Statement 307 Views

မြန်မာနိုင်ငံကလေးများနေ့တွင် ကလေးငယ်များ လက်နက်ကြီး ထိမှန်ခဲ့မှု ဖြစ်စဉ်အပေါ် သဘောထားထုတ်ပြန်ချက်

February 15th, 2020  •  Author:   126 Civil Society Organizations  •  2 minute read

ရက်စွဲ။    ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ (ကလေးများနေ့) နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမေွချောင်းကျေးရွာရှိ  မူလတန်းလွန်ကျောင်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး ကျောင်းသူ/သား (၂၁)ဦး ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိခဲ့ရပါသည်။ ဒဏ်ရာရာသူများထဲမှ အချို့မှာ အသက်အန္တရယ် စိုးရိမ်ရသည့်အထိ ရင်ဆိုင်ခံစားနေရသည်ဟုလည်း သိရှိရသည်။

လက်နက်ကိုင်တိုက်ပွဲများအတွင်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ ကမ္ဘာ့အမေွအနှစ် အဆောက်အဉီများ နှင့် အပြစ်မဲ့ ပြည်သူများအား ထိခိုက်စေခြင်း၊ ပစ်မှတ်အဖြစ်ထားခြင်းများကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြင်းထန်စွာ တားမြစ်ထားပါသည်။ ထို့အပြင် ကမ္ဘာ့ပေါ်ရှိ မည်သည့် လူ့အသိုင်းအဝိုင်းကမျှလက်မခံနိုင်သည့် အပြုအမူပင်ဖြစ်ပါသည်။ ထိုလုပ်ရပ်များမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်းလည်း နိုင်ငံတကာဉပေဒများက ဖော်ပြထားပါသည်။

(၁၃) ရက်နေ့ မနက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် AA တို့ အုတ်တောင်ကျေးရွာနှင့် ခမေွချောင်းကျေးရွာ အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရှိရပြီး မကြာမီနာရီပိုင်းအတွင်း ထိုသို့ စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့ခြင်းဖြစ်သည်။

မည်သည့်ဖက်မှ ပစ်ခတ်လိုက်သော လက်နက်ဟု အတိအကျ မသိရှိရဘဲ နှစ်ဖက်စလုံးမှ ငြင်းဆန်လျှက် ရှိနေခြင်းသည် တာဝန်မဲ့သည့်လုပ်ရပ်ဖြစ်သည့်အပြင် အပြစ်မဲ့အရပ်သားများအပေါ် ကျူးလွန်ခဲ့ခြင်း ဖြစ်သည့် အတွက် မိမိတို့အနေနှင့် ကျူးလွန်သူများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်။

အပြစ်မဲ့ ပြည်သူများအပေါ် ထိခိုက်မှုများမှ ရှောင်ကြည်နိုင်ရန်အတွက် နှစ်ဖက်စလုံး ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်စဲပေးရန်နှင့် အရေးပါသောသတင်းရယူနိုင်မည့်နည်းလမ်းအား တားမြစ်ထားသည့် ရခိုင်ပြည်နယ် အတွင်း အင်တာနက်ဖြတ်တောက်ခြင်းအား ရပ်တန့်ပေးရန်လည်း တောင်းဆိုလိုက်ပါသည်။

အပြစ်မဲ့သေဆုံးသွားသူများ၊ ဒါဏ်ရာရသူများနှင့် မိသားစုဝင်များအတွက် တရားဝင်တောင်းပန်ရန်၊ ပြန်လည် ကုစားပေးရေးအစီအစဉ်များနှင့် တရားမျှတမှုများ ဆောင်ကြဉ်းပေးရန်အတွက် တည်ဆဲအစိုးရနှင့် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီး၏ ခေါင်းဆောင်များမှ လုပ်ဆောင်ပေးရန်လိုအပ်သည်။

အနာဂတ်တွင် ယခုလိုအဖြစ်ဆိုးများ ထပ်မံမဖြစ်ပွားစေရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွင် ပြုပြင် ပြောင်းလဲရန်လိုအပ်သည်။

ထို့အပြင် ကျူးလွန်သူများအား သက်ဆိုင်ရာအဖွဲအစည်းများမှ အမြန်ဆုံး ‌ဖော်ထုတ်ပေးရန်နှင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန်လည်း အလေးအနက် တောင်းဆိုလိုက်ပါသည်။

ဆက်သွယ်ရန်-

  • ကိုအောင်မျိုးကျော် (AAPP) ၊ ဖုန်း- ၀၉၄၂၈၁၁၇၃၄၈
  • မသင်္ဉ္ဇာရွှန်းလဲ့ရည် (ACDD) ၊ ဖုန်း- ၀၉၇၉၅၅၇၄၇၇၅
  • ကိုအောင်ဇော်ဦး (HRDP) ၊ ဖုန်း- ၀၉၄၂၁၀၃၉၄၉၃

အရပ်ဖက်အဖွဲ့အစည်း (၁၂၆)ဖွဲ့

  1. Assistance Association for Political Prisoners (AAPP)
  2. Yangon Watch
  3. Future Light Center
  4. Synergy (Social Harmony Organization)
  5. Metta Campaign (Mandalay)
  6. Human Rights Defenders and Promoters (HRDP)
  7. The Seagull: Human Rights, Peace & Development
  8. Action Committee for Democracy Development
  9. Equality Myanmar
  10. Human Rights Educators Network (HREN)
  11. Myanmar People Alliance (SS)
  12. Karenni Human Rights Group (KnHRG)
  13. Athan- Freedom of Expression Activist Organization
  14. Loka Ahlinn Social Development Organization
  15. Progressive Voice (PV)
  16. Than Lwin Citizen Empowerment Program
  17. Generation Wave (GW)
  18. KWAT
  19. Genuine People Servants (GPS)
  20. ပေါင်းကူး
  21. မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
  22. COMREG
  23. သူရိယစန္ဒာပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့
  24. ပွိုင့်- ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့
  25. လေသာရဖောင်ဒေးရှင်း
  26. ပေါင်းစီးမေတ္တာအဖွဲ့
  27. အာရှအလင်းရောင်ဖောင်ဒေးရှင်း (ပြင်ဦးလွင်)
  28. Keng Tung Land Group
  29. Helping Hand Tachileik
  30. Citizens Action For Transparency (CAFT)
  31. စိမ်းလန်းပြင်ဦးလွင်
  32. MaRaJa(MRJ)
  33. Htoi Gender and Development Foundation
  34. Southern Youth
  35. Badeidha Moe Civil Society Organization
  36. Thint Myat Lo Thu Myat (Peace Seekers and Multiculturalist Movement)
  37. Khamthar Farmers Union
  38. Matu Women Organization
  39. Men Fellowship (Matupi)
  40. Women Fellowship (Matupi)
  41. Cang Bong Youth (Matupi)
  42. Matupi Baptist Churches
  43. Chin Youth Organization
  44. Matu Social Welfare
  45. Matu Forum Committee
  46. DDA Dawei Development Association
  47. Htee Chike Network
  48. Green Rights Organization
  49. Hkumzup Development Committee
  50. Kalyanameikta Social Development Association (Khin U)
  51. Uakthon Local Social Development Organization
  52. Shwechinthae Farmers Network
  53. Golden Heart Organization
  54. Summer Shelter Library
  55. Democratic Education Corner (DEC)
  56. Center for Social Integrity
  57. Myanmar Cultural Research Society(MCRS)
  58. Minhal Youth Centre
  59. Civil Call
  60. MATA – Sagaing
  61. Shwechinthae Social Service Group (Shwebo)
  62. Halcyon- သုခဂေဟာ
  63. Nyan Lynn Thit Analytica
  64. Oway Education and Youth Institute
  65. ဆွေသဟာအဖွဲ့
  66. Mwetaung Area Development Group
  67. Bee House
  68. ရွှေမင်းသားဖောင်ဒေးရှင်း
  69. သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ – PoPP
  70. Sharing (မျှဝေရာ)
  71. လူငယ်အစည်းအရုံး – ပဲခူး
  72. Saytana Shaesaung Youth Organization
  73. Young Ni Oo Social Development Organization
  74. Young Ni Oo Women Group
  75. Muditar Organization
  76. Paungsee Myittar Organization
  77. Pone Yate Sit Regional Development Organization
  78. ကျေးလက်ဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့
  79. Future Star Youth Organization
  80. Lin Lake Kyal Social Development Organization
  81. ဓမ္မအလင်း ယဉ်ကျေးလိမ္မာအဖွဲ့
  82. ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကွန်ယက်
  83. ပျိုးဥယျာဉ်ပညာရေးအထောက်အကူပြုအဖွဲ့
  84. Sar Phyu Famer Network
  85. Pan Tain Shin Women Rural Development Organization
  86. စာနာကြည်ဖြူလူမှုဖွံ့ဖြိုးရေးအဖွဲ့
  87. ဂရုဏာရှင်နာရေးကူညီရေးအဖွဲ့
  88. Shwe Thinkha Social Development Organization
  89. Community Association Development
  90. ရည်ရွယ်ရာလူငယ်ဖွံ့ဖြိုးရေးအဖွဲ့
  91. Rule of Law watch group
  92. အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  93. အလင်းရောင်လူမှုဖွံ့ဖြိုးရေး
  94. အားမာန်သစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့
  95. စွမ်းစုတည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
  96. ရွှေအနာဂတ်လူမှုဖွံ့ဖြိုးရေးအဖွဲ့
  97. အခမဲ့ပညာရေးဝန်ဆောင်မှုအဖွဲ့
  98. ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း
  99. ရွှေနံသာတောင်သူလယ်သမားအဖွဲ့
  100. ဧရာပျိုမေအမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့
  101. တောင်သူလယ်သမားစိုက်ပျိုးမွေးမြူရေးကွန်ယက်
  102. ရတနာရောင်ခြည်လူမှုဖွံ့ဖြိုးရေးအဖွဲ့
  103. ကောင်းမြတ်နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့
  104. ထွန်းသစ်စကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့
  105. ကမ်းခြေအားမာန်ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
  106. မြစ်မဧရာဝတီအဖွဲ့
  107. အလင်းတံခါးအဖွဲ့
  108. Hope for Children အဖွဲ့
  109. အနာဂတ်အလင်းသစ်အဖွဲ့
  110. စေတနာရှင်လူမှုကူညီရေးအဖွဲ့
  111. ပန်းသီကြိုး LGBT အဖွဲ့ (၁၁၁ ဖွဲ့)
  112. Action Group for Farmers Affair (AGFA)(မန္တလေးတိုင်း)
  113. Action Group for Farmers Affair (AGFA) (စစ်ကိုင်းတိုင်း)
  114. Action Group for Farmers Affair (AGFA) ( မကွေးတိုင်း)
  115. Action Group for Farmers Affair (AGFA)( ဧရာဝတီတိုင်း)
  116. Action Group for Farmers Affair (AGFA)(ပဲဲခူးတိုင်း)
  117. စိမ်းရောင်စို (တံတားဦး)
  118. ဝါးစိမ်းတောင်ကာကွယ်စောင့်ကြည့်ရေးကော်မတီ (WPWC)
  119. Peace and Justic
  120. Justice Movement for Community, Innlay
  121. အစ္စလာမ့်တံခွန်လူမှု့ကူညီရေးအဖွဲ့ဗန်းမော်မြို့(ကချင်ပြည်နယ်)
  122. 8888 New Generation (Mohnyin)
  123. အလင်းတန်းအဖွဲ့
  124. Doe Myay Community Development organization (Twantay)
  125. မေမြို့​တောင်သူကွန်ရက်
  126. Mandalay Community Center

သဘောထားထုတ်ပြန်ချက် PDF မြန်မာဘာသာအင်္ဂလိပ်ဘာသာ