Report 935 Views

အသက်သွေးကြောကို တားဆီး ပိတ်ဆို့ခြင်း-တနင်္သာရီမြစ်ပေါ်တွင် ရေကာတာကြောင့် တနင်္သာရီဒေသခံများ စိုးရိမ်ထိတ်လန့် နေရမှု

August 9th, 2019  •  Author:   Candle Light , Southern Youth and Tarkapaw Youth  •  1 minute read

တနင်္သာရီမြစ်သည် အတားအဆီးမဲ့ လွတ်လပ်စွာ စီးဆင်းနေသော မြန်မာနိုင်ငံတောင်ပိုင်းရှိ မြစ်များအနက် တစ်ခု ဖြစ်သည်။ ဘန်းချောင်းနှင့် ခမောင်းသွယ်မြစ်တို့ ထားဝယ်ခရိုင်အတွင်း ဆုံတွေ့ပြီး တနင်္သာရီတောင်ကြား တစ်လျှောက် စီးဆင်းကာ မြိတ်ခရိုင်အတွင်းမှ ကပ္ပလီ ပင်လယ်အတွင်းသို့ စီးဝင်သည်။ မြစ်ကြီးနှင့် သူ၏ မြစ် လက်တက်ချောင်းလက်တက်များကို အမှီပြု၍ သောင်း ချီသော ဌာနေတိုင်းရင်းသားများနှင့် အလွန် အဖိုးကြွယ် လှသော သစ်တောကြီးများ ပေါက်ရောက်ရှင်သန်ကြ သည်။

တနင်္သာရီမြစ်ကို တိုက်ရိုက် အမှီပြု၍ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှု ဓလေ့တို့ တည်ထောင်လုပ်ကိုင် စားသောက်နေထိုင် သော ကျေးရွာစုစုပေါင်း ၇၆ ရွာ၊ အိမ်ထောင်စု ၆၁၁၈ နှင့် လူဦးရေ ၃၂၀၀၈ ဦးတို့ တည်ရှိသည်။

တနင်္သာရီမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသော ဆည်စီမံကိန်းများကြောင့် မြေဧရိယာ ဧက ၁၄၄၅၅၇ ရေအောက်ရောက်သွားနိုင်ပြီး မြစ်ညာဘက်မှ ကျေးရွာ ၃၂ ရွာမှ လူဦးရေ ၇၀၀၀ အထိ ရွှေ့ပြောင်းပေးရနိုင်သည်။ ယင်းအပြင် မြစ်အောက်ပိုင်းရှိ ကျေးရွာ ၄၂ ရွာ မှ လူဦးရေ ၂၂၀၀၀ ကျော်၏ အသက်မွေးမှု၊ သောက်သုံးရေနှင့် သယ်ယူပို့ဆောင်ရေးတို့အပေါ် များစွာ ထိခိုက်စေနိုင်သည်။ ထိုသို့ ဆည်တည်ဆောက်မည့် ကိစ္စ နှင့် ပတ်သက်၍ ဒေသခံတို့ကို မည်သည့် အချိန်ကမျှ ဆွေးနွေးအသိပေးခြင်း မရှိပေ။

အဆိုပြုရေကာတာစီမံကိန်းများသည် သဘာ၀ ပတ်ဝန်း ကျင် အပေါ်များစွာ ထိခိုက်မှု ရှိစေနိုင်ပြီး ကြွယ်ဝသော မြစ်တွင်းဂေဟဗေဒနှင့် သက်ရှိဘုံတို့ကို ပျက်စီးစေနိုင် သည်။ ယင်းအပြင် သဘာဝအတိုင်း တည်ရှိသော သစ်တောပြင်ကြီးကိုလည်း ရေဖုံးလွှမ်းသွားစေနိုင်ပြီး အရှေ့တောင်အာရှရှိ သဘာဝအတိုင်း တည်နေသေးသော သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ပျက်စီးစေနိုင် သည်။

တနင်္သာရီမြစ်သည် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်း စစ်တည်ရှိရာ ဒေသတွင်လည်း တည်ရှိပြီး ထိုပြည်တွင်း စစ်ကြောင့်ပင် လူသောင်းချီ နေအိမ်စွန့်ခွာထွက်ပြေးရပြီး တောတောင်များနှင့် အိမ်နီးချင်း ထိုင်းနယ်စပ်တို့တွင် ခိုလှုံ နေထိုင်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ယာယီ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် လက်နက် ကိုင် ပဋိပက္ခ ချုပ်ငြိမ်းလျက်ရှိသည်။ ရပ်ရွာဒေသခံများ သည် ဆည်တည်ဆောက်မှုကြောင့် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေး ပျက်ပြားသွားကာ နောက်ထပ် ပြန်လာမည့် IDP နှင့် ဒုက္ခသည်များ အပေါ် ထိခိုက်မည်ကို စိုးရိမ်နေပြီး တဖန်ပြန်ရွှေ့ပြောင်းရမည်ကို ပူပန်နေကြသည်။

တနင်္သာရီမြစ်အတွင်း လျာထားဆည်စီမံကိန်းများကြောင့် စိုးရမိမ်မှုျား၊ ခြမိးခြောကမ်မှုျား အကြား ရပရ်ွာဒေသခမံျားက မြန်မာအစိုးရ၊ KNU နှင့် ဆည်တည်ဆောက်မည့်သူများ အနေနှင့် ၎င်းတို့၏ အသံများကို နားထောင်ရန်၊ ၎င်းတို့နှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးစွာ ထိခိုက်စေမည့် စီမံကိန်း များ ရှေ့ဆက်ခြင်း မပြုရန် တောင်းဆိုလိုက်သည်။


အစီရင်ခံစာ အပြည့်အစုံကို မြန်မာဘာသာဖြင့် ယူရန်

အစီရင်ခံစာ အင်္ဂလိပ်ဘာသာ