ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာနိုင်ငံရှိ ယခုဖြစ်ပွားနေသော ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို အဆုံးသတ်ရန် တောင်းဆိုခြင်း

၂၀၂၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့

          ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာနိုင်ငံ၌ လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များကို ချက်ချင်းအဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပေးသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ် ထူထောင်ရန် အောက်ပါလက်မှတ် ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း (၁၂၃) ဖွဲ့ တို့က တိုက်တွန်း တောင်းဆိုလိုက်သည်။

          ၂၀၁၁ ခုနှစ်မှ စတင်၍ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေပြီဟုဆိုသော်လည်း ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြောင့် သိန်းနှင့်ချီသော တိုင်းရင်းသားပြည်သူလူထုကို နေရပ်မှ ထွက်ပြေးတိမ်းရှောင်ရမှု ဆက်လက်ဖြစ်စေခဲ့ပြီး ၎င်းတို့၏ ဘိုးဘွားပိုင်မြေ အနှံ့အပြားအတွင်းနှင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မလေးရှား တို့အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ရှာဖွေခိုလှုံနေကြရသည်ကို မိမိတို့မှ အထူးစိုးရိမ်ပူပန်မိပါသည်။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များအကြား တိုက်ပွဲများ ဆက်ဖြစ်နေပြီး အထူးသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ဒေသများ၌ပင်လျှင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လက်ရှိဖြစ်ပေါ်နေသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်မှု၏ ပြယုဂ်ပင် ဖြစ်သည်။

            တစ်ချိန်တည်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အဓိကကျူးလွန်သူဖြစ်သည့် မြန်မာစစ်တပ်သည် ၎င်းတို့ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ပြစ်ဒဏ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို ဆက်လက်ရရှိနေသည်။ ယခင်က အခြားတိုင်းရင်းသားများအား နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်စေခဲ့သော မြန်မာစစ်တပ်၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးခဲ့သည့် အကြမ်းဖက်နည်းဗျူဟာများကို ယခုအချိန်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ အရပ်သားများအပေါ် ဆက်လက်ကျင့်သုံးနေပြီး ရွာများစွာကို မီးရှို့ဖျက်ဆီး ပြာကျစေခဲ့သည်။ အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သားများမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးကြရပြီး မြန်မာစစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း နှင့် ညှဉ်းပန်းနှိပ်စက်ခြင်း တို့ကိုလည်း ခံနေကြရသည်။ ယင်းလုပ်ရပ်များသည် ဂျီနီဗာသဘောတူစာချုပ်နှင့် လုံးဝကွဲလွဲဆန့်ကျင်နေပြီး ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ်အား အင်တာနက် ဖြတ်တောက်ထားမှု၏ အကာအကွယ်အောက်တွင် ကျူးလွန်နေခြင်းလည်း ဖြစ်သည်။ ရှမ်းပြည်နယ်ကဲ့သို့သော အခြားတိုင်းရင်းသားဒေသများတွင် ရှမ်းတိုင်းရင်းသား အရပ်သားများအား ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ ဆက်လက်လုပ်ဆောင်နေပြီး တအာင်းတိုင်းရင်းသား ဒေသများတွင်လည်း မတရား ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေခြင်းများ ပြုလုပ်ခြင်း ခံရမည်ကို စိုးထိတ်စွာ နေထိုင်နေကြရပါသည်။ ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် ယခုကဲ့သို့ COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း၌ပင် ရွာသားများ ထွက်ပြေးတိမ်းရှောင်ရမှုကို ဖြစ်ပေါ်စေသည်။ တစ်ဘက်တွင်လည်း နိုင်ငံတစ်ဝန်းတွင်ရှိသော မြေမြှုပ်မိုင်းများက စစ်ဘေးသင့်ဒေသများရှိ ရွာသားများကို ဆက်လက်ခြိမ်းခြောက်နေပါသည်။

            ကျရှုံးနေသည့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း (၉) ခုတွင် နေထိုင်နေကြသော ကရင် နှင့် ကရင်နီ တိုင်းရင်းသား အများစုဖြစ်သည့် လူဦးရေတစ်သိန်း (၁၀၀,၀၀၀) နီးပါးသော ဒုက္ခသည်များအတွက် အလွန်အမင်း စိုးရိမ်ပူပန်ဖွယ် ဖြစ်နေသည်။ ဒုက္ခသည်များအတွက် ရန်ပုံငွေထောက်ပံ့မှုများ သိသိသာသာကျဆင်းသွားသဖြင့် ၎င်းတို့၏ စားဝတ်နေရေး လိုအပ်မှု ထိန်းထားနိုင်ရေးနှင့် အသက်ရှင်ရပ်တည်နိုင်ရေးတို့အတွက် ရုန်းကန်ကြိုးစားနေကြရသည်။ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများက ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်မှု ကင်းမဲ့နေခြင်းကို ဖော်ပြနေပါသည်။ သို့သော် အကယ်၍ ၎င်းပဋိပက္ခနှင့် အကြမ်းဖက်မှုများက ကြိုတင်ပြင်ဆင်မှု ကင်းမဲ့နေခြင်းကို မပေါ်လွင်စေသေးပါက မကြာသေးမီက ပြန်သွားခဲ့သော နေရပ်ပြန် ဒုက္ခသည်များမှ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံသားမှတ်ပုံတင်နှင့် အသက်မွေးဝမ်းကျောင်းမှုတို့ လက်လှမ်းမှီခြင်း မရှိသည့်အခြေအနေက ထင်ရှားစေပါသည်။

            ဤအတောအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များ မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ နည်းပါးလာသည့် ဒုက္ခကို ခံစားနေကြရပြီး ဆယ်စုနှစ်များစွာအတွင်း IDP များအတွက် အဆိုးဆုံးသော အခြေအနေဖြစ်နေသည်ကို မိမိတို့မှ တွေ့မြင်သိရှိရပါသည်။ ဥပမာအားဖြင့် မွန်ပြည်နယ်တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးအတွင်း အစိုးရမှ ဝေးလံခေါင်ဖျား ဒေသများသို့ အကူအညီများ ပေးပို့ရာတွင် အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိခြင်း မရှိခဲ့ပေ။ အလားတူပင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် IDP အရေအတွက် တစ်သိန်းတစ်သောင်း (၁၁၀,၀၀၀) ခန့် ရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းရှိ လေးသောင်း (၄၀,၀၀၀)ခန့်သော စစ်ဘေးရှောင် IDP များထံသို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရောက်ရှိစေရန် မြန်မာအစိုးရမှ ၂၀၁၆ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့သည်။ ထိုအခြေအနေက ယခုဖြစ်ပေါ် နေသော COVID-19 ကာလတွင် ဒေသခံအကူအညီပေးရေးအဖွဲ့များအတွက် ၎င်း IDP ပြည်သူများထံ သွားရောက်နိုင်ရန်မှာ ပို၍ပင် ခက်ခဲလာစေပါသည်။ ထိုမျှသာမက ကရင်ပြည်နယ်ရှိ အီးတူးထ နှင့် ထိုင်း-ရှမ်းနယ်စပ်တစ်လျှောက်ရှိ ရှမ်း IDP စခန်း (၆) ခုတို့မှာလည်း အခြေခံလိုအပ်ချက် အကူအညီများ နည်းပါးပြီး ခြောက်ခန်းလု ဖြစ်နေသည့် အခြေအနေကို ခံစားနေကြရသည်။ ပြည်တွင်းရှိ IDP များသည် မိုးရာသီတွင် ရိက္ခာပြတ်လပ်ပြီး ဆာလောင်မွတ်သိပ်မှုဘေး ကြုံကြရမည်ကို မိမိတို့မှ အထူးစိုးရိမ်ပါသည်။

            ဒုက္ခသည်များနှင့် IDP များ ပိုင်ဆိုင်သည့် အိုးအိမ်နှင့် မြေယာများကို မြန်မာစစ်တပ်၊ ၎င်းနှင့်ပတ်သက် ဆက်နွယ်သူများ နှင့် စီးပွားရေးလုပ်ငန်းများက သိမ်းယူနေသည့်အပေါ် မိမိတို့မှ အထူးစိုးရိမ်ပူပန်မိပါသည်။ မြေယာဥပဒေများသည် ဓလေ့ထုံးတမ်း မြေယာအသုံးပြုမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ ကြီးမားကျယ်ပြန့်သော မြေယာသိမ်းဆည်းမှုများကိုသာ ဥပဒေဘောင်အတွင်း လုပ်ဆောင်နိုင်ရန် အထောက်အကူပြုနေပါသည်။ လက်ရှိကာလ၌ ဒုက္ခသည်များနှင့် IDP များအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု ပြန်လည်ဖြည့်ဆည်းပေးခြင်းဆိုင်ရာ အခြေခံမူများ (Pinheiro အခြေခံမူများ) နှင့်ကိုက်ညီသည့် ထွက်ပြေးတိမ်းရှောင်ရသူများအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုများ ပြန်လည်အစားထိုးပေးလျော်မည့် မြေယာမူဝါဒ သို့မဟုတ် စနစ်တစ်ခု မြန်မာအစိုးရ၌ မရှိနေသေးသည်ကို တွေ့ရှိရသည်။

             ဤကဲ့သို့အခြေအနေအောက်တွင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ IDP စခန်းများ ပိတ်သိမ်းရေး နိုင်ငံလုံးဆိုင်ရာအဆင့် မဟာဗျူဟာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဦးဆောင်၍ စစ်ဒဏ်သင့် ထွက်ပြေးတိမ်းရှောင်ရသည့် လူထုအသိုင်းအဝိုင်းများ၊ အရပ်ဘက် လူထုအဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ရှေ့တိုးလုပ်ဆောင်နေခြင်းမှာလည်း စိုးရိမ်ဖွယ်ကောင်းလှသည်။ ထိုပြည်သူများသည် စခန်းပိတ်သိမ်းရေးနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်မျှ လက်ခံရရှိခြင်း မရှိသကဲ့သို့  မဟာဗျူဟာအပေါ်တွင်လည်း ဖြည့်စွက်အကြံပြုချက်များ ပေးနိုင်ခဲ့ခြင်းမရှိပေ။ ယင်းပြည်နယ်များ အားလုံးတွင် မကြာသေးမီနှစ်များအတွင်း တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရပြီး ထောင်နှင့်ချီသော ပြည်သူများသည် ၎င်းတို့၏ နေရပ်များကို စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရသည်။ ရခိုင်ပြည်နယ်တွင်မူ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ လူဦးရေ တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀) ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

             ထို့အပြင် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ ‘နယ်မြေရှင်းလင်းရေး’စစ်ဆင်မှု၏ အကျိုးဆက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးနှင့် လူဦးရေအထူထပ်ဆုံး ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ကိုးသိန်း (၉၀၀,၀၀၀) ကျော် ဆက်လက်နေထိုင်နေကြရသည်။ ရိုဟင်ဂျာများ၏ ကိုယ်ပိုင်ကြန်အင်လက္ခဏာ သတ်မှတ်ပိုင်ခွင့်၊ နိုင်ငံသားဖြစ်ပိုင်ခွင့် နှင့် ဥပဒေအရ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်တို့ ငြင်းပယ်ခံနေရသဖြင့် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအစီအစဉ်မှာလည်း အောင်မြင်မှုမရှိဘဲ ဖြစ်နေသည်။ ၎င်းတို့သည် ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်နေရကြပြီး အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်အားထုတ် နေရသကဲ့သို့ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ၎င်းတို့၏ ဇာတိနေရပ်သို့ ပြန်နိုင်ရေးမှာလည်း မရေရာ မသေချာဘဲ ဖြစ်နေပါသည်။ ထို့အပြင် ၎င်းတို့သည် အခြားသော စစ်ဒဏ်သင့် တိုင်းရင်းသားအသိုင်းအဝိုင်းများကဲ့သို့ပင် ၎င်းတို့ ခံစားခဲ့ရသော ဆိုးဝါးသည့် ရာဇဝတ်မှုကြီး များအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးတို့အတွက် ဆက်လက်တောင်းဆိုနေကြသည်။

         ဒုက္ခသည်များနှင့် IDP များသည် ၎င်းတို့၏ အိုးအိမ်မြေယာများမှ မောင်းထုတ်ခံခဲ့ရပြီး ၎င်းတို့၏ အခွင့်အရေးများနှင့် အသက်မွေးဝမ်းကျောင်းမှုများ ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့တွင် မျှော်လင့်ချက်နှင့် အိပ်မက်များ ရှိကြသည်ကို မိမိတို့အားလုံး ရှင်းလင်းစွာ သိရှိနားလည်ထားရန် လိုအပ်ပါသည်။ ၎င်းတို့သည် လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို  တောင့်တနေကြသည်။ ထို့အပြင် ၎င်းတို့၏ ရပ်ရွာအသိုင်းအဝိုင်းများကို ပိုမိုကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လာစေရန် ဝိုင်းဝန်းအကျိုးပြု လုပ်ဆောင်လိုသည့် ဆန္ဒများလည်းရှိကြသည်။ သို့ဖြစ်ပါ၍ မိမိတို့မှ မြန်မာအစိုးရအား အောက်ပါအတိုင်း အကြံပြု တိုက်တွန်းလိုက်ပါသည်။

  • စစ်တပ်၏ ထိုးစစ်ဆင်မှုများအားလုံးကို အဆုံးသတ်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်အား တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး လုပ်ဆောင်ရန်၊ ရွာသားများ အခြေတကျ ပြန်လည် နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားနယ်မြေများရှိ မြန်မာစစ်တပ်အား ဖယ်ရှားပေးရန် နှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ထူထောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့အပါအဝင် ပဋိပက္ခ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းမည့် စစ်မှန်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တိကျခိုင်မာသော ခြေလှမ်းများ အကောင်အထည် ဖော်ဆောင်ရန်။
  • နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများအပေါ် သက်ရောက်မည့် မူဝါဒလုပ်ငန်းစဉ်များအားလုံး၏ ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် ၎င်းတို့မှ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေး သေချာစေရန်။
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီလုပ်ဆောင်သူများကို ဥပဒေအရ အရေးယူမှု သို့မဟုတ် အခြားပုံစံများဖြစ်သော နှောင့်ယှက်မှု၊ အကြပ်ကိုင်မှု သို့မဟုတ် ခြိမ်းခြောက်ခံရမှုများ မရှိစေဘဲ EAO ထိန်းချုပ်နယ်မြေများသို့ သွားလာခွင့်ပြုရေး အပါအဝင် ထွက်ပြေးတိမ်းရှောင်ရာ နေရာဒေသများ အားလုံးသို့ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ အဟန့်အတားမရှိ ရောက်ရှိစေရေး ခွင့်ပြုရန်။
  • Pinheiro အခြေခံမူများနှင့်အညီ နေရပ်ပြန်မည့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များနှင့် ဒုက္ခသည် (refugee) များအားလုံး၏ အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုအခွင့်အရေး ဖြည့်ဆည်း ခြင်းဆိုင်ရာ အစီအစဉ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲတွင် မပါမဖြစ်သော အစိတ်အပိုင်းတစ်ခုအဖြစ် ရှင်းလင်းတိကျစွာ တရားဝင်ထည့်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် အကောင်အထည်ဖော်ရေး သဘောတူ ညီခြင်းတို့အား သေချာစေရန်။
  • Pinheiro အခြေခံမူများနှင့်ကိုက်ညီပြီး သင့်လျော်သော အချိန်ဇယားဖြင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူများအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု ပြန်လည်ဖြည့်ဆည်းပေးရာတွင် ၎င်းတို့၏ အဓိပ္ပါယ်ပြည့်ဝသော ပါဝင်ဆောင်ရွက်မှုဖြင့် မူဝါဒတစ်ရပ် ဖော်ဆောင်ရေးနှင့် စနစ်တစ်ခု ဖော်ဆောင်ရန်၊ အကယ်၍ ပြန်လည်ဖြည့်ဆည်းပေးရန် မဖြစ်နိုင်ပါက သိမ်းဆည်းခံထားရသည့် သို့မဟုတ် ပျက်စီးဆုံးရှုံး ခဲ့ရသည့် မြေယာ၊ သီးနှံများနှင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကာလပေါက်ဈေးအတိုင်း လုံလောက်သော လျော်ကြေးများပေးရန်။
  • လက်ရှိ တည်ရှိနေသော EAO များမှ ထူထောင် စီမံခန့်ခွဲ ထိန်းသိမ်းထားသော တိုင်းရင်းသားများ၏ အုပ်ချုပ်ရေးစနစ်နှင့် ဝန်ဆောင်မှုများ ပေးနေသည့် အဆောက်အအုံများကို ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးအခြေခံမူများနှင့်အညီ အသိအမှတ်ပြုရန်။

           အထက်ဖော်ပြပါ အကြံပြုတိုက်တွန်းချက်များသည် မိမိတို့နေရပ်ဌာနေသို့ ပြန်ရမည့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် တိုင်းရင်းသား လူထုအသိုင်းအဝိုင်းများအတွက် မိမိဆန္ဒအလျောက် လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေး အဆင်ပြေချောမွေ့စေရန် ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ကမ္ဘာတလွှားရှိ IDP များနှင့် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အကျပ်အတည်းများနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိရေးအတွက် ကြိုးပမ်းဖော်ဆောင်ရာတွင် ၎င်းတို့၏ ခွန်အားနှင့် သတ္တိရှိမှုတို့ကို အသိအမှတ်ပြုခြင်းနှင့်အတူ ၎င်းတို့နှင့် သွေးစည်းညီညွတ်စွာ ရှိနေကြောင်း ကမ္ဘာ့ဒုက္ခသည်များနေ့ မတိုင်မီ ယနေ့တွင် ဖော်ပြအပ်ပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

ထောက်ခံလက်မှတ်ထိုးသူများ

  1. Action Committee for Democracy and Development (ACDD)
  2. Albany Karen Community, NY, USA
  3. All Arakan Students’ and Youths’ Congress (AASYC) 
  4. Alliance Kachin Youth Union (AKYU)
  5. Arakan American Community, USA
  6. Arakan Rivers Network (ARN)
  7. Arakanese (Rakhine) Association (NSW-Inc)
  8. Arakanese (Rakhine) Association(NSW-Inc), Australia
  9. Assistance Association for Political Prisoners (AAPP)
  10. Association of Human Rights Defenders and Promoters (HRDP)
  11. Association of United Nationalities in Japan 
  12. Athan – Freedom of Expression Activist Organization
  13. Australian Karen Organisation Inc. (AKO Inc.)
  14. Burmese Rohingya Organization UK
  15. Calgary Karen Community Association (CKCA), Canada
  16. California Karen Youth Forum, CA, USA
  17. California Shan Society
  18. Candle Lights
  19. Chin Human Rights Organization (CHRO)
  20. Chin Refugee Committee, Delhi
  21. Chin Refugee Committee, Malaysia
  22. East Bago- Former Political Prisoners Network (EB-FPPN)
  23. Eastern Pennsylvania Karen Community
  24. Edmonton Karen Community Youth Organization, Canada
  25. Equality Myanmar (EQMM)
  26. Finland Karen Culture Association
  27. Freedom For Burma, USA
  28. Future Light Center (FLC)
  29. Generation Wave (GW)
  30. Genuine People’s Servants (GPS)
  31. Harmony Youth Association
  32. Human Rights Educators Network (HREN)
  33. Human Rights Foundation of Monland (HURFOM)
  34. Humanity Institute (HI)
  35. International Campaign for Arakan (ICA)
  36. International Karen Organization (IKO)
  37. Israel Karen Organization
  38. Kachin Canadian Association 
  39. Kachin Development Networking Group (KDNG)
  40. Kachin National Organization, USA
  41. Kachin National Youth Network 
  42. Kachin Organization of Australia 
  43. Kachin Refugee Committee (Malaysia)
  44. Kachin Women Union (KWU)
  45. Kachin Women’s Association Thailand (KWAT)
  46. Karen American Association of Wisconsin (KAAW), WI, USA
  47. Karen Association of Huron South Dakota
  48. Karen Community Association UK
  49. Karen Community in Norway
  50. Karen Community in Syracuse, NY, USA
  51. Karen Community London, Canada
  52. Karen Community of Akron, Inc, HO, USA
  53. Karen Community of Canada (KCC)
  54. Karen Community of Czech Republic
  55. Karen Community of Denmark
  56. Karen Community of Hamilton, Canada
  57. Karen Community of Iowa
  58. Karen Community of Ireland
  59. Karen Community of Kansas City (KS & MO)
  60. Karen Community of Kitcherner & Waterloo, Canada
  61. Karen Community of Leamington, Canada
  62. Karen Community of Lethbridge, Canada
  63. Karen Community of Louisville, KY, USA
  64. Karen Community of Minnesota (KCM)
  65. Karen Community of New Bern, NC, USA
  66. Karen Community of North Carolina, USA
  67. Karen Community of Ottawa, Canada
  68. Karen Community of Regina, Canada
  69. Karen Community of Saskatoon, Canada
  70. Karen Community of Thunderbay, Canada
  71. Karen Community of Toronto, Canada
  72. Karen Community of Windsor, Canada
  73. Karen Community of Winnipeg, Canada
  74. Karen Community Society of British Columbia (KCSBC), Canada
  75. Karen Culture Organization of Minnesota, MN, USA.
  76. Karen Environmental and Social Action Network (KESAN)
  77. Karen Human Rights Group (KHRG) 
  78. Karen National Community – The Netherlands
  79. Karen Organisation for Relief and Development (KORD)
  80. Karen Organization of America, USA
  81. Karen Organization of Illinois
  82. Karen Peace Support Network (KPSN)
  83. Karen Refugee Committee (KRC)
  84. Karen Students Network Group (KSNG)
  85. Karen Swedish Community 
  86. Karen Women’s Organization (KWO)
  87. Karen Youth of Norway (KYN)
  88. Karen Youth of Toronto, Canada
  89. Karenni American Association, USA
  90. Karenni Human Rights Group (KnHRG)
  91. Karenni Legal and Human Rights Center (KnLHRC)
  92. Karenni National Women’s Organization (KNWO)
  93. Karenni Refugee Committee (KnRC)
  94. Karenni Social Welfare and Development Center (KSWDC)
  95. Korea Karen Organisation (KKO)
  96. Koung Jor Shan Refugee Camp
  97. Loka Ahlinn (Social Development Organization)
  98. Mae Tao Clinic (MTC)
  99. Malaysia Karen Organisation (MKO)
  100. Myanmar People Alliance – Shan State (MPA-SS)
  101. Nationalities Alliance of Burma, USA
  102. Network for Human Rights Documentation – Burma (ND-Burma)
  103. New Zealand Karen Association Inc. (NZKA)
  104. Overseas Karen Organisation – Japan (OKO Japan)
  105. Pa-O Women’s Union (PWU)
  106. Pa-O Youth Organization (PYO)
  107. Progressive Voice
  108. Ramhkye (Youth Rescue) 
  109. Relief Action Network for IDP and Refugee (RANIR)
  110. Rochester Karen Community, NY, USA
  111. Rohingya American Society (RAS), USA 
  112. Southern Youth
  113. Synergy Social Harmony Organization 
  114. Ta’ang Students and Youth Organization (TSYU)
  115. Ta’ang Women’s Organization (TWO)
  116. The Seagull:Human Rights, Peace & Development
  117. US Campaign for Burma
  118. Utica Karen Community
  119. Women’s League of Burma (WLB)
  120. Women’s Peace Network (WPN)
  121. World Kachin Congress
  122. Wunpawng Amyu Sha Mung Bawng Rapdaw (Kachin National Consultative Assembly)
  123. Youth Circle (YC)

ထုတ်ပြန်ချက်မြန်မာဘာသာ PDF

ထုတ်ပြန်ချက်အင်္ဂလိပ်ဘာသာ PDF

Related Posts:

Send this to a friend