Statement 571 Views

၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ မှ ထုတ်ပြန်သည့် အပေါ် အမျိုးသမီးများအဖွ့ချဲုပ် (မြန်မာနိုင်ငံ) ၏ သဘောထားထုတ်ပြန်ကြေညာချက်

April 25th, 2018  •  Author:   Women's League of Burma  •  1 minute read

၂၀၁၈ခုနှစ် ဧပြီလ ၁၆ ရက်နေ့ တငွ် ကုလသမဂ္ဂမှ မြန်မာ တပ်မတော်သည် ရိုဟင်ဂျာ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့်ပတ်သက်၍ နာမည်ပျက်စာရင်းတွင် ထည့်သငွ်း သတ်မှတ်ခြင်းခံရသည်ဆိုသည့် ထုတ်ပြန်ချက်နှင့် အတူ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မှုခင်းများကို မှတ်တမ်း နှင့် တကွ ထုတ်ပြန်ကြေညာခဲ့သည့် အပေါ် မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှထောက်ခံကြိုဆိုသည်။

မြို့နှင့် ဝေးလံ ခေါင်းပါးပြီး တပ်မတော် ထိန်းချုပ်မှုအောက် တိုင်းရင်းသား နယ်မြေများရှိ တိုင်းရင်းသူ အမျိုးသမီးများ၏လုံခြုံရေးသည် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခြင်း ခံနေရသည်။ တိုင်းရင်းသား ဒေသများတငွ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကျူးလန်ွချိုးဖောက်သော တပ်မတော်သားများ အပြစ်ပေးအရေးယူခံရခြင်းမှ ဆက်လက်ကင်း လတ်ွနေခြင်း အပေါ်အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် ပြင်းထန် စွာ ကန့်ကတ်ွရ ချ သည်။

ဒီမိုကရေစီ အစိုးရသစ်တက်လာပြီး ငြိမ်းချမ်းရေးလမ်းစဉ်များဖော်ဆောင်သည့် ကာလတစ်လျှောက် တပ်မတော်မှ ကချင်ပြည်နယ် ဆွမ်ပရာဘမွ် ၊ ဝိုင်းမော် ၊ တနိုင်းဒေသ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကတ်ွခိုင်မြို့နယ် များတငွ် ထိုးစစ်ဆင်မှုများ ပြင်းထန်စွာ ဆက်တိုက် ပြုလုပ်နေသလို ကရင်ပြည်နယ်တင်ွလည်း စစ်ပွမျဲား ဆက်လက်ဖြစ်ပွားနေကာ တိုင်းရင်းသား ပြည်သူလူထုမှာ စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာပြေးရခြင်း၊ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း အစရှိသည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ တွေ့ကြုံ ခံစား နေကြ ရသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် တိုင်းရင်းသားဒေသများရှိ ပဋိပက္ခ အတငွ်း တပ်မတော်မှ ကျူးလန်ွသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား တစိုက်မတ်မတ် ထောက်ပြရ ချပြီး အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ အဖွ့ချဲုပ်၏ အချက် အလက် ကောက်ယူမှုမှတ်တမ်းအရ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ် ကာလ အတငွ်း မြန်မာ့တပ်မတော်မှ တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ (၁၂၃) ဦးအား မုဒိမ်းမှု၊ အုပ်စုလိုက် မုဒိမ်းမှုနှင့် သတ်ဖြတ်မှုများ ပြုကျင့်ခဲ့ သည်။ ၂ ၂ 4 ဤမှုခင်းများနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူခြင်းမရှိပဲ ယနေ့တိုင် တရားမျှတမှုနှင့် အမှန်တရားဖော်ဆောင်ရေးအတကွ် လ စ်လျူ ရှုခံနေရသည်။

ထို့အပြင် တပ်မတော်သည် ထိုကဲ့သို့ ပြစ်မှုများကို အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်စွာ ဆက်လက်ကျူးလွန်နေသည့်အပေါ် ရပ်တန့်စေရေးနှင့် ကျူးလွန်ချိုးဖောက်ခံရသူများအတွက် အမှန်တရားနှင့် တရားမျှတမှုဖော်ဆောင်ရေးကို ပြည်တငွ်း တရားစီရင်ရေးယန္တရားမှ စွမ်းဆောင် နိုင်စွမ်း မရှိသည့် အတက်ွကြောင့် ကုလသမ္မဂ္ဂအနေဖြင့် နိုင်ငံတကာ ဥပဒေကြောင်းအရ အရေး ယူပေးရန် မိမိတို့ အမျိုးသမီးများအဖွ့ချဲုပ် (မြန်မာနိုင်ငံ) မှ တိုက်တွန်း တောင်းဆိုလိုက်သည်။

 

ဆက်သွယ်ရန်။ ။

လွေးပိုးငယ် – +၉၅ ၉ ၄၅ ၂၉ ၂

မွန်းနေလီ – +၆၆ ၅၅၂ ၉

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Read this statement in English HERE.