Statement 648 Views

ဒီမော့ဆိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မြလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား နောက်ဆုံးအကြိမ် သတိပေးခြင်းစာအပေါ် ကယန်းအမျိုးသမီးအစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်

January 28th, 2020  •  Author:   Kayan Women's Organization  •  1 minute read

ရက်စွဲ ။ ။ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်။

ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) သည် ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ ဒီမော့ဆို မြို့နယ်၊ မြလဲကျေးရွာအုပ်စု၊ မြလဲကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမဆောင်၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲအတွက် သက်ဆိုင်ရာ မြလဲကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တိုင်ပင်ကာ ခွင့်ပြုချက်ရယူခဲ့သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့် အားလျော်စွာ ဒီမိုကရေစီစံနှုန်းအရ လွတ်လပ်စွာ စုဝေးခွင့်နှင့် သတင်းအချက်အလက်များ မျှဝေခွင့်ရှိသည်ဟု မိမိတို့ကယန်းအမျိုးသမီးအစည်းအရုံးမှ ယုံကြည်လက်ခံသဖြင့် ဤဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲသည် အများပြည်သူအတွက် မည့်သည်အနှောက်အယှက်မှ မဖြစ်ခြင်း နှင့် သက်ဆိုင်ရာ အာဏာပိုင်များကိုလည်း ထိခိုက်မူများ မရှိခဲ့ပါ။
ထို့အပြင် ကယန်းအမျိုးသမီးအစည်းအရုံးမှ ပြုလုပ်သည့်ဆွေးနွေးပွဲသည် ပြည်သူလူထုအတွက် မဖြစ်မနေ သိရှိရန် လိုအပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ များ ဖြစ်နေခြင်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် အစိုးရမှ မလုပ်ဆောင်နိုင်သည့် ပြည်သူလူထု အသိ အမြင့်ဖွင့် ဆွေးနွေးပွဲများကို ကယန်းအမျိုးသမီးအစည်းအရုံးမှ ဉာဏ်စွမ်းဖြင့် ကူညီဆောင်ရွက်ခြင်းသာ ဖြစ်သည်။

၎င်းအပေါ် ဒီမော့ဆိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉာဏ်လှိုင်၊ ပ/၄၀၄၀ မှ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ မြလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပေးပို့သော နောက်ဆုံးအကြိမ် သတိပေးစာသည် ကျေးရွာလူထုများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား ငြိမ်ဝပ်ပိပြားစေရန် ခြိမ်းခြောက်မှု ဖြစ်စေသည့်အပြင် အခြားသော လူထုအကျိုးပြုအဖွဲ့အစည်းများကိုလည်း ကန့်သတ်ပိတ်ပင်ရာ ဖြစ်စေသည် ကို သုံးသပ်ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ကယန်းအမျိုးသမီးအစည်းအရုံးအနေဖြင့် မိမိတို့ယုံကြည်ရာ ပန်းတိုင် ရောက်ရှိရန်အတွက် မိမိတို့လူထုအရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း နှင့် ကျေးရွာလူထု၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ၏ လပတ်အစည်းအဝေးမှ ထုတ်ပြန်လိုက်ပါသည်။

ဆက်သွယ်ရန်
– မူအင်နိုးဆင့် – ဖုန်း: ၀၉.၇၆၂၉၂၁၆၈၅
– မူယုယုဆွေ – ဖုန်း: ၀၉.၇၆၁၀၃၁၉၉၈

ဗဟိုအလုပ်မှုဆောင်ကော်မတီ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO)

Download the statement here.