Report 445 Views

Myanmar’s Media Not Free or Fair – လွတ်လပ်မျှတခြင်းများ ဆုံးရှုံးနေသော မြန်မာ့မီဒီယာ

May 3rd, 2020  •  Author:   Free Expression Myanmar  •  2 minute read
Featured image

Democratic elections require robust public debate in order to be free and fair. Media freedom, including the freedom to investigate, access, and publish information without restriction, is a prerequisite for such debate. Only a free media can ensure that political parties, leaders, and their promises are properly scrutinised.

Journalists are the best placed to know how much freedom the media has, and can compare their current experiences to the past to identify the direction that media freedom is heading.

FEM’s fourth nationwide survey measures journalists’ opinions on a range of issues that are critical for determining media freedom in Myanmar. The results are discouraging, again.

Journalists conclude that media freedom is declining for the third consecutive year, and that the government, including the military, is the main cause of this.

Ominously, journalists believe that their risks have increased over the past year. Violence is more common, courts are punitive, and perpetrators act with impunity. It is unsurprising that self-censorship is growing as a result.

Journalists are also identifying new risks. 2020 is the first year when a significant proportion of journalists are reporting corporate censorship online.

The 2020 general elections are an opportunity to change direction, and journalists want political parties to make real and significant manifesto commitments to protect media freedom.

ဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်ပြီးမျှတရန်အတွက် ပြည်သူလူထု အပြန်အလှန်ဆွေးနွေးမှုများ (public debate) အား ကောင်းရန် လိုအပ်သည်။ ထိုကဲ့သို့ အပြန်အလှန်ဆွေးနွေးမှုများအတွက် မရှိမဖြစ်သောအရာမှာ ကန့်သတ်ချက်မရှိဘဲ သတင်းအချက်အလက်များ လွတ်လပ်စွာစုံစမ်းခွင့်၊ လက်လှမ်းမီပိုင်ခွင့်နှင့် ပုံနှိပ်၊ ထုတ်လွှင့်ခွင့်တို့ အပါအဝင် မီဒီယာ လွတ်လပ်ခွင့်ပင် ဖြစ်သည်။ လွတ်လပ်သောမီဒီယာရှိခြင်းက နိုင်ငံရေးပါတီများ၊ ခေါင်းဆောင်များနှင့် ၎င်းတို့၏ ကတိ ကဝတ်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ရန်အတွက် အာမခံချက် ဖြစ်သည်။

မီဒီယာလွတ်လပ်ခွင့် မည်မျှရှိသည်ကို အသိနိုင်ဆုံးသောအလုပ်ကို လုပ်နေသူမှာ သတင်းသမားများ ဖြစ်သည်။ သတင်း သမားများသည် ယခင်နှင့် ယခု အတွေ့အကြုံများကို ချိန်ထိုးနှိုင်းယှဥ်ပြီး မီဒီယာလွတ်လပ်ခွင့်၏ လားရာဦးတည်ချက်ကို တွက်ဆဖော်ထုတ်နိုင်သည်။

FEM ၏ စတုတ္ထမြောက် ပြည်လုံးကျွတ်စစ်တမ်းသည် မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့် အခြေအနေကို ဆုံးဖြတ်ရာတွင် အရေးပါသည့် အရေးကိစ္စအများအပြားနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ သတင်းထောက်များ၏ ထင်မြင်ယူဆ ချက်များကို စစ်တမ်းကောက်ယူခဲ့သည်။ ရလဒ်များမှာလည်း စိတ်ပျက်ဖွယ်ရာပင် ထပ်ဖြစ်နေခဲ့သည်။

မီဒီယာလွတ်လပ်ခွင့် ဆက်တိုက်ကျဆင်းနေသည်မှာ သုံးနှစ်ခန့်ရှိလာပြီဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ တပ်မတော်အပါအဝင် အစိုးရအဖွဲ့ကြောင့် အဓိကဖြစ်သည်ဟု သတင်းထောက်များက ကောက်ချက်ချသည်။ပြီးခဲ့သောနှစ်အတွင်း အန္တရာယ်ရှိသည့် အခြေအနေများ မြင့်တက်ခဲ့သည်ဟု သတင်းထောက်များက ရှုမြင်ကြသည်မှာ စိတ်ပူ စရာကောင်းသော အချက်ဖြစ်သည်။ အကြမ်းဖက်မှု ပုံမှန်လိုလို ဖြစ်သည်။ တရားရုံးများက ရည်ရွယ်ချက်ရှိရှိ အပြစ် ဒဏ်ချသည်။ အမှန်တကယ် ပြစ်မှုကျူးလွန်လေ့ရှိသူများမှာလည်း ဖမ်းဆီးအရေးယူမခံရဘဲ လွတ်မြောက်နေသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် [သတင်းသမားများ] ကိုယ့်အရေးအသားကိုယ် ဆင်ဆာပြန်ဖြတ်တောက်မှု (Self-censorship) ပိုမိုအားကောင်းလာသည်မှာ အထူးအဆန်း မဟုတ်ပေ။

သတင်းထောက်များ ထပ်မံ ထောက်ပြသည့် အန္တရာယ်ရှိသည့် အခြေအနေသစ်များလည်း ရှိသည်။ ၂၀၂၀ ပြည့်နှစ်သည် အွန်လိုင်းပေါ်ရှိ ထုတ်ဖော်ပြောဆိုမှုများအပေါ် စီးပွားရေးလုပ်ငန်းကြီးများ (သို့မဟုတ်) အုပ်စုများ၏ တားဆီးဖြတ်တောက်မှု (Corporate censorship) အကြောင်းကို သတင်းသမားထု ကြီးကြီးမားမားက ရေးသားဖော်ပြလာသည့် ပထမဆုံးနှစ် ဖြစ် သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ဦးတည်ချက်ကိုပြောင်းလဲပစ်ရန် အကောင်းဆုံးအခွင့်အရေးပင်ဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်ကိုကာကွယ်နိုင်ရေးအတွက်နိုင်ငံရေးပါတီများက စစ်မှန်ပြီး သိသာထင်ရှားသည့် ရွေးကောက်ပွဲကတိကဝတ်များပေးရန် ဂျာနယ်လစ်များက လိုလားနေသည်။

Download full report.

အစီရင်ခံစာအပြည့်အစုံဖတ်ရန်။