocide,’ The Guardian, 23 January, 2020. Available at: https://www.theguardian.com/world/2020/jan/23/international-court-to-rule-on-rohingya-genocide-safeguards.

[5] Convention on the Prevention and Punishment of the Crime of Genocide. Available at: https://treaties.un.org/Pages/ViewDetails.aspx?src=IND&mtdsg_no=IV-1&chapter=4&clang=_en#EndDec.

[6] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.66. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[7] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 144.33. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[8] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.51. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[9] CRC, art. 13(1), https://www.ohchr.org/en/professionalinterest/pages/crc.aspx. “ကလေးသူငယ်သည် လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိရမည်၊ ယင်းအခွင့်အရေးထဲတွင် မည်သည့်နယ်ပယ်မှဖြစ်စေ အမျိုးမျိုးသော သတင်းအချက်အလက်များ အယူအဆများကို နှုတ်ဖြင့်လည်းကောင်၊ စာအားဖြင့်လည်းကောင်း၊ အနုပညာပုံစံဖြင့်လည်းကောင်း၊ ကလေးသူငယ်နှစ်သက်ရာအခြားမီဒီယာတစ်ခုခုမှလည်းကောင်း လွတ်လပ်စွာရှာဖွေခွင့် လက်ခံခွင့်၊ ဖြန့်ဝေခွင့် ပါဝင်ရမည်။”

[10] CEDAW, http://www.un.org/womenwatch/daw/cedaw/text/econvention.htm#article7.

[11] ICESCR, https://www.ohchr.org/en/professionalinterest/pages/cescr.aspx

[12] CRPD, art. 21. “မသန်မစွမ်းပုဂ္ဂိုလ်များသည် သတင်းအချက်အလက်များ အယူအဆများကို အခြားသူများနှင့်တန်းတူ နှစ်သက်ရာ ဆက်သွယ်ရေးပုံစံ အားလုံးမှတစ်ဆင့် လွတ်လပ်စွာရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖြန့်ဝေခွင့်အပါအဝင် လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ထင်မြင်ခွင့် ကျင့်သုံးနိုင်ရေး အာမခံနိုင်ရန် အစိုးရ များက သင့်တော်သည့်ဆောင်ရွက်မှုများ လုပ်ဆောင်ရမည်။”

[13] UDHR ပုဒ်မ ၁ နှင့် ၂။

[14] ASEAN Human Rights Declaration, art. 22, Nov. 18, 2012. Available at: https://asean.org/asean-human-rights-declaration/

[15] လူ့အခွင့်အရေးကောင်စီ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းရေးမစ်ရှင်၏ အစီရင်ခံစာ (၂၀၁၈ ခုနှစ်) စာမျက်နှာ ၃၆၀ – “၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထိုစဉ်က သမ္မတဦးသိန်းစိန်က ‘နောက်ဆုံးသုံးစရာနည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ လွှဲပေးပြီး ဒုက္ခသည်စခန်းများ တွင် နေခိုင်းရန်ဖြစ်သည်’ ဟု လူသိရှင်ကြားကြေညာခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၏ အကြည်ညိုခံရဆုံးဘုန်းကြီးတစ်ပါးဖြစ်သော သီတဂူဆရာတော်က စစ်သင်တန်းကျောင်းတစ်ခုမှ တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြောခဲ့ရာ ရိုဟင်ဂျာများကိုသတ်ခဲ့မှုအတွက် အကုသိုလ်မဖြစ်သည့်သဘော ပြောခဲ့သည်။ ၂၀၁၁ ခုနှစ် မှစ၍ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူ မြန်မာနိုင်ငံတွင် အာဏာအကြီးဆုံးပုဂ္ဂိုလ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရိုဟင်ဂျာတည်ရှိမှုကို ငြင်းပယ်သည့် လူသိရှင်ကြားထုတ်ပြန်ချက်အများအပြား ထုတ်ခဲ့ပြီး ၎င်းတို့ကို ခိုးဝင်လာသူများ၊ အကြမ်းဖက်သမားများ၊ အစွန်းရောက်များအဖြစ် တံဆိပ်ကပ်ခဲ့သည်၊ ရခိုင်ပြည်နယ်တွင် စစ်တပ်က မည်သည့်အမှားမျှ မလုပ်ခဲ့ကြောင်း ငြင်းဆန်သည်၊ ရိုဟင်ဂျာတို့ ခံစားနေရသောဒုက္ခများကို မျက်ကွယ်ပြုပြီး မြန်မာ ‘တိုင်းရင်းသားပြည်သူများ’ အနေဖြင့် မျိုးချစ်စိတ်ဓာတ်ဖြင့်ဆောင်ရွက်ကြရန် လှုံ့ဆော်ခဲ့သည်။ ‘နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ’ အရှိန်အမြင့်ဆုံးအချိန်တွင် ၎င်းက ‘ဘင်္ဂါလီပြဿနာ’ သည် ‘မပြီးဆုံးသေးသောလုပ်ငန်း’ ဖြစ်၍ ဖြေရှင်းနိုင်ရန် အစိုးရက အထူးဂရုစိုက်လုပ်နေသည်ဟု ပြောခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်များအားလုံးမှာ အလွန်လှုပ်ခတ်နေသည့် တင်းမာသော အခင်းအကျင်းအတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အာဏာရှိပုဂ္ဂိုလ်များက အစွန်းရောက်လှုပ်ရှားမှုများမှဖြန့်သည့် အမုန်းတရားအာဘော်များကို တိုက်ဖျက်ရမည့်အစား တစ်ဆင့်ပြန်လွှင့်နေခြင်းသည် ၎င်းတို့ ကိုယ်တိုင်၏စိတ်ဓာတ်များ ရည်ရွယ်ချက်များကို လှစ်ဟပြခြင်း ဖြစ်နိုင်သည်။”

[16]  မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် အတည်ပြုခဲ့သော ICESCR ပုဒ်မ ၁၊ ၂၊ ၁၁၊ ၁၂၊ ၁၃၊ ၁၅။ Available at: https://treaties.un.org/Pages/ViewDetails.aspx?src=TREATY&mtdsg_no=IV-3&chapter=4&clang=_en

[17] ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၅၄(က)။ http://www.myanmar-law-library.org/law-library/laws-and-regulations/constitutions/2008-constitution.html. ပုဒ်မ ၂၁(က)၊ ၃၄၈၊ ၃၄၊ ၃၆၅၊ ၃၅၄။

[18] Report of the independent international fact-finding mission on Myanmar (2018), Human Rights Council, A/HRC/39/64 – Para. 600 -601. Available at: https://www.ohchr.org/EN/HRBodies/HRC/MyanmarFFM/Pages/ReportHRC42thSession.aspx.

[19] Human Rights Watch, “Dashed Hopes: The Criminalization of Peaceful Expression in Myanmar.” (31 January 2019). Human Rights Watch, “They Can Arrest You at Any Time: Criminalization of Peaceful Expression in Burma.” (June 29, 2016), p.4, https://www.hrw.org/sites/default/files/report_pdf/burma0616web.pdf. “Amendment made no difference, says report urging repeal of 66(d),” Frontier Myanmar (Dec. 11, 2017), https://frontiermyanmar.net/en/amendment-made-no-difference-says-report-urging-repeal-of-66d.

[20] 001-R2-01.

[21] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.99. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[22] Athan ‘Analysis on Freedom of Expression: Situation in Four Years under the Current Regime’, 2 May 2002. Available at: https://www.athanmyanmar.org/analysis-on-freedom-of-expression-situation-in-four-years-under-the-current-regime/.

[23] Ibid.

[24] Article 19 briefing paper entitled ‘Myanmar Briefing Paper: Countering ‘Hate Speech’’, February 2020. Available at: https://www.article19.org/wp-content/uploads/2020/05/2020.02.04-A19-Hate-Speech-Law-Policy-Paper-final-3.pdf.

[25] Report of the Special Rapporteur on the Promotion and Protection of the Right to Freedom of Opinion and Expression, UN doc A/74/486 (Oct. 9, 2019), Para. 4.

[26] Article 19 briefing paper entitled ‘Myanmar Briefing Paper: Countering ‘Hate Speech’’, February 2020. p.2.

[27] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.61. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[28] Report of the independent international fact-finding mission on Myanmar (2018), Human Rights Council, A/HRC/39/64 – Para. 1302, 1318, and 1326. Available at https://www.ohchr.org/EN/HRBodies/HRC/MyanmarFFM/Pages/ReportHRC42thSession.aspx.

[29] Progressive Voice et al 2020 (Forthcoming).

[30] မြန်မာနိုင်ငံ မျိုးချစ်အဖွဲ့နှင့် အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့သည် မြန်မာနိုင်ငံ၏ မွတ်ဆလင်လူဦးရေကို ပစ်မှတ်ထားသော ခွဲခြားဖိနှိပ် ရေးဥပဒေများ ရေးဆွဲရာတွင် သြဇာညောင်းခဲ့သည်။ ယင်းဥပဒေများမှာ ဘာသာကူးပြောင်းမှု၊ ဘာသာမတူထိမ်းမြားမှု နှင့် ကလေးမွေးနှုန်းများကို ကန့် သတ်ခြင်းဖြစ်သည်။ ၎င်းတို့က ရိုဟင်ဂျာလူနည်းစုအပေါ် အမုန်းစကားကမ်ပိန်းများသုံးခဲ့သည်။ ယခုအခါတွင် ထိုအဖွဲ့ကို တရားဝင်ဖျက်သိမ်းထား သော်လည်း မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒအပေါ် တက်ကြွ သြဇာရှိသည့် ကိုင်လှုပ်သူ ဆက်ဖြစ်နေသည်။

[31] Progressive Voice et al 2020 (Forthcoming).

[32] Ibid.

[33] 002-R3-03.

[34] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.23. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[35] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.24. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[36] Progressive Voice et al 2020 (Forthcoming).

[37] Progressive Voice et al 2020 (Forthcoming).

[38] Beautifiers of Diversity, “Fake News and Hate Speech Monthly Report: February 2019,” p. 1

[39] Ibid.

[40] Ibid.

[41] Mizzima “Government Officially Declares Arakan Army a Terrorist Organisation”, 25 March 2020. Available at http://mizzima.com/article/government-officially-declares-arakan-army-terrorist-organisation

[42] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.100. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement

[43] Paul Mozur, “A Genocide Incited on Facebook, With Posts From Myanmar’s Military,” The New York Times (Oct. 15, 2018), https://www.nytimes.com/2018/10/15/technology/myanmar-facebook-genocide.html/

[44] Report of the independent international fact-finding mission on Myanmar (2018), UN Doc. No. A/HRC/39/CRP.2, 18 September, 2018. Para. 1351. Available at: https://www.ohchr.org/EN/HRBodies/HRC/Burma/MyanmarFFM/Pages/ReportoftheMyanmarFFM.aspx.

[45] Report. pp. 45

[46] Progressive Voice et al 2020 (Forthcoming).

[47] Progressive Voice et al 2020 (Forthcoming).

[48] Julia Carrie Wong, “’Overreacting to failure’: Facebook’s new Myanmar strategy baffles local activists,” The Guardian, (Feb. 7, 2019), https://www.theguardian.com/technology/2019/feb/07/facebook-myanmar-genocide-violence-hate-speech.

[49] Ibid.

[50] Progressive Voice et al 2020 (Forthcoming).

[51] Report of the independent international fact-finding mission on Myanmar (2018), UN Doc. No. A/HRC/39/CRP.2, 18 September, 2018. Para. 1315. Available at: https://undocs.org/A/HRC/39/CRP.2.

[52] Ibid.

[53] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.62. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement

[54] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.52. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement

[55] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.55. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement

[56] Progressive Voice et al 2020 (Forthcoming).

[57] Shawn Crispin, “Threats Arrests and Access Denied as Myanmar Backtracks on Press Freedom, Committee to Protect Journalists (February 2018), https://cpj.org/blog/2018/02/threats-arrests-and-access-denied-as-myanmar-backt.php.

[58] Ibid.

[59] Progressive Voice et al 2020 (Forthcoming).

[60] Progressive Voice et al 2020 (Forthcoming).

[61] 001-R1-02.

[62] Shoon Naing and Aye Min Thant, “Myanmar court jails Reuters reporters for seven years in landmark secrets case.” Reuters (Sep. 3, 2018), https://www.reuters.com/article/us-myanmar-journalists/myanmar-court-jails-reuters-reporters-for-seven-years-in-landmark-secrets-case-idUSKCN1LJ09E; Simon Lewis and Shoon Naing, “Two Reuters reporters freed in Myanmar after more than 500 days in jail,” Reuters (May 6, 2019), https://www.reuters.com/article/us-myanmar-journalists/two-reuters-reporters-freed-in-myanmar-after-more-than-500-days-in-jail-idUSKCN1SD056

[63] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 144.82. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement

[64] Charles Carstens, Religion, in Routledge Handbook of Contemporary Myanmar (Adam Simpson et al. eds., 2018), 126, 127

[65] 001-R1-01 p.4.

[66] ဤနေရာတွင် ‘ဌာနေတိုင်းရင်း’ စကားလုံးမှာ နိုင်ငံတကာဥပဒေပါ ဖွင့်ဆိုချက်များနှင့် မတူညီဘဲ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုများအဖြစ် “၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီကတည်းက အမြဲတမ်းနေရပ်အဖြစ် ပြည်ထောင်စုနယ်နိမိတ်တစ်ခုခုအတွင်း အခြေချခဲ့ကြသော ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန် သို့မဟုတ် ရှမ်းလူမျိုးများနှင့် အလားတူလူမျိုးအုပ်စုများ” ဟု အဓိပ္ပါယ်ဖွင့်ထားသည်၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စု နိုင်ငံသားအက်ဥပဒေ၊ ပုဒ်မ ၃(၁) ကြည့်ပါ။

[67] Nick Cheesman, “How in Myanmar ‘national races’ Came to Surpass Citizenship and Exclude Rohingya,” 7(3) Journal of Contemporary Asia (2017), 461-83.

[68] Report of the Working Group on the Universal Periodic Review, UN Human Rights Council, UN Human Rights Council, A/HRC/31/13, Para. 145.55. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement

[69] Progressive Voice et al 2020 (Forthcoming).

[70] Report of the independent international fact-finding mission on Myanmar (2018), UN Doc. No. A/HRC/39/CRP.2, 18 September, 2018. Para. 1301. Available at: https://www.ohchr.org/EN/HRBodies/HRC/Burma/MyanmarFFM/Pages/ReportoftheMyanmarFFM.aspx.

[71] Ibid at para.1310.

[72] Ibid at para 1318-1319.

[73] 001-R3-01

[74] Report of the independent international fact-finding mission on Myanmar (2018), UN Doc. No. A/HRC/39/CRP.2, 18 September, 2018. Para 1376. Available at: https://www.ohchr.org/EN/HRBodies/HRC/Burma/MyanmarFFM/Pages/ReportoftheMyanmarFFM.aspx.

[75] Progressive Voice et al 2020 (Forthcoming).

[76] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, Para. 143.78. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[77] Resolution 25/26 on the Situation of human rights in Myanmar, Human Rights Council, A/HRC/25/L.21/Rev.1. Resolution 31/24 on the Situation of human rights in Myanmar, Human Rights Council, A/HRC/31/L.30/Rev.1.Resolution 34/22 on the Situation of human rights in Myanmar, Human Rights Council, A/HRC/RES/34/22. Resolution 39/2 on the Situation of human rights of Rohingya Muslims and other minorities in Myanmar, Human Rights Council, A/HRC/39/L.22. Resolution 40/29 on the Situation of human rights in Myanmar, Human Rights Council, A/HRC/40/L.19. Resolution 42/3 on the Situation of human rights of Rohingya Muslims and other minorities in Myanmar, Human Rights Council, A/HRC/42/L.21/Rev.1. Available at https://www.ohchr.org/EN/HRBodies/HRC/RegularSessions/Pages/RegularSessions.aspx.

[78] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.112. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[79] Report of the Special Rapporteur on the situation of human rights in Myanmar, UN Human Rights Council, A/HRC/40/68 – Para. 51 (Fortieth Session 25 February-22 March). Available at https://undocs.org/A/HRC/40/68.

[80] Michael Gravers, “Nationalism as Political Paranoia in Burma: An Essay on the Historical practice of Power” (1993) p.40.

[81] Human Rights Watch, “Burma Elections 2015: The Politics of Hate and Exclusion” (Nov. 3, 2015), https://www.hrw.org/blog-feed/burma-elections-2015.

[82] Ibid.

[83] Poppy McPherson, “No vote, no candidates: Myanmar’s Muslims barred from their own election,” The Guardian (Nov. 2, 2015), https://www.theguardian.com/world/2015/nov/03/no-vote-no-candidates-myanmars-muslims-barred-from-their-own-election.

[84] Human Rights Watch, “Burma Elections 2015: The Politics of Hate and Exclusion” (Nov. 3, 2015). Available at: https://www.hrw.org/blog-feed/burma-elections-2015.

[85] BSR, “Human Rights Impact Assessment: Facebook in Myanmar” (Oct. 2018), p.25. Available at: https://newsroom.fb.com/news/2018/11/myanmar-hria/.

[86] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13 – Para. 143.101. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.


ပူးတွဲတင်ပြချက်အပြည့်အစုံကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ ဖြင့်ရယူရန်။

ပူးတွဲတင်ပြချက်အချက်အလက် အကျဥ်းချုပ်ကို ဤနေရာတွင် ရယူပါ။

Related Posts:

Send this to a friend