Daring to Defy Myanmar’s Patriarchy

မြန်မာပြည်တခွင်တွင် အမျိုးသမီးလူ့အခွင့်အရေးကာကွယ် သူများသည် ခွဲခြားဆက်ဆံမှုများ နှင့် မမျှတမှုများအကြောင်း ဖော်ထုတ်တင်ပြရန်၊ ကျူးလွန်သူများကို အမည်ထုတ်ဖော် အရှက်ရစေရန် နှင့် သြဇာအာဏာရှိသူများ စိတ်မသက်မ သာဖြစ်စေသည့် အမှန်တရားများ ထုတ်ဖော်ပြောဆိုရန် ၄င်း တို့၏ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ကျင့် သုံးကြသည်။

ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ၄င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ၊ လိင် ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျားမကွဲပြားမှုအခြေပြု အ ကြမ်းဖက်မှုများအပါအဝင် လက်တုံ့ပြန်မှုများ၏ အန္တရာယ်ထဲ တွင် ကျရောက်နေကြသည်။
ကျယ်ပြန့်စွာ ပျံ့နှံ့သက်ရောက်လျက်ရှိသော Misogyny နှင့် ခွဲခြားဆက်ဆံမှုများအကြောင်း မည်သည့် ဆွေးနွေးပြောဆိုခြင်း ကို မဆို ပိတ်ပင်တားမြစ်ရန် ရည်ရွယ်ချက်ဖြင့်၊ လူ့အဖွဲ့အ စည်းက “ထိခိုက်လွယ်သည်” ဟု အမည်တပ်ထားသော ကျားမရေးရာ Taboo များ၊ Patriarchal power များကို အမျိုးသမီးလူ့အခွင့်အရေး ကာ ကွယ်သူများက ထိပ်တိုက်တွေ့ဆုံသည့်အခါတွင် ကျားမ ကွဲပြားမှုအခြေပြုအကြမ်းဖက်မှုအန္တရာယ်သည် ပိုမို၍ပြင်းထန်ပေသည်။

ပြည်တွင်းဥပဒေနှင့် အစိုးရတို့၏ နိုင်ငံတကာ အထူးတာဝန်များရှိသော်လည်း WHRD များ အနေဖြင့် GBV အန္တရာယ်များမှ ကင်းဝေးစွာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက်ကိုမူ မြန်မာအစိုးရသည် အနည်းငယ်သာ လုပ်ဆောင်ပေးသည်။ ကိစ္စရပ်အတော်များများတွင် အစိုးရမှ လစ်လျူရခြင်းအားဖြင့် GBV ဖြစ်နိုင်ချေအန္တရာယ် ကို မြင့်တက်လာစေသည်။

ယခုအစီရင်ခံစာအတွက် FEM အနေဖြင့် မြန်မာနိုင်ငံအတွင်း “အထိခိုက်လွယ်ဆုံး” ကျားမကွဲပြားမှုအခြေပြု Taboo များကို လုပ်ကိုင်ဆောင်ရွက်ပြီး၊ Patriarchal Power ကို စိန်ခေါ်လျက်ရှိသော WHRD များ ကြုံတွေ့ရသည့် ဖြစ်နိုင်ချေအန္တရာယ်များကို ပိုမိုကောင်းမွန်စွာ သဘောပေါက်နားလည်နိုင်ရန် ပြုစုတင်ပြထားခြင်း ဖြစ်ပါသည်။ FEM ၏ သုတေသနမှ အောက်ပါ လေ့လာတွေ့ရှိချက်အချို့ကို ရရှိခဲ့ပါသည်။

• လူ့အခွင့်အရေးကာကွယ်သူအားလုံးသည် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခြင်း အခွင့်အရေးကို ကျင့်သုံးရာတွင် အန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ကြရသည်။ သို့သော် နိုင်ငံတွင်း ကျယ်ပြန့်စွာ ကျင့်သုံးသက်ရောက်လျက်ရှိသော ကျားမမတူကွဲပြားမှုအခြေပြု ခွဲခြားဆက်ဆံမှုကြောင့် WHRD များသည် GBV ကို ထပ်ေ
ဆာင်း အန္တရာယ်အဖြစ် တွေ့ကြုံခံစားကြရသည်။

• “အထိခိုက်လွယ်ဆုံး” ကျားမကွဲပြားမှုအခြေပြု Taboo များ သို့မဟုတ် Patriarchal Power ကို စိန်ခေါ်လျက်ရှိသော WHRD များသည် ပိုမိုမြင့်မားပြင်းထန်သော အန္တရယ်များ တွေ့ကြုံရသည်။ ယင်းတို့တွင် – LBT လူ့အဖွဲ့အစည်း၏ လူသားရပိုင်ခွင့်များအတွက် ကင်မ်ပိန်းများပြုလုပ်ခြင်း၊ ပဋိပက္ခဒေသများအတွင်းရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စိန်ခေါ်ခြင်း၊ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးများအား တိုးမြှင့်ဖော်ဆောင်ခြင်း နှင့်၊ ဆုံးဖြတ်ချက်ချနိုင်သော အခန်းကဏ္ဍ နှင့် ခေါင်းဆောင်မှုတွင် အမျိုးသမီးများ၏ ပါဝင်မှုအတွက် လှူံ့ဆော်စည်းရုံးခြင်းများ ပါဝင်သည်။

• GBV အမျိုးအစားကွဲ များစွာရှိပါသည်။ မြန်မာနိုင်ငံတွင်း WHRD များမှ ထပ်တူအညီဆုံး မှတ်တမ်းပြုပြောဆိုခဲ့သည့် GBV မှာ – အသက်အန္တရာယ်၊ ခန္ဓာကိုယ် နှင့် စိတ်ကျန်းမာရေးကို တိုက်ခိုက်ခြင်း၊ လူသားဖြစ်တည်မှု နှင့် ဂုဏ်သိက္ခာကို တိုက်ခိုက်ခြင်း၊ ပုဂ္ဂလိကလုံခြုံရေးကို ချိုးဖောက်ခြင်း စသည်တို့ ဖြစ်သည်။ အမျိုးအစားအားလုံးသည် ချိတ်ဆက်မှု ရှိပြီး၊ WHRD များအနေဖြင့် တစ်မျိုးတစားတည်းကို ရင်ဆိုင်ကြုံတွေ့ရသည်မှာ အတော်အတန်ပင် ရှားပါးလှသည်။

• GBV ဖြစ်နိုင်ချေ အန္တရယ်မှာ မြန်မာနိုင်ငံ၏ နောက်ခံ Patriarchy၊ စစ်တပ်အုပ်စိုးခြင်း နှင့် ဘာသာရေးအစွန်းရောက်ဝါဒီများကြောင့် ပိုမိုဆိုးရွားသည်။

• GBV အန္တရယ်များသည် အစိုးရနှင့် လုံခြုံရေးဝန်ဆောင်မှု အစိတ်အပိုင်းအားလုံး အပါအဝင် လူအသိုင်းအဝိုင်းနှင့် မိသားစုများမှလည်း လာသည်။

• နိုင်ငံ၊ လူ့အသိုင်းအဝိုင်း နှင့် မိသားစု “အကာအကွယ်” ယန္တရားများသည် အများအားဖြင့် WHRD များ ကြုံတွေ့နေရသည့် အန္တရာယ်များကို လျှော့ချပေးခြင်းထက် ၄င်းတို့ကို ထိန်းချုပ်ရန် နှင့်၊ ၄င်းတို့၏ အခွင့်အရေးများကို ကန့်သတ်ရန်သာ ဦးတည်ကြသည်။

• WHRD များတွင် အန္တရာယ်လျှော့ချရေး နှင့် စီမံရေး နည်းဗျူဟာများ၊ နည်းပရိယာယ်များ ရှိကြသည်။ သို့သော် ယင်းဗျူဟာများမှာ အန္တရာယ်စီမံရေး သင်တန်းများ အခြေခံသည့် လုပ်ထုံးလုပ်နည်းများမဟုတ်သလို၊ ကျယ်ပြန့်စွာ မျှဝေထားကြခြင်းလည်း မရှိပါ။

Across Myanmar, women human rights defenders (WHRDs) exercise their right to freedom of expression to expose discrimination and injustice, name-and-shame perpetrators, and speak uncomfortable truths to power.

In doing so, they risk retaliation including physical, sexual, and psychological gender-based violence (GBV).

The risk of GBV is heightened when WHRDs confront gender-related taboos or patriarchal power, which are often labelled “sensitive” by society with the intention of shutting down any discussion of widespread discrimination and misogyny.

The Myanmar government does little to enable WHRDs to work free from the risk of GBV, despite domestic law and the government’s international obligations. In many cases, the government condones and increases the risk of GBV.

For this report, FEM set out to better understand the risks faced by WHRDs working on the most “sensitive” gender-related taboos and challenges to patriarchal power in Myanmar. FEM’s research has come to several conclusions, including:

• All human rights defenders (HRDs) face risks when exercising their right to freedom of expression in Myanmar, but WHRDs face the added risk of GBV due to widespread gender-based discrimination.
• WHRDs expressing themselves on the most “sensitive” of gender-related taboos or challenges to patriarchal power face heightened levels of risk. This includes: campaigning for the rights of lesbians, bisexuals, and transgender people; challenging sexual violence in conflict; promoting sexual and reproductive rights; and advocating for women’s participation and leadership.
• There are several distinct types of GBV. The most commonly-reported by WHRDs in Myanmar are: attacks on life, bodily and mental integrity; attacks on personhood and reputations; and violations of privacy. All types are interlinked and WHRDs rarely face only one.
• The risk of GBV is aggravated by Myanmar’s background of patriarchy, militarisation, and religious extremism.
• The risk of GBV comes from all parts of the government and security services, as well as from community and family.
• State, community, and family “protection” mechanisms generally seek to control WHRDs and limit their rights rather than reduce the risks that they face.
• WHRDs have risk mitigation and management strategies and tactics, but these are mostly informal, rather than based on risk management training, and not widely shared.

အစီရင်ခံစာ အပြည့်အစုံကို ဒေါင်းလုပ်ရယူရန်။

Download full report HERE.

Related Posts: