တပ်မတော်က COVID-19 ကို လက်နက်သဖွယ် အသုံးချနေဟု ရှေ့ပြေးအသံအဖွဲ့က ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၃ ရက်။

“မြန်မာစစ်တပ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ၏ ထောက်ခံအားပေးမှုဖြင့် COVID- 19 ကို လက်နက်သဖွယ် အသုံးပြုနေသည်သာမက နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချလျက်ရှိသည်” ဟု ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ထုတ်ပြန်ပြောဆိုလိုက်သည်။

“နောက်ကျကျန်ခဲ့သော တိုင်းပြည်။ မြန်မာနိုင်ငံမှ COVID- 19 ကို လက်နက်အဖြစ်အ သုံးချခြင်း” ဆိုသည့် အစီရင်ခံကို ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာထဲတွင် ရှေ့ပြေးအသံအဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ က ယခုလိုပြောဆိုထားသည်။

“အစိုးရရဲ့ မည်သူမျှ ဖယ်ချန်မထားရေး ဆိုတဲ့မူကို မြန်မာစစ်တပ်က ပျက်ရယ်ပြုလိုက်တာပဲ ဖြစ်တယ်။ သူတို့က တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရာနဲ့ချီ နှိပ်စက်သတ်ဖြတ်တာကို ခံနေရတဲ့ ရာဇ ဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် COVID- 19 ကို အကာအကွယ် အနေနဲ့ သုံးနေတယ်” ဟု ပြောသည်။

“တိုင်းရင်းသား လူထုတွေအပေါ် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ စစ်တပ်ဘက်က စိတ်ဆန္ဒမရှိဘဲနဲ့ အစိုးရ ပြောနေတဲ့ ပြီးပြည့်စုံတဲ့ ကပ်ရောဂါတုံ့ပြန်မှုက လက်တွေ့မှာ အကောင် အထည်ဖော်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဒေါ်ခင်ဥမ္မာက ဆက်ပြောသည်။

အဆိုပါ အစီရင်ခံစာထဲတွင် မြန်မာစစ်တပ်သည် NLD အစိုးရ၏ ထောက်ခံအားပေးမှုဖြင့် တိုင်းရင်းသား လူထု အသိုင်းအဝိုင်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် မီဒီယာသမားများအပေါ် ဖိနှိပ် မှုများ တိုးမြှင့် လုပ်ဆောင်ရန်အတွက် COVID-19 ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုနေသည့် တစ် ချိန်တည်းတွင် ကပ်ရောဂါကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချလျက်ရှိသည်ဟု ဖော်ပြထားသည်။

ရှေ့ပြေးအသံအဖွဲ့က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် တိုက်ခိုက်မှုများ တစ်နှစ်ကျော် လာပြီး နောက် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော် AA အပေါ် အထူးသဖြင့် COVID-19 လူနာ စတင် တွေ့ ရှိ သည့် အချိန်မှစ၍ ထိုးစစ်ဆင်မှုများကို အရှိန်မြင့်ခဲ့သည်ဟု ၎င်းတို့၏ အစီရင်ခံစာထဲတွင် တပ်မတော်အား စွတ်စွဲ ထားသည်။

COVID- 19 ကပ်ရောဂါနှင့် အတူ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း အစိုးရမှ အင်တာနက် ဆက် လက် ဖြတ်တောက်ထားမှုတို့ကို အခွင့်ကောင်းယူ၍ မြန်မာစစ်တပ်သည် ၎င်း၏ အကြမ်းဖက်မှုများကို အရှိန် တိုးမြင့်နေသည်ဖြစ်ရာ ရခိုင်နှင့် ချင်းလူမျိုးများမှာ ထိုအကြမ်းဖက်မှုများကို အဓိက ခံစားနေကြရသည် ဟု လည်း ရှေ့ပြေးအသံအဖွဲ့က ဆိုသည်။

လက်ရှိ ရခိုင်နဲ့ ချင်းပြည်နယ် အတွင်းက အခြေအနေများနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ပွဲနဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲတွေ လျော့ကျ နိုင်တဲ့ အခြေအနေမျိုး မတွေ့ရဘူး။ မတ်လနဲ့ ဧပြီလမှာ ဆိုရင် အင်တာနက်ပိတ်ထားတဲ့မြို့တွေမှာ တိုက်ပွဲ တွေ ဆိုးဆိုးရွားရွားဖြစ် ခဲ့ရတယ်။ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေလည်း ပိုပြီး ဖြစ်လာတယ်။ ဒုက္ခ သည်တွေ ပိုပိုများလာတယ်။ အခုလည်း ဖြစ်နေတယ်။ ဒါက ဘာကိုပြောနေတာလည်းဆိုတော့ အပစ်ခတ် မရပ်ပဲနဲ့ COVID ကို လုပ်လို့ ရှိရင် တစ်ဖက်ဖက် ကနေပြီးမှ AA ကလည်း ပြောလိမ့်မယ်၊ ရပ်ရွာတွေမှာ COVID နဲ့ ပတ်သက်ပြီး သူတို့ လုပ်နေတာကို တပ်မတော် က တိုက်ခိုက်တယ်လို့ ပြောပါလိမ့်မယ်။ တပ်မ တော်ကလည်း ဒီလိုပုံစံပဲ ပြောပါလိမ့်မယ်။ COVID နဲ့ ပတ်သက် ပြီး တစ်စုံတစ်ရာ ပံ့ပိုးမှုတွေလုပ်တဲ့ အခါ မှာ AA က လာပြီး တိုက်ခိုက်တယ်လို့ ပြောပါလိမ့်မယ်” ဟု ပြောသည်။

ထို့အပြင် COVID- 19 ကာကွယ်တားဆီးရေး လုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေသည့် ကရင်အမျိုး သား အစည်းအရုံး KNU ၏ COVID- 19 စစ်ဆေးရေးစခန်း ၂ ခုကို တပ်မတော်က မီးရှို့ဖျက်ဆီးခြင်းနှင့် ရှမ်းပြည်နယ်အတွင်းက COVID- 19 နှင့် ပတ်သက်သော အသိပညာ တိုးမြှင့်ရေး လုပ်ဆောင်မှုနှင့် အပူ ချိန် စစ်ဆေးနေသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS မှ ဆေးမှူးများအား တိုက်ခိုက် ခဲ့ခြင်းတို့ကိုလည်း အစီရင်ခံစာထဲတွင် ထည့်သွင်းထားသည်။

ထိုအခြေအနေများကြောင့် အစိုးရ၏ COVID- 19 ရောဂါ ကာကွယ်တားဆီးရေး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန် ဖွ့ဲစည်းထားသည့် ကော်မတီက လက်တွေ့မှာ အလုပ်မဖြစ်ကြောင်း တိုင်းရင်းသားများက ထောက်ပြထားသည်။

တိုင်းရင်းသား ကျန်းမာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး စောနေထူး က “အခုလိုမျိုး တစ်နိုင်ငံလုံးရဲ့ အတိုင်းအတာကို ပြန်ချိန်ကြည့်မယ်ဆိုရင် ကျနော်တို့ အနောက်တံခါး ရခိုင်ဒေသတွေ နောက်ပြီးတော့ ဟိုးဖက် ချင်းဒေသတွေ နောက်ပြီးတော့ ကရင်၊ ရှမ်း အားလုံးသိတဲ့ အတိုင်းပဲ ဒါတွေက ကြိုကြားကြိုကြားတွေဖြစ်နေတယ်။ ဆိုတော့ ဒါတွေက policy အရတော့ no one left policy လို့ပြောတယ် လက်တွေ့ဆန်ဆန်လုပ်တဲ့ နေရာမှာကျတော့ ဒါတွေ policy နဲ့ ကိုက်ညီမှု မရှိဘူး ဆို တာ ကျနော်တို့ မြင်ရတယ်” ဟု မေလအတွင်း သတင်းနှင့်မီဒီယာကွန်ရက် က ဆက်သွယ် မေးမြန်းစဉ် ပြောသည်။

တစ်ဖက်တွင်လည်း အစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးများမှာ ဗဟိုချုပ် ကိုင်မှုမြင့်မားလွန်းနေပြီး ဝေလံခေါင်ဖျားနှင့် ပဋိပက္ခသက်ရောက်မှု ဒဏ်ခံနေရသည့် တိုင်းရင်းသား ဒေသ များတွင် နေထိုင်နေကြသည့် ထိခိုက်အလွယ်ဆုံးသော တိုင်းရင်းသား ပြည်သူများကို ဖယ်ကျဉ်းထား သည် ဟု ဆိုသည်။

ဒေါ်ခင်ဥမ္မာက “NLD အစိုးရက ဗိုင်းရပ်စ်ပြန့်ပွားမှု ကာကွယ်ရေးအတွက် EAO တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာပေမယ့် လက်တွေ့မှာ တိုင်းရင်းသား ကျန်းမာရေး ဝန်ဆောင်မှုတွေဟာ ဖယ်ကျဉ်ခံထားရပြီး တမင်သက်သက် ဖျက်ဆီးတာကို ခံနေရတယ်။ ဒေသခံကျန်းမာရေး ဝန်ဆောင်မှုပေးသူတွေအပေါ် ဘာကန့်သတ်ချက်မှ မထားဖို့နဲ့ သူတို့ဆီကို လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ တိုက်ရိုက်ရှိဖို့က အရမ်းအရေးကြီးတယ်”ဟု ပြောသည်။

ထို့အပြင် NLD အစိုးရနှင့် အခြားနိုင်ငံရေး ပါတီများ အထူးသဖြင့် စစ်တပ်နှင့် မဟာမိတ် ဖြစ်နေသော ပါတီ များသည် မကြာမီ ကျရောက်လာတော့မည့် အထွေထွေ ရွေးကောက်ပွဲအတွက် ရှေ့ရှုလျက်နှာခေါင်းစည်း များ ဖြန့်ဝေခြင်းကဲ့သို့သော COVID- 19 ဆိုင်ရာ လှုပ်ရှားမှုများကို ပါတီတံဆိပ်(Logo) များထင်ရှားစွာ တံ ဆိပ်တပ်ထားခြင်းနှင့်အတူ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ၎င်းတို့လှုပ်ရှားမှုများကို လူသိများအောင် ဆောင်ရွက်ခြင်းများကိုလည်း အလွန်အမင်း လုပ်ဆောင်လာသည် ဟု အစီရင်ခံစာ ပြောသည်။

ရှေ့ပြေးအသံအဖွဲ့၏ ယခုထုတ်ပြန်လိုက်သည့် အစီရင်ခံစာမှာ မီဒီယာများ သတင်းတင်ပြချက်များနှင့် ၂၀၂၀ ခုနှစ်မတ် ၂၃ ရက်နေ့မှ မေလ ၁၀ ရက်နေ့အကြား ထုတ်ပြန်ထားသော အရပ်ဘက်လူထု အဖွဲ့အစည်းများ၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း EAO များ၏ ထုတ်ပြန်ချက်များ အပေါ် အခြေခံပြီး ဆန်းစစ်သုံးသပ် ရေးသား ထုတ်ဝေထားခြင်းဖြစ်သည် ဟု ဆိုသည်။

ရှေ့ပြေး အသံ (Progressive Voice) အဖွဲ့သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအရေး အတွက် စည်းရုံး လှုံ့ဆော်ရေး လုပ်ဆောင်နေသည့် အာရှ-ပစိဖိတ်ဒေသတွင်းမှ အဖွဲ့များဖြင့် ၂၀၀၆ ခုနှစ်တွင် ကွန်ရက်အဖြစ် ချိတ်ဆက် ဖွဲ့စည်းခဲ့သည့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) မှ အခြေခံ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။

အဆိုပါအဖွဲ့သည် အရပ်ဘက် လူထုအသိုင်းအဝိုင်းအား အခြေပြုကာ လူထုပူးပေါင်းပါဝင်မှုနှင့် အခွင့်အ ရေးများကို အခြေခံသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့တစ်ခု ဖြစ်ပါသည်။

ထို့အပြင် အောက်ခြေလူထုများ၏ အသံများအား မြှင့်တင်ပေးကာ လူ့အခွင့်အရေး အခြေခံသည့် မူဝါဒ များ ပေါ်ထွန်းလာရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် ရပ်ရွာလူထုအသိုင်းအဝိုင်းနှင့် နိုင်ငံအဆင့်နှင့် နိုင်ငံတ ကာ မူဝါဒရေးဆွဲချမှတ်သူများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။


View the original post by Network Media Group

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia