မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကျရောက်နေသော အရပ်သားပြည်သူများအား ယခုချက်ချင်း အကာအကွယ်ပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ တိုက်တွန်းတောင်းဆိုခြင်း

၂၀၂၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့

အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တစ်ဦးချင်းမှ မြန်မာနိုင်ငံ၌ဖြစ်ပွားနေလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများတွင် အရပ်သားပြည်သူများအား ကာကွယ် စောင့်ရှောက်ပေးရန်နှင့် နိုင်ငံတော်အနေဖြင့် ဂျီနီဗာသဘောတူစာချုပ်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ်များဖြစ်သော ၁၂၆၅၊ ၁၂၉၆၊ ၁၃၂၅ တို့၌ ပါဝင်သော အချက်များနှင့်အညီ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ အတိုင်း လိုက်နာဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား ပဋိပက္ခအတွင်း အပြစ်မဲ့ အရပ်သားပြည်သူများအား ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုမြောက်ပြီး ထိုကဲ့သို့သောလုပ်ရပ်များသည် ချက်ချင်း ရပ်တန့်ရမည် ဖြစ်သည်။

မြန်မာစစ်တပ်နှင့် AA အကြား ပဋိပက္ခကြောင့် ၂၀၁၈ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် များတွင် လူဦးရေ (၁၅၀,၀၀၀) အထိ နေရပ်စွန့်ခွာစေခဲ့ရပြီး ၎င်းပဋိပက္ခ၏ဂယက်များကို အပြစ်မဲ့အရပ်သား ပြည်သူများက အများဆုံးပြင်းထန်စွာခံစားနေရသည်။ လွန်ခဲ့သည့် ရက် ၃၀ အတွင်းသည်ပင်လျှင် ချင်းပြည်နယ်မှ ရွာသား (၂၈) ဦးသည် ထိုစစ်ပွဲများကြောင့်ပင် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသည်။ မြန်မာစစ်တပ်ဘက်မှ တိုက်လေယာဉ်များ အသုံးပြုကာ အပြစ်မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ် နန်းချောင်းရွာအား မြန်မာစစ်တပ် တိုက်လေယာဉ်နှစ်စင်း၏ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ (၇) ဦး အသက်ဆုံးရှုံးခဲ့ရပြီး နောက်ထပ်အရပ်သားပြည်သူ (၈) ဦးအား ထိခိုက်ဒဏ်ရာရစေသည့်အပြင် အိမ်အချို့ကိုလည်း မီးလောင်ပြာကျစေခဲ့ပါသည်။ ယင်းမှာ တစ်ပတ်အတွင်း ဒုတိယမြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ ဘောင်းဝရွာအား တိုက်ခိုက်မှုတွင် ယခုထက်ပို၍ပင် အရပ်သားပြည်သူ များအား ထိခိုက်ဒဏ်ရာရစေခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့များတွင်လည်း ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့အား အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ၌ အရပ်သားပြည်သူ (၂၁) ဦး အသက်ဆုံးရှုံး ခဲ့ရာတွင် ကလေးများလည်း ပါဝင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို လုံးဝအလေးထားခြင်း မရှိဘဲ လုပ်ဆောင်ခြင်းဖြစ်၍ အရပ်သားပြည်သူများအပေါ် မဆင်မခြင်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း သို့မဟုတ် တမင်ရည်ရွယ်ကာ ပစ်မှတ်ထားခြင်းဟုပင် သတ်မှတ်ရပေမည်။ ဂျီနီဗာသဘောတူစာချုပ်၏ အများဆိုင်ရာ ပုဒ်မ (၃) တွင် အရပ်သားများ၊ စစ်ပွဲတွင် မပါဝင်နိုင်တော့သော ပုဂ္ဂိုလ်များ၏ “အသက်ကိုသော် လည်းကောင်း၊ ခန္ဓာကိုယ်ကိုသော်လည်းကောင်း အကြမ်းဖက်ခြင်း၊ အထူးသဖြင့် သတ်ဖြတ်ခြင်း အမျိုးအစား အားလုံး” အား အထူးပြုတားမြစ်ထားသည်။ ထို့အပြင် ကာကွယ်စောင့်ရှောက်ခံပုဂ္ဂိုလ်များအား “တမင်တကာ သတ်ဖြတ်ခြင်း” ကို မြန်မာနိုင်ငံမှ ၁၉၉၂ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် ဂျီနီဗာသဘောတူစာချုပ် (၄) ခုစလုံးတွင် ကြီးလေးသော ဖောက်ဖျက်မှုများအဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ပလက်ဝမြို့နယ်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားခြင်း ကဲ့သို့သော ဖြစ်ရပ်များမှာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများအပေါ် ဆိုးဝါးသည့်ချိုးဖောက်မှုအဖြစ် ယူဆနိုင်ခြင်းကြောင့် ရောမသဘောစာချုပ်အရ စစ်ရာဇဝတ်မှု များ မြောက်နေသည်။

ထိုမျှသာမက ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၂၆၅ နှင့် ၁၂၉၆ တို့၌လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားပြည်သူများ ကာကွယ်စောင့်ရှောက်ရေးကို ကိုင်တွယ်ပြဋ္ဌာန်း ထားသည်။ ဆုံးဖြတ်ချက်အမှတ် ၁၂၆၅ တွင် “လက်နက်ကိုင်ပဋိပက္ခ အခြေအနေများတွင် အရပ်သားများအပေါ် တမင်ရည်ရွယ်၍ ပစ်မှတ်ထားခြင်းသော်လည်းကောင်း၊ နိုင်ငံတကာဥပဒေအောက်၌ ကာကွယ်စောင့်ရှောက် ထားသော အရာပစ္စည်းများအပေါ် တိုက်ခိုက်ခြင်းသော်လည်းကောင်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး အဖွဲ့အစည်းအားလုံးမှ ၎င်းလုပ်ရပ်များကို အဆုံးသတ်ရန် တောင်းဆိုသည်။” တစ်ချိန်တည်းတွင် “လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေအား ဆိုးဝါးစွာချိုးဖောက်မှုများအတွက် တာဝန်ရှိသူတို့ကို တရားစွဲဆို အပြစ်ပေးရန်သော်လည်း ကောင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်သော်လည်းကောင်း နိုင်ငံတော်အစိုးရများတွင် တာဝန်ရှိသည်” ကိုလည်း အလေးပေးထောက်ပြထားသည်။

ထို့အပြင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ၌ “လက်နက်ကိုင်ပဋိပက္ခတွင် သက်ဆိုင်နေသော အဖွဲ့အစည်းအားလုံးသည် လက်နက်ကိုင်ပဋိပက္ခ အခြေအနေများထဲတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှု၊ အထူးသဖြင့် မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုသဏ္ဌာန်များ၊ ထို့ပြင် အခြားသောအကြမ်းဖက်မှုသဏ္ဌာန်များအားလုံးမှ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် အထူးအစီအမံများ အဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။” ယင်းအချက်သည် မြန်မာနိုင်ငံဖြစ်စဉ်တွင် အထူးထင်ရှား ပေါ်လွင်နေသည်။ အကြောင်းမူ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များနှင့်ချီ၍ လက်နက်ကိုင်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ထပ်တလဲလဲ ကျင့်သုံးနေခြင်းကြောင့်ဖြစ်သည်။ ယင်းအချက်နှင့် ဆက်စပ်ကြည့် မည်ဆိုပါက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအစိုးရနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နှင့်ပတ်သက်သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ လက်မှတ် ရေးထိုးခဲ့သော ပူးတွဲထုတ်ပြန်ချက်မှာ ပဋိပက္ခသက်ရောက်ရာနယ်မြေများမှ အမျိုးသမီးများနှင့် တိုင်ပင် ညှိနှိုင်းခြင်း မရှိခဲ့ရုံသာမက တိုင်းရင်းသားနယ်မြေများတွင် မြန်မာစစ်တပ်က လက်ရှိကျူးလွန်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများမှာလည်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ပူးတွဲကြေညာချက် လက်မှတ်ထိုးခဲ့သော မြန်မာအစိုးရ၏ ဟန်ပြ ခံယူချက် မှန်သမျှနှင့် ကွဲလွဲသွေဖီနေလျက်ရှိပါသည်။

နောက်ဆုံးအချက်အနေဖြင့် မြန်မာနိုင်ငံမှ အတည်ပြုထားသော ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်” ဟု အသိအမှတ်ပြုထားကာ မြန်မာနိုင်ငံအနေဖြင့် “ကလေးသူငယ် ရပ်တည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဖြစ်နိုင်သမျှ အစွမ်းကုန်” အာမခံဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဂျီနီဗာသဘောတူစာချုပ် များနှင့် CRC တို့ကို လက်မှတ်ရေးထိုးထားသည့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ထိုနိုင်ငံတကာဥပဒေ သဘောတူညီချက်စာချုပ်ပါ အချက်များကို လိုက်နာကျင့်သုံးရန် တာဝန်ရှိပေသည်။

တစ်ချိန်တည်းတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရန် တွန့်ဆုတ်နေခြင်းသည် ယင်းမဟာမိတ်အဖွဲ့အနေဖြင့် အကြမ်းဖက်မှု အရှိန်မြင့်တက်လာနေခြင်းအပေါ် ဖြေရှင်းရန် အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်နိုင်မည့်အခွင့်အရေးကို လက်လွတ်သွားခြင်းပင်ဖြစ်သည်။ အာဆီယံသည် ဘေးမှရပ်ကြည့်ခြင်းဖြင့် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ခံနေမည့်အစား အစိုးရနှင့်ထိတွေ့ဆက်ဆံ၍ အကြမ်းဖက်မှု၏ အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် မိမိ၏ လူသားချင်း စာနာမှုဆိုင်ရာ ရှေ့ဆောင်ရှေ့ရွက်မှုများနှင့် ဆက်စပ်ကြိုးစားနိုင်သည့် တစ်ချိန်တည်းတွင် မြန်မာ့နယ်စပ်များမှ ကျော်လွန်၍ အခြားနိုင်ငံများကိုပါ သက်ရောက်နေသော လက်ရှိအကြမ်းဖက်မှုများအတွက် ဖြေရှင်းချက် ရှာနိုင်ရန် အာဆီယံသည် ၎င်း၏ ကူညီအကျိုးဆောင်နိုင်စွမ်းကို အသုံးချနိုင်သည်။

ကမ္ဘာကြီးတစ်ခုလုံးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကာကွယ်နိုင်ရန် စီမံဆောင်ရွက်နေချိန်တွင် ချင်းပြည်နယ်တောင်ပိုင်းရှိ အပြစ်မဲ့အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားစစ်ဆင်မှု များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသည့် အချည်းနှီး ဆုံးရှုံးမှုများ ဖြစ်စေပြီး စစ်ရာဇဝတ်မှုမြောက်စေပါသည်။ ဤအဖြစ်ကို ယခုချက်ချင်းအဆုံးသတ်ရမည် ဖြစ်သည်။  ဤစစ်ရာဇဝတ်မှုများ သည် ဂျီနီဗာသဘောတူစာချုပ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ရပ်ရွာလူထုအသိုင်းအဝိုင်း များကို ဖျက်ဆီးနေပါသည်။ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအားလုံး ချက်ချင်း အဆုံးသတ်ရန်နှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့မှ အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

ပါဝင်ထောက်ခံလက်မှတ်ထိုးသူများ –

  1. Alliance for Conflict Transformation (ACT), Cambodia
  2. ALTSEAN-Burma
  3. Asian Resource Foundation (ARF), Thailand
  4. ASEAN Parliamentarians for Human Rights (APHR)
  5. Asian Forum for Human Rights and Development (FORUM-ASIA)
  6. ASEAN SOGIE Caucus
  7. Association of Women for Awareness and Motivation (AWAM), Pakistan
  8. AwazCDS-Pakistan
  9. Banglar Manabadhikar Suraksha Mancha, (MASUM), India
  10. Balay Alternative Legal Advocates for Development in Mindanaw (Balaod Mindanaw), the Philippines
  11. Bodhigram, India
  12. Burma Campaign UK (BCUK)
  13. Bytes For All, Pakistan
  14. Cambodian Civil Society Partnership (CCSP), Cambodia
  15. Cambodian Human Rights and Development Association (ADHOC), Cambodia
  16. Center for Human Rights and Development (CHRD), Mongolia
  17. Centre for Communication and Development Studies (CCDS), India
  18. Center for Conflict Resolution (CECORE), Uganda
  19. Center for Peace Education-Miriam College, the Philippines
  20. Civil and Human Rights Network (CSHRN), Afghanistan
  21. Christian Solidarity Worldwide (CSW)
  22. Civil Rights Defenders (CRD)
  23. Coalition for Integrity and Social Accountability (CISA), Cambodia
  24. Covenants Watch, Taiwan
  25. Community Resource Centre Foundation (CRC), Thailand
  26. Centre for the Sustainable Use of Natural and Social Resources (CSNR), India
  27. Community Self Reliance Centre (CSRC), Nepal
  28. Desaparecidos, the Philippines
  29. Global Partnership for the Prevention of Armed Conflict (GPPAC)
  30. Global Partnership for the Prevention of Armed Conflict (GPPAC)-Southeast
  31. Global Partnership for the Prevention of Armed Conflict (GPPAC)-North America
  32. Globe International Center (GIC), Mongolia
  33. GZO Peace Institute, Philippines
  34. HAK Association, Timor Leste
  35. Hustisya, Philippines
  36. IM Center for Peace and Dialogue, Indonesia
  37. Info-Birmanie, France
  38. INFORM Human Rights Documentation Centre, Colombo, Sri Lanka
  39. Initiatives for International Dialogue (IID), Philippines
  40. JANANEETHI, India
  41. Justice, Peace and Integrity of Creation (JPIC), Roma, Italia
  42. Karapatan Alliance Philippines
  43. Kazakhstan International Bureau for Human Rights and the Rule of Law (KIBHR)
  44. KontraS (Commission for the Disappeared and Victims of Violence), Indonesia
  45. Korean House for International Solidarity
  46. Legal Aid Foundation Indonesia
  47. Maldivian Democracy Network (MDN)
  48. The Mekong Butterfly, Thailand
  49. MONFEMNET National Network, Mongolia
  50. Odhikar, Bangladesh
  51. Oyu Tolgoi Watch, Mongolia 
  52. Pax Christi Pilipinas, the Philippines
  53. People’s Watch, India
  54. People’s Empowerment Foundation (PEF), Thailand
  55. Philippine Alliance of Human Rights Advocates (PAHRA)
  56. Public Association “Dignity”, Kazakhstan
  57. Pusat KOMAS, Malaysia
  58. People’s Vigilance Committee on Human Rights (PVCHR), India
  59. Refugee and Migratory Movements Research Unit (RMMRU), University of Dhaka, Bangladesh
  60. Research and Education for Peace, Universiti Sains Malaysia (REPUSM), Malaysia
  61. Recourse, Netherlands
  62. Right to Life Human Rights Centre, Sri Lanka
  63. Rivers without Boundaries Mongolia
  64. Samahan ng Ex-detainees Laban sa Detensyon at Aresto (Society of Ex-Detainees against Detention and Arrests in the Philippines)
  65. South India Cell for Human Rights Education and Monitoring (SICHREM)
  66. Southeast Asia Conflict Studies Network (SEACSN), Malaysia
  67. Suara Rakyat Malaysia (SUARAM), Malaysia
  68. Swedish Burma Committee (SBC), Sweden
  69. Tanggol Bayi (Defend Women), Philippines
  70. Think Center, Singapore
  71. Task Force Detainees of the Philippines (TFDP)
  72. US Campaign for Burma (USCB), United States
  73. Vietnamese Women for Human Rights (VNWHR)
  74. Witness Radio Organisation, Uganda
  75. Youth for Peace (YFP), Cambodia
  76. Action Committee for Democracy Development (ACDD), Burma/Myanmar
  77. Athan – Freedom of Expression Activist Organization, Burma/Myanmar
  78. Assistance Association for Political Prisoners (AAPP), Burma/Myanmar
  79. Association of Human Rights Defenders and Promoters (HRDP), Burma/Myanmar
  80. Australia Chin Federation (ACF)
  81. Burmese Women’s Union (BWU), Burma/Myanmar
  82. Center of Development and Ethnic Studies (CDES), Burma/Myanmar
  83. Chin American Association (CAA)
  84. Chin Christian Council in Australia (CCCA)
  85. Chin Human Rights Organization (CHRO), Burma/Myanmar
  86. Chin Youth Organization of North America (CYONA)
  87. Chinbridge Institute (CI), Burma/Myanmar
  88. Chin Community in Norway (CCN)
  89. Chin Community of Indiana (CCI), USA
  90. Central Chin Youth Organization (CCYO), Burma/Myanmar
  91. Chin Civil Society Network (CCSN), Burma/Myanmar
  92. Chin Literature and Culture Committee (Universities – Yangon), Burma/Myanmar
  93. Chin Refugee Committee (Delhi), India
  94. Chin Student Union, Burma/Myanmar
  95. Chin Community in Denmark (CCDK)
  96. Chin Women Organization (Hakha), Burma/Myanmar
  97. Cherry Foundation (Yangon), Burma/Myanmar
  98. Equality Myanmar (EQMM), Burma/Myanmar
  99. Future Light Center (FLC), Burma/Myanmar
  100. Genuine People’s Servants (GPS), Burma/Myanmar
  101. Generation Wave (GW), Burma/Myanmar
  102. Human Rights Foundation of Monland (HURFOM), Burma/Myanmar
  103. Human Rights Educators Network (HREN), Burma/Myanmar
  104. Independent Chin Communities (ICC), Malaysia
  105. Indigenous Peoples’ Partnership (IPP), Burma/Myanmar
  106. Karen Women’s Organization (KWO), Burma/Myanmar
  107. Karenni Human Rights Group (KnHRG), Burma/Myanmar
  108. Karenni Legal and Human Rights Center (KnLHRC), Burma/Myanmar
  109. Karen Human Rights Group (KHRG), Burma/Myanmar
  110. Kachin Women’s Association Thailand (KWAT), Burma/Myanmar
  111. Loka Ahlinn (Social Development Network), Burma/Myanmar
  112. Khumi Affairs Coordination Council (KACC), Burma/Myanmar
  113. Koung Jor Shan Refugee Camp (KJSRC), Burma/Myanmar
  114. Metta Campaign – Mandalay, Burma/Myanmar
  115. Myanmar Human Rights Alliance Network (MHRAN), Burma/Myanmar
  116. Myanmar People Alliance (Shan State) (MPA-SS), Burma/Myanmar
  117. Myanmar Cultural Research Society (MCRS), Burma/Myanmar
  118. Peace & Development Center (Meikhtila), Burma/Myanmar
  119. Progressive Voice (PV), Burma/Myanmar
  120. Reliable Organization, Burma/Myanmar
  121. Synergy (Social Harmony Organization), Burma/Myanmar
  122. Ta’ang Women’s Organization (TWO), Burma/Myanmar
  123. The Seagull:Human Rights, Peace & Development, Burma/Myanmar
  124. Women Peace Network (WPN), Burma/Myanmar
  125. Women’s League of Burma (WLB), Burma/Myanmar
  126. White Marker Group, Burma/Myanmar
  127. Yangon Youth Network (YYN), Burma/Myanmar
  128. Youth Corner (YC Hakha), Burma/Myanmar
  129. ရွှေခြံမြေကွန်ရက်၊ ကွမ်းခြံကုန်း ၊ ရန်ကုန်တိုင်းဒေသကြီး၊ Burma/Myanmar
  130. လူအခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက်၊ ချောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ Burma/Myanmar
  131. အလုပ်သမားအဖွဲ့ဖွဲ့စည်းပေါ်ပေါက်ရေးနှင့် အမျိုးသမီးအခွင့်အရေးအသိပညာပေးရေး ပဲခူးကွန်ရက်၊ ပဲခူးတိုင်းဒေသကြီး၊ Burma/Myanmar
  132. တောင်သူလယ်သမားများနှင့် ရေလုပ်သားများ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး ကွန်ရက်၊ မြစ်ကျိုးတိုက်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ Burma/Myanmar
  133. ဥသျှစ်ပင် လူငယ်ကွန်ရက်၊ ဥသျှစ်ပင်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ Burma/Myanmar
  134. တောင်သူလယ်သမားများဥပဒေအထောက်အကူပြု ကွန်ရက် (PLAN-A) ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်၊ Burma/Myanmar
  135. မွန်လူငယ်ကွန်ရက်၊ ရေးလမိုင်း၊ မွန်ပြည်နယ်၊ Burma/Myanmar
  136. လူမူဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်၊ ပေါင်မြို့နယ်၊ မွန်ပြည်နယ်၊ Burma/Myanmar
  137. Ramkhye – ရမ်းခေး မြစ်ကြီးနား ကွန်ရက်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်၊ Burma/Myanmar
  138. Justice Drum ကွန်ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ Burma/Myanmar
  139. ရပ်ရွာငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (Area Peace and Development Forward) ကလေး မြို့နယ်၊ ကလေး ခရိုင်၊ စစ်ကိုင်းတိုင်း၊ Burma/Myanma
  140. ဒို့လယ်ယာ ကွန်ရက်၊ အင်္ဂပူမြို့နယ်၊ ဟင်္သာတခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး၊ Burma/Myanmar

Individual:

141. Jim Gomez

ပူးတွဲထုတ်ပြန်ချက် PDF ကို မြန်မာဘာသာဖြင့်ယူရန်။

ပူးတွဲထုတ်ပြန်ချက် PDF ကို အင်္ဂလိပ်ဘာသာဖြင့်ယူရန်။

Related Posts:

Send this to a friend