Report 270 Views

Defamation? International Standards and Myanmar’s Legal Framework

May 3rd, 2019  •  Author:   Free Expression Myanmar  •  1 minute read
Featured image

Myanmar is not the first country to start a transition to democracy. It follows many others, most of which have found that reforming defamation laws was a critical first step to democracy. Without reform, public debate, which democracies rely on, cannot be open and free.

Countries in transition to democracy need a goal to aim for, which is international standards. International standards on defamation are the balancing act between the right to freedom of expression and the right to a reputation. The balance has been examined in detail by a variety of international bodies and tested extensively by international courts for many years. As a result, international standards on defamation are comprehensive.

This report has described each of the most authoritative international standards on defamation. Unfortunately, Myanmar’s legal framework and its implementation fall far short of these international standards. Myanmar’s laws and courts do not support even the most basic standards required for even the newest aspiring democracy.

However, Myanmar is at the beginning of its transition – which is an excellent opportunity for the government to lay out its plans for the coming years.

Download full report.

မြန်မာနိုင်ငံသည် ဒီမိုကရေစီကို စတင်ပြောင်းလဲသည့် ပထမဆုံးသော နိုင်ငံမဟုတ်ပေ။ အခြားသောနိုင်ငံများစွာပြောင်းလဲပြီးသည့်နောက်သို့ လိုက်ပါခြင်းဖြစ်ပြီး၊ အသရေဖျက်ခြင်းဥပဒေများကို ပြောင်းလဲခြင်းက ဒီမိုကရေစီ၏ အရေးအပါဆုံးသော ပထမခြေလှမ်းအဖြစ် ပြောင်းလဲပြီး သည့် နိုင်ငံအများစုတွင် တွေ့ရှိနိုင်သည်။ အပြောင်းအလဲမရှိဘဲနှင့် ဒီမို ကရေစီမှီတည်နေရသည့် အများပြည်သူ့ဆွေးနွေးငြင်းခုန်မှုကို ပွင့်လင်း လွတ်လပ်စွာ မပြုလုပ်နိုင်ပေ။

ဒီမိုကရေစီသို့ပြောင်းလဲနေသည့်နိုင်ငံများသည် ရည်မှန်းချက်ထားရှိရန် ပန်းတိုင်တစ်ခုလိုအပ်ပြီး၊ ယင်းမှာ နိုင်ငံတကာစံနှုန်းများပင် ဖြစ်သည်။ အသရေဖျက်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများမှာ လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆိုခွင့်နှင့် ဂုဏ်သိက္ခာ အခွင့်အရေးအကြား ချိန်ညှိ ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းချိန်ညှိဆောင်ရွက်ချက်များကို နိုင်ငံ တကာအဖွဲ့အစည်းများစွာတွင် အသေးစိတ်စူးစမ်း လေ့လာခဲ့ပြီးဖြစ်သ လို၊ နိုင်ငံတကာတရားရုံးများတွင် နှစ်ပေါင်းများစွာကတည်းက အထူး ကြပ်မတ် စမ်းသပ်အသုံးချခဲ့ပြီးလည်း ဖြစ်သည်။ ရလဒ်အနေဖြင့် အ သရေဖျက်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများသည် အများပါဝင် စည်း နှောင်မှုရှိပြီး ဖြစ်လေသည်။

ယခုအစီရင်ခံစာမှာ အသရေဖျက်ခြင်းဆိုင်ရာ အခိုင်မာဆုံးသော နိုင်ငံ တကာစံနှုန်းများကို တစ်ခုချင်းစီဖော်ပြထားပြီး ဖြစ်သည်။ ကံမကောင်း စွာပင် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်နှင့် ဥပဒေအသုံးပြုမှုများတွင် နိုင်ငံ တကာစံနှုန်းများ လစ်ဟာနေပါသည်။ ယုတ်စွအဆုံး တက်သစ်စဒီမိုက ရေစီအတွက် အခြေခံအကျ ဆုံးဖြစ်သော စံနှုန်းများကိုပင်လျှင် မြန်မာ နိုင်ငံဥပဒေနှင့် တရားရုံးများက ထောက်ခံပံ့ပိုးထားခြင်းမရှိပါ။

သို့သော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံ ဖြစ်သည်နှင့်အညီ နောင်လာမည့်နှစ်များစွာအတွက် အစိုးရမှ အစီအ စဉ်များချမှတ်အကောင်ထည်ဖော်ရန် အင်မတန်ကောင်းမွန်သော အ ခွင့်အရေးလည်းရှိလေသည်။

အစီရင်ခံစာအပြည့်အစုံဖတ်ရန်။