Statement 313 Views

Statement on Discrimination and Coercion Faced by Minority Groups in Citizenship Registration Process

March 19th, 2019  •  Author:   Burma Human Rights Network  •  4 minute read
Featured image

နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ရာတွင် လူနည်းစုများအား ခွဲခြားဆက်ဆံပြီး ဖိအားပေးမှုများအပေါ် ထုတ်ပြန်ချက်

1. For many decades, members of the minority Islamic and Hindu religious communities and those who belong to Rohingya, Kaman, and Christian Lisu minority ethnic groups in Myanmar have faced arbitrary delays and hardships in applying for citizenship documents and identification cards.

၁။ မြန်မာနိုင်ငံတွင် လူနည်းစုဘာသာဝင်များဖြစ်သည့် အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒိုဘာသာဝင်များ၊ လူနည်းစု မျိုးနွယ်များဖြစ်သည့် ရိုဟင်ဂျာလူမျိုး၊ လီဆူးလူမျိုးနှင့် ကမန်လူမျိုးတို့မှာ နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်လာ ရသည်မှာ ဆယ်စုနှစ်များစွာရှိပြီ ဖြစ်သည်။

2. During a public meeting with State Counsellor Daw Aung San Suu Kyi in Bago on March 15, 2019, a local community member raised the issue that Muslims and Hindus were facing discrimination in the citizenship application process and were being asked to pay bribes to authorities in order to obtain documents. In response, Daw Aung San Suu Kyi said that she would urgently try to address the discrimination against members of religious minorities so that they could exercise their rights as prescribed in the Constitution.

၂။ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ ပဲခူးမြို့တွင်ကျင်းပခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် လူထုတွေ့ဆုံပွဲ၌ မွတ်စလင်နှင့် ဟိန္ဒိုဘာသာဝင်များ မှတ်ပုံတင်ပြုလုပ်ရာတွင် ခွဲခြားဆက်ဆံ ခံနေရသည့်အပြင် ငွေကြေးတစ်စုံတစ်ရာပေးမှသာ ပြုလုပ်ပေးကြောင်း ဒေသခံပြည်သူတစ်ဦးက တင်ပြ တိုင်တန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဘာသာလူမျိုးကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုမပြုရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

3. After the meeting, local authorities summoned the trustees of the mosques in Bago, through a verbal order, to the Township Immigration Office. The trustees were asked to sign a written note declaring that “the Office of Labour, Immigration and Population does not practice discrimination against members of the Islamic faith in their applications for their citizenship scrutiny cards.”

၃။ သို့သော် အဆိုပါတွေ့ဆုံပွဲအပြီးတွင် ပဲခူးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးဗလီကျောင်းများမှ ဂေါပကများကို မြို့နယ်လ၀ကရုံးသို့ တရားဝင် ညွှန်ကြားချက်မပါဘဲ ခေါ်ယူပြီးလျှင် “နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပဲခူးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဆိုင်ရာ ဦးစီးမှူးရုံးက မိမိတို့ အစ္စလာမ်ဘာသာဝင်များအား လူမျိုးဘာသာ ခွဲခြားခြင်းမရှိဘဲ ဆောင်ရွက်ပေး လျက်ရှိကြောင်း” အသင့်ရေးထားသော စာရွက်တစ်ရွက်တွင် ထောက်ခံလက်မှတ်ရေးထိုးရန် ဖိအားပေးစေ ခိုင်းခဲ့ကြောင်း သိရှိရသည်။

4. BHRN strongly urges the government to launch an investigation into the conduct of the Bago Township Immigration Office and appropriately punish those responsible for putting this pressure on the people. Their actions are an attempt to conceal long-held discriminatory and corrupt practices and to facilitate the reporting of misinformation to senior leadership.

၎။ ယင်းကဲ့သို့ ခေတ်အဆက်ဆက် ခွဲခြားဖိနှိပ်ဆက်ဆံခဲ့သော လုပ်ရပ်များ၊ အကျင့်ပျက်ချစားသော လုပ်ရပ်များ ကို ဖုံးဖိ၍ အထက်ကို လိမ်လည်တင်ပြရန်အလို့ငှာ ဖိအားပေး ထောက်ခံခိုင်းသော ပဲခူးမြို့နယ်လ၀က ဦးစီးဌာန၏လုပ်ရပ်ကို နိုင်ငံတော်အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူပေးရန် BHRN က တိုက်တွန်းအပ်ပါသည်။

5. We believe these practices to be a misuse of power and inherently oppressive to minorities. It is an attempt to exploit the provisions in Articles 347 and 348 of the Constitution concerning equality guaranteed among all citizens irrespective of their race or religion.

၅။ ယင်းလုပ်ရပ်မှာ အာဏာစက်ကိုအသုံးချပြီး လူနည်းစုများအပေါ် အနိုင်ကျင့်သည့် လုပ်ရပ်ပင်ဖြစ်ပါသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇၊ ၃၄၈ တို့တွင် ပြဋ္ဌာန်းထားသော ဘာသာလူမျိုးမခွဲ တန်းတူညီမျှမှု ကို လက်တလုံးကြား ပြုမူဆောင်ရွက်ခြင်းပင်ဖြစ်သည်။

6. We call on the government of the National League for Democracy to take responsibility to prevent similar cases of coercion by the authorities from being perpetrated against religious organizations, the trustees of religious sites, and other respective individuals.

၆။ ဌာနဆိုင်ရာများအနေနှင့် ယခုကဲ့သို့ အောက်ခြေမှ ဘာသာရေးအဖွဲ့အစည်းများ၊ ၀တ်ကျောင်းတော် ဂေါပကအဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို ဖိအားပေးဆောင်ရွက်ခြင်းမျိုး မြန်မာနိုင်အနှံ့ အလားတူမဖြစ်ပွားစေရေး NLD အစိုးရမှ တာဝန်ယူကြပ်မတ်ပေးရန် တောင်းဆိုပါသည်။

7. An MP from Chaungzon, Mon State, asked in state parliament on February 22 if people who held National Registration Cards were allowed to apply for citizenship scrutiny cards during a government campaign to issue citizenship documents. An official answered by saying that the parents would first need to apply for citizenship scrutiny cards of their own, and only then would their children become eligible. It would take significant time for their children to get their own citizenship scrutiny cards.

၇။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်ပြည်နယ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်လ၀ကဦးစီးဌာန၏ နိုင်ငံသားစိစစ်ရေး စီမံချက်များတွင် အမျိုးသားမှတ်ပုံတင်ကတ်(အမတ)ကိုင်ဆောင်သူများ၏ သားသမီးများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရယူခွင့် မရှိကြောင်း တင်ပြမေးမြန်းခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ လည်း အမတကိုင်ဆိုင်ထားသူများ၏ သားသမီးများ နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် မိဘများက နိုင်ငံသားစိစစ်ရေးကတ်ကို ထပ်မံလျှောက်ထားရသဖြင့် အချိန်ကြန့်ကြာ၍ ခက်ခဲမှုရှိနေပါသည်။

8. BHRN urges the government to address such violations of citizenship rights at the grassroots level, including corruption, red tape, and unnecessary or arbitrary delays faced by people in obtaining rightful documentation.

၈။ လာဘ်ပေးလာဘ်ယူမှု၊ ကြိုးနီစနစ်ဖြင့် အချိန်ဆွဲ ကြန့်ကြာစေမှု စသည့် နိုင်ငံသား အခွင့်ရေး ဆုံးရှုံးနေမှုများကို အောက်ခြေအဆင့်ဆင့်အထိ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် အာဏာရအစိုးရအား BHRN က တိုက်တွန်းပါသည်။

9. Moreover, the members of religious minority groups—including Hindus and Muslims—are categorized as “mix-blooded people” in the citizenship application process, a designation that effectively classifies them as second-class citizens. If they are granted a citizenship card, the “race” of the members of Islamic community are mentioned with the names of other countries–such as India, Pakistan or Bangladesh—to signify that they are “foreign.” No matter where their ancestors were from, these individuals are also frequently classified as “Bengali.” We urge the authorities to amend the 1982 Citizenship Law in accordance with recommendations made by the Kofi Annan Commission, and the UN Special Rapporteur on Human Rights in Myanmar, to end these discriminatory practices.

၉။. ထို့အပြင် လူနည်းစုဘာသာဝင်များ၏ နိုင်ငံသားစိစစ်မှုလျှောက်ထားရာတွင် သွေးနှော သတ်မှတ်ခံရမှု၊ ဒုတိယတန်းစား နိုင်ငံသားအဖြစ် ခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့နေရပါသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်လျှင် သွေးနှောဟုဆိုကာ နိုင်ငံသားမှတ်ပုံတင်ကတ်၏ လူမျိုးနေရာတွင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံခြားတိုင်းပြည်အမည်များဖြင့်လည်းကောင်း၊ မည်သည့်မျိုးနွယ်မှ ဆင်းသက်လာ သည်ဖြစ်စေ ဘင်္ဂါလီလူမျိုးဟူ၍လည်းကောင်း ရေးသွင်းခံနေရပါသည်။ အဆိုပါ ဖိနှိပ်ခွဲခြားမှုများ အဆုံးသတ် နိုင်ရန်အတွက် ကိုဖီအာနန်ကော်မရှင် နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေးအထူးကိုယ်စားလှယ် တို့ရဲ့ အကြံပြုချက်နှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်သွားရန် တိုက်တွန်းပါသည်။

10. Article 15 of the Universal Declaration of Human Rights (UDHR) states that everyone has right to a nationality and that no one shall be arbitrarily deprived his or her nationality, nor declined the right to change their nationality. Therefore, we strongly urge the authorities to implement a citizenship statute that is written in accordance with the UDHR, so as to guarantee equality and prevent the denial of citizenship rights in Burma.

၁၀။ နိုင်ငံတကာ လူ့အခွင့်ရေး ကြေညာစာတမ်း(UDHR) အပိုဒ်-၁၅ အရ “(၁)လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်၊ (၂) ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ ”ဟု ပြဋ္ဌာန်းထား ပါသည်။ သို့ဖြစ်ပါ၍ UDHR ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမဖြစ်စေရေးနှင့် တန်းတူညီမျှကို အာမခံနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

Background on the Burma Human Rights Network (BHRN)
BHRN is based in London and operates across Burma/Myanmar working for human rights, minority rights and religious freedom in the country. BHRN has played a crucial role in advocating for human rights and religious freedom with politicians and world leaders.

Media Enquiries
Please contact:

Kyaw Win
Executive Director
Burma Human Rights Network (BHRN)
E: [email protected]
T: +44(0) 740 345 2378

View the original statement HERE.