Press Release 622 Views

ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC)၏ ၂၀၁၈ ခုနှစ် နှစ်သစ်ကူးသ၀ဏ်လွှာ

January 1st, 2018  •  Author:   Kachin Political Parties Coordination Committee  •  1 minute read

မင်္ဂလာအခါသမယတွင်ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ဘေးဘယာအဖြာဖြာမှကင်းငြိမ်းနိုင်ပါစေဟု ကချင်နိုင်ငံရေးပါတီများညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ(KPCC)မှဆုမွန်တောင်းမေတ္တာပို့သရင်းနှစ်သစ် ကူးသ၀ဏ်လွှာဖြင့် နှုတ်ခွန်းဆက်လိုက်ပါသည်။

မြန်မာပြည်တွင်မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားမြန်မာပြည်သူတရပ်လုံးတို့သည်လူမျိုးခွဲ ခြားဖိနှိပ်မှုအလျဉ်းမရှိပဲ လွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ လူမှုဘ၀တိုးတက်ဖွံ့ဖြိုးရေးတို့ကိုအပြည့်အ၀ခံစားရရှိကာ ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်နိုင်လိမ့်မည်ဖြစ်သည်ဟု နှစ်သစ်ကူးအခါသမယတွင် မင်္ဂလာ ဆန္ဒပြုလိုက်ပါသည်။

ပြည်ထောင်စုတ၀ှမ်းလုံးရှိမတူကွဲပြားခြားနားသည့်တိုင်းရင်းသားလူမျိုးများအားလုံးသည် အမျိုးသားရေး အရတန်းတူရည်တူရှိသော၊မိမိကံကြမ္မာကိုမိမိဖန်တီးနိုင်သော ပြည်ထောင်စုကြီးတည်ဆောက်ရေး၊ မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် အစဉ်အဆက်အတူတကွ နေထိုင်ခဲ့ကြသည့် လူမျိုးများအကြား၌လည်း လူမျိုးရေးအရ တန်းတူသော၊ မိမိကံကြမ္မာကိုမိမိဖန်တီးနိုင်သော၊ ကချင်ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တို့ကို အာမခံသောဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးသည် ကချင်ပြည်သူလူထု၏ ဆန္ဒသဘောထား နှင့်အကြံညဏ်ပါရှိမှ သာဖြစ်နိုင်မည်ဟု မိမိတို့မှ အလေးအနက်ယုံကြည်သည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြသာနာများကို စစ်ရေးနည်း ဖြင့်မဟုတ်ပဲ နိုင်ငံရေးဆွေးနွေးပွဲ များဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ အမျိုးသားကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တန်းတူညီမျှရေး၊ လက်ရှိစစ်ပွဲ များကို အမြန်ဆုံးရပ်တန့်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး ကိုတိုင်းရင်းသားပြည်သူလူထုတရပ်လုံးနှင့်အတူ ၂၀၁၈နှစ်သစ်တွင်ဆက်လက်မြှင့်တင်အားပေးလုပ်ဆောင်နေ မှုများကို ဟန်ချက်ညီညီအကောင်အထည်ဖေါ်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ၂၀၁၈ နှစ်သစ်ကူးသ၀ဏ်လွှာကို ထုတ်ပြန်လိုက်ပါသည်။

သဘာပတိအဖွဲ့

ကချင်နိုင်ငံရေးပါတီများညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC)

ထုတ်ပြန်ချက်ကို ဤနေရာတွင် ရယူနိုင်သည်။