အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲသို့ တင်သွင်းသော ပူးတွဲတင်ပြချက် – ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ

ယခုတင်ပြချက်သည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်ကော်မတီများ၊ လူငယ်နှင့် အမျိုးသမီး အဖွဲ့အစည်းများ နှင့် ဒေသန္တရဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအပါအဝင် ထွက်ပြေးတိမ်းရှောင်ရသူ တိုင်းရင်းသား လူထုအသိုင်းအဝိုင်းများနှင့် နီးကပ်စွာ အလုပ်လုပ်ကိုင်နေကြသော တိုင်းရင်းသား လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်း (Community-Based Organization – CBO) များနှင့် အရပ်ဘက်အဖွဲ့အစည်း (Civil Society Organization – CSO) များ၏ ပူးတွဲတင်ပြချက်ဖြစ်သည်။

၁။ ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ

၂။ ကရင်ကျောင်းသားကွန်ရက်အဖွဲ့

၃။ ကရင်ဒုက္ခသည်ကော်မတီ

၄။ ကရင်နီဒုက္ခသည်ကော်မတီ

၅။ ကရင်နီ ပညာရေးဌာန

၆။ ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ

၇။ ကရင်နီအမျိုးသမီးအစည်းအရုံး

၈။ ကရင်နီဥပဒေနှင့် လူ့အခွင့်အရေးစင်တာ

၉။ ကရင်လူ့အခွင့်အရေးအဖွဲ့

၁၀။ ကရင်အမျိုးသမီးအစည်းအရုံး

၁၁။ ကုန်းကျောရှမ်းဒုက္ခသည်စခန်း

၁၂။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၁၃။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၁၄။ ရှေ့ပြေးအသံအဖွဲ့

 

ခြုံငုံသုံးသပ်ချက်

၁။ ပြီးခဲ့သည့် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ (Universal Periodic Review – UPR)  ကျင်းပခဲ့ပြီး ငါးနှစ်အတွင်း၌ လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရမှုများ ဆတိုး များပြားလာခဲ့သည့်အပြင် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (Internally Displaced Person – IDP) များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များမှာ ဖြေရှင်းခြင်းတစ်စုံတစ်ရာ မရှိသေးပေ။[1] ယခုတင်ပြချက်တွင် ဒုက္ခသည်များ၊ IDP များနှင့် သက်ဆိုင်သော လူ့အခွင့်အရေးကိစ္စရပ်တချို့ကို မီးမောင်းထိုးဖော်ပြထားပြီး ပြီးခဲ့သည့် ဒုတိယအကြိမ် UPR တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ပေးထားခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့်ပတ်သက်သော တိုးတက်မှုအခြေအနေများကို သုံးသပ်ထားသည့်အပြင် ထိုသုံးသပ်ချက်အပေါ် အခြေခံပြီး UPR တတိယအကြိမ်အတွက် အကြံပြု တိုက်တွန်းချက်များကိုလည်း ထည့်သွင်းထားပါသည်။ ယင်းတွင် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ မြေယာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ တိုင်းရင်းသား ဝိသေသလက္ခဏာအပေါ် ဖိနှိပ်မှုနှင့် ငြင်းပယ်မှု၊  ကျန်းမာရေးနှင့် ပညာရေး၊ နေရပ်ပြန်ရေးလုပ်ငန်းစဉ်နှင့် လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများ စသည်တို့နှင့်သက်ဆိုင်သော ကိစ္စရပ်များကို လွှမ်းခြုံထားပါသည်။

၂။ သို့ရာတွင် သက်ဆိုင်ပတ်သက်သူများက ဒုတိယအကြိမ် UPR အတွက် တင်သွင်းခဲ့သည့်တင်ပြချက်တစ်ခုတွင် ယခုအစီရင်ခံစာကို ပူးတွဲရေးသားထားသည့် တချို့သောအဖွဲ့အစည်းများက အောက်တွင်ဖော်ပြထားသော ကိစ္စရပ်အများ အပြားကို ထည့်သွင်းဖော်ပြခဲ့သော်လည်း တချို့သောဖြစ်ရပ်များတွင် ပို၍ပင်စိတ်ပျက်စရာကောင်းနေပြီး လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တိုင်းရင်းသားပြည်သူများအတွက်မှာမူ တိုးတက်မှု နည်းပါးနေသည်မှာ ထင်ဟပ်နေပါသည်။[2]

လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်လက်ဖြစ်ပွားနေသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု

၃။ မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခသည် ထွက်ပြေးတိမ်းရှောင်ရမှု၏ အဓိကအကြောင်းရင်းအဖြစ် ဆက်လက် တည်ရှိနေပြီး လျော့နည်းရပ်တန့်သွားသည့်လက္ခဏာ တစ်စုံတစ်ရာမတွေ့ရဘဲ ဒုတိယအကြိမ် UPR ပြီးနောက်ပိုင်း ကတည်းကပင် ပိုမိုဆိုးရွားလာခဲ့သည်။ စစ်အစိုးရအဆက်ဆက်ကျင့်သုံးခဲ့သော မူဝါဒဖြစ်သည့် လူများစုမှ လူနည်းစုအပေါ် လွှမ်းမိုးခြင်း၊ အတင်းအဓမ္မ ပေါင်းစည်းပါဝင်စေခြင်း (မြန်မာကြီးစိုးခြယ်လှယ်ရေးဝါဒ) တို့က မြန်မာစစ်တပ်နှင့် ဒါဇင်ချီသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (Ethnic Armed Organization – EAO) တို့အကြား ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို ဦးတည်စေခဲ့သည်။ ထိုပဋိပက္ခနှင့်အတူ မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ချိုးဖောက်မှု များနှင့် မြန်မာကြီးစိုးခြယ်လှယ်ရေး လှုပ်ရှားဆောင်ရွက်မှုများသည် ပဋိပက္ခကာလတစ်လျှောက်တွင် တိုင်းရင်းသား အရပ်သား ပြည်သူဦးရေ တစ်သန်းကျော်ကို ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ကြုံတွေ့စေ‌သည်။ ၂၀၁၉  ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံအတွင်းတွင် ကရင်နှင့် ကရင်နီ လူမျိုးအများစုဖြစ်သည့် ဒုက္ခသည်ဦးရေ ကိုးသောင်း သုံးထောင် (၉၃,၀၀၀) ခန့်ရှိပြီး[3] ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ကချင်၊ တအာင်းနှင့် ရှမ်းလူမျိုးများ ဖြစ်သော IDP ဦးရေ တစ်သိန်းခြောက်ထောင် (၁၀၆,၀၀၀) ခန့်ရှိကာ[4]  မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် IDP ဦးရေ နှစ်သိန်းရှစ်သောင်း (၂၈၀,၀၀၀) ခန့် ရှိနေပါသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ရခိုင်တိုင်းရင်းသားများ၏ ရက္ခိုင့်တပ်တော် (Arakan Army – AA) နှင့် မြန်မာစစ်တပ်တို့အကြား ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၁၇ ခုနှစ်[5] နှောင်းပိုင်း/၂၀၁၈ ခုနှစ်အစောပိုင်းကာလမှ စတင်၍ သောင်းနှင့်ချီသော ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၀ ခုနှစ် ဇန္နဝါရီလတွင်မူ ယင်းပဋိပက္ခကြောင့်ပင် ထွက်ပြေးတိမ်းရှောင်ရသူ လူဦးရေ တစ်သိန်းခြောက်သောင်း‌ (၁၆၀,၀၀၀) ကျော် ဖြစ်လာသည်။[6] 

၄။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) နှင့်အတူ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee)၊ ပူးတွဲ အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး(Joint Implementation Coordination Meeting)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee) နှင့် ၂၁ ရာစု ပင်လုံညီလာခံ (21st Century Panglong Conferences) စသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ယန္တရားများဖြင့် ဖွဲ့စည်းတည်ဆောက်ပုံကို အခြေခံထားသည်။ ၂၀၁၅ ခုနှစ် (ဒုတိယအကြိမ် UPR ၌ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး အခြေအနေပုံမှန်သုံးသပ်မှု ပြုလုပ်ခဲ့သည်နှင့် တစ်နှစ်တည်း) တွင် NCA ကို လက်မှတ်ရေးထိုးခဲ့ပြီး မခိုင်မာသော အခြေခံအုတ်မြစ်များနှင့် အားနည်းယိုယွင်းနေသောမူဘောင်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင် နေခြင်းမှာ ခိုင်မာသော တိုးတက်မှု တစ်စုံတစ်ရာ ရရှိရန်အတွက် အတားအဆီးများ ဖြစ်နေခဲ့သည်။ တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှမှု ဖော်ဆောင်ရေးအမြင်များ ပါဝင်လာသည့် နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်ဖြစ်သော NCA ပါအချက်အလက်များကို အချိန်ကြာမြင့်စွာ ဆွေးနွေးညှိနှိုင်းခဲ့ကြရသော်လည်း မြန်မာအစိုးရက AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance – MNDAA) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Ta’ang National Liberation Army – TNLA) တို့ကဲ့သို့သော EAO များကို ထိုဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မပေးသည့်အပြင် ၎င်းတို့အပေါ် ထိုးစစ်ဆင်မှုများ ပြင်းထန်လာသည့် အခြေအနေကြောင့် ထိုလုပ်ငန်းစဉ်မှာ ရပ်တန့်သွားခဲ့ပါသည်။[7] ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization – KIO) နှင့် မွန်ပြည်သစ်ပါတီ (New Mon State Party – NMSP) တို့ကဲ့သို့သော EAO များကလည်း ဖယ်ချန်ခံရသော EAO များနှင့် သွေးစည်းညီညွတ်မှုကို ပြသသည့်အနေဖြင့် NCA ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ကြသည်။ နောက်ဆုံးတွင် EAO အဖွဲ့ ရှစ်ဖွဲ့ကသာ ၂၀၁၅ ခုနှစ် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးသူများထဲတွင် ကရင်အမျိုးသား အစည်းအရုံး (Karen National Union – KNU) နှင့် ယခင်ကတည်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသားဖြစ်သော အခြား EAO အဖွဲ့ငယ်များလည်း ပါဝင်သည်။ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော ‘ဝ’ ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော် (United Was State Army – UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (Federal Political Negotiation and Consultative – FPNCC) နှင့် ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) ဟူ၍ နှစ်အုပ်စု ကွဲနေချိန် ၂၀၁၈ ခုနှစ်တွင် NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (Lahu Democratic Union – LDU) တို့ နှစ်ဖွဲ့က NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်တပ်နှင့် အစိုးရတို့မှ NCA သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်မှု အားနည်းခဲ့ရုံသာမက ချိုးဖောက်ခဲ့ခြင်းများရှိခဲ့ပြီး ခွဲမထွက်ရေးမူနှင့် တစ်ခုတည်းသောတပ်မတော် ထားရှိရေးမူတို့ကို လက်ခံရေးတို့အပါအဝင် အခြေအနေသစ်များ ထပ်မံတောင်းဆိုလာခြင်းကို ထောက်ပြပြီး KNU နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council of Shan State – RCSS) တို့အနေဖြင့် တရားဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့၏ ပါဝင်မှုကို ယာယီ ဆိုင်းငံ့ခဲ့ကြသည်။[8]

၅။ တစ်ချိန်တည်းတွင် မြန်မာစစ်တပ်သည် KNU နှင့် ထိတွေ့တိုက်ခိုက်မှုများအပါအဝင် EAO များအပေါ် ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေခဲ့ပြီး ထိုထိတွေ့တိုက်ခိုက်မှုများမှာ NCA ကို ပြင်းပြင်းထန်ထန်းချိုးဖောက်ရာရောက်သည့် မြန်မာစစ်တပ်အတွက် စစ်ရေးအရ မဟာဗျူဟာမြောက်သည်ဟု ယုံကြည်ရသောလမ်းကို KNU နယ်မြေအတွင်း ဝင်ရောက် ဖောက်လုပ်ရန်အတွက် မြန်မာစစ်တပ်၏ ရန်လိုသောလှုပ်ရှားမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ထိုထိတွေ့တိုက်ခိုက်မှု များသည် ထောင်နှင့်ချီသော အရပ်သား ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရမှုအသစ်များ ဖြစ်ပေါ်စေပြီး ယခုထက်တိုင် တည်ဆောက်ထားခဲ့ရသည့် အနည်းငယ်သော ယုံကြည်မှုကို ဆိုးရွားစွာ ပျက်စီးစေပါသည်။[9] မြန်မာစစ်တပ်မှ KIO နှင့် အခြား  EAO များအပေါ် ထိုးစစ်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ခြင်းကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။ EAO များအချင်းချင်းကြားနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မတူကွဲပြားသော တိုင်းရင်းသား အရပ်သားပြည်သူများအကြားတွင်လည်း တင်းမာမှုများ ပေါ်ထွက်လာခဲ့သည်။ မြန်မာ စစ်တပ် ဝင်ရောက်သိမ်းပိုက်ထားသည့် ရပ်ရွာများမှ အရပ်သားပြည်သူများသည် ပဋိပက္ခဖြစ်ပွားနေသောနယ်မြေများမှ ထွက်ခွာ၍ ခိုလှုံရာ ရှာဖွေခြင်းကို မြန်မာစစ်တပ်က ခွင့်မပြုခဲ့ခြင်းကြောင်း ၂၀၁၈ ခုနှစ် မတ်လနှင့် ဧပြီလများတွင် ထောင်ချီသော IDP များမှာ ကချင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားနေသောနယ်မြေများတွင် ပိတ်မိနေခဲ့ကြရသည်။[10] ထို့အပြင် ၂၀၁၈ ခုနှစ် အစောပိုင်းမှ စတင်၍ AA နှင့် မြန်မာစစ်တပ်တို့အကြားဖြစ်ပွားသော လက်နက်ကိုင် ပဋိပက္ခမှာ ဆိုးရွားစွာ မြင့်တက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ထိတွေ့တိုက်ခိုက်မှု ၇၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံမှုများရှိခဲ့ပြီး မြောက်ဦး ကဲ့သို့သော ရခိုင်ပြည်နယ်၏ အဓိက မြို့ပြနယ်မြေများတွင်လည်း ပြင်းထန်သော တိုက်ပွဲများနှင့် ကြုံတွေ့ကြရသည်။ ထို့အပြင် ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုများနှင့် အစိုးရ၏ မူဝါဒဖြစ်သော လပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုများသည် ဒေသခံ ပြည်သူအသိုင်းအဝိုင်းများအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေပါသည်။[11] 

၆။ နောက်ဆုံးတွင် နှစ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းမှုများ ရှိခဲ့သော်လည်း မြန်မာအစိုးရက ဖြစ်စေ၊ စစ်တပ်က ဖြစ်စေ တိုင်းရင်းသားပြည်သူများ၏ တရားဝင်နစ်နာမှုများကို ဖြေရှင်းပေးရန် အမှန်တကယ်စစ်မှန် ခိုင်မာသော ကြိုးပမ်းအားထုတ်မှု တစ်စုံတစ်ရာကိုမျှ ပြုလုပ်လိုသည့် စိတ်ဆန္ဒမရှိခဲ့ပေ။ ဆုံးဖြတ်ချက်ချမှတ်မှုမှာ ဗဟိုတွင် ဆက်လက်တည်ရှိနေပြီး မြန်မာစစ်တပ်သည် အာဏာ၏ အဓိကကျသောမောင်းတံများကို ထိန်းသိမ်းထားဆဲဖြစ်ကာ ပြစ်ဒဏ်ပေးအရေးယူခံရမှု လုံးဝမရှိဘဲ အရပ်သားပြည်သူများ အထူးသဖြင့် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ်  ကြီးမားပြင်းထန် ဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေပြီး တိုင်းရင်းသား ပြည်သူများ၏ တန်းတူညီမျှမှု အခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များမှာမူ အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။ ယင်းအချက်များ အားလုံးသည် စစ်တပ်မှ ပြင်ဆင်ရန် ငြင်းဆိုနေသော ဒီမိုကရေစီနည်းကျမဟုတ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိနေပါသည်။

၇။ ကာလရှည်ကြာ ထွက်ပြေးတိမ်းရှောင်ရမှုအခြေအနေကို ထပ်မံဖြည့်စွက်လိုက်သည့် အခြေအနေများမူ ရိုဟင်ဂျာ အကျပ်အတည်းပင် ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော နိုင်ငံတကာမှ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding Mission for Myanmar – IIFFMM) သည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် ၂၀၁၁ ခုနှစ် မှစ၍ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့သည်။ ထိုသို့ စုံစမ်းစစ်ဆေးခဲ့ရာ မြန်မာစစ်တပ်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသားလူမျိုး အရပ်သားပြည်သူများအပေါ် လူသားမျိုးနွယ်အားဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ရုံသာမက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ကို မစ်ရှင်မှ တွေ့ရှိခဲ့သည်။[12] တစ်ချိန်တည်းတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများကို အတင်းအဓမ္မမောင်းထုတ်ခဲ့သည့် စွပ်စွဲမှုနှင့်ပတ်သက်၍ ပဏာမ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) ၏ တရားစွဲအရာရှိက ကြေညာခဲ့သည်၊ ယင်းအချက်ကို အကြိုကြားနာမှုတရားရုံး (Pre-Traila Chamber) က ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် တရားရုံးအနေဖြင့် ယင်းရာဇဝတ်အပေါ် ဆုံးဖြတ်ချက်ချနိုင်ကြောင်း တွေ့ရှိပြီးနောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းအများအပြားက နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသော အခြားနေရာများတွင် ကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများကိုလည်း တရားစီရင်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံကို ICC သို့  လွှဲပြောင်းပေးရေးအပါအဝင် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှုအတွက် တောင်းဆိုခဲ့ကြသည်။[13]  နောက်ဆုံး၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Office of Islamic Cooperation – OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားမျှတမှုဆိုင်ရာတရားရုံး (International Court of Justice – ICJ) သို့ တရားစွဲတင်သွင်းခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့်ပတ်သက်၍ နှုတ်ဖြင့် ကြားနာမှုများတွင် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ခဲ့သည်။[14]  ယင်းအမှုမှာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် မြန်မာစစ်တပ်မှ လုပ်ဆောင်ခဲ့သော “နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုများ” က ရိုဟင်ဂျာဦးရေ တစ်သန်းခန့်ကို ၎င်းတို့၏ အိုးအိမ်များအား အတင်းအဓမ္မ စွန့်ခွာသွားစေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံရမှုကို ဖြစ်ပေါ်စေခဲ့သော လှိုင်းလုံးကြီး နှစ်ခုနှင့် ပတ်သက်၍ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့မှုအပေါ် အခြေခံထားပါသည်။ ၂၀၂၀ ခုနှစ် ဇန္နဝါရီလတွင် ICJ တရားရုံးက မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း လုံလောက်သည့် အထောက်အထားများ တွေ့ရှိရမှုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သော လုပ်ဆောင်ခြင်းများ ပိုမိုမဖြစ်ပွားစေရေးကို ကာကွယ်ရန်နှင့် သက်သေအထောက်အထားများ ထိန်းသိမ်း ထားရေးအတွက် “ကြိုတင်အရေးယူ ဆောင်ရွက်မှုဆိုင်ရာ သတ်မှတ်ချက်များ” ကို အရေးပေါ် ချမှတ်ခဲ့သည်။[15]  

ထွက်ပြေးတိမ်းရှောင်ရသူများအတွက် အဓိကကျသောကိစ္စရပ်များ

၈။ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများအားလုံးအနေဖြင့် ၎င်းတို့၏ မူလ နေရပ်ဒေသများသို့ ဘေးကင်း လုံခြုံစွာနှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးကို သေချာစွာလုပ်ဆောင်ရန်[16] ဟူသည့် တူရဂီနိုင်ငံမှပေးသော အကြံပြု တိုက်တွန်းချက်ကို မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။ သို့ရာတွင် IDP များနှင့်အတူ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် နေထိုင်နေကြရသော ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာနှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးကို အာမခံချက်ပေးနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိသော နေရပ်ပြန်ရေးဖော်ဆောင်ရန်အတွက်  ကိစ္စရပ် အတော် များများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ယင်းအချက်များကို အောက်တွင် ဆွေးနွေးပေးသွားမည် ဖြစ်သည် –

ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု

၉။ အထက်တွင်ဖော်ပြထားသည့် လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် စစ်ရေးထိုးစစ်ဆင်မှုများတွင် ထွက်ပြေး တိမ်းရှောင်ရသူများအတွက် အဓိကကျသည့်ကိစ္စရပ်များထဲမှ တစ်ခုမှာ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းတို့၏ မူလနေရပ်ဒေသ သို့မဟုတ် ပြန်လည်နေရာချထားမည့် အခြားနေရာများတွင် ၎င်းတို့ နေရပ်ပြန်နိုင်ရန်အတွက် လုံလောက်သောလုံခြုံမှု ရှိခြင်း၊ မရှိခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ တချို့သောနေရာ များတွင် ပဋိပက္ခဖြစ်ပွားမှုများ လျော့ကျလာသည်နှင့်အမျှ ဒုက္ခသည်များနှင့် IDP များကို နေရပ်ပြန်ရန် အားပေးနေသည့် အမျိုးမျိုးသောအဖွဲ့အစည်းများ၏ ကြိုးပမ်းမှုမှာလည်း စိန်ခေါ်မှုများ ဖြစ်နေပါသည်။ သို့သော် ထွက်ပြေးတိမ်းရှောင်ရသူများ အနေဖြင့် နေရပ်ပြန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းခိုင်မာသော အကြောင်းပြချက်များရှိနေပြီး ထိုအကြောင်းပြချက်များကို နားလည်ထားခြင်းက နေရပ်ပြန်မည့်သူများ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်မည့် နေရပ်ပြန်ရေး အစီအစဉ်များ ရေးဆွဲရာတွင် အထောက်အကူ ပြုနိုင်လိမ့်မည်ဖြစ်သည်။ ယင်းအကြောင်းပြချက်များမှာ ရေတိုကာလတွင် ရင်ဆိုင်ရမည့်  လုံခြုံရေးဆိုင်ရာ တိုက်ရိုက်အန္တရာယ်များ ရှိနေခြင်း၊ ရေရှည်တွင် ၎င်းတို့အနေဖြင့် လုံခြုံမှုရှိစွာ နေထိုင်နိုင်မည် ဆိုသည့် ယုံကြည်မှု ကင်းမဲ့နေခြင်း နှင့် ၎င်းတို့အား လုံခြုံမှုပေးရန် တာဝန်ပေးခံထားရသော သူများမှ ၎င်းတို့အပေါ်တွင် ချိုးဖောက်မှု မကျူးလွန်ဘဲ အမှန်တကယ် အကာအကွယ်ပေးမည်ဆိုသည့် ယုံကြည်မှု ကင်းမဲ့ခြင်း စသည့်အချက်များ ပါဝင်ပါသည်။ ထိုကဲ့သို့သော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးအနက်ထား ကိုင်တွယ်ရမည်ဖြစ်ပြီး အတင်းအကျပ် ပြန်မပို့ရေး အခြေခံမူများကို ချိုးဖောက်မှု မဖြစ်စေရန်အတွက် ထွက်ပြေးတိမ်းရှောင်ရသူများ၏ အသက်နှင့် လွတ်လပ်မှုကို အန္တရာယ်ဖြစ်စေမည့်အခြေအနေသို့ အတင်းအကျပ် သို့မဟုတ် ဖိအားပေး နေရပ်ပြန်စေခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်သည်။[17]

၁၀။ အရပ်သားပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရစေသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် ပဋိပက္ခဖြစ်ပွားမှု များနှင့် တိုက်ရိုက်ပတ်သက်နေသော ကိစ္စရပ်များကြောင့်သက်သက်သာ မဟုတ်ဘဲ မြန်မာစစ်တပ်နှင့် အလားတူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြားဖိနှိပ်မှုများ၊ စစ်အင်းအားတိုးချဲ့မှု များနှင့် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ဆက်စပ်နေသော ထွက်ပြေးတိမ်းရှောင်ရမှုများကြောင့်လည်း ဖြစ်သည်။ ပဋိပက္ခများ မရှိတော့ခြင်း သို့မဟုတ် လျော့နည်းလာခြင်းက လုံခြုံရေးဆိုင်ရာအန္တရာယ်များ၏ အတိုင်းအတာနှင့် ပုံစံကို ပြောင်းလဲသွား စေနိုင်ပြီး အဆိုးဝါးဆုံးသောချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုပုံသဏ္ဍာန်များ သိသိသာသာ လျော့ကျသွားစေနိုင်သော်လည်း လုံး၀ ဖယ်ရှားပစ်လိုက်ခြင်းတော့ မဟုတ်ပါ။             

၁၁။ နှစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ထက်ပိုသော လက်နက်ကိုင်တပ်ဖွဲ့များအကြား မကြာခဏ သို့မဟုတ် တစ်ခါတစ်ရံ ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခများက  အရပ်သားပြည်သူများ၏လုံခြုံရေးအပေါ် အန္တရာယ်ကျရောက်စေခြင်းကို ဦးတည်စေပါသည်။ မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် အရမ်းကာ‌ရော ပစ်ခတ်မှုများနှင့် ဘုရားကျောင်းများ၊ စာသင်ကျောင်းများ နှင့် IDP စခန်းများကဲ့သို့သော အရပ်သားပြည်သူများပိုင် အဆောက်အဦးနေရာများကို ထိခိုက်ပျက်စီးမှုများမှာ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိပါသည်။[18] မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မြန်မာစစ်တပ်က တိုက်လေယာဉ်များဖြင့် ပစ်မှတ်များကို ပစ်ခတ်ခြင်းအပါအဝင် လေကြောင်းအင်အား အသုံးပြုနေခြင်းကြောင့်  အရပ်သားပြည်သူများနှင့် အရပ်သားပြည်သူပိုင် အဆောက်အဦးများ ထိမှန်ပျက်စီးမှုများ ရှိနေပါသည်။[19]

၁၂။ ထိတွေ့တိုက်ခိုက်မှု မကြာခဏဖြစ်သော သို့မဟုတ် တင်းမာမှုများမြင့်တက်နေသော ဒေသများရှိ အရပ်သားပြည်သူ များမှာ မြန်မာစစ်တပ်မှ  ၎င်းတို့အား EAO များနှင့် ပတ်သက်ဆက်နွယ်နေသည်ဟူသော စွပ်စွဲချက်များဖြင့်  ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့်/သို့မဟုတ် သတ်ဖြတ်ခြင်းတို့ကို ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ် များနှင့်လည်း ကြုံတွေ့ကြရသည်။ ယင်းချိုးဖောက်မှုများမှာ ၂၀၁၈ ခုနှစ် တစ်လျှောက်လုံးတွင် အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများ၌လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌လည်းကောင်း ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ထိုကဲ့သို့ ဆက်လက်ဖြစ်ပွားနေမှုက ထိတွေ့တိုက်ခိုက်မှုကြိမ်နှုန်းရေ မည်မျှပင်ဖြစ်စေ စစ်တပ်၏ တပ်စခန်းများအနီးတွင် နေထိုင်ရသူများအတွက် မည်သည့်အရာမျှ ပြောင်းလဲခြင်းမရှိဘဲ အန္တရာယ်ရှိနေသည်ကို နေရာဒေသအားလုံးမှ ထွက်ပြေးတိမ်းရှောင်ရသူများက သိရှိနေပြီးသားဖြစ်သကဲ့သို့ ထိုအမြင်ကိုလည်း ပိုမိုခိုင်မာ စေပါသည်။

၁၃။ ယေဘုယျအားဖြင့် မြန်မာစစ်တပ် နှင့်/သို့မဟုတ် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေသည့် ဖြစ်ရပ်များ အားလုံးတွင် အပစ်အခတ်ရပ်စဲ ပြုလုပ်ထားသည့် နေရာပင်ဖြစ်စေကာမူ ကျေးရွာများအနီးတွင် လက်နက်ကိုင်အဖွဲ့များ ရှိနေခြင်းကြောင့် အန္တရာယ်ကျရောက်နိုင်ပါသည်။ အပစ်အခတ်ရပ်စဲထားသောနယ်မြေများနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်မထားသော နယ်မြေများတွင် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ လက်နက်ကိုင်အဖွဲ့များမှ မြေမြှုပ်မိုင်းများချထားခြင်း၊ ပိုင်ဆိုင်မှုများသိမ်းဆည်းခြင်း၊ မတရားအခွန်ကောက်ခံခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများက မှတ်တမ်းတင်ထားပါသည်။[20] အပစ်အခတ်ရပ်စဲထားသော ဒေသများတွင် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ သိသိသာသာ လျော့နည်းလာသော်လည်း အားလုံးရပ်တန့်သွားသည်မျိုးတော့ မဟုတ်ပေ။ ထို့အပြင် ယင်းကဲ့သို့သောရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများမှ တာဝန်ခံယူမှု၊ တာဝန်ခံမှုရှိလာစေရေးအတွက် လုပ်ဆောင်မှုမှာ အလွန်ပင် နည်းပါးနေသေးသဖြင့် ဒုတိယအကြိမ်မြောက် UPR တွင် လစ်သူရေးနီးယားနိုင်ငံက အကြံပြုတိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံက ထောက်ခံခဲ့သော “ညှဉ်းပန်းနှိပ်စက်မှုများနှင့် ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ရဲတပ်ဖွဲ့ဝင်နှင့် စစ်တပ်အရာရှိများကို ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးမှတစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး သေချာစွာလုပ်ဆောင်ရန်”[21] ဟူသည့် အကြံပြုတိုက်တွန်းချက်မှာ ထင်ဟပ်မှု မရှိသေးပါ။

၁၄။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ အရပ်သားပြည်သူများကလည်း တပ်အခြေစိုက်စခန်း အသစ်များ သို့မဟုတ် တိုးချဲ့မှုများ၊ လမ်းတိုးချဲ့မှုများ၊ စစ်ဆေးရေးဂိတ်အသစ်များနှင့် ရှိနှင့်ပြီးသား အခြေစိုက်တပ်စခန်းများတွင် စစ်သားအင်အား ပိုမိုတိုးမြင့် ချထားခြင်းများအပါအဝင် မြန်မာစစ်တပ်၏လှုပ်ရှားမှုများ ပိုမိုများပြားလာခြင်းကို အစီရင်ခံထားပါသည်။[22]  မြန်မာစစ်တပ် စစ်သားများ၏ စနစ်တကျချိုးဖောက်မှုများကို ခံခဲ့ရသော ပြည်သူများ၏အမြင်တွင် စစ်သားအရေအတွက် ပိုမိုများပြားလာခြင်းသည် ချိုးဖောက်ခံရရန် အန္တရာယ်ပိုများလာခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ဒေသများ၌ အစောပိုင်းတွင် ဖော်ပြခဲ့သည့် KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးဆိုင်ရာ လမ်းဖောက်လုပ်ခြင်းကဲ့သို့သော စစ်တပ်အင်အား ပိုမိုတိုးချဲ့လာခြင်းသည် နောက်တစ်ဖန် ထိုးစစ်ဆင်တိုက်ခိုက်ရန်အတွက် မြန်မာစစ်တပ်မှ ပြင်ဆင်ခြင်းဖြစ်မည်ကို ပြည်သူများက စိုးရိမ်နေကြပြီး   ပဋိပက္ခထပ်မံဖြစ်ပွားမည့် အန္တရာယ်များကိုလည်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည်။ ထို့အပြင် NCA သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများကို လမ်းဖွင့်ပေးခဲ့ခြင်းကြောင့် မြေယာသိမ်းဆည်းမှုနှင့် မြေယာများ သိမ်းဆည်းခံရခြင်းကို ဆန့်ကျင်သော ပြည်သူများအပေါ် အကြမ်းဖက်မှုများ ပိုမိုများပြားလာစေပါသည်။

လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ ကွဲပြားမှုအပေါ်အခြေပြုသော အကြမ်းဖက်မှုများ

၁၅။ ယူကေနိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ဖြစ်သော “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေတွင် ပဋိပက္ခအခြေအနေအတွင်းရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ထည့်သွင်းခြင်းဖြင့် ဥပဒေကို ပြင်ဆင်ရန်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်တပ်အနေဖြင့် ပြစ်ဒဏ်ပေး အရေးယူခံရခြင်း ကင်းလွတ်နေမှုကို ဖယ်ရှားရန်၊ နှင့် သမ္မတရုံးတွင် ကျား-မဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦး ထားရှိရန် စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့် လုပ်ငန်းအစီအစဉ် (National Action Plan – NAP) အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်”[23] ဟူသည့် အချက်ကို မြန်မာနိုင်ငံမှထောက်ခံခဲ့သည်။  ထို့အပြင် ဖင်လန်နိုင်ငံကလည်း “အမျိုးသမီးများအပေါ် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများ နှင့် ကလေးသူငယ်များအပေါ် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများကို ထိရောက်ပြီး ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရေး အာမခံရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးခြင်း နှင့် ကျူးလွန်ခံရသူနှင့် စွပ်စွဲခံရသူ နှစ်ဘက်စလုံးကို ဥပဒေရေးရာအထောက်အကူ ပေးခြင်းအပါအဝင် မျှတသော တရားရင်ဆိုင်ခွင့်ရှိရေး သေချာစွာ လုပ်ဆောင်ရန်”[24] ဟူသော အကြံပြုတိုက်တွန်းချက်ပေးခဲ့ပြီး ယင်းအား မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။ ယင်းအကြံပြု တိုက်တွန်းချက်နှစ်ခုစလုံးကို ဒုတိယအကြိမ် UPR တွင် မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။

၁၆။ မြန်မာနိုင်ငံသည် အမျိုးသမီများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူ စာချုပ် (Convention for the Elimination of all forms of Discrimination Against Women – CEDAW) နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child – CRC) တို့တွင် လက်မှတ်ထိုးထားသော အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာနှင့်ပတ်သက်သော ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများ၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှင့် ပဋိပက္ခလွန်ကာလ ပြန်လည်ထူထောင်ရေး အဆင့်တိုင်းတွင် အမျိုးသမီးများ၏ပါဝင်မှုကို မြှင့်တင်ရန်၊ နှင့် ယင်းကဲ့သို့သော လုပ်ငန်းစဉ်များတွင် ကျား-မ ကွဲပြားမှုအပေါ်အခြေခံသည့် ရှုထောင့်အမြင်များကို ထည့်သွင်း လုပ်ဆောင်ခြင်းနှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအား မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ အခြေပြု အကြမ်းဖက်မှုများမှ အကာအကွယ်ပေးနိုင်ရန်အတွက် အထူးပြုလုပ်ဆောင်မှုများ လုပ်ဆောင်ရန်စသည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များအား လိုက်နာဖော်ဆောင်ရမည့် နိုင်ငံလည်းဖြစ်သည်။ ထို့အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် “(လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်သည့်) ခိုင်လုံသော အစီရင်ခံစာများအားလုံးကို သေသေချာချာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျူးလွန်သူများအား အရေးယူမှုများ လုပ်ဆောင်သွားမည်” ဆိုသည့်အချက်ကို ဖော်ပြသော ပူးတွဲထုတ်ပြန်ကြေညာချက်တစ်စောင်ကို လက်နက်ကိုင်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။[25]

၁၇။ ယင်းသို့ လိုက်နာရမည့် စည်းနှောင်မှုများရှိနေသော်လည်း လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြု အကြမ်းဖက်မှုများမှာ လျော့နည်းမသွားဘဲ ဆက်လက်ရှိနေဆဲဖြစ်ကာ ထိုအကြမ်းဖက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက ကောင်းမွန်စွာ မှတ်တမ်းတင်ထားကြပြီး[26] လွန်ခဲ့သောခုနစ်နှစ်က တင်သွင်းခဲ့သည့် နိုင်ငံအဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေမှာလည်း လွှတ်တော်တွင် တစ်ဆို့နေဆဲ ဖြစ်သည်။[27] အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအား ကိုင်တွယ်ဖြေရှင်းမှု ဆက်လက်ကင်းမဲ့နေပြီး မကြာခဏ ဆိုသလိုပင် ကျူးလွန်ခံရသူများ၏ နှုတ်ဆိတ်မှုကို အနည်းငယ်သော လျော်ကြေးငွေများဖြင့် ဝယ်ယူခြင်းခံနေရသည်။ IIFFMM ၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် အောက်ပါအချက်များကို တွေ့ရှိထားသည် –

၁၈။ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့သည် ၂၀၁၁ ခုနှစ်ကတည်းကပင် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များရှိ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် အလွန်အမင်းဆိုးရွားသော ဖြစ်ရပ်များ ထပ်မံတလဲလဲ ဖြစ်ပွားနေခဲ့ပါသည်။ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့နှင့် အလားတူဖြစ်ရပ်ပုံစံများကို ထုတ်ဖော်ခဲ့သည်မှာ အနည်းဆုံး ဆယ်စုနှစ် သုံးခုရှိခဲ့ပြီဖြစ်သည်။ မုဒိမ်းကျင့်ခြင်း၊ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ အဓမ္မအဝတ်အစားချွတ်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲစော်ကားခြင်း၊ လိင်အင်္ဂါများဖြတ်တောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခြင်း ဖြစ်ရပ်များတွင် ကျူးလွန်ပြီးနောက် ကျူးလွန်ခံရသူများကို သတ်ဖြတ်လိုက်လေ့ရှိသည်။ ထိုချိုးဖောက်ကျူးလွန်မှုများ၏ အတိုင်းအတာ၊ ရက်စက်မှုနှင့် စနစ်တကျလုပ်ဆောင်သည့် သဘောသဘာဝတို့က ဖော်ပြနေသည်မှာ ယင်းချိုးဖောက်မှု များသည် အရပ်သားပြည်သူများအပေါ် ခြိမ်းခြောက်ရန်၊ အကြမ်းဖက်ရန် သို့မဟုတ် ပြစ်ဒဏ်ပေးရန် တမင်ရည်ရွယ် ချမှတ်ထားသော မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းတို့ကို စစ်ရေးဗျူဟာ လက်နက်တစ်ခုအဖြစ် အသုံးပြုနေပါသည်။ ယင်းကဲ့သို့သောအတိုင်းအတာဖြင့် ပုံမှန်ဖြစ်ပွားနေမှုသည် ကျူးလွန်သူများမှ ကာလရှည်ကြာ ပြစ်ဒဏ်ပေးအရေးယူခံရခြင်း ကင်းလွတ်မှု ရရှိနေသည့် အခြေအနေတစ်ရပ်၌သာ ဖြစ်ပေါ်နိုင်ပါသည်။[28]

၁၉။ မြန်မာနိုင်ငံအနေဖြင့် ထိုအကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ရာတွင် အလွန်ပင် အားနည်းနေသည်မှာ ထင်ရှားနေပါသည်။ မြန်မာစစ်တပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လက်နက်သဖွယ် အသုံးပြုနေခြင်းမှာ တိုင်းရင်းသူအမျိုးသမီးများအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများအတွက် ပြစ်ဒဏ်ပေး အရေးယူခံရခြင်း ကင်းလွတ်မှု ရရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရမှုကို ဦးတည်ဖြစ်ပေါ် စေသည့် စနစ်တကျပြင်ဆင်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အစိတ်အပိုင်း တစ်ခုလည်းဖြစ်သည်။ မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စစ်တရားရုံးတွင် တရားစီရင်ခြင်း မပြုလုပ်သင့်ပါ။ တာဝန်ယူမှု တာဝန်ခံမှုကို အရပ်ဘက်တရားရုံးများ သို့မဟုတ် ရှင်သန်ကျန်ရစ်သူ၏ ဘေးကင်း လုံခြုံရေးအပါအဝင် ၎င်းတို့၏ လိုအပ်ချက်များကို ထည့်သွင်းဖော်ဆောင်ထားသည့် အထူးတရားရုံးများနှင့် အထူးတရားစွဲဆိုမှုပုံစံများဖြင့် ထူထောင် ထားသည့် အခြားသော လွှဲပြောင်းနိုင်သည့်စနစ်တွင်သာ ဖော်ဆောင်ရမည် ဖြစ်သည်။

၂၀။ ထို့အပြင် ပဋိပက္ခနှင့် ထွက်ပြေးတိမ်းရှောင်ရမှု ကာလအတွင်း အမျိုးသမီးအများအပြားသည် ၎င်းတို့၏ ဓလေ့ထုံးတမ်း အစဥ်အလာထက်ကျော်လွန်သော တာဝန်များကို ထမ်းဆောင်ကြရသည်။ တချို့သော ပဋိပက္ခသက်ရောက်သည့်ဒေသများ တွင် အမျိုးသားများ မရှိသည့်အချိန်၌ အမျိုးသမီးများသည် ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် ခေါင်းဆောင်မှု အခန်းကဏ္ဍ များကို တာဝန်ယူခဲ့ကြသည်။ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်မှု တိုးတက်လာသော်လည်း အုပ်ချုပ်ရေးကဏ္ဍတွင် ဓလေ့ထုံးတမ်း အာဏာဖွဲ့စည်းပုံကို ဆက်လက်ထားရှိဆဲဖြစ်ရာ အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်သော လုပ်ငန်းစဉ်များတွင် ဘေးဖယ်ခံနေရသည်။ ထို့ကြောင့် ဒုတိယအကြိမ် UPR တွင် မြန်မာနိုင်ငံက ထောက်ခံထားခဲ့သော ဖင်လန်နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်နှင့်အညီ “နိုင်ငံအဆင့် ဆွေးနွေးပွဲများအပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် အမျိုးသမီးများ၊ ‘တိုင်းရင်းသားအစုအဖွဲ့များ’၊ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများနှင့် ဒုက္ခသည်များမှ တက်ကြွပြီး အဓိပ္ပါယ်ရှိစွာ ပူးပေါင်းပါဝင်မှုကို ပံ့ပိုးပေးရန်” ဆိုသည့်အချက်ကို မြန်မာနိုင်ငံအနေဖြင့် ပံ့ပိုးပေးရမည်ဖြစ်သည်။[29] မူဝါဒရေးရာ ဆွေးနွေးပွဲများနှင့် နေရပ်ပြန်ရေးနှင့် ပတ်သက်သည့် လူထုအသိုင်းအဝိုင်း၏ ဆုံးဖြတ်ချက်ချမှုများတွင် ‘မိမိဆန္ဒအလျောက်နေရပ်ပြန်ရေး’ ဆိုသည့် အနှစ်သာရကို ကျား-မ အခြေခံရှုထောင့်မှ နားလည်သဘောပေါက်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်သော လုပ်ငန်းစဥ်များတွင် အမျိုးသမီးများကို ထည့်သွင်းခြင်းဖြင့် အမျိုးသမီးများ၏ပါဝင်မှုကို သေချာစွာလုပ်ဆောင်ရမည် ဖြစ်သည့်အပြင် လုံခြုံမှုရှိရှိဖြင့် ဂုဏ်သိက္ခာရှိသော နေရပ်ပြန်ရေးအတွက် ဆန္ဒအလျောက်ဆုံးဖြတ်ချက်ချမှုများ၏ အလယ်ဗဟိုတွင် ထားရှိရမည် ဖြစ်သည်။

မိုင်းရှင်းလင်းရေး

၂၁။ ပြီးခဲ့သော UPR နှစ်ကြိမ်စလုံးတွင် မည်သည့်နိုင်ငံကမျှ မြန်မာအစိုးရအား မိုင်းရှင်းလင်းရေးနှင့်ပတ်သက်သည့် အကြံပြုတိုက်တွန်းချက် ပေးခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် မြေမြှုပ်မိုင်းဒဏ် အများဆုံးခံရသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အကြားတွင် မြန်မာစစ်တပ်သည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းအသစ်များ ချထားသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ခဲ့သည်။[30] ထို့အပြင် မြေမြှုပ်မိုင်းများကို မည်သည့်နေရာတွင် ထောင်ထားခဲ့ခြင်းနှင့် ပတ်သက်၍ မြေပုံ စနစ်တကျမရှိသောကြောင့် IDP များနှင့် ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ ရှိနှင့်ပြီးသား လယ်ယာ များတွင် ပြန်လည်လုပ်ကိုင်ခြင်း သို့မဟုတ် နေရပ်ပြန်ပြီးနောက် ဘဝသစ်များ စတင်ကြရာတွင် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးမှုများကို ကြုံတွေ့ရနိုင်သည့်အန္တရာယ်များ ရှိနေသည်။ နိုင်ငံအတွင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးအဖွဲ့အစည်းများရှိနေပြီး ဖြစ်သော်လည်း မြန်မာစစ်တပ်နှင့် EAO များ၏ အားတက်သရော ပါဝင်မှု အားနည်းနေခြင်းကြောင့် ၎င်းတို့အနေဖြင့် စနစ်တကျ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုများ စတင်နိုင်ခြင်း မရှိသေးပါ။[31] ထိုအဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်းဆိုင်ရာ အန္တရာယ်နှင့်ပတ်သက်သော ပညာပေးရေး လုပ်ဆောင်မှုများတွင် ကန့်သတ်ခံနေရပြီး မြေမြှုပ်မိုင်းဆိုင်ရာ စမ်းစစ်မှုတွင်လည်း အလွန်ပင် ကန့်သတ်ခံနေရသည်။

မြေယာနှင့် အသက်မွေးဝမ်းကျောင်းမှု

၂၂။ ဒုက္ခသည်များနှင့် IDP များအတွက် လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိဖြင့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေးဖြစ်စေရန် အတွက် အဓိက အတားအဆီးတစ်ခုမှာ မြေယာဖြစ်ပြီး မြေယာသည် ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာများနှင့် ချိတ်ဆက်မှု ရှိသည်သာမကဘဲ အသက်မွေးဝမ်းကျောင်းမှုများနှင့်လည်း ဆက်စပ်နေပါသည်။ ဒုက္ခသည်များနှင့် IDP အများ အပြားသည် ယခင်က မြေယာများပိုင်ဆိုင်ခဲ့ကြပြီး ၎င်းတို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်တွင် ၎င်းတို့၏မြေယာများကို မြန်မာ စစ်တပ် သို့မဟုတ် အစိုးရမှ သိမ်းဆည်းခြင်း၊ သို့မဟုတ် အခြားသူများမှ ဝင်ရောက်နေထိုင်ခြင်းများ ရှိနေပါသည်။    

၂၃။ မြန်မာစစ်တပ်မှ တိုင်းရင်းသားပြည်သူများ၏ မြေယာများကို သိမ်းဆည်းမှုများ လုပ်ဆောင်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်ပြီး မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မှုသည် ကြီးမားသော မြေယာ သိမ်းဆည်းမှုများကို ဖြစ်ပေါ်စေပြီး ဓလေ့ထုံးတမ်း မြေယာအသုံးပြုမှုအပေါ် နက်ရှိုင်းသော ဆိုးကျိုးသက်ရောက်မှုကိုလည်း ဖြစ်ပေါ်စေပါသည်။ ပဋိပက္ခဖြစ်ပွားသောဒေသများတွင် ဓလေ့ထုံးတမ်းမြေယာစီမံအုပ်ချုပ်မှုကို ကျင့်သုံးကြပြီး ယင်းကို မြန်မာအစိုးရက အသိအမှတ်ပြုထားခြင်း မရှိသောကြောင့် သိမ်းဆည်းခံရသော မြေယာများကို ပြန်လည်တောင်းဆိုခြင်းအပါအဝင် ၎င်းတို့၏ မြေယာအခွင့်အရေးများကို ကာကွယ်နိုင်မှု မရှိခြင်းတို့ ဖြစ်ပေါ်စေပါသည်။ ယင်းမြေယာသိမ်းဆည်းမှုများကို စီးပွားရေး လုပ်ငန်းကြီးများ နှင့်/သို့မဟုတ် မြန်မာစစ်တပ်ဦးဆောင်သော မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်ပြီး ရင်ဆိုင်ရန် လယ်သမားများအား လုံလောက်သော အကာအကွယ်ပေးမထားသည့် မကြာသေးမီက ပြဌာန်းခဲ့သော ဥပဒေများအပါအဝင် ဥပဒေရေးရာမူဘောင်များဖြင့် ပံ့ပိုးပေးထားသည်။ ဥပမာအားဖြင့် ကရင်နီပြည်နယ်ရှိ ဒီမောဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ် များတွင် တောင်သူ (၄၀) ဦးမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၄၇ နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆/၁ တို့အရ ရာဇဝတ်မှုမြောက်သော ပိုင်နက်ကျူးကျော်မှုဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေကြရသည်။ ၎င်းတို့ ကျူးကျော်သည်ဟု စွပ်စွဲခံထားရသော မြေယာများမှာ ၎င်းတို့ မျိုးဆက်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင်လာခဲ့သော မြေယာများဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းအတော်ကြာက နေထိုင်ခဲ့သော မူလရွာသားများကို မြန်မာစစ်တပ်မှ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ပြီး ဝင်ရောက်သိမ်းဆည်းခဲ့သော မြေယာများပင်ဖြစ်သည်။[32] ယင်းဥပမာသည် မြန်မာနိုင်ငံတစ်ဝှမ်း၌ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေမှုအတိုင်းအတာကို သာဓကအားဖြင့် ရှင်းလင်းထားခြင်းပင် ဖြစ်သည်။

၂၄။ ယေဘုယျအားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအတွက် စားဝတ်နေရေးသည် အဓိက စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေချိန်တွင် ထွက်ပြေးတိမ်းရှောင်ရသူများနှင့် အခြားသောမြေယာသိမ်းဆည်းခံရသူများအတွက်မူ ပိုမို ကြီးမားသော စိန်ခေါ်ချက်ဖြစ်စေပြီး အထူးသဖြင့် စစ်တပ် သို့မဟုတ် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများမှ သိမ်းဆည်း ထားခြင်းခံရသည့် ဖြစ်ရပ်များတွင် ၎င်းတို့၏ မြေယာများ ပြန်လည်ဖြည့်ဆည်းပိုင်ခွင့် ရရှိရေး သို့မဟုတ် လျော်ကြေးငွေ ရရှိရေးမှာ တောင်တက်တိုက်ပွဲအလား အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။ ထွက်ပြေးတိမ်းရှောင်ရသူများသည် မြန်မာနိုင်ငံ၏ တချို့နေရာများတွင် မြေယာသိမ်းဆည်းခံရသူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအပြင် ထပ်တိုးလာသော အခြားစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရသည်။ ပထမတစ်ချက်အနေဖြင့် ထွက်ပြေးတိမ်းရှောင်ရမှုများမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့ပြီးဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်ရသူအများအပြားမှာ ယခုအခါတွင် ယခင် ထွက်ပြေးတိမ်းရှောင် ရသူများ ပိုင်ဆိုင်သော မြေယာများပေါ်၌ နေထိုင်နေကြရာ မြေယာပြန်လည် တောင်းဆိုမှုများတွင် အဆင့်ဆင့် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ဒုတိယအချက်မှာ ထွက်ပြေးတိမ်းရှောင်ရသူများ အနေဖြင့် ၎င်းတို့ ယခင်က ရှိခဲ့ဖူးသော စာရွက်စာတမ်းများနှင့် တရားဝင်ပိုင်ဆိုင်မှု သက်သေမပြနိုင်သည့်အချိန်တွင် အသုံးပြုနိုင်သော အခွန်ဆောင်ထားသည့် ဖြတ်ပိုင်း(ပြေစာ)အပါအဝင် စာရွက်စာတမ်းများသည် ထွက်ပြေးတိမ်းရှောင်ရခြင်းကြောင့် ပျောက်ဆုံးသွားပြီး ဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း၌ လူအများအပြား သိလာရသည်မှာ ၎င်းတို့အနေဖြင့် ပိုင်ဆိုင်မှုကို သက်သေပြနိုင်သည့်တိုင် ၎င်းတို့၏မြေများကို ပြန်လည်ရရှိနိုင်ခြင်း မရှိသည်ကို ကြုံတွေ့ခဲ့ကြရသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်မှာ စိုက်ပျိုးရေးအတွက် မြေယာအသုံးပြုမှုကိုသာ ခွင့်ပြုပေးထားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆုံးစွန်သောပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုမထားသောကြောင့် လုံခြုံသော မြေယာပိုင်ဆိုင်ခွင့်ကို ပေးမထားပေ။

၂၅။ ဒုတိယအကြိမ် UPR တွင် ချက်ရီဖတ်ဘလစ်နိုင်ငံက ပြုလုပ်ထားခဲ့သည့် “တရားမဝင် သို့မဟုတ် အတင်းအဓမ္မ သိမ်းဆည်းခံထားရသည့် လယ်သမားများနှင့်အခြားသူများ၏ မြေယာများကို ပြန်လည်ပြုပြင်ပေးခြင်း အပါအဝင် မြေယာသိမ်းဆည်းမှုဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်” ဆိုသည့် အကြံပြု တိုက်တွန်းချက်ကို မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။[33] သို့သော်လည်း ပြီးခဲ့သည့် UPR မှစတင်၍ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများက အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ မြေယာသိမ်းဆည်းမှုများကို အရှိန်မြှင့်တက်လာစေခဲ့သည်။ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ (Vacant, Fallow and Virgin Land Management Law – VFVL) က  ဒေသန္တရ အတွင်းရှိ ပြည်သူလူထုအသုံးပြုနေခဲ့သည့် စားကျက်မြေ သို့မဟုတ် ရေရှည်တည်တံ့စွာဖြင့် သစ်တောထွက်ပစ္စည်းများ ခူးဆွတ်ရန်နှင့် ရောင်းချရန်အတွက် အသုံးပြုခဲ့သည့်မြေများကို  “မြေလွတ်” သို့မဟုတ် “မြေလပ်” များအဖြစ် အစိုးရအား ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းအပါအဝင် ကျေးလက်ပြည်သူများ၏ မြေယာနှင့် အသက်မွေးဝမ်းကျောင်းမှုများအတွက် မလုံခြုံမှုများကို ဖြစ်ပေါ်လာစေသည်။ လက်ရှိ IDP များထဲမှ အများအပြားမှာ သစ်တောထွက်ပစ္စည်းများ ရှာဖွေခြင်းနှင့် မြေလပ်များပေါ်တွင် လုပ်ကိုင်ခြင်းဖြင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် မှီခိုနေကြရပြီး ၂၀၁၂ ခုနှစ် မြေယာဥပဒေ နှင့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့က အစိုးရထိန်းချုပ်ဒေသရှိ ယင်းကဲ့သို့သော မှီခိုလုပ်ကိုင်မှုကို တရားမဝင် ဖြစ်စေသည်။ အထူးသဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုပြဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သောဥပဒေသည် အစိုးရက မြေလွတ်အဖြစ် ကြေညာထားသော မြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အသုံးပြုပါက အသုံးပြုသူသည် ဒဏ်ငွေ ၅၀၀,၀၀၀ ကျပ် (အမေရိကန် ဒေါ်လာ ၃၁၅) နှင့်/သို့မဟုတ် ထောင်ဒဏ် နှစ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည်။[34] ထို့အပြင် အရပ်သားပြည်သူများအနေဖြင့် ၎င်းတို့၏ မြေယာများကို မှတ်ပုံတင်ရန်အတွက် အချိန်ကာလအားဖြင့် ခြောက်လသာ ပေးထားသဖြင့် ပြည်သူများအတွက် အမျိုးမျိုးသော အခက်အခဲများကို ဖြစ်ပေါ်စေပါသည်။ ပထမတစ်ချက်အနေဖြင့် ဒုက္ခသည်များနှင့် IDP များသည် ထွက်ပြေးတိမ်းရှောင်ရမှု အခြေအနေတွင် နေထိုင်နေကြရပြီး လုံခြုံရေး၊ ကုန်ကျမည့် စားရိတ်နှင့် ခရီးသွားလာနိုင်မှု အခြေအနေများကြောင့် နေရပ်ပြန်၍ မှတ်ပုံတင်နိုင်ရန်မှာ အလွန်ပင်ခက်ခဲသည့်အခြေအနေတွင် ရှိနေသဖြင့် ၎င်းတို့၏ မြေယာများမှာလည်း မြေလွတ် သို့မဟုတ် မြေလပ်များ အဖြစ် ကြေညာခံရမည့်အန္တရာယ် ရှိနေပါသည်။ ဒုတိယတစ်ချက် အနေဖြင့် တိုင်းရင်းသား ကျေးလက်ဒေသအများစုတွင် ဓလေ့ထုံးတမ်း သို့မဟုတ် ရိုးရာဓလေ့ မြေယာအသုံးပြုမှုစနစ်ကို ကျင့်သုံးကြပြီး မြေယာကို တစ်ဦးတစ်ယောက်ချင်းစီက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ စုပေါင်းပိုင်ဆိုင်ကြသည်။ တတိယတစ်ချက် အနေဖြင့် ထိုဥပဒေ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားဒေသများမှ လယ်သမားများအကြား သိရှိနားလည်မှုအပေါ် စစ်တမ်းကောက်ယူ ရာတွင် ၃ ရာခိုင်နှုန်းသော လယ်သမားများကသာလျှင် ဥပဒေအကြောင်းကို သိရှိထားသည်ဟု ယူဆထားပြီး  ၉၉ ရာခိုင်နှုန်း နှင့် အများစုမှာ မှတ်ပုံတင်ရန်အတွက် အချိန်သတ်မှတ်ချက်ကို မသိရှိကြသူများ ဖြစ်သည်။[35]

၂၆။ တိုင်းရင်းသားဒေသများတွင် လက်ရှိနေထိုင်နေကြသော ကျေးလက်နေပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မြေယာများ သိမ်းဆည်းခံနေရသည့် အနေအထားတွင် နိုင်ငံအဆင့် မြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာမူဝါဒတွင် ဘေးဖယ်ခံထားရသည့် သိန်းချီသော နေရပ်ပြန်လာမည့် ဒုက္ခသည်များနှင့် IDP များအတွက် ပြန်လည်ဖြည့်ဆည်းပေးရေးဆိုင်ရာ အစီအစဉ်ကို ကြိုတင်တွေးကြည့်ရန်ပင် ခက်ခဲနေမည်ဖြစ်သည်။ သို့ဖြစ်၍ ဓလေ့ထုံးတမ်း မြေယာအခွင့်အရေးများကို အသိအမှတ်ပြုရေး၊ အစိုးရမဟုတ်သော ဒေသန္တရတိုင်းရင်းသားအုပ်ချုပ်မှုနှင့် မြေယာပိုင်ဆိုင်မှုများကို အသိအမှတ်ပြုရေး၊ ကျေးလက်ဒေသ၏ အသေးစားစီးပွားရေးပိုင်ဆိုင်သူများကို အကြီးစားစီးပွားရေးလုပ်ငန်းများထက် ဦးစားပေးရေးတို့သည် ပိုမိုကျယ်ပြန့်သော မြန်မာနိုင်ငံ၏ မြေယာမူဝါဒပြုပြင်ပြောင်းလဲရေးထဲတွင် ပါဝင်လာစေရန်အတွက် ပင်နဲရိုးအခြေခံမူများသည် အလွန်ပင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။[36]  

ဝိသေသလက္ခဏာ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာခွဲခြားဆက်ဆံမှု

၂၇။ အီကွေဒေါနိုင်ငံမှ ပြုလုပ်ထားသော အကြံပြုတိုက်တွန်းချက်ဖြစ်သည့် “လူနည်းစုများ အပါအဝင် တိုင်းရင်းသားနှင့် ယဉ်ကျေးမှုဆိုင်ရာအစုအဖွဲ့များအပေါ် ခွဲခြားဆက်ဆံမှုများအားလုံးဖယ်ရှားပြီး အတူယှဉ်တွဲတည်ရှိမှုကို အားပေးမြှင့်တင်ရန် ဖြစ်နိုင်ခြေရှိသည့် လုံလောက်သော အရေးယူဆောင်ရွက်မှုများကို ထည့်သွင်းစဉ်းစားရန်” ဟူသည့် အချက်ကို မြန်မာနိုင်ငံက ထောက်ခံခဲ့သည်။[37] အလားတူ ဆလိုဗေးနီးယားနိုင်ငံကလည်း “အစိုးရ၏ ဆုံးဖြတ်ချက်များတွင် တိုင်းရင်းသားလူထု အသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှုဖြင့် ၎င်းတို့၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု သေချာစေရေးအတွက် ဥပဒေဖြင့် ပြဌာန်းရန်” ဟူသော အကြံပြုတိုက်တွန်းချက်ကို ပေးထားပါသည်။[38]

၂၈။ မြန်မာအစိုးရ၏ လက်ရှိမူဝါဒများသည် တိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ ဝိသေသလက္ခဏာ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို ၎င်းတို့ နှစ်သက်ရာနည်းလမ်းဖြင့် ဖော်ပြခွင့်မပြုသော ထိုကိစ္စရပ်များအပေါ် ခွဲခြားဆက်ဆံသော မူဝါဒများကို ပြဌာန်းထားသည်။ လွန်ခဲ့သောငါးနှစ်အတွင်းက ဖြစ်ပွားခဲ့သော သာဓကဖြစ်ရပ်များတွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ကရင်အာဇာနည်နေ့ ကျင်းပရန်အတွက် ပွဲစီစဉ်ခဲ့သော ကရင်တက်ကြွလှုပ်ရှားသူ နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့ တရားစွဲဆိုခံခဲ့ရခြင်းလည်း ပါဝင်သည်။[39] ထို့အပြင် ကရင်နီပြည်နယ်တွင် ဒါဇင်နှင့်ချီသော လူငယ်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုကို ပြည်နယ်၏ မြို့တော်ဖြစ်သော လွိုင်ကော်မြို့တွင် စိုက်ထူခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြသောကြောင့် ဖမ်းဆီးခြင်းခံခဲ့ကြရသည်။[40] ချင်းပြည်နယ်ရှိ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများကလည်း ၎င်းတို့၏မြို့တော် ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်ရေးအစီအစဉ်ကို ဆန့်ကျင်ခဲ့ကြသည်။[41] မွန်ပြည်နယ်ရှိ တံတားတစ်စင်းအမည်ကို မွန်တိုင်းရင်းသားအမည်ဖြင့် ပေးလိုသော်လည်း ဗိုလ်ချုပ်အောင်ဆန်း အမည်အား ပေးခဲ့ခြင်းကြောင့် မကျေနပ်မှုများ နက်ရှိုင်းလာစေပါသည်။[42] ယင်းသို့ ဆန့်ကျင်မှုများမှာ လက်ရှိ မြန်မာစစ်တပ်ကို ထူထောင်ခဲ့ပြီး လွတ်လပ်ရေးရရှိအောင် ဗြိတိသျှတို့နှင့် ဆွေးနွေးညှိနှိုင်းခဲ့သည့် ဗမာတိုင်းရင်းသားဖြစ်သော  ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများအနေဖြင့် ၎င်းတို့၏ ယခင်မျိုးဆက်များက ပြည်ထောင်စုနှင့် ပူးပေါင်းသွားစေရန် သဘောတူညီမှုကို ဦးတည်စေခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်ဖြစ်သော တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံရှုံးပျက်ပြားနေခြင်းကြောင့် ဖြစ်သည်။

၂၉။ တိုင်းရင်းသားများ၏ ဝိသေသလက္ခဏာကို ဖိနှိပ်ချုပ်ချယ်ခြင်းနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများသည် ဒုက္ခသည် များနှင့် IDP များအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါသည်။ ထွက်ပြေးတိမ်းရှောင်ရသူများသည် ၎င်းတို့၏ တိုင်းရင်းသား ဖြစ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ၎င်းတို့၏ ဝိသေသလက္ခဏာကို ဘာသာစကားအရ ဖြစ်စေ၊ သင်္ကေတအရဖြစ်စေ၊ နိုင်ငံရေးအထိမ်းအမှတ်ပွဲများမှဖြစ်စေ သို့မဟုတ် ရိုးရာယဉ်ကျေးမှုမှတစ်ဆင့်ဖြစ်စေ ဖော်ထုတ်ခွင့် ငြင်းဆိုခံနေရခြင်းသည် အကြမ်းဖက်သော ဗမာကြီးစိုးခြယ်လှယ်ရေးလုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာစေရန် ပံ့ပိုးပေးနေသည်။

လှုပ်ရှားသွားလာခြင်း၊ ထုတ်ဖော်ပြောဆိုခြင်းနှင့် အသင်းအပင်ဖွဲ့စည်းခြင်းဆိုင်ရာ အခြေခံလွတ်လပ်ခွင့်များတွင် ဥပဒေနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတားအဆီးများ

၃၀။ နေရပ်ပြန်ရေးတွင် ဥပဒေပိုင်းဆိုင်ရာ နှင့်/သို့မဟုတ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စာရွက်စာတမ်းများသာမက ဒုက္ခသည် များနှင့် IDP များ၏ တရားဝင်မှုအခြအနေနှင့် ပတ်သက်၍လည်း ဖြစ်နိုင်ခြေရှိသော အတားအဆီး သို့မဟုတ် အန္တရာယ် အများအပြား ရှိနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိဥပဒေရေးရာအခြေအနေမှာ ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့သော အလွန်ပင် ခေတ်နောက်ကျနေသည့်ဥပဒေများကို စာအုပ်များထဲတွင် ထားရှိနေဆဲဖြစ်ပြီး ယင်းတို့ကို လိုအပ်သလို ရွေးချယ် အသုံးပြုလေ့ရှိသည်။ ၎င်းမှာ သေချာရေရာမှုမရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေပြီး ထွက်ပြေးတိမ်းရှောင်သူများ အတွက် ၎င်းတို့၏ တရားဝင်မှုအခြေအနေနှင့်ပတ်သက်၍ သေချာရေရာမှု ရှိမနေခြင်းကြောင့် နေရပ်ပြန်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခက်အခဲဖြစ်စေပါသည်။

၃၁။ ပဋိပက္ခဖြစ်ပွားနေခြင်း သို့မဟုတ် ရွာများမီးရှို့ခံရခြင်းကြောင့်ဖြစ်စေ၊ သို့မဟုတ် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုမှ ထွက်ပြေးတိမ်းရှောင်ရခြင်းကြောင့်ဖြစ်စေ အရေးပေါ်တိမ်းရှောင်ထွက်ပြေးခဲ့ရသော ပြည်သူများသည် ယခင်က ၎င်းတို့ ပိုင်ဆိုင်ထားသော တရားဝင်စာရွက်စာတမ်းများ ရှိခဲ့လျှင်ပင် မကြာခဏဆိုသလို ချန်ရစ်ခဲ့ရလေ့ရှိသည်။ ၎င်းတို့အနေဖြင့် ထိုစာရွက်စာတမ်းများ ဖျက်ဆီးခံလိုက်ရခြင်းကြောင့် ပြန်လည်ရယူနိုင်သည့်နည်းလမ်း မရှိတော့ဘဲ နိုင်ငံသားဖြစ်မှု၊ မြေယာပိုင်ဆိုင်မှုနှင့် နေရပ်ပြန်နိုင်ရေး ရေရှည်တည်တံ့စေမည့် အခြား ပိုင်ဆိုင်မှုအခွင့်အရေးများကို သက်သေပြနိုင်သည့် အရေးကြီးသော အထောက်အထားများ ဆုံးရှုံးရသွားကြရပါသည်။ တခြားသောသူ အများအပြားမှာမူ တိုင်းရင်းသား လူမျိုးများ၏ ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများတွင် နေထိုင်တတ်သော သဘောသဘာဝနှင့် ဘေးဖယ်ခံထားရ မှုကြောင့် မှတ်ပုံတင်ကတ်ပြားများနှင့် မွေးစာရင်းများအပါအဝင် ယင်းကဲ့သို့စာရွက်စာတမ်းများမှာ အစကတည်းပင် မရှိခဲ့ကြပါ။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရမှုအတွင်း မွေးဖွားသောကလေးများမှာ တရားဝင်မွေးစာရင်းများ မရှိကြဘဲ ထွက်ပြေးတိမ်းရှောင်ရမှုဒေသများတွင် ထုတ်ပေးသော မွေးစာရင်းများကိုမူ မြန်မာအစိုးရက အသိအမှတ်ပြုထားခြင်း မရှိပါ။

၃၂။ နယ်စပ်ကိုဖြတ်ကျော်၍ ထွက်ပြေးတိမ်းရှောင်ရခြင်းကလည်း ဥပဒေကြောင်းဆိုင်ရာအရ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုများ ရှိနေနိုင်သည်။ စစ်တပ်အုပ်ချုပ်နေစဉ်ကာလအတွင်း မြန်မာနိုင်ငံမှ တရားမဝင်ထွက်ခွာခဲ့ပြီး နေရပ်ပြန်ရန် ကြိုးပမ်းသောသူများမှာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် အခြားအမျိုးမျိုးသော ဥပဒေဆိုင်ရာ ပြဌာန်းချက်များ   အထူးသဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံပြင်ပရှိ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရခံပါက ဖမ်းဆီးခြင်း ခံရနိုင်သည်။[43] 

၃၃။ ထွက်ပြေးတိမ်းရှောင်ရသူများ ကြောက်ရွံ့ပူပန်နေသည့် ဥပဒေပြဌာန်းချက်များထဲမှ တစ်ခုမှာ မတရားအသင်း အက်ဥပဒေ၏ ပုဒ်မ ၁၇ ဖြစ်သည်။ ၁၉၀၈ ခုနှစ်တွင် ပြဌာန်းခဲ့သော မတရားအသင်းများအက်ဥပဒေသည် အလွန်ပင် ဟောင်းနွမ်းနေပြီး အစိုးရအနေဖြင့် ထိုကဲ့သို့ ဝေးဝါးလှသောဥပဒေကို အသုံးချခြင်းအားဖြင့် အရပ်သားပြည်သူများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ‘တရားမဝင်အသင်းအဖွဲ့နှင့် ဆက်နွယ်နေမှု’ ဖြင့် ဖမ်းဆီးနိုင်သည်။ ထိုအထဲတွင် အနည်းဆုံး အားဖြင့် NCA ကို လက်မှတ်ရေးထိုးမထားသော EAO များအပါအဝင် စစ်တပ်၏ချိုးဖောက်မှုများကို ဆန့်ကျင်သည့် အခြားသော နိုင်ငံရေး သို့မဟုတ် လူ့အခွင့်အရေးအဖွဲ့အစည်းများပါဝင်ကြောင်း သိရှိထားကြသည်။[44] သို့သော် ယင်းသည် လက်ရှိ သို့မဟုတ် ယခင်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုသာမကဘဲ မြန်မာစစ်တပ်က အရပ်သားပြည်သူများကို EAO များနှင့် ပတ်သက်ဆက်နွယ်သည်ဟု အမြဲလိုလိုပင် စွပ်စွဲလေ့ရှိသည်။ မကြာသေးခင်ကပင် ထိုဥပဒေဖြင့် ဖမ်းဆီးမှုများတွင် EAO များ၏ လှုပ်ရှားမှုများကို သတင်းရယူရေးသားခဲ့သော သတင်းထောက်များ[45] နှင့် EAO များနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည့် အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ IDP များအပါအဝင် အရပ်သား ပြည်သူများ ပါဝင်သည်။[46] ယင်းကဲ့သို့သော အခြေအနေအောက်တွင် UNHCR က ထိုင်းနိုင်ငံရှိ စခန်းများမှ ဒုက္ခသည် တစ်ဦးချင်းစီအား နိုင်ငံသားဖြစ်ခြင်း အကြိုစိစစ်မှု အစီအစဉ်တစ်ခုကို မြန်မာအစိုးရနှင့်အတူ တွဲဖက်လုပ်ဆောင်ရန် တင်ပြထားချက်မှာ စိုးရိမ်ပူပန်စရာ ဖြစ်နေပါသည်။ ထိုစခန်းများမှ နေရပ်ပြန်လာခဲ့ကြသော ဒုက္ခသည်များကို သံသယရှိနေသည့်အမြင်ဖြင့် ပြည်နယ်တွင်း အာဏာပိုင်များက စောင့်ကြည့်ကြသည်။ ထို့ကြောင့် နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်များ အားလုံး ၏ အချက်အလက်များကို မြန်မာအစိုးရအား ရယူခွင့်ပေးလိုက်ခြင်းသည် အထူးသဖြင့် အထက်တွင် ဖော်ပြထားသော ဥပဒေများကို အသုံးပြုနေသည့် အခြေအနေတွင် ၎င်းတို့၏ လုံခြုံရေးမှာ အထူး စိုးရိမ်ဖွယ် ဖြစ်လာပါသည်။

မူးယစ်ဆေးဝါးများ           

၃၄။ မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများဖြင့် ဆက်နွယ် နေပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်း ဒုတိယအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်ပြီး ဒေသအတွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေသည့် မြင်းဆေး (စိတ်ကြွဆေးပြား) ကူးသန်းရောင်းဝယ်ရေး၏ အဓိကဇာတ်ကောင် ဖြစ်သည်။[47] ဘိန်းထွက်ပစ္စည်းများနှင့် စိတ်ကြွဆေးပြားများ နှစ်မျိုးစလုံး ထုတ်လုပ်မှုအများစုမှာ အစိုးရနှင့်ချိတ်ဆက်မှု ရှိနေသော လက်နက်ကိုင်အဖွဲ့အစည်းများက လုပ်ဆောင်နေခြင်းဖြစ်သည်။ နိုင်ငံရေးရည်ရွယ်ချက်များရှိသည့် EAO များအား တိုက်ခိုက်ရာတွင် အသုံးချခံ အင်အားစုအဖြစ် ပါဝင်ခြင်းအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ရန်နှင့် နယ်မြေအနည်းငယ် စီမံအုပ်ချုပ်ရန် မြန်မာစစ်တပ်က အပေးအယူစနစ် အဖြစ် ချန်လှပ်ပေးထားသည်။ တချို့သော ပြည်သူစစ်တပ်ဖွဲ့များကို မြန်မာစစ်တပ်က ဖွဲ့စည်းထားသည်။[48] သို့သော် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရသူများမှာ အများအားဖြင့် ကျေးလက်ဒေသနေ တိုင်းရင်းသားပြည်သူများ၊ ဒုက္ခသည်နှင့် IDP များ စသည့်သာမန်ပြည်သူများပင်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူ ခဲ့သည့်အချိန်မှစ၍ မြန်မာစစ်တပ်၏ အသုံးချခံဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့မှ စိတ်ကြွဆေးဖြန့်ချိမှုများ ပိုမိုတိုးမြင့်လာခြင်းကို မှတ်တမ်းတင်ထားပါသည်။[49] ကချင်ပြည်နယ်တွင် အမျိုးသားငယ်များအကြား အထူးသဖြင့် ကျောက်စိမ်းတူးဖော်သည့်ဒေသများတွင် ဘိန်းဖြူစွဲသည့် နှုန်းမှာ ကြောက်ခမန်းလိလိမြင့်မားနေသည်။[50] အလားတူ ရှမ်းပြည်နယ်ရှိ ကျေးရွာအတော်များများမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် ယင်းနှင့်ဆက်နွယ်နေသောအကြမ်းဖက်မှု သို့မဟုတ် အမျိုးသားထုအတွင်း ဆေးစွဲမှု တို့ကြောင့် ဖျက်ဆီးခြင်း ခံနေကြရသည်။ ထို့အပြင် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပ‌ဒေများနှင့် မူဝါဒများသည် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် အကြီးစား ထုတ်လုပ်ရောင်းဝယ်နေသူများကို အပြစ်ပေးအရေးယူရမည့်အစား အသေးစား ရောင်းဝယ်သူများနှင့် သုံးစွဲသူများကိုသာ ပစ်မှတ်ထားခြင်းဖြစ်နေသည်။[51]

ကျန်းမာရေးနှင့် ပညာရေး

၃၅။ ထွက်ပြေးတိမ်းရှောင်ရသောကာလအတွင်း အကောင်းဆုံး ပညာရေးဆိုင်ရာအခွင့်အလမ်းတချို့မှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ဖွင့်လှစ်ထားသော စံချိန်မီသင်ရိုးညွန်းတမ်းများနှင့် သင်တန်းဆင်း ဆရာ၊ ဆရာမများဖြင့် သင်ကြား ပေးသည့် မူလတန်း၊ အထက်တန်းနှင့် ၁၀-တန်းလွန် ကျောင်းများအပါအဝင် စနစ်တကျစီစဉ်ထားသော၊ စံချိန်စံနှုန်း ပြည့်ဝသော အစိုးရကျောင်း မဟုတ်သည့်ကျောင်းများနှင့် စံချိန်မီသင်ရိုးညွှန်းတန်းများနှင့် သင်တန်းဆင်း ဆရာ၊ ဆရာမများကို ခန့်အပ်ထားသော EAO ဖွင့်လှစ်ထားသည့်ကျောင်းများမှ ရရှိသော ပညာရေးပင်ဖြစ်သည်။[52] နေရပ်ပြန်ရာတွင် ကြီးမားသော စိန်ခေါ်မှုတစ်ခုမှာ ထိုကျောင်းများမှ ထုတ်ပေးထားသော ပညာရေးဆိုင်ရာ အောင်လက်မှတ်များနှင့် ကျန်းမာရေးလုပ်သားများ၏ အရည်အချင်းများကို အသိအမှတ်ပြုရေးနှင့် အလားတူ အခြားထွက်ပြေးတိမ်းရှောင်ရသည့် နေရာများမှ EAO ထိန်းချုပ်မှုအောက် လည်ပတ်သောကျောင်းများနှင့် အရပ်ဘက်လူထုအသိုင်းအဝိုင်းမှ လည်ပတ်သော ကျောင်းများမှ ထုတ်ပေးသော အောင်လက်မှတ်များကို အသိအမှတ်ပြုရေးဖြစ်သည်။ မြန်မာအစိုးရသည် သမားရိုးကျ မဟုတ်သော ကျောင်းများမှ ထုတ်ပေးသည့်အောင်လက်မှတ်များကို အသိအမှတ်ပြုထားခြင်းမရှိပါ။ ဤအချက်က ကျောင်းသားများ အနေဖြင့် အစိုးရကျောင်းများ၌ သင့်တော်သောအတန်းများသို့ တက်ရောက်နိုင်စွမ်း နှင့်/သို့မဟုတ် တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားနိုင်ရေးတို့အပေါ် သက်ရောက်မှုရှိပြီး ထွက်ပြေးတိမ်းရှောင်ရသူများအနေဖြင့် အနာဂတ် မျိုးဆက်များအတွက် အရည်အသွေးရှိသော ပညာရေးအခွင့်အလမ်းများ ပေါ်ထွန်းလာစေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများကို ချိုးနှိမ်ဖယ်ရှား လိုက်ခြင်းပင်ဖြစ်သည်။[53] ထိုကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများမှာလည်း ၎င်းတို့၏ အရည်အချင်းများကို အသိအမှတ်ပြုခြင်း မရှိသည့်အတွက် အစိုးရကျောင်းများတွင် အလုပ်ရနိုင်မည် မဟုတ်ပါ။

လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှု

၃၆။ နေရပ်ပြန်မည့် ဒုက္ခသည်များနှင့် IDP များအတွက် မြေယာမလုံလောက်ဘဲ ချို့တဲ့နေခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အခွင့်အလမ်းများ ရှားပါးနေသည့်အခင်းအကျင်းအောက်တွင် အလှူရှင်များအနေဖြင့် ဒုက္ခသည်စခန်းများနှင့် IDP စခန်းများအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့မှုများကို ဆက်လက်ပံ့ပိုးပေးရန် အလွန်ပင်အရေးကြီးပါသည်။ သို့သော် ဆက်လက်ဖြစ်ပွားနေသော ထိတွေ့တိုက်ခိုက်မှုများ၊ ချိနဲ့ယိမ်းယိုင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လုံခြုံမှုရှိရှိနှင့် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် မျှော်လင့်ချက် ကင်းမဲ့နေခြင်းများ ဆက်လက်ရှိနေသော်လည်း နယ်စပ်ဖြတ်ကျော် ကူညီပေးနေသော အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားဝန်ဆောင်မှုပေးသူများနှင့်အတူ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းရှိ IDP စခန်းများအတွက်မူ ပြီးခဲ့သည့်နှစ်များအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ထောက်ပံ့မှုများ သိသိသာသာ လျော့ကျလာခဲ့သည်။[54] အရေးတကြီးလိုအပ်သည့် ဝန်ဆောင်မှုများကို လုံလောက်စွာ မရရှိခြင်းကြောင့် စခန်းများ၌ နေထိုင်သူများမှာ ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရပြီး အမျိုးသမီးများ၊ ကလေးများနှင့် မသန်စွမ်းသူများအနေဖြင့် အခက်အခဲများနှင့် ပိုမို ရင်ဆိုင်ကြုံတွေ့ကြရမည် ဖြစ်သည်။ နိုင်ငံတကာအလှူရှင်များမှ ထွက်ပြေးတိမ်းရှောင်ရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ ကူညီထောက်ပံ့မှုများကို လျှော့ချခဲ့သည့် တစ်ချိန်တည်းတွင် နေရပ်ပြန်ရေးကို အားပေးသည့်အခြေအနေများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်သည့် ဖွံ့ဖြိုးရေး အစီအစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ၎င်း၏ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို ကူညီပံ့ပိုးပေးခြင်း နှင့် မြန်မာနိုင်ငံအတွင်းရှိ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများအတွက် ရန်ပုံငွေပံ့ပိုးမှုများ ပိုမိုတိုးမြင့်လုပ်ဆောင်လာပါသည်။ ကရင်ပြည်နယ်အတွင်းရှိ အီးတူးထ IDP စခန်း၊ ရှမ်းပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ရှမ်းဒုက္ခသည်စခန်းတစ်ခုဖြစ်သော ကုန်းကျောအပါအဝင် တချို့သော IDP စခန်းများတွင် စားနပ်ရိက္ခာများ လုံး၀ဖြတ်တောက်လိုက်ခြင်းမျိုး ဖြစ်ပြီး အခြားသောဖြစ်ရပ်များတွင်မူ စားနပ်ရိက္ခာများကို လျှော့ချလိုက်ကြသည်။[55]

IDP စခန်းများ ပိတ်သိမ်းခြင်း

၃၇။ မြန်မာနိုင်ငံ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရခိုင်၊ ကချင်၊ ရှမ်းနှင့် ကရင် ပြည်နယ်များရှိ IDP စခန်းများ ပိတ်သိမ်းရေးကို ဦးတည်သည့်အစီအစဉ်တစ်ခုလုပ်ဆောင်နေပြီး ဝန်ကြီး ဦးဝင်းမြတ်အေး၏ အဆိုအရ ယင်းကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။[56] သို့သော်လည်း ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အရပ်ဘက်လူထုအဖွဲ့အစည်းများအနေဖြင့် သတင်းအချက်အလက်တစ်စုံတစ်ရာ ရရှိခြင်း သို့မဟုတ် အကြံပြုချက်တစ်စုံတရာ ပေးခွင့် မရှိခဲ့ပါ။[57] ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဘုရားကျောင်းများနှင့် IDP စခန်းများအဖြစ် ဖွင့်လှစ်ရန် နေရာပေးထားသော အခြားသောနေရာများအား စခန်းများပိတ်သိမ်းရန် စစ်တပ်က ဖိအားပေးမှု များလည်းရှိပြီး KIA ထိန်းချုပ်နယ်မြေများရှိ IDP များဆီသို့ အကူအညီများ ပေးပို့ခဲ့သော ကူညီထောက်ပံ့ရေး လုပ်သားများ မှာလည်း မတရားအသင်း အက်ဥပဒေအောက်တွင် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကို ခံနေကြရသည်။[58] ၂၀၁၇ ခုနှစ်ကတည်း ကပင် UNHCR ၏ အကူအညီဖြင့် လူဦးရေ တစ်ထောင် (၁,၀၀၀) နီးပါး မြန်မာနိုင်ငံအတွင်းသို့ နေရပ်ပြန်ခဲ့ကြသည်။ သို့သော်လည်း ထိုနေရပ်ပြန်သူများသည် လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းပြုရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေ ကြရဆဲ ဖြစ်သည်။ ထို့‌ကြောင့် နိုင်ငံရေးသဘောတူညီချက်များကို အောက်ခြေမြေပြင်တွင် အကောင်အထည် မဖော်နိုင်သေးသ၍ နေရပ်ပြန်ရေး လုပ်ငန်းစဉ်များကို ဖိအားပေးခြင်းမျိုး မလုပ်ဆောင်သင့်ပါ။

နိဂုံး

၃၈။ မြန်မာနိုင်ငံသည် ပထမ နှင့် ဒုတိယ အကြိမ် UPR တွင် ၎င်းကိုယ်တိုင် ထောက်ခံခဲ့သော အကြံပြုတိုက်တွန်းချက်များကို လိုက်နာဆောင်ရွက်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။ ဒုက္ခသည်များနှင့် IDP များ၏ ကံကြမ္မာနှင့် အနာဂတ်သည် ပိုမို ကျယ်ပြန့်ပြီး အားလုံးပါဝင်မှုရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အားဆန့်ကျင်သော ရာဇဝတ်မှုများအပါအဝင် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနှင့် လူနည်းစု၏ အခွင့်အရေးများကို ကာကွယ်ပေးပြီး ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသည့် တိုင်းရင်းသားတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုသော နိုင်ငံတစ်နိုင်ငံ ထူထောင်ခြင်းတို့အပေါ်တွင် မူတည်နေပါသည်။

၃၉။ ယင်းကဲ့သို့ ကြီးမားသော ကိစ္စရပ်များအပေါ် တိုးတက်မှုတစ်စုံတရာ လုပ်ဆောင်နိုင်ခြင်း မရှိသေးသ၍ ယခုတင်ပြချက် စာတမ်းတိုထဲတွင် ဖော်ပြထားသော ပြဿနာရပ်များသည် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူ များအား လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုများ ဆက်လက်ပံ့ပိုးကူညီပေးရန်နှင့် လုံခြုံမှုမရှိသည့် အခင်းအကျင်းသို့ နေရပ်ပြန်ရန် ဖိအားပေးခြင်း မလုပ်ဆောင်ရန်လည်း အထူးလိုအပ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် ထွက်ပြေး တိမ်းရှောင်ရသူများသည် အားလုံးပါဝင်သော နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်၏  အစိတ်အပိုင်းအဖြစ် ပါဝင်ရမည်ဖြစ်ပြီး ၎င်းတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော မတရားမှုများကို အသိအမှတ်ပြုခြင်းနှင့် ပြန်လည်ကုစားမှု လုပ်ဆောင်ပေးခြင်း၊ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကင်းသည့် ငြိမ်းချမ်းသောမြန်မာနိုင်ငံတွင် ဘဝသစ်များ ထူထောင်နိုင်ရေး တို့ကို ပံ့ပိုးပေးသည့် အစီအစဥ်များ လုပ်ဆောင်ရမည်ဖြစ်သည်။

 

မြန်မာအစိုးရထံသို့ အကြံပြုတိုက်တွန်းချက်များ

  • မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကို စစ်လက်နက်သဖွယ် အသုံးပြုခြင်းအပါအဝင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အား ကျူးလွန်သော ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် အရပ်သား ပြည်သူများအပေါ် ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအားလုံး အဆုံးသတ်သွားစေရန် စစ်မှန်သော ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ရန်၊
  • လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် မတရားအသင်းအက်ဥပဒေများကို ဖျက်သိမ်းခြင်း နှင့်/သို့မဟုတ် ပြင်ဆင်မွမ်းမံခြင်းများ လုပ်ဆောင်ကာ နေရပ်ပြန်လာသော ထွက်ပြေးတိမ်းရှောင်ရသူများအား ၎င်းဥပဒေများဖြင့် ဥပဒေကြောင်းအရ နောက်ဆက်တွဲ အရေးယူခံရမည် မဟုတ်ကြောင်း တရားဝင်လူသိရှင်ကြား မူဝါဒ ချမှတ်ထုတ်ပြန်ခြင်းအားဖြင့် အာမခံချက်ပေးရန်၊
  • ထွက်ပြေးတိမ်းရှောင်ရသူ လူထုအတွက် မိမိဆန္ဒအလျောက် လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိဖြင့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေးလုပ်ငန်းစဉ်ဖြစ်ရေး သေချာစေရန်အတွက် လူသားချင်းစာနာမှုရေးရာများ ပူးတွဲဆောင်ရွက်ရေး ကုလသမဂ္ဂရုံး (UN-OHCA) နှင့် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒေသန္တရ CBO များကဲ့သို့သော နိုင်ငံတကာနှင့် ပြည်တွင်း ပါဝင်သက်ဆိုင်သူများအား IDP စခန်းများကို လက်လှမ်းမီနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးရန်၊  
  • လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးသူများအနေဖြင့် EAO ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခြင်း ကြောင့် ဥပဒေကြောင်းအရ နောက်ဆက်တွဲသက်ရောက်မှုများ သို့မဟုတ် အခြားနှောင့်ယှက်မှုများ၊ ခြိမ်းခြောက်မှု သို့မဟုတ် ကြောက်ရွံ့ရမှုများ မရှိဘဲ ထွက်ပြေးတိမ်းရှောင်ရသူများရှိသည့် နေရာများအားလုံးအပါအဝင် လူသားချင်းစာနာမှုအကူအညီများ အကန့်အသတ်မရှိ လက်လှမ်းမီနိုင်ရေး သေချာစွာ လုပ်ဆောင်ရန်၊
  • ဒုက္ခသည်စခန်းများ၏ ပညာရေးအပါအဝင် တိုင်းရင်းသားများ၏ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများကို အသိအမှတ်ပြုရန်၊
  • မြေမြှုပ်မိုင်းများ ထပ်မံအသုံးပြုခြင်းကို ထိရောက်စွာ တားမြစ်ရေးနှင့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ရပ်များတွင် ရှင်သန်ကျန်ရစ်သူများအား လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ထောက်ပံ့ပေးရေးကို အကောင်အထည်ဖော် လုပ်ဆောင်ရန်၊
  • မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို ဖျက်သိမ်းခြင်းအပါအဝင် မြေယာမူဝါဒများကို ပြည့်စုံခြုံငုံမှုရှိပြီး ရှင်းလင်းကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် နှင့် တိုင်းရင်းသား လူမျိုးများ၏ ဘိုးဘွားစဉ်ဆက်မြေယာပိုင်ဆိုင်မှု၊ ဓလေ့ထုံးတမ်းမြေယာအသုံးပြုမှုနှင့် ပိုင်ဆိုင်မှုများကို အသိအမှတ်ပြုသည့် အပြင် အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်ခွင့် တန်းတူအခွင့်အရေးကို သေချာစေရေး အာမခံပေးပြီး ဖက်ဒရယ် အခြေခံမူများအပေါ် အခြေပြုသည့် ဥပဒေကို အဆိုပြုပြဌာန်းပေးရန်၊
  • နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုများ ပြန်လည်ဖြည့်ဆည်း ပေးမည့် မူဝါဒတစ်ရပ်ကို ပင်နဲရိုးအခြေခံမူများပါ အချက်များနှင့်အညီ သင့်လျော်သော အချိန်တစ်ခုသတ်မှတ်ပြီး အကောင်အထည်ဖော် လုပ်ဆောင်ပေးရန်၊
  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်‌ရေးဆိုင်ရာ ဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းခြင်း အပါအဝင် အားလုံးပါဝင်မှုရှိပြီး မတူကွဲပြားသော လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများထံမှ အကြံပြုချက်များရယူကာ အမျိုးသမီးများကို ကာကွယ်ပေးသည့်ဥပဒေ ပြဌာန်းခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းများ ဖော်ဆောင်ရန်၊ နှင့်
  • ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ရေရှည်ရည်မှန်းချက်အဖြစ် ထားရှိပြီး ဗဟိုအစိုးရ၏ ထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအားလည်းကောင်း၊ EAO များနှင့် ဝန်ဆောင်မှု ပေးနေသော တိုင်းရင်းသား လူထုအခြေပြုအရပ်ဘက် အဖွဲ့အစည်းများအားလည်းကောင်း ဗဟိုအာဏာကို ခွဲဝေပေးရန်။

[1] Human Rights Foundation of Monland, Kachin Women’s Association Thailand, Karen Human Rights Group, Karen Refugee Committee, Karen Student Network Group, Karen Women’s Organization, Karenni Education Department, Karenni Legal and Human Rights Center, Karenni National Women’s Organizations,  Karenni Refugee Committee, Karenni Social Welfare and Development Center, Koung Jor Shan Refugee Camp, Pa-Oh Health Working Committee, Progressive Voice, Ta’ang Women’s Organization, ‘There is No One Who Does Not Miss Home: A Report on Protracted Displacement Due to Armed Conflict in Burma/Myanmar.’ June 2019. Available at: https://progressivevoicemyanmar.org/wp-content/uploads/2019/06/There-Is-No-One-Who-Does-Not-Miss-Home_English_Web.pdf.

[2] Burma Link, Burma Partnership, Human Rights Foundation of Monland, Karen Human Rights Group, Burma Medical Association, Karen Community Based Organizations, Karen Environmental Social Action Network, Karenni Refugee Committee,  ‘Submission to the United Nations Universal Periodic Review on Refugees and Displaced persons Burma/Myanmar.’ March 2015. Available at https://www.burmapartnership.org/wp-content/uploads/2015/10/Burmas-Refugees-and-IDPs-Submission-to-UN-Universal-Periodic-Review.pdf.

[3] The Border Consortium, ‘Refugee Camp Populations: December 2019.’ Available at: https://www.theborderconsortium.org/media/129193/2019-12-December-map-tbc-unhcr.pdf.

[4] UN Office for the Coordination of Humanitarian Affairs, ‘Myanmar: IDP Sites in Kachin and northern Shan States.’ Available at: https://reliefweb.int/sites/reliefweb.int/files/resources/MMR_KachinShan_IDPSite_A4_July2019.pdf

[5] There is no authoritative estimate of IDPs in southeastern Myanmar, due to the shifting patterns of displacement, remote nature of displacement sites and differences in definitions of internal displacement. In 2012, a survey conducted by The Border Consortium (TBC) estimated 400,000 IDPs in southern Shan, Karenni, Karen and Mon States and Tanintharyi Region. In 2018, another survey by TBC estimated 156,700 remaining IDPs in Karenni, Karen and Mon States and Tanintharyi Region. While the 2018 TBC survey could not fully cover southern Shan States, it noted that IDP population in that area is estimated to be fairly stable since its 2012 survey, which found 125,000 IDPs. Therefore, this estimate is based on the 2018 estimate for most of southeast Myanmar, plus the 2012 estimate for southern Shan State.

[6] Min Aung Khine, ‘Rakhine IDPs Top 160,000; More Aid Needed,’ The Irrawaddy, 29 January, 2020. Available at: https://www.irrawaddy.com/news/burma/rakhine-idps-top-160000-aid-needed.html

[7] HURFOM, Burma Link and Burma Partnership, “Invisible Lives,” August 2016. Available at: http://www.burmapartnership.org/wp-content/uploads/2016/09/FINAL-Eng-IDP-Report-1.pdf. For a perspective from an EAO leader, see: Zipporah Sein, “A Brief NCA History, the NCA’s Flaws and Failings,” 14 January, 2016. Available at: http://www.burmapartnership.org/2016/01/a-brief-nca-history-the-ncas-flaws-and-failings/.

[8] Nyein Nyein, “Analysis: KNU Reiterates Hiatus in Peace Talks,” The Irrawaddy, 12 November, 2018. Available at https://www.irrawaddy.com/news/burma/analysis-knu-reiterates-hiatus-peace-talks.html.

[9] Karen Peace Support Network, “Burma/Myanmar Military Aggression Violates the Nationwide Ceasefire Agreement and Endangers Villagers in Mutraw District, Karen State,” 9 March, 2018. Available at: https://progressivevoicemyanmar.org/2018/03/09/burma-myanmar-military-aggression-violates-the-nationwide-ceasefire-agreement-and-endangers-villagers-in-mutraw-district-karen-state/; Shan Human Rights Foundation, “Year’s End Brings Fresh Attacks and Human Rights Violations by Burma Army in all Parts of Shan State,” 26 January, 2018. Available at:  https://www.shanhumanrights.org/eng/index.php/342-year-s-end-brings-fresh-attacks-and-human-rights-violations-by-burma-army-in-all-parts-of-shan-state; Kachin Alliance, “Statement Condemning Tatmadaw Airstrikes against Unarmed Civilians,” 26 January, 2018. Available at: http://www.kachinalliance.org/statement-condemning-tatmadaw-airstrikes-against-unarmed-civillians/.

[10] Kachin News Group, “Thousands of Kachin Civilians Remain Trapped Amid Escalation of Fighting,” 13 June, 2017. Available at: https://www.bnionline.net/en/news/kachin-state/item/3146-thousands-of-kachin-civilians-remain-trapped-amid-escalation-of-fighting.html.

[11] UN Office for the Coordination of Humanitarian Affairs and the UN High Commissioner for Refugees, ‘Myanmar: Conflict between the Arakan Army and the Myanmar Military – Update on humanitarian needs and response in Rakhine,’ 1 November, 2019. Available at: https://reliefweb.int/report/myanmar/myanmar-conflict-between-arakan-army-and-myanmar-military-update-humanitarian-needs.

[12] Report of the Detailed Findings of the Independent International Fact-Finding Mission on Myanmar, UN Doc. No. A/HRC/39/CRP.2, 18 September, 2018. Available at: https://www.ohchr.org/EN/HRBodies/HRC/Burma/MyanmarFFM/Pages/ReportoftheMyanmarFFM.aspx.

[13] International Kachin Community, “International Kachin Community Supports Fact-Finding Mission’s Call to Refer Burma to the ICC,” 3 September, 2018. Available at: https://progressivevoicemyanmar.org/2018/09/03/international-kachin-community-supports-fact-finding-missions-call-to-refer-burma-to-the-icc/; Karen Community Organizations, “Karen Communities Worldwide Welcomes UN Independent International Fact-Finding Mission’s Call to Refer Burma to the International Criminal Court,” 30 August, 2018. Available at: https://progressivevoicemyanmar.org/2018/08/30/karen-communities-worldwide-welcomes-un-independent-international-fact-finding-missions-call-to-refer-burma-to-the-international-criminal-court/; FORUM-ASIA, Progressive Voice, Equality Myanmar, Kachin Women’s Association Thailand and Rohingya Women’s Welfare Society, “UN Must Act Urgently on Recommendations by the International Fact Finding Mission on Myanmar,” 27 August 2018. Available at:  https://progressivevoicemyanmar.org/2018/08/27/un-must-act-urgently-on-recommendations-by-the-international-fact-finding-mission-on-myanmar/.

[14] Progressive Voice, ‘Now is the Time for Justice and Accountability,’ 21 November, 2019. Available at: https://progressivevoicemyanmar.org/2019/11/21/time-for-accountability-and-justice-is-now-or-never/.

[15] Owen Boycott and Rebecca Ratcliffe, ‘UN’s Top Court orders Myanmar to protect Rohingya from genocide,’ The Guardian, 23 January, 2020. Available at: https://www.theguardian.com/world/2020/jan/23/international-court-to-rule-on-rohingya-genocide-safeguards.

[16] Report of the Working Group on the Universal Periodic Review, UN Human Rights Council , A/HRC/31/13, 23 December, 2015. Para. 143.120. Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement          

[17] Amnesty International, “Syrian Refugees at Risk of Being Returned,” 17 October, 2014. Available at: https://www.amnestyusa.org/files/uaa26014.pdf.

[18] Amnesty International, “All the Civilians Suffer: Conflict, Displacement and Abuse in Northern Myanmar,” 2017, pp. 22-31. Available at: https://www.amnestyusa.org/wp-content/uploads/2017/06/Myanmar-report-FINAL-VERSION.pdf.

[19] Amnesty International, “All the Civilians Suffer: Conflict, Displacement and Abuse in Northern Myanmar,” 2017, pp. 22-31. Available at: https://www.amnestyusa.org/wp-content/uploads/2017/06/Myanmar-report-FINAL-VERSION.pdf.

[20] Shan Human Rights Foundation, “Year’s End Brings Fresh Attacks and Human Rights Violations by Burma Army in all Parts of Shan State,” 26 January, 2018. Available at: http://www.shanhumanrights.org/eng/index.php/342-year-s-end-brings-fresh-attacks-and-human-rights-violations-by-burma-army-in-all-parts-of-shan-state.

[21] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, 23 December, 2015. Para. 143.81 Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement-.

[22] Karen Human Rights Group, “Foundation of Fear,” October 2017, pp. 38-66. Available at: http://khrg.org/2017/12/foundation-fear-25-years-villagers-voices-southeast-myanmar. HURFOM, “In Pursuit of Justice,” July 2014. Available at: http://www.rehmonnya.org/reports/Inpursuit-of-Justice-4print.pdf.

[23] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, 23 December, 2015. Para. 144.72 Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement-.

[24] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, 23 December, 2015. Para. 143.77 Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement-.

[25] Joint Communique of the Republic of the Union of Myanmar and the United Nations on Prevention and Response to Conflict-Related Sexual Violence, 7 December, 2018. Available at: https://www.un.org/sexualviolenceinconflict/wp-content/uploads/joint-communique/joint-communique-of-myanmar-un-on-prevention-response-to-crsv/Joint_Communique_of_Myanmar_UN_Prevention_Response_to_CRSV_2018.pdf.

[26] Karen Human Rights Group, ‘Suffering in Silence? Sexual Violence against Women in Myanmar,’ 10 March, 2018. Available at: https://khrg.org/2018/12/18-4-nb1/suffering-silence-sexual-violence-against-women-southeast-myanmar#ftn7 Women’s League of Burma, ‘Bear the Shame,’ November 2017. Available at: https://progressivevoicemyanmar.org/wp-content/uploads/2017/11/GirlsBeartheShame_WLBBreifingPaper_Eng.pdf.

[27] Thu Thu Aung, ‘’Until her bones are broken’: Myanmar activists flight to outlaw domestic violence,’ Reuters, 16 August, 2019. Available at: https://uk.reuters.com/article/uk-myanmar-politics-women/until-her-bones-are-broken-myanmar-activists-fight-to-outlaw-domestic-violence-idUKKCN1V52LY.

[28] Report of the Detailed Findings of the Independent International Fact-Finding Mission on Myanmar, UN Doc. No. A/HRC/39/CRP.2, 18 September, 2018. Available at: https://www.ohchr.org/EN/HRBodies/HRC/Burma/MyanmarFFM/Pages/ReportoftheMyanmarFFM.aspx

https://www.thenewhumanitarian.org/maps-and-graphics/2019/11/25/Myanmar-landmines-casualties-report.

[29] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, 23 December, 2015. Para. 144.30 Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement

[30] Irwin Loy, ‘Myanmar still using landmines, global casualties ‘exceptionally high’: report,’ The New Humanitarian, 25 November, 2019.  Available at: https://www.thenewhumanitarian.org/maps-and-graphics/2019/11/25/Myanmar-landmines-casualties-report.

[31] Landmine & Cluster Munition Monitor: Myanmar/Burma. 18 November, 2018. Available at: http://the-monitor.org/en-gb/reports/2019/myanmar_burma/global-ma-va.aspx.

[32] Lawi Weng, “Karenni Farmers Jailed in Land Dispute With Army Leave Prison,” The Irrawaddy, 13 March, 2019. Available at: https://www.irrawaddy.com/news/burma/karenni-farmers-jailed-land-dispute-army-leave-prison.html.

[33] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, 23 December, 2015. Para. 143.124 Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[34] Republic of the Union of Myanmar, “Law Amending the Vacant, Fallow and Virgin Lands Management Law (2018),” Pyidaungsu Hluttaw Law No. (24), 11 September, 2018. Available in unofficial translation at: http://www.burmalibrary.org/docs25/2018-09-11-VFV-amendment-en.pdf?fbclid=IwAR28pI4bA1HRdAVr02RMzOf2ineF1cO86IpfJJhbZxk4hPNVwt10feNEmvE.

[35] Nwe Ni Soe & Sung Chin Par, ‘Most Farmers Do Not Know about the Vacant, Fallow and Virgin Land Management Law as the Grace Period to Register Closes’ Namati, My Justice, and the British Council, 28 August, 2019. Available at:  https://namati.org/wp-content/uploads/2019/04/VFV-Policy-Brief-ENG_Final_April.pdf.

[36] Jennifer Franco, Hannah Twomey, Khu Khu Ju, Pietje Vervest, and Tom Kramer. ‘The Meaning of Land in Myanmar.’ Transnational Institute. 28 January, 2016. Available at:  https://www.tni.org/en/publication/the-meaning-of-land-in-myanmar.

[37] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, 23 December, 2015. Para. 143.61 Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[38] Report of the Working Group on the Universal Periodic Review, UN Human Rights Council, A/HRC/31/13, 23 December, 2015. Para. 143.24 Available at: https://documents-dds-ny.un.org/doc/UNDOC/GEN/G15/290/35/PDF/G1529035.pdf?OpenElement.

[39] Burma News International, ‘KUPC calls on Gov’t to drop charges against Karen Martyr’s day organizers,’30 September, 2019. Available at: https://www.bnionline.net/en/news/kupc-calls-govt-drop-charges-against-karen-martyrs-day-organizers

[40] Radio Free Asia, ’21 Injured during protest against Aung San statue in Myanmar’s Kayah State,’ 12 February, 2019. Available at: https://www.rfa.org/english/news/myanmar/21-injured-during-protest-02122019161201.html.

[41] Burma News International, ‘New park in Hakha to get Aung San Statue,’ 7 October, 2019. Available at: https://www.bnionline.net/en/news/new-park-hakha-get-aung-san-statue.

[42] Matthew Walton, ‘Has the NLD learned nothing about ethnic concerns? The Tea Circle, 29 March, 2017. Available at: https://teacircleoxford.com/2017/03/29/has-the-nld-learned-nothing-about-ethnic-concerns/

[43] Immigration and Refugee Board of Canada, ‘Myanmar: Treatment of Failed Refugee Claimants Who Return to Myanmar, Particularly Those Who Engaged in Political Activities While Outside Myanmar,’ 7 August, 2007. Available at:  http://www.refworld.org/docid/47d65467c.html.

[44] The Unlawful Associations Act (India Act XIV, 1908), 11 December, 1908. Available at:  http://www.burmalibrary.org/docs09/UNLAWFUL_ASSOCIATIONS_ACT.pdf. EAOs who signed the NCA have been de-listed from the list of Unlawful Associations (Aik Sai, ‘3 of 8 Ethnic Groups Delisted from Unlawful Associations Act,’ Mon News, 3 October, 2015. Available at: http://monnews.org/2015/10/13/3-of-8-ethnic-groups-delisted-from-unlawful-association-act/. Ei Ei Toe Lwin, ‘Mon and Lahu Armed Groups Removed from Blacklist,’ Myanmar Time, 12 February, 2018. Available at: https://www.mmtimes.com/news/mon-and-lahu-armed-groups-removed-blacklist.html.)

[45] FORUM-Asia, Progressive Voice and Swedish-Burma Committee, “Joint Statement: Myanmar Authorities Must Immediately Release and Drop Charges Against Three Detained Journalists,” 14 July, 2017. Available at https://www.forum-asia.org/?p=24400.

[46] Asian Legal Resource Centre and Asian Human Rights Commission, ‘Cases under the Unlawful Associations Act 1908 Brought against People Accused of Contact with the Kachin Independence Army,’ January 2013. Available at: http://www.humanrights.asia/news/press-releases/AHRC-PRL-002-2013/.

[47] Al-Jazeera, ‘Myanmar cracking down on opium, but conflicts push drug trade, 11 January, 2019. Available at: https://www.aljazeera.com/news/2019/01/myanmar-cracking-opium-conflicts-fuel-drug-trade-190110083026170.html.

[48] John Buchanan, ‘Militias in Myanmar,’ The Asia Foundation, July 2016. Available at: https://asiafoundation.org/wp-content/uploads/2016/07/Militias-in-Myanmar.pdf.

[49] Karen Human Rights Group, ‘Truce or Transition,’ 15 June, 2014. Available at: https://khrg.org/2014/06/chapter-drug-production-use-and-social-impacts-southeast-myanmar-january-2012-ceasefire

[50] Steve Sandford, ‘Drug Addiction Rises in Myanmar’s Kachin State, VOA, 6 November, 2019, Available at: https://www.voanews.com/east-asia-pacific/drug-addiction-rises-myanmars-kachin-state.

[51] Frontier, ‘Myanmar’s zero-tolerance drug policy is doomed to fail,’ 28 January, 2019, Available at: https://frontiermyanmar.net/en/myanmars-zero-tolerance-drug-policy-is-doomed-to-fail.

[52] Su-Ann Oh, ‘Education in Refugee Camps in Thailand: Policy, Practice and Paucity,’ Background Paper: Education For All Global Monitoring Report 2011. Available at http://unesdoc.unesco.org/images/0019/001907/190709e.pdf. Kim Jolliffe and Emily Speers Mears, ‘Strength in Diversity: Towards Universal Education in Burma/Myanmar’s Ethnic Areas,’ The Asia Foundation, October 2016. Available at: https://asiafoundation.org/wp-content/uploads/2016/10/Strength-in-Diversity-Toward-Universal-Education-Burma/Myanmar-Ethnic-Area.pdf.

[53] Karen Refugee Committee Education Entity, Karenni Education Department, Karen Education Department, Karen Teachers Working Group, and Karen Women’s Organization, “Refugee Student Transition: Policy Position and Program Recommendations,” October 2015. Available at:   http://themimu.info/sites/themimu.info/files/documents/Report_Refugee_Student_Transition_Policy_Position_Program_Recommendations_Oct2015.pdf.

[54] Karen News, “Karen Groups Concerned Cross-Border Humanitarian Aid Decreasing,” 3 June, 2013. Available at: http://karennews.org/2013/06/karen-groups-concerned-decreased-cross-border-humanitarian-aid/. Joint Strategy Team, “World Humanitarian Day Key Message from Joint Strategy Team for Solidarity with IDPs in Kachin and northern Shan States, Myanmar,” 19 August, 2017. Available at: https://progressivevoicemyanmar.org/2017/08/19/world-humanitarian-day-keys-message-from-joint-strategy-team-jst-for-solidarity-with-idps-in-kachin-and-northern-shan-states-myanmar/. Ei Htu Hta IDPs Supporting Committee, “Letter of Appeal for Continued Cross-Border Humanitarian Aid,” 4 September, 2017. Available at: https://karenwomen.org/2017/09/05/ei-htu-hta-idps-supporting-committee-letter-of-appeal-for-continued-cross-border-humanitarian-aid/. Shan State Refugee Committee (Thai Border), “As Conflict Escalates in Shan State, Aid Must Not Be Cut Off to Shan-Thai Border Refugees,” 30 August, 2017. Available at: https://www.shanhumanrights.org/eng/index.php/333-as-conflict-escalates-in-shan-state-aid-must-not-be-cut-off-to-shan-thai-border-refugees. 

[55] Karen News, ‘Karen Groups Concerned Cross-Border Humanitarian Aid Decreasing,’ 3 June, 2013. Available at: http://karennews.org/2013/06/karen-groups-concerned-decreased-cross-border-humanitarian-aid/. Joint Strategy Team, ‘World Humanitarian Day Key Message from Joint Strategy Team for Solidarity with IDPs in Kachin and northern Shan States, Myanmar,’ 19 August, 2017. Available at: https://progressivevoicemyanmar.org/2017/08/19/world-humanitarian-day-keys-message-from-joint-strategy-team-jst-for-solidarity-with-idps-in-kachin-and-northern-shan-states-myanmar/.  Ei Htu Hta IDPs Supporting Committee, ‘Letter of Appeal for Continued Cross-Border Humanitarian Aid,’ 4 September, 2017. Available at: https://progressivevoicemyanmar.org/2017/09/04/ei-htu-hta-idps-supporting-committee-letter-of-appeal-for-continue-cross-border-humanitarian-aid/. Shan State Refugee Committee (Thai Border), ‘As Conflict Escalates in Shan State, Aid Must Not Be Cut Off to Shan-Thai Border Refugees,’ 30 August, 2017. Available at: https://progressivevoicemyanmar.org/2017/08/30/as-conflict-escalates-in-shan-state-aid-must-not-be-cut-off-to-shan-thai-border-refugees.

[56] Nan Lwin Hnin Pwint, “Ministry Announces Plan to Close IDP Camps in Four States,” The Irrawaddy, 5 June, 2018. Available at: https://www.irrawaddy.com/news/burma/ministry-announces-plan-close-idp-camps-4-states.html. https://www.mmtimes.com/news/govt-briefs-un-strategy-close-idps.html

[57] Sa Isue, ‘Government Urged to Address Root Causes before Closing Down IDP Camps,’ Karen Information Center, 26 June, 2018. Available at: https://www.bnionline.net/en/news/govt-urged-address-root-causes-closing-down-idp-camps.

[58] Ye Mon, ‘Military Orders Kachin IDPs to Leave Camps Despite Ongoing Hostilities,’ Democratic Voice of Burma, 10 May, 2018. Available at: http://www.dvb.no/news/military-orders-kachin-idps-leave-camps-despite-ongoing-hostilities/80788.  Lawi Weng, ‘Military Frees Last of Baptist Group Members in Kachin, NGO Says,’ The Irrawaddy, 5 November, 2018. Available at: https://www.irrawaddy.com/news/burma/military-frees-last-baptist-group-members-kachin-ngo-says.html.


ပူးတွဲတင်ပြချက်အပြည့်အစုံကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ ဖြင့်ရယူရန်။

ပူးတွဲတင်ပြချက်အချက်အလက် အကျဥ်းချုပ်ကို ဤနေရာတွင် ရယူပါ။

Related Posts:

Send this to a friend