Report 515 Views

ငြိမ်းချမ်းရေးနောက်ကွယ်မှ ငိုကျွေးသံ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် မြန်မာနိုင်ငံ မြောက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နေသော တပ်မတော်၏ ထိုးစစ်ဆင်မှုများနှင့် ချိုးဖောက်မှုများ

November 15th, 2016  •  Author:   Kachin Women’s Association - Thailand  •  1 minute read
Featured image

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲပြီးသည့်အချိန်မှစ၍လွန်ခဲ့သည့်လအတွင်း မြန်မာနိုင်ငံ မြောက်ဖက်ပိုင်း ကချင်ပြည်နယ်အတွင်း လုံခြုံရေးနောက်ဆုံး အခြေအနေကို ဤအစီရင်ခံစာတွင် ဖေါ်ပြထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသစ်အောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ ်ရှေ့ဆက်တိုးနိုင်ပြီး တိုက်ခိုက်မှုများ အဆုံးသတ်နိုင်မည်ဟု  မျှော်လင့်ချက်များ ရှိခဲ့သော်လည်း နိုင်ငံမြောက်ဖက်ပိုင်းအတွင်း အစိုးရစစ်တပ်၏ ထိုးစစ်များ ပိုပြင်းထန်လာခဲ့သည်။ ထိုးစစ်များကြောင့် အရပ်သား ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု အသစ်များ ဆက်လက်ဖြစ်ပေါ်လာနေဆဲဖြစ်သည်။

KWAT မှ တင်ပြချက်များကို ထောက်ရှုခြင်းဖြင့် လွန်ခဲ့သည့် နှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် ဆင်နွှဲနေသည့် စစ်ရေးထိုးစစ် အတိုင်းအတာကို သိရှိနိုင်မည်။ အထူးသဖြင့် သဘာဝအရင်းအမြစ်များ ပေါများသော ဖားကန့်နှင့် တနိုင်းဒေသများ တဝိုက်အပြင်တရုတ်နယ်စပ်တလျှောက် KIA စခန်းများ ဖြစ်သည်။ ယမန်နှစ်အတွင်း အစိုးရစစ်တပ် တပ်ရင်းပေါင်း ၁၀၀ ကျော်၊ အင်အား ၁၅၀၀၀ကျော်သည် KIA ထိုးစစ်တွင် ပါဝင်ခဲ့သည်။ လေကြောင်းမှ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများပါ ပိုများလာသည်။


အစီရင်ခံစာအပြည့်စုံ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

အစီရင်ခံစာအပြည့်စုံ အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။