“အိမ်မလွမ်းသူဘယ်သူရှိမလဲ – မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများ”

အကျဉ်းချုပ်

မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်ရသူများသည် အမျိုးသားနိုင်ငံရေးနှင့် မူဝါဒ ရေးဆွဲ ချမှတ်ခြင်း ကိစ္စရပ်များတွင် ဖယ်ကြဉ်ခံနေကြ ရပါသည်။ ၎င်းတို့သည် နိုင်ငံ၏ အစွန်အဖျား ဒေသများတွင် တည်ရှိနေကြသကဲ့သို့ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်များတွင်လည်း အရေးမပါသည့် ကိစ္စရပ် တစ်ခု အဖြစ်သာ သဘောထားခံနေရပါသည်။ ထွက်ပြေးတိမ်းရှောင်ရသူများ၏ လိုအပ်ချက်များသည် ဒေသန္တရ သို့မဟုတ် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများတွင်သာ မှီတည်နေ ရပါသည်။ ထိုသို့ ဖယ်ချန်ထားမှုများ ရှိနေသော်ငြားလည်း ထွက်ပြေးတိမ်းရှောင်ရသူများမှ ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်မှုကို ဆက်လက် ပြသနေပြီး အလွန်အမင်း ဆိုးဝါးသော အခြေ အနေများအကြားမှ ဆက်လက် ရှင်သန်ရပ်တည်ကာ ၎င်း တို့အား လက်ခံရန် သေချာစွာ ပြင်ဆင်ထားခြင်း မရှိသော၊ လုံခြုံမှု မရှိသော အခြေအနေတွင် ပြန်ပို့မည့် ကြိုးပမ်းမှုများ ကို ရင်ဆိုင်ရလျက် ရှိပါသည်။

နိုင်ငံတကာဥပဒေနှင့် စံနှုန်းများမှ ထွက်ပြေးတိမ်းရှောင်ရ သူများအား မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာဖြင့် လုံလုံခြုံခြုံ နေရပ်ပြန်ခွင့်ကို ပေးအပ်ထားပြီးသား ဖြစ်ပါ သည်။ သို့ဖြစ်၍ ထွက်ပြေးတိမ်းရှောင်ရသူများကို ၎င်းတို့ လာရာ မူလဒေသ သို့မဟုတ် အခြား တစ်နေရာရာသို့ ပြန်လည်ပို့ဆောင်ရန် အကျိုးဆောင်ပေးသော မည်သည့် လုပ်ငန်းစဉ်မဆို အဆိုပါ စံနှုန်းများအား လိုက်နာရမည် ဖြစ်သည်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရသူများ၏ အသက်ရှင် ရပ်တည်မှုနှင့်/သို့မဟုတ် ၎င်းတို့၏ လွတ်လပ် မှုများ အန္တရာယ်ရှိနေသည့် အခြေအနေ၌ ပြန်လည် နေထငိုသ်ွားရန်ထက်ွပြေးတမိးရှောငရ်သမျူားကိုတကိုရ်ကို သို့မဟုတ် သွယ်ဝိုက် ဖိအားပေးမှုမျိုး မလုပ်ဆောင်ရပေ။ ထိုအစား ထွက်ပြေးတိမ်းရှောင်ရသူ အသိုင်းအဝိုင်းများနှင့်

သက်ဆိုင်သည့် ကိစ္စရပ်များ အားလုံးအပေါ် ၎င်းတို့နှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ၎င်းတို့အား ထည့်သွင်းပါဝင်စေခြင်းနှင့် ပြန်လည်နေထိုင် မည့် အခြေအနေနှင့်ပတ်သက်သည့် ၎င်းတို့၏ စိုးရိမ်ပူပန်မှု များကို အလေးအနက်ထား လုပ်ဆောင်ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ရှည်လျားလှသည့် ပြည်တွင်းစစ်ကာလ တစ်လျှောက် ပဋိပက္ခ ဒေသတွင်းရှိ တိုင်းရင်းသား လူမျိုး များသည် အဓိကအားဖြင့် မြန်မာစစ်တပ်မှ ကျုးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ခံစားနေကြရပါသည်။ ထိုချိုးဖောက်မှုများမှာ အဓမ္မ ရွှေ့ပြောင်းနေရာချထားခြင်း၊ အရပ်သားနေရာ ဒေသများကို စစ်တပ်မှ ပစ်မှတ်ထားခြင်း၊ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ သီးနှံများ ပိုင်ဆိုင်မှုများ မြေယာများ သိမ်းယူခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ အပါအ၀င် အခြား ချိုးဖောက်မှုများဖြစ်ပြီး ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်ရှင် ရပ်တည်နေထိုင် နိုင်ရေးတို့အပေါ် သက်ရောက်မှုများသည် ထွက်ပြေးတိမ်း ရှောင်ရမှုများ၏ မူလအကြောင်းရင်းများ ဖြစ်ကြောင်း ဤသုတေသန အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခဲ့သူ အားလုံးနီးပါးမှ ပြောကြပါသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ထွက်ပြေးတိမ်းရှောင်ရသူများ နေရပ်ပြန်ရန် ကြောက်ရွံ့နေရသော ကိစ္စသည် လက်ရှိ ဖြစ်ပွားနေဆဲ ပဋိပက္ခ ကြောင့် သက်သက်သာ မဟုတ်ဘဲ ထိုအခွင့်အရေး ချိုးဖောက်မှုများကြောင့်ပါ ဖြစ်သဖြင့် အပစ်ခတ် ရပ်စဲခြင်း သို့မဟုတ် ထိတွေ့တိုက်ခိုက်မှု လျော့နည်းခြင်းတို့သည် ထွက်ပြေးတိမ်းရှောင်ရသူများ အိမ်ပြန်ရန် လုံခြုံမှုရှိခြင်း၊ မရှိခြင်းဆိုသည့် အကြောင်းအတွက် လုံလောက်သော တိုင်းတာမှုတစ်ခု မဟုတ်ပါချေ။ ထို့အပြင် အတိတ် ကာလတွင် ၎င်းတို့ ခံစားခဲ့ရသော ချိုးဖောက်ခံရမှုများနှင့် ထိုချိုးဖောက်မှုများကို ကျူးလွန်သူများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်နိုင်မှု မရှိသည့် အနေ အထားတွင် ၎င်းတို့ နေရပ်ပြန်ခဲ့ပါက ပြန်သည့်အချိန်တွင် ပဋိပက္ခများ အသစ်တဖန် ပြန်လည်ဖြစ်ပွားပြီး ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံ ဖြစ်ပွားမည်ကို ထွက်ပြေးတိမ်းရှောင်ရသူများက စိုးရိမ်ပူပန်ကြပါသည်။

ပဋိပက္ခနှင့် ထွက်ပြေးတိမ်းရှောင်ရမှုသည် လူတိုင်းအပေါ် တူညီသည့် ပုံစံဖြင့် သက်ရောက်ခြင်းမဟုတ်ဘဲ အမျိုး သမီးများအနေဖြင့် အမျိုးသားများထက်စာလျှင် မတူ ညီသော အန္တရာယ်များနှင့် ချိုးဖောက်ခံရခြင်းများ တွေ့ ကြုံကြရပြီး အကယ်၍ ၎င်းတို့သည် တိုင်းရင်းသား လူမျိုးစု အမျိုးသမီးများဖြစ်နေပါလျှင် ချိုးဖောက်မှု ပို၍ ခံရနိုင်ပါသည်။ ၎င်းတို့၏ လူမှုစီးပွား အခြေအနေ၊ အဆင့် အတန်းက မည်သည့်အချိန်၊ မည်သည့်နေရာများသို့ ထွက်ပြေး တိမ်းရှောင်မည် ဆိုသည့် အပေါ်တွင်လည်း သက်ရောက်မှုရှိသကဲ့သို့ ကနဦး ရွှေ့ပြောင်းခံရမှု အပြီး ၎င်းတို့အနေဖြင့် တစ်ကိုယ်ရေဖူလုံမှုကို ထူထောင်နိုင် စွမ်းရည် (ရှိ၊ မရှိ) တို့သည်လည်း အစိတ်အပိုင်း တစ်ခု အနေဖြင့် အရေးပါပါသည်။ ဤသို့ ကွာဟမှုများသည် ထွက်ပြေးတိမ်းရှောင်ရသော လူထုများအတွက် မည်သည့် နေရပ်ပြန်ရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည် ပေါင်းစပ်နေထိုင်ရေးတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ အပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ရှိမည်ဖြစ် သည်။

ယနေ့ကာလထိ ထွက်ပြေး တိမ်းရှောင်ရသူများသည် ၎င်း တို့၏ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အတွက် အတားအဆီးများစွာကို အတိုင်းအတာ တစ်ခုအထိ ရင်ဆိုင် နေကြရပြီး တွေ့ဆုံမေးမြန်းခဲ့သူ အများစုမှ ၎င်း တို့၏ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာ နှင့်/သို့မဟုတ် ဒေသခံ ကူညီသူများထံမှ အကူအညီကို မှီခိုနေရကြောင်း ဖော်ပြကြပါသည်။ ဒုက္ခသည်စခန်းများ နှင့် တရားဝင် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူ (IDP) စခန်းများတွင် ဝင်ငွေရရှိရန် ကြိုးပမ်းမှုများ

အပေါ် ကန့်သတ်ထားခြင်းသည် ရေရှည်တည်တံ့သော အသက်ရှင် ရပ်တည်နိုင်ရေးကို တားဆီးထားသကဲ့သို့ ဖြစ်နေပါသည်။ ပဋိပက္ခသက်ရောက်မှုဒဏ်ကို တစ်စိတ် တစ်ပိုင်း ခံထားရသည့် လက်ခံအိမ်ရှင် အသိုင်းအဝိုင်းမှ ကြုံတွေ့နေရသော ရှိနှင့်ပြီးသော စီးပွားရေးကျပ်တည်းမှု အခြေအနေကလည်း တရားဝင်စခန်းများ၏ အပြင်တွင် နေထိုင်နေသော IDP များအား လုံလောက်သော အလုပ် အကိုင် ရရှိစေရန် အခက်အခဲ ဖြစ်နေစေပြန်ပါသည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရသူများတွင် အခြားသော ရွေးချယ်စရာများ မရှိသော်လည်း အလှူရှင်များနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီပေးသော အဖွဲ့အစည်းများသည် ဒုက္ခသည်စခန်းများတွင် ပေးနေ သော ရိက္ခာကို လျှော့ချလိုက်သည့်အပြင် တချို့သော IDP စခန်းများအား ထောက်ပံ့မှုကို ရပ်တန့်လိုက်ခြင်းမျိုးဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများအတွက် ပေးအပ်နေသည့် အကူအညီ ပမာဏကို လျှော့ချလိုက်ကြပါသည်။

ဤကာတွန်းဇာတ်လမ်းတိုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်ထားသည့် လက်နက်ကိုင်ပဋိပက္ခနှင့် ၎င်းနှင့်ဆက်စပ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်သော ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများအကြောင်းကို ရေးသားဖော်ပြထားသည့် အစီရင်ခံစာနှင့်အတူ တစ်ချိန်တည်း ထုတ်ပြန်ပြသခဲ့ခြင်း ဖြစ်ပါသည်။

မြေယာသည် ထွက်ပြေးတိမ်းရှောင်ရသူ တိုင်းရင်းသား လူထုအသိုင်းအဝိုင်းများအတွက် အဓိက ပြဿနာတစ်ခု ဖြစ်နေပါသည်။ ၎င်းတို့ ရွှေ့ပြောင်းနေထိုင်ရမှုများ မဖြစ် ပွားခင်အချိန်တွင် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ နှင့်/သို့ မဟုတ် အသိုင်းအဝိုင်းအနေဖြင့်ဖြစ်စေ မြေယာများကို ပိုင်ဆိုင်ခဲ့ကြသည်ဟု တွေ့ဆုံမေးမြန်းမှုများတွင် ပါဝင်ခဲ့သူ အများစုက ပြောကြပြီး ၎င်းတို့ထဲမှ အနည်းငယ်ကသာ မြေယာပိုင်ဆိုင်မှု မှတ်ပုံတင်ကို ပြန်လည်ရရှိထားသည် ဟု ဆိုကြပါသည်။ ဤသည်ကပင် ၎င်းတို့ ပြန်လည် နေထိုင်နိုင်ရေးရန်အတွက် အဟန့်အတား ဖြစ်နေသော အဓိက အကြောင်းအချက်များထဲက တစ်ချက်ဖြစ်နေပါ သည်။ ထွက်ပြေးတိမ်းရှောင်ရသည့် နေရာများတွင်လည်း လုပ်ကိုင် စိုက်ပျိုးနိုင်သည့် မြေယာ ရှားပါးသဖြင့် အသက် ရှင်ရပ်တည် နေထိုင်နိုင်ရေးအတွက် အလွန် ခက်ခဲစေ ပါသည်။ မြေယာသည် အသက်မွေးဝမ်းကျောင်းမှုအတွက် သာ အရေးကြီးသည်မဟုတ်ဘဲ ထွက်ပြေးတိမ်းရှောင်ရသူ တိုင်းရင်းသားလူထုများ၏ ကြန်အင်လက္ခဏာ ပြဋ္ဌာန်း ချက်အပါအဝင် ၎င်းတို့၏ လူမှုယဉ်ကျေးမှုဆိုင်ရာနှင့် အသိုင်းအဝိုင်းတန်ဖိုးများ အတွက်ပါ ပဓာနကျလှပါသည်။ ထွက်ပြေးတိမ်းရှောင်ရသည့် လူထုများမှ နေရပ်ပြန်ရေး အတွက် စဉ်းစားရာတွင် မြေယာ ပြန်လည်ဖြည့်ဆည်းပေး ရေးသည် အများဆုံး တောင်းဆိုသည့် ကြိုတင်သတ် မှတ်ချက်များထဲမှ တစ်ခုဖြစ်သည်။ ပြန်လည်ဖြည့်ဆည်းပေး ခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် ကုစားမှုဖြစ်ပြီး အကယ်၍ ပြန်လည်ဖြည့်ဆည်းပေးခြင်းအား မည်သို့မှ မလုပ်ဆောင်နိုင်သည့် အခြေအနေ ရောက်မှသာ မြေယာ နှင့်အတူ ပျက်စီး သို့မဟုတ် သိမ်းဆည်းခံခဲ့ရသည့် သီးနှံ၊ တိရစ္ဆာန်များအတွက် ကာလပေါက်ဈေးအတိုင်း အလျော် ပေးခြင်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။

ရွှေ့ပြောင်းရသည်ဖြစ်စေ၊ မရွှေ့ပြောင်းရသည်ဖြစ်စေ ပဋိပက္ခသက်ရောက်မှုဒဏ်ကို ခံနေရသော မြန်မာနိုင်ငံ တစ်ဝန်းရှိ လူထုအသိုင်းအဝိုင်းများသည်ပင် အသက်မွေး ဝမ်းကျောင်းမှု၊ ကျန်းမာရေးနှင့် ပညာရေးတို့အတွက် တိုး ပွားလာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာ ကွယ်မပေးသော ဥပဒေများကြောင့် ဖိအားများ ပိုမို ရရှိ နေကာ ၎င်းတို့အား ပိုမို ထိခိုက်လွယ်သည့် အခြေအနေသို့ တွန်းပို့နေပါသည်။ ရေရှည်တည်တံ့သော အသက်မွေး ဝမ်းကျောင်းမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ပေး မှုကို သေချာစေသော ရပ်ရွာလူထု အသိုင်းအဝိုင်း၏ မြေယာနှင့် သဘာဝ အရင်းအမြစ်များ စီမံခန့်ခွဲရေးစနစ် ပုံစံများသည်လည်း မြေယာနှင့် ကျေးလက်စီးပွားရေးကို အခြေခံသော ခေတ်သစ်နယ်ချဲ့ ဈေးကွက်တင်သည့် စနစ်၏ ခြိမ်းခြောက်မှုကို ခံနေရပါသည်။ နေရပ်ပြန် မည့်သူများအတွက် ထွက်ပြေးတိမ်းရှောင်ရမှုများ ကြောင့် ပေါ်ပေါက်လာသော အပိုဆောင်း စိန်ခေါ်မှုများကို ကြုံတွေ့ နေရရုံသာမက လက်ခံ အိမ်ရှင် ရပ်ရွာလူထုအသိုင်းအ၀ိုင်း များ ရင်ဆိုင်နေရသော အခြေအနေမျိုးများကိုပါအလားတူ ထပ်မံ ကြုံတွေ့ရနိုင်သည်ဟု ဤသုတေသန အစီရင်ခံစာ ၌ ဖော်ပြထားသော မြေယာနှင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အခြေအနေများ အခန်းတွင်  ထောက်ပြပေး ထားပါသည်။ ပဋိပက္ခသက်ရောက်မှု ဒဏ်ခံနေရသော လူထု အသိုင်းအဝိုင်း အားလုံး၏ အခြေအနေများ တိုးတက် ကောင်းမွန်လာစေရန်နှင့် နေရပ်ပြန်သူများ၏ အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေရေး သေချာစေရန်

အတွက် တိကျသော နေရပ်ပြန်ရေးဆိုင်ရာ မူဝါဒများနှင့် အတူ သာတူညီမျှ ဖြစ်စေသော စီးပွားရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာမူဝါဒများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးနိုင်မှုကို တိုးမြှင့်စေနိုင်မည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်မှုကို အလေးပေး စဉ်းစားရမည် ဖြစ်သည်။  လူမှု ပဋိပက္ခ မဖြစ်စေရန်အတွက် နေရပ်ပြန်ရေးဆိုင်ရာ မူဝါဒနှင့်အတူ လက်ခံ အိမ်ရှင်ရပ်ရွာ လူထုအသိုင်းအဝိုင်း၏ လိုအပ် ချက်များကိုလည်း ပူးတွဲ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

မည်သို့ပင် တွေ့ကြုံ ခံစားရမှုများ ရှိနေစေကာမူ ထွက်ပြေး တိမ်းရှောင်ရသူများသည် ထွက်ပြေးတိမ်းရှောင်ရသည့် ကာလအတွင်း ၎င်းတို့၏ တောင့်ခံနိုင်စွမ်းနှင့် တွန်းလှန်ခုခံ လုပ်ဆောင်နိုင်မှုကို အံ့သြဖွယ် ကောင်းစွာ တွေ့ခဲ့ရပါသည်။ ၎င်းတို့ တတ်စွမ်းနိုင်သမျှ အတိုင်းအတာ အထိ ခေါင်းဆောင်မှုပုံစံကို တည်ဆောက်ခြင်း၊ အပြန်အလှန် ပံ့ပိုးမှုပြုခြင်း၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုပေး ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ခြင်းများကို လုပ်ဆောင်ခဲ့ကြပါသည်။ သို့သော်ငြားလည်း နေရပ်ပြန်ရေး ဖြစ်စဉ်တွင် ၎င်းတို့နှင့် တိုင်ပင်မှု ကင်းမဲ့ နေခြင်း၊ ၎င်းတို့၏ အနာဂတ်အတွက် ဆုံးဖြတ်ချက်

ချမှတ်ရာတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်နိုင်မှု ရှိမနေခြင်း တို့သည် ထွက်ပြေးတိမ်းရှောင်ရသူများ၏ အသိုင်း အဝိုင်းကို ဆုတ်ယုတ်စေရုံသာမက ၎င်းတို့၏ တောင့်ခံ နိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းကိုပါ ဖျက်ဆီးပစ်သော အန္တရာယ်ကို ကျရောက်စေပါသည်။ တစ်နည်းအားဖြင့် လက်ရှိတည်ရှိနေသော ခေါင်းဆောင်မှု၊ အသိုင်းအဝိုင်းနှင့် ဝန်ဆောင်မှုများ၏ ပုံစံများကို ပံ့ပိုးပေးမည့် ဖြစ်စဉ်က သာလျှင် နေရပ်ပြန်မည့်သူများအတွက် ပိုမိုလွယ်ကူပြီး ပိုမို စွမ်းအားမြှင့်တင်ကာ ရေရှည်တည်တံ့ ခိုင်မြဲသော အခြေအနေကို ပေါ်ပေါက်စေနိုင်မည် ဖြစ်သည်။

ဤအစီရင်ခံစာအတွက် သုတေသနပြုသည့် ဖြစ်စဉ်တစ် လျှောက်လုံး သိသာစွာ မြင်တွေ့ရသည်မှာ မြန်မာနိုင်ငံရှိ မြောက်မြားစွာသော လူထုတို့သည် ပဋိပက္ခ၏ သက်ရောက်မှုဒဏ်ကို ခံစားနေရသည့် ထွက်ပြေးတိမ်း ရှောင်နေရသော တိုင်းရင်းသား ပြည်သူများအား အပျင်း ထူသော၊ သနားဖွယ်ကောင်းသော၊ နှင့်/သို့မဟုတ် ပုန်ကန် မှုပြုသော သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်စပ်နေသောသူများ ဟု ရှုမြင်ကြသည်။ ဤသို့သော ရှုမြင်ချက်သည် ငြိမ်း ချမ်းရေးဖြစ်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်ရမှုများနှင့် ပတ်သက်သော လုပ်ဆောင်ချက်၊ ထွက်ပြေးတိမ်းရှောင် ရသူများနှင့် ၎င်းတို့၏ လိုအပ်ချက်များအပေါ် အများပြည်သူ ၏ ထင်မြင်ချက်၊ မီဒီယာများ၏ သတင်းဖော်ပြချက်များ နှင့် လူ့အသိုင်းအဝိုင်းအတွင်း ၎င်းတို့ ပြန်လည် ဝင်ဆံ့ ပေါင်းစပ်မှုအပေါ် သက်ရောက်မှုများ ရှိနိုင်ပါသည်။  ထို့ကြောင့် ယင်းရှုမြင်ချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရန် လိုအပ်ပါသည်။ ထွက်ပြေးတိမ်းရှောင်ရသူများသည် အခြားပြည်သူများနည်းတူ မြန်မာနိုင်ငံသားများ ဖြစ်သော ကြောင့် ၎င်းတို့အား တန်းတူညီမျှစွာ ဆက်ဆံရပါမည် ဖြစ်သည်။ ထွက်ပြေး တိမ်းရှောင်ရသူများသည် ၎င်းတို့ ကိုယ်တိုင် ပြုလုပ်သော အမှားကြောင့် ထွက်ပြေး တိမ်းရှောင်နေရခြင်း မဟုတ်ဘဲ ထွက်ပြေးတိမ်းရှောင်ရမှု မကြုံရသော အခြားပြည်သူများ ကဲ့သို့ပင် ၎င်းတို့ သည်လည်း စွမ်းဆောင်ရည်ကောင်းများနှင့် ခံစားချက်များ ရှိကြပါသည်။ ၎င်းတို့တွင် မျှော်လင့်ချက်များနှင့် အိပ်မက်များရှိကြပြီး အိမ်ကို တမ်းတကြကာ ၎င်းတို့၏ အသိုင်းအဝိုင်းနှင့် နိုင်ငံကို ပိုမိုကောင်းမွန်သော နေရာ တစ်ခုဖြစ်လာစေရန် ပါဝင် လုပ်ဆောင်လိုကြပါသည်။ မြန်မာနိုင်ငံ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပဋိပက္ခ ဒဏ်ကို ခံစားနေရသော ထွက်ပြေးတိမ်းရှောင်ရသူများ၏ ပကတိ အခြေအနေပေါ်တွင် စာနာစိုးရိမ်ပူပန်မှုများ ရှိသင့် ပြီး မြန်မာနိုင်ငံရှိ ခေါင်းဆောင်များအနေဖြင့် ထွက်ပြေး တိမ်းရှောင်ရသူများကို လေးစား အသိအမှတ်ပြုရန်နှင့်

ဤကိစ္စအား နိုင်ငံတော်၏ ဦးစားပေး ဖြေရှင်းရမည့် ကိစ္စတစ်ရပ်အဖြစ် လုပ်ဆောင်သင့်ပါသည်။ ဤအထဲတွင် ပထမဦးစွာ အဓိကထား လုပ်ဆောင်ရမည်မှာ ထွက်ပြေး တိမ်းရှောင်ရသူများမှ ပြန်ရန် သင့်တော်သည့် အချိန် ဖြစ်သည်ဟု ဆုံးဖြတ်ကာ မိမိဆန္ဒ အလျောက် ဂုဏ်သိက္ခာ ရှိရှိ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ၎င်းတို့၏ ပူးပေါင်း ပါဝင်မှုဖြင့် ညှိနှိုင်းတိုင်ပင် အကြံဉာဏ်များ ရယူကာ ဘက်ပေါင်းစုံ လွှမ်းခြုံမှုရှိသော ပြည့်စုံသည့် အစီအစဉ် တစ်ရပ်ကို ဖော်ဆောင်ပေးရန်ပင် ဖြစ်ပါသည်။

အစီရင်ခံစာနှင့် အစီရင်ခံစာ အကျဉ်းချုပ်များကို အောက်တွင် ဒေါင်းလုတ်ယူနိုင်ပါသည်။

မြန်မာဘာသာ အစီရင်ခံအပြည့်အစုံ။

အင်္ဂလိပ်ဘာသာ အစီရင်ခံစာအပြည့်အစုံ။

မြန်မာဘာသာ အစီရင်ခံစာအကျဉ်းချုပ်။

အင်္ဂလိပ်ဘာသာ အစီရင်ခံစာအကျဉ်းချုပ်။

မွန်ဘာသာ အစီရင်ခံစာအကျဉ်းချုပ်။

ကရင်နီဘာသာ အစီရင်ခံစာအကျဉ်းချုပ်။

ရှမ်းဘာသာ အစီရင်ခံစာအကျဉ်းချုပ်။

ကရင်ဘာသာ အစီရင်ခံစာအကျဉ်းချုပ်။

Related Posts: