14 March 2017
Burma Rivers Network, Save the Salween Network and Burma Environmental Working Group
နိုင်ငံတကာမြစ်ချောင်းများနေ့တွင် နိုင်ငံတ၀ှမ်းလုံးစုစည်းမှုဖြင့် မြန်မာနိုင်ငံ၏ပဋိပက္ခဇုံအတွင်းတည်ဆောက်မည့်ရေကာတာကြီးများအား ၀ိုင်းဝန်းဆန့်ကျင်ကြခြင်း။
မြန်မာအစိုးရနှင့် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများ၊ ရေအားလျှပ်စစ်စက်မှုယန္ကာရား ဆောက်လုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ပဋိပက္ခဇုံအတွင်းရှိအဓိကမြစ်ချောင်းများအပေါ် ရေကာတာကြီးများတည် ဆောက်မှုအစီအစဉ်အား လက်မခံသော ဒေသခံလူထုများက မြန်မာနိုင်ငံဒေသအသီးသီးမှစုစည်းကာ ယနေ့ မြစ်ချောင်းများအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့တွင် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်နီ၊ ကရင် နှင့် မွန် ပြည်နယ်များအတွင်း ရေကာတာကြီးများကိုဆန့်ကျင်သည့်ဆန္ဒဖေါ်ထုတ်ကြသည်။
မြန်မာ့စွမ်းအင်မာစတာအစီအစဉ်တွင် ရေကာတာပေါင်း ၅၀ တည်ဆောက်ရန်ချမှတ်ထားပြီး အဓိကအားဖြင့် သံလွင်မြစ်၊ ဧရာဝတီမြစ် နှင့် ၄င်းတို့၏မြစ်လက်တက်များအပေါ်တွင် လျှပ်စစ်ဓါတ်အား (၃၀၀၀) မီကာဝပ် မှ (၄၆၀၀၀) မီကာဝပ်အထိ ထုတ်လုပ်မည့် ရေကာတာများကို ၂၀၃၀ ခုနှစ်အထိ တည်ဆောက်သွားမည်ဖြစ်ပြီး ထွက်ရှိမည့်လျှပ်စစ်ဓါတ်အား လေးပုံတစ်ပုံလျှင် သုံးပုံမှာအိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏အဓိကမြစ်ချောင်းများသည် သန်းပေါင်းများစွာသော ဒေသခံပြည်သူလူထုများမှီခိုကာ အသက်မွေးဝမ်းကြောင်းပြုနေသည့်အပြင် လူသားအပါအ၀င် သက်ရှိဇီဝကွဲပြားမှုအမျိုးမျိုး နှင့် သဘာဝပတ်ဝန်းကျင်၏ အလွန်အရေးကြီးသော ဂေဟစနစ်အား ထိန်းသိမ်းပေးသည့် မြစ်များဖြစ်သည်။ အဆိုပါမြစ်များအပေါ်ရေကာတာတည်ဆောက်ပါက မြစ်ကြီးများနှင့် အတူမှီခိုသူများပါ ပျက်စီးဆုံးရှုံးမည့်အပြင် သစ်တောပြုန်းတီးပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို ဖြစ်ပေါ်စေပါသည်။
ရေကာတာစီမံကိန်းသည် အစိုးရစစ်တပ်မှစစ်အင်အားတိုးချဲ့မှုပိုဖြစ်စေပြီး နှစ်ရှည်လများကဖြစ်ပွားနေသော တိုင်းရင်းသားများ နေထိုင်ရာဧရိယာအတွင်း ပဋိပက္ခမိတ်ဇာထိုးပေးနေပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သံလွင်မြစ်၊ ရွှေလီမြစ် နှင့် နမ္မတူမြစ် အပေါ်နှင့် ဧရာဝတီမြစ်၏ မြစ်လက်တက်များဖြစ်သော ကချင်ပြည်နယ် မြစ်ဆုံရေကာတာ အစရှိသည့် ရေကာတာများဆောက်လုပ်ရန်စီစဉ်ထားသည့် ဧရိယာအတွင်းတွင် အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုများကြောင့် စစ်ပွဲများပိုမိုဖြစ်ပွားနေသည်။ စီမံကိန်းအားလုံးနိုင်ငံခြားရင်းနှီးမြူပ်နှံသူများ ပါဝင်ပတ်သက်ကြပါသည်။
“မြန်မာနိုင်ငံ ပဋိပက္ခဇုံအတွင်း နိုင်ငံခြားရင်းနှီးမြူပ်နှံသူများ ရေကာတာများ မဆောက်လုပ်သင့်ဘူး” ဟု မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက် တာဝန်ခံ မိအားချိုင်း က” ထုတ်ဖေါ်ပြောဆိုပါသည်။ “ရေကာတာဟာ ပဋိပက္ခ ဖြစ်ဖို့ မီးရှိန်မြင့်တင်ပေးသလို လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ ထွက်ပြေးတိမ်းရှောင်ရမှုများ နှင့် ဒေသခံ ပြည်သူများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့် အရင်းအမြစ်များကို ဖျက်ဆီးဆုံးရှုံးစေပါတယ်” ဟု သူမက ဆက်လက်ပြောပါသည်။
မြန်မာနိုင်ငံ၏ပဋိပက္ခဇုံအတွင်း ရေကာတာဆက်လက်တည်ဆောက်ရန် ဆုံးဖြတ်ချက်ချမှတ်သည့် နေပြည်တော် အစိုးရသည် ၄င်းတို့ပြုလုပ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့်အပြင် အချင်းချင်း သံသယ ဖြစ်ပွားမှုလည်းတိုးမြှင့်စေပါသည်။
“တွေ့ဆုံညှိနှိုင်းအဖြေရှာမှုရဲ့ အဓိကထားတဲ့အကြောင်းအရင်းကဘာတွေလဲ၊ တကယ်တော့ ဗဟိုအစိုးရက ကျွန်မတို့ရဲ့ သဘာဝသံယံဇာတကို ရောင်းချနေတာပဲဖြစ်တယ်” ဟု မိအားချိုင်းက ဆက်လက်ပြောပါသည်။
မြန်မာနိုင်ငံ၏ပဋိပက္ခကိုဖြေရှင်းနိုင်သည့် ဖက်ဒရယ်စနစ်ဖေါ်ဆောင်မှုမရသေးသမျှကာလ နှင့် တိုင်းရင်းသား ပြည်သူလူထုများ ၄င်းတို့၏သဘာဝအရင်းအမြစ်များ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိသေးသည့်ကာလအတွင်း ရေကာကာကြီးများ၏ ဆောက်လုပ်မှုအစီအစဉ်မှန်သမျှ ခေတ္ကရပ်ဆိုင်းထားရန် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်၊ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက် နှင့် မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာအလုပ်အဖွဲ့ တို့မှ တောင်းဆိုပါသည်။
အောက်ပါပုဂ္ဂိုလ်များအား အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါသည် –
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်
ဖုန်း – ၀၉ ၂၅၅ ၇၈၄ ၉၀၄ မိအားချိုင်း
ဖုန်း – ၀၉ ၇၆၈ ၀၂၆ ၉၂၉ ဦးမြာ
သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်
ဖုန်း – ၀၉ ၇၈၂ ၆၃၉ ၇၁၄ စောသာပိုး
ဖုန်း – ၀၉ ၇၉၃ ၃၀၅ ၄၀ မိုးသောက်ပန်း
မြန်မာသဘာဝပတ်ဝန်းကျင်ဆိုင်ရာအလုပ်အဖွဲ့
ဖုန်း – +၆၆ ၈၁၇၂ ၄၇၀၉၃ ပေါလ်စိန်ထွား
ဖုန်း – 09264362973 စိုင်းခေးဆိုင်
သဘောထားထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.