12 July 2018
စာတမ်းအနှစ်ချုပ်
လွတ်လပ်စွာစုဝေးခြင်းသည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ်သောအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ပြည်သူလူထုများမှ ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်ရန်နှင့် လူ့အခွင့်အရေးများကို စုပေါင်းကာကွယ်နိုင်ရန်အတွက် လည်းကောင်း၊ အရေးကြီးသော အကြောင်းအရာကိစ္စရပ်များကို အများပြည်သူအား အသိမြှင့်တင်ပေးနိုင်ရန်၊ အစိုးရများမှ အရေးတယူ လိုက်နာဆောင်ရွက်မှု ပြုလာစေရေး ဖိအားပေးရန်အတွက်လည်းကောင်း ခွင့်ပြုထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအကြောင်းကိစ္စများကို ဖွင့်ဟပြောဆိုကြသော ငြိမ်းချမ်းစွာဆန္ဒပြမှုများ အပါအဝင် ရှည်လျားသည့် ငြိမ်းချမ်းစွာစုဝေးခြင်း သမိုင်းရှိသကဲ့သို့ ထိုသို့သော ငြိမ်းချမ်းစွာ စုဝေးမှုများကို အစိုးရနှင့် စစ်တပ်မှ တစိုက်မတ်မတ် ဖြိုခွဲသော ကြာမြင့်သည့် သမိုင်းလည်း ရှိပြီး ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်အုပ်စိုးမှုကို လူငယ်များဦးဆောင်ကာ ဆန့်ကျင်ခဲ့သည့် နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ၁၉၈၈ ဒီမိုကရေစီရေး ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့မှုက အကျော်ကြားဆုံးအဖြစ် ပါဝင်ပါသည်။ များမကြာမီက ကချင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ (IDP) များ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေမှုနှင့် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်အပေါ် တုံ့ပြန်သည့် ငြိမ်းချမ်းသောဆန္ဒပြပွဲများကို လူငယ်များက မြစ်ကြီးနားနှင့် ရန်ကုန်မြို့များတွင် ပြုလုပ် ခဲ့ကြပါသည်။ အဆိုပါဆန္ဒပြပွဲများနှင့် ထိုဆန္ဒပြပွဲများအပေါ် တရားဝင်တုံ့ပြန်မှုများက ရဲတပ်ဖွဲ့နှင့် စစ်တပ်အပါအဝင် မြန်မာအစိုးရ၏ စိတ်ဓါတ်ခံယူမှုသည် ငြိမ်းချမ်းစွာစုဝေးမှုများကို ကန့်သတ်မည်၊ ထိန်းချုပ်မည်ဆိုသည့်အဆင့်မှ ပြောင်းလဲမှုမရှိသေးကြောင်းကို ဖော်ပြနေပါသည်။ ထိုအစား ငြိမ်းချမ်းစွာဆန္ဒပြမှုတွင် ပါဝင်ခဲ့သော ၎င်းတို့၏ အခန်းကဏ္ဍ ကြောင့် တက်ကြွလှုပ်ရှားသူလူငယ် အနည်းဆုံး ၄၇ ဦးသည် ရဲနှင့် ဒေသခံအာဏာပိုင်များကို တရားလက်လွတ် ထိန်းချုပ်မှုများ လုပ်ဆောင်နိုင်ရန် ခွင့်ပြုထားသော ဝေဝါးပြီးဖိနှိပ်သည့်ဥပဒေပုဒ်မများ ပါရှိနေဆဲဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ (ငြိမ်းစုစီဥပဒေ) အရ တရားစွဲဆိုခံခဲ့ရပါသည်။
ဤသုတေသနစာတမ်းတွင် လတ်တလောဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများအကြောင်းနှင့် ၎င်းဆန္ဒပြပွဲများ အပေါ် အာဏာပိုင်များ၏တုံ့ပြန်ပုံဟူ၍ ရှုထောင့် ၂ ခု ပါဝင်မည် ဖြစ်ပါသည်။ ပထမအနေဖြင့် ငြိမ်းချမ်းစွားစုဝေးမှုများကို ဖိနှိပ်တားဆီးပြီး စီစဉ်စည်းရုံးသူများကို ရာဇဝတ်မှုဥပဒေများဖြင့် တရားစွဲဆိုကာ ဘက်လိုက်သော အဓမ္မနည်းလမ်းဖြင့် တရားဥပဒေအား လိုက်နာစေခြင်းကို ခွင့်ပြုထားသည့် ငြိမ်းစုစီဥပဒေ၏ ချို့ယွင်းချက်များကို ဆန်းစစ်သုံးသပ်မည် ဖြစ်သည်။ ထိုချို့ယွင်းချက်များအား အဓိကအပိုင်း ၃ ပိုင်းအနေဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ပထမဦးဆုံး အချက်အနေဖြင့် စုဝေးရန်အတွက် တရားဝင်ခွင့်ပြုချက် လိုသည်ဟူသော ပြဋ္ဌာန်းချက်အစား ကြိုတင်အသိပေး အကြောင်းကြားရန်သာ လိုသည် ဟူသော ၂၀၁၆ ခုနှစ် ငြိမ်းစုစီဥပဒေပြင်ဆင်ချက်သည် အပေါင်းလက္ခဏာ ဆောင်သယောင် ရှိသော်လည်း ကြိုတင်အသိပေးရာတွင် မည်သည့်သတင်းအချက်အလက်များ ထည့်သွင်းတင်ပြရမည်ဆိုသည့် လိုအပ်ချက်သည် တင်းကျပ်လွန်းလှသည့်အပြင် (၄၈) နာရီ ကြိုတင်အသိပေး အကြောင်းကြားရန် လိုအပ်ချက်သည်လည်း ငြိမ်းချမ်းစွာ စုဝေးမှုများ ကောက်ကာငင်ကာမဖြစ်ပွားစေရန် ကန့်သတ်ထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့အပြင် ယင်းကဲ့သို့စုဝေးမှု များသည် ဒေသန္တရအခြေအနေနှင့် အကျုံးဝင်သက်ဆိုင်မှု ရှိ မရှိအား ဒေသန္တရအာဏာပိုင်များမှ ဆုံးဖြတ်နိုင်ခွင့် ရှိသည်ဟူသော ဥပဒေပြဋ္ဌာန်းချက်တစ်ခုက ဒေသန္တရအာဏာပိုင်များအား ငြိမ်းချမ်းစွာစုဝေးရန် အကြောင်းကြားမှုများကို ခွင့်ပြုချက်ပေးရန် ထိရောက်စွာငြင်းဆန်နိုင်သည့်၊ ကန့်သတ်တားမြစ်ချက်များ ထပ်မံထည့်သွင်းနိုင်စေသည့် နောက်ထပ် မလွယ်ပေါက်လမ်းကြောင်းတစ်ခုကို ဖွင့်ထားပေးသကဲ့သို့ ဖြစ်နေပါသည်။ ငြိမ်းစုစီဥပဒေနှင့် ၎င်းဥပဒေအား အရေးယူ လိုက်နာစေခြင်း၏ ဒုတိယပြဿနာမှာ အာဏာပိုင်တစ်ရပ်အနေဖြင့် ငြိမ်းချမ်းစွာစုဝေးမှုများအား တက်ကြွစွာ ပံ့ပိုးစီစဉ် ပေးခြင်းနှင့် ကာကွယ်ပေးရမည့်အစား အနီးကပ်စောင့်ကြည့်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထိန်းချုပ်ရမည်ဟု ဆက်လက်ယူဆနေပြီး ထိုသို့ထိန်းချုပ်သော နည်းနာများက လွတ်လပ်စွာစုဝေးခွင့် နယ်ပယ်အတိုင်းအတာကို သိသာထင်ရှားစွာ ကန့်သတ်နေပြီး ငြိမ်းချမ်းစွာစုဝေးမှုများတွင် ပါဝင်သူများကိုပါ တန်ပြန်ဆန္ဒပြသူများ၏ အကြမ်းဖက် တုံ့ပြန်ခံရခြင်းများ စသည့်တန်ပြန်လက်စားချေမှုများဒဏ်ကို ခံရနိုင်သောအန္တရာယ် ဖြစ်စေပါသည်။ နောက်ဆုံးအချက် အနေဖြင့် ဤဥပဒေနှင့် ဤဥပဒေအား အရေးယူလိုက်နာစေခြင်း လက္ခဏာသွင်ပြင်က ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသန္တရ အာဏာပိုင်များအား စီစဉ်တင်ပြထားသော စုဝေးမှု၏အကြောင်းအရာပေါ် မူတည်၍ လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်ကန့်သတ်နိုင်ရန်၊ လူပုဂ္ဂိုလ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်ရာတွင်လည်း တရားလက်လွတ် လုပ်ဟန်ဖြင့် ပစ်မှတ်ထားဆောင်ရွက်နိုင်ရန် ခွင့်ပြုထားသကဲ့သို့ ဖြစ်နေပါသည်။
ဤစာတမ်းတွင် သုံးသပ်ထားသော ဒုတိယအကြောင်းအရာမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် ထပ်ဆင့်ခွဲခြားဆက်ဆံမှုများနှင့် ထိပါးနှောင့်ယှက်မှုများပင် ဖြစ်ပါသည်။ မြစ်ကြီးနားနှင့် ရန်ကုန်တွင် လက်တလောဖြစ်ပွားခဲ့သော ဆန္ဒပြမှုများတွင် အမျိုးသမီးအများအပြား ပါဝင်ခဲ့ပါသည်။ ထိုလူငယ်အမျိုးသမီးများအနေဖြင့် ခွဲခြားဆက်ဆံမှုနှင့် ထိပါးနှောင့်ယှက်မှုများကို ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှု လမ်းကြောင်းတစ်လျှောက် အဆင့်တိုင်းတွင် ကြုံတွေ့ခဲ့ရကာ ငြိမ်းချမ်းစွာစုဝေးမှုအတွက် လိုအပ်သော ကြိုတင်အသိပေး အကြောင်းကြားမှု ပြုလုပ်ချိန်နှင့် အဖမ်းခံရပြီး တရားစွဲဆိုခံရချိန်များတွင် ရဲတပ်ဖွဲ့ဝင်များမှလည်းကောင်း၊ အမျိုးသားရေး အစွန်းရောက်သမားများမှ ကိုယ်ထိလက်ရောက်အရသော်လည်းကောင်း၊ ဆိုရှယ်မီဒီယာများမှတစ်ဆင့်သော် လည်းကောင်း၊ အရပ်ဘက်လူထုအသိုင်းအဝိုင်းအတွင်းရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များမှသော်လည်းကောင်း ကြုံတွေ့ ခံစားကြရပါသည်။ အမျိုးသမီးများကို ခေါင်းဆောင်များအဖြစ် လေးလေးနက်နက် အသိအမှတ်ပြုမှု မရှိရုံသာမက ဆန္ဒပြမှုကို ရပ်တန့်ရုပ်သိမ်းရန် ဖိအားပေးခြိမ်းခြောက်ခြင်း၊ အမျိုးသမီးဖြစ်နေခြင်းကိုသာရည်ညွှန်းသည့် ပုဂ္ဂိုလ်ရေး ထိပါးနှောင့်ယှက်ခြင်းများကို လူပုဂ္ဂိုလ်အားဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ ဆိုရှယ်မီဒီယာပေါ်တွင်သော်လည်းကောင်း ပြုလုပ်ခဲ့ကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအမျိုးသမီးများအနေဖြင့် လတ်တလောနှစ်များတွင် လူသိအများဆုံး ဆန္ဒပြမှုများ ထဲမှ တစ်ခုအဖြစ် ကြံ့ကြံ့ခံရပ်တည် စည်းရုံးခဲ့ကြပါသည်။
ဤသုံးသပ်ချက်စာတမ်း အပြည့်အစုံကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။
ဤသုံးသပ်ချက်စာတမ်း အပြည့်အစုံကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ရယူပါ။
၎
င
၎
၎
၎
င
၎
၎
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.