၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် မြန်မာစစ်တပ်သည် အရပ်သား ခေါင်းဆောင်များကို ဖမ်းဆီးကာ နေပြည်တော်ရှိ လမ်းမများကို စစ်တပ်ယာဉ်များ အပြည့်ချထားပြီး အရေးပေါ်အခြေအနေတစ်ရပ် ကြေညာ၍ တရားမဝင် အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည်။ စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှတစ်ဆင့် မည်သူမှ လက်လှမ်းမမီနိုင်သော အာဏာများကို ပိုင်ဆိုင်နေခဲ့ပြီးဖြစ်သော်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု” ဟုဆိုသော ဆယ်နှစ်တာအပြီးတွင် အလုံးစုံထိန်းချုပ်မှုကို ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သည်။ စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုသည် ဥပဒေနှင့်ဆန့်ကျင်ကာ တရားမဝင်သော လုပ်ရပ်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံအတွက် ပြည်သူများ၏ ရုန်းကန်ကြိုးစားမှုများကို နောက်ပြန်ဆုတ်သွားစေခဲ့သော ခြေလှမ်းကြီးတစ်လှမ်းလည်း ဖြစ်သည်။
သို့သော် မြန်မာပြည်သူများ၏ အားကောင်းခိုင်မာစွာ မမှိတ်မသုန် ဆန့်ကျင်ခုခံမှုများကြောင့် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဆန့်ကျင်ကန့်ကွက်သော ခုခံတွန်းလှန်မှုများ နိုင်ငံတဝှမ်း၌ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ ကဏ္ဍပေါင်းစုံမှ ပြည်သူများသည် လမ်းများပေါ်ထွက်ကာ စစ်အုပ်စု၏ တရားမ၀င် အာဏာသိမ်းရန် ကြိုးပမ်းမှုကို စုဝေးဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပိုမိုကောင်းမွန်သော အနာဂတ်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တို့ကို တောင်းဆိုခဲ့ကြသည်။ နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်း အများအပြားကလည်း အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။ ဤသည်များကို စစ်အုပ်စုက တရားလက်လွှတ် ဖမ်းဆီးခြင်း၊ အင်တာနက်ပိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ရွာလုံးကျွတ် မီးရှို့ခြင်း တို့အပါအဝင် ရှင်းပြနိုင်စွမ်းမသာသည့် အကြမ်းဖက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။
မြန်မာ့သမိုင်းတွင် ဤအရေးကြီးသော အလှည့်အပြောင်းသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမျိုးသမီးများကို မုန်းတီးရေးဝါဒနှင့် ဖိုကြီးစိုးမှုဝါဒ အဆုံးသတ်ရေး၊ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ခွဲခြားဆက်ဆံသော အတွေးအမြင်များနှင့် အလေ့အထများ ကင်းစင်ရေး၊ စစ်အုပ်စုရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခခံဥပဒေ ဖျက်သိမ်းရေး၊ နှင့် တန်းတူညီမျှရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို မြန်မာပြည်သူအားလုံး ခံစားပိုင်ခွင့်ရှိသော ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုထူထောင်ရေး စသည်တို့ ပါဝင်သည့် စနစ်အဆောက်အအုံနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် အထောက်အပံ့ကောင်း ဖြစ်စေနိုင်သည်ဆိုသော မျှော်လင့်ချက်လည်း ရှိနေသည်။
အခြေအနေများတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ မိမိတို့ရှေ့ပြေးအသံအဖွဲ့သည် သို့ဖြင့် အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့်ဆိုင်သည့် ထုတ်ပြန်ကြေညာချက်များ၊ အစီရင်ခံစာများ၊ ဥပဒေများ၊ သုံးသပ်ချက်များ၊ အသနားခံစာများနှင့် အခြားစာရွက်စာတမ်းများကို စုစည်းသိမ်းဆည်းလျက်ရှိသည်။ ထိုစာရွက်စာတမ်းများကို စုစည်းရယူသည့် ရင်းမြစ်များထဲတွင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အောက်ခြေလူထုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ သပိတ်ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ၎င်းအသစ်ဖွဲ့စည်းထားသည့် အဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်သည်။
သတ်တယ်။0 to 0 of 0 ရလဒ်များ
Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။