Press Release 653 Views

မြန်မာ့တပ်မတော်မှ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်(၅)ဦးအား မတရားဖမ်းဆီးတရားစွဲဆိုခဲ့သည့်အပေါ် သဘောထားထုတ်ပြန်ကြေငြာချက်

April 23rd, 2019  •  Author:   Students and Youth Congress of Burma  •  1 minute read

၁။မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသော ပြဿနာကိဓ္စအရပ်ရပ်များအား ပြည်သူအများ သိရှိစေနိုင်ရန်အတွက် သင်္ကြန်ကာလအတွင်း သံချပ်ထိုးဖျော်ဖြေမှုများနှင့်ပတ်သတ်၍ မိမိတို့မြန်မာ နိုင်ငံကျောင်းသားလူငယ်များကွန်ကရက်မှ ကြိုဆို ထောက်ခံပါသည်။

၂။ထိုသင်္ကြန်ကာလအတွင်း သံချပ်ထိုးဖျော်ဖြေမှုများပတ်သတ်၍ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အကြည်အညှိပျက်စေမှု ပုဒ်မ(၅၀၅)က ဖြင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်(၅)ဦးအား ဖမ်းဆီးတရားစွဲဆိုခဲ့သည့်အပေါ် မိမိတို့မှ ရှုတ်ချပါသည်။

၃။လက်ရှိအစိုးရလက်ထက်တွင် လွတ်လပ်စွာရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်များနှင့်ပတ်သတ်၍ နိုင်ငံတစ်ဝန်းတွင် ဖိနှိပ်တားဆီးမှုများ၊ ခြိမ်းခြောက်မှုများနှင့် မတရားဖမ်းဆီးအရေးယူမှုများဖြင့် ပိုမိုဖိနှိပ်လာနေခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းစဉ်အပေါ် အဟန့်အတားဖြစ်စေသည်ဟု မိမိတို့မှ ရှု့မြင်သုံးသပ်ပါသည်။

၎။ထို့အတူ မြန်မာ့တပ်မတော်အနေဖြင့် တရာလိုပြုလုပ်၍ လက်ရှိဖမ်းဆီးတရားဆွဲဆိုနေသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်(၅)ဦးတို့၏ အမှုအား အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန်နှင့် နောက်နှောင်တွင် ယခုကဲ့သို့ ပြည်သူများအား မတရားစွဲဆိုခြင်းများ ထပ်မံမပြုလုပ်ရန် မိမိတို့မှတောင်းဆိုပါသည်။

၅။တစ်ဆက်တည်းတွင် လက်ရှိနိုင်ငံကိုဦးဆောင်နေသော NLD အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ကောင်းမွန်သော ဒီမိုကရေစီစနစ်ထွန်းကားရေးများအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ မတရားဖမ်းဆီး၊ တရားစွဲဆိုခံနေရသော ကျောင်းသားလူငယ်များ၊ သတင်းမီဒီယာသမားများနှင့် ကျန်ရှိနေသောနိုင်ငံရေးအကျဉ်းသားများအားလုံး၏ အမှုများ ပြန်လည်ရုတ်သိမ်းပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုအပ်ပါသည်။

ဆက်သွယ်ရန်
ခွန်ထက်စိုး (အထွေထွေ အတွင်းရေးမှူး) – ၀၉ ၂၆၂ ၅၄၅ ၁၄၁
ကိုဆေးဂင် (သဘာပတိ) – ၀၉ ၄၂၂ ၁၄၂ ၄၅၁

အတွင်းရေးမှူး နှင့် သဘာပတိများအဖွဲ့
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ကရက်(SYCB)