26 March 2020

၂၆ ရက်၊ မတ်လ၊ ၂၀၂၀ ခုနှစ်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကူးစက်သည့် အခြေအနေကို ကမာ္ဘ့ကပ်ရောဂါဆိုး တစ်ခုအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ၊ ၁၁ ရက်နေ့တွင် ကမာ္ဘ့ကျန်းမာရေး အဖွဲ့အစည်းက ကြေညာခဲ့ပြီး ယနေ့အချိန်အထိ ကမာ္ဘတစ်ဝှမ်း ကူးစက်ခံရသူပေါင်း ၄၇၀,၀၀၀ ကျော်ခန့်ရှိပြီး သေဆုံးသူပေါင်း ၂၀,၀၀၀ ကျော်ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂၀၂၀ ခုနှစ် မတ်လ၊ ၂၃ရက်ညတွင် Covid-19 လူနာ (၂) ဦး မတ်လ၊ ၂၄ရက် ညတွင် (၁) ဦး စမ်းသပ်တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် ရောဂါပြန့်ပွားမှု အခြေအနေအပေါ် ပြည်သူများက စိုးရိမ်ပူပန်မှု မြင့်တက်လျက်ရှိသည်။
လက်ရှိအချိန်တွင် ကမာ္ဘတစ်ဝှမ်း ရောဂါကပ်ဆိုးကို ညီညွတ်စွာ ရင်ဆိုင်တုံ့ပြန်လျက်ရှိရာ တစ်ကမာ္ဘလုံးရှိ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ၍ Covid-19 ကာကွယ်တားဆီးရေး ဝိုင်းဝန်းအားစိုက်လုပ်ဆောင်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက ၂၀၂၀ ခုနှစ်၊ မတ်လ၊ ၂၃ ရက်နေ့တွင် ထပ်လောင်း မေတ္တာရပ်ခံတောင်းဆိုမှု ပြုလုပ်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံတွင်မူ ပြည်တွင်းစစ်ပွဲများမရပ်မနားဘဲ ဆက်တိုက် အရှိန်မြှင့် ဖြစ်ပေါ် လျက်ရှိနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အပါအ၀င် မြန်မာပြည်တစ်ဝှမ်းတွင် ဖြစ်ပေါ်လျက်ရှိသော စစ်ပွဲများကြောင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ထို့အပြင် Covid-19 အတွက် ကျန်းမာရေး ပညာပေးများ သတိပေးချက်များ အင်တာနက်မှ တစ်ဆင့် အများပြည်သူထံသို့ အချိန်နှင့် တပြေးညီ လျှင်မြန်စွာ ထုတ်ပြန် ပေးရန် အရေးတကြီး လိုအပ်နေသည့် ယနေ့အချိန်အထိ ရခိုင်ပြည်နယ်၌ လပေါင်း များစွာ ကြာအောင် အင်တာနက်ဖြတ်တောက်မှု ပြုလုပ်ထားသည်မှာ လုံးဝ လက်မခံ နိုင်စရာ အခြေအနေတစ်ခု ဖြစ်သည်။
ယခုကဲ့သို့ ကမ္ဘာ့ကပ်ဘေးရောဂါ ဖြစ်ပေါ်နေချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့လှသော ဆင်းရဲသားပြည်သူများ၏ ဘဝနှင့် ဒုက္ခများစွာကို လစ်လျူရှုကာ ပြည်သူ့ဘဏ္ဍာများစွာ အကုန်အကျခံ၍ ဝယ်ယူထားသော စစ်လက်နက်များဖြင့် ပြည်သူများထိခိုက် သေကျေစေသည့် စစ်ပွဲများကို အရှိန်မြှင့် ဆင်နွှဲနေခြင်း၊ ရောဂါကပ်ဆိုး ကြုံနေရသော ကာလတွင် အသက်တမျှ အရေးကြီးသော သတင်းအချက်အလက်များ ဖြတ်တောက်မှုကို ဆက်လက်ပြုလုပ်နေခြင်းသည် အလွန်ပင်လူသားစာနာမှုကင်းမဲ့သော လုပ်ရပ်ဖြစ်သည်။
ထို့ကြောင့် အောက်ပါအချက်များကို လျှင်မြန်စွာ အကာင်အထည်ဖော်ပေးရန် နိုင်ငံတော် အစိုးရ၊ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ တပ်ဖွဲ့များ အားလုံးကို အရေးပေါ် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။
တပ်မတော်နှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ တပ်ဖွဲ့များအားလုံး
၁။ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ချွင်းချက်မရှိ ချက်ချင်းရပ်တန့်ရန်။
၂။ Covid-19 ကာကွယ်တားဆီးရေးနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် အစိုးရ ကျန်းမာရေးဌာနများ ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာရေးအစီအစဉ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများအား ပံ့ပိုးကူညီရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်။
နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာအစိုးရဌာနများအားလုံး
၁။ Covid-19 ကာကွယ်တားဆီးရေး ဆောင်ရွက်ရာတွင် လူသားတိုင်း၏ ဂုဏ်သိက္ခာနှင့် ရပိုင်ခွင့်များကို နိုင်ငံတကာဥပဒေများ၊ လမ်းညွှန်ချက်များနှင့် အညီ လေးစား လိုက်နာ ရန်။
၂။ Covid-19 ကာကွယ်တားဆီးရေးအပါအဝင် ကျန်းမာရေးကဏ္ဍအတွက် အရေးပေါ် ရန်ပုံငွေ အလုံအလောက် သုံးစွဲအကောင်အထည်ဖေါ်ရန်။
၃။ အင်တာနက်ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ထားခြင်း အမြန်ဆုံး ပြန်လည် ဖွင့်ပေးရန်။
၄။ စစ်ဘေးဒဏ်ခံစားနေရသော စစ်ဘေးရှောင် ပြည်သူများ၊ အကျဉ်းထောင်များအတွင်းရှိ အကျဉ်းသားများအတွက် လိုအပ်သောအကူအညီများ အမြန်ဆုံး ပေးပို့နိုင်ရေး နှင့် Covid-19 ကာကွယ်တားဆီးရေး ရပ်ရွာအခြေပြု ပညာပေးလုပ်ငန်းများ အား အရေးပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရန်။
၅။ စစ်ဘေးဒဏ် ခံစားနေရသော ပြည်သူများထံ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာဖွဲ့အစည်းများ ၊ သတင်းမီဒီယာများ လွတ်လပ်စွာ သွားရောက် အကူအညီ ပေးနိုင်ရေး၊ သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးရန် နှင့် လိုအပ်ပါက ၎င်းတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန်။
ဆက်သွယ်ရန် –
၁။ မိုင်သင်းယုမွန် (Chin Human Rights Organization) – 09-955 045 830
၂။ အေးမြတ်ကျော် (Arakan CSO Network) – 09 254 688 772
၃။ ခင်နွေးနွေးလှိုင် (Yangon Youth Network) – 09 420 329 636
၄။ သွင်လင်းအောင် (Genuine People’s Servants – GPS) – 09 250 795 915
အရေးပေါ်တောင်းဆိုချက် ထုတ်ပြန်သည့် အဖွဲ့အစည်းများ
1. Khin – Digital Rights Activist (Individual)
2. Min Maung – Political Activist (Individual)
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
19 May 2026

05 June 2026

28 May 2026