7 March 2017

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွေဲကာ်မတီ (Union Peace Dialogue Joint Committee – UPDJC) မှ ဆွေးနွေးညှိနှိုင်းမှုဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ပါ သဘောတူညီချက်နှင့်အညီ ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework for Political Dialogue) ကို ရေးဆွဲနိုင်ခဲ့ကြပါသည်။
၎င်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံပထမအစည်းအဝေးအပြီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွမဲျားကို လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာ အလိုက်ကျင်းပနိုင်ရန် ပြင်ဆင်မှုများ ကို ပြုလုပ်နေကြပါသည်။
ကရင်နီအမျိုးသမီးအစည်းအရုံး (Karenni National Women’s Organization)မှလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများတွင် ဆွေးနွေးသည့် ကဏ္ဍများတွင် ကရင်နီဒေသတွင်းရှိ အမျိုးသမီးများ၏ အသံများ ရှုထောင့်များ ပါဝင်ခြင်းဖြင့် ပိုမိုပြည့်စုံသော၊ တရားမျှတသော တန်းတူညီမျှမှုရှိသော နိုင်ငံရေး ဆွေးနွေးမှုရလဒ် များ ဖြစ်ပေါ်လာနိုင်စေရန် ရည်ရွယ်ကာ ဤစာတမ်းကို ပြုစုရခြင်းဖြစ်ပါသည်။
စာတမ်းတို အပြည့်အစုံကို ဤနေရာတွင် ရယူနိုင်သည်။
19 May 2026